Bar Lann Coffee

Bar Lann Coffee A small take away only coffee shop in Bar Lann street where you can have a slip of fresh caffeine to refresh your energy and boost your workday.

"Don't skip a day without caffeine."

Closure Announcement 📣 ကျနော်တို့ Bar Lann Coffee ဆိုတဲ့ဆိုင်လေးဟာ ဒီနေ့ကစပြီး ရှိတော့မှာမဟုတ်တော့ပါဘူး။ ဆိုင်ဖွင့်စဉ် လ...
29/06/2022

Closure Announcement 📣

ကျနော်တို့ Bar Lann Coffee ဆိုတဲ့ဆိုင်လေးဟာ ဒီနေ့ကစပြီး ရှိတော့မှာမဟုတ်တော့ပါဘူး။

ဆိုင်ဖွင့်စဉ် လာရောက်အားပေးသွားကြတဲ့သူအရောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်။
အမြဲလာသောက်လို့ အမြဲ Discount ရတဲ့ customer တွေရော၊ မပိတ်ခင်အမှတ်တရအနေနဲ့ FOC surprise သောက်လိုက်ရတဲ့ customer တွေရော၊ Barista Basic ပျော်ပျော်ကြီး သင်ကြတဲ့လူတွေရောနဲ့က ဒီဆိုင်လေးဟာ ပျော်ရွှင်စရာအမှတ်တရမှတ်တိုင်တစ်ခုအဖြစ် ကျန်ရစ်နေမှာပါ။

ဒါနဲ့ အမှတ်တရနှုတ်ဆက်စကားလေး ရေးပေးသွားကြပါလား။

Thank you all the customers 🙏🏼
May God Bless you all 😇.

20/04/2022

🌤ဤယနေ့အတွက် မိုးလေဝသခန့်မှန်းချက်ကတော့
ကော်ဖီသောက်လို့ကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်ပါတယ်။

📍Shop Location: အနော်ရထာလမ်းမနှင့် ဘားလမ်းအလယ်ဘလောက်ထောင့်၊ ကျောက်တံတား၊ ရန်ကုန်။

🎉🎉🎉🎉 Promotion Alert 🎊🎊🎊🎊ကျနော်တို့ဆိုင်ကနေ ကော်ဖီနှစ်ခွက်ဝယ်ယူပါက Promotion ရှိပါတယ်။ ☕️Latte or ☕️Cappuccino တစ်ခွက်ဝယ...
01/04/2022

🎉🎉🎉🎉 Promotion Alert 🎊🎊🎊🎊

ကျနော်တို့ဆိုင်ကနေ ကော်ဖီနှစ်ခွက်ဝယ်ယူပါက Promotion ရှိပါတယ်။
☕️Latte or ☕️Cappuccino တစ်ခွက်ဝယ်ယူပါက၂,၀၀၀ ကျပ်ကျသင့်ရာမှ နှစ်ခွက်ဝယ်ယူပါက ၅,၀၀၀ ကျပ်သာကျသင့်မှာဖြစ်ပါတယ်။ တန်လိုက်တာဗျာ။
ဒီလအတွက်ပဲမို့လို့ အမြန်လာခဲ့လိုက်ကြတော့။ ☕️

ဆိုင်လေးကတော့ အနော်ရထာလမ်းမနဲ့ ဘားလမ်းအလယ်ဘလောက်ထောင့်မှာရှိပါတယ်။
ဖွင့်ချိန် မနက် 9 နာရီမှ ညနေ 7 နာရီအထိ။



⏱ အချိန်တိုးမြှင့်ဖွင့်လှစ်ခြင်း ⏱ကျနော်တို့ဆိုင်လေးကို ည 7 နာရီထိ အချိန်တိုးမြှင့် ဖွင့်လှစ်ထားပါတယ်လို့။ Opening Hours...
31/03/2022

⏱ အချိန်တိုးမြှင့်ဖွင့်လှစ်ခြင်း ⏱

ကျနော်တို့ဆိုင်လေးကို ည 7 နာရီထိ အချိန်တိုးမြှင့် ဖွင့်လှစ်ထားပါတယ်လို့။ Opening Hours 9AM to 7PM.
ဆိုတော့… ညဘက်အပျင်းပြေလမ်းလျှောက်ရင်းဝင်သောက်လို့ရပြီပေါ့။
ဒါနဲ့ Milk Tea တစ်ခွက်မှ 1,500 တည်းပါ။ Chocolate, Banana, Apple, Melon, Strawberry, Mango စတဲ့ flavor မျိုးစုံ နဲ့လည်းသောက်လို့ရပါတယ်။
ပြီးတော့…

ဒါပါပဲ

Photo: Thai Iced Tea


☕️ကျနော်တို့ရဲ့ ကော်ဖီဆိုင်လေးဟာလည်း တစ်လပြည့်ပြီးနောက် တဖြည်းဖြည်းနဲ့ ပြင်ဆင်တိုးချဲ့တာတွေလုပ်ဖြစ်လာပါတယ်။ဆိုင်လေးက Tak...
28/03/2022

☕️
ကျနော်တို့ရဲ့ ကော်ဖီဆိုင်လေးဟာလည်း တစ်လပြည့်ပြီးနောက် တဖြည်းဖြည်းနဲ့ ပြင်ဆင်တိုးချဲ့တာတွေလုပ်ဖြစ်လာပါတယ်။
ဆိုင်လေးက Take away only ရည်ရွယ်ပြီးဖွင့်ထားသော်လည်း ယခုအခါ customer တွေရဲ့ တောင်းဆိုချက်ကြောင့် ဆိုင်ထိုင်နိုင်အောင်ပြင်ဆင်ပေးထားပါတယ်။
Customer တွေအနေနဲ့ ပြင်ဆင်ဖျော်စပ်သမျှကိုမြင်တွေ့နေရမှာဖြစ်ပြီး ဒီဆိုင်လေးကနေ သန့်သန့်ရှင်းရှင်းအမြဲကြိုဆိုနေမှာပါ။

ရိုးရှင်းလွန်းတဲ့ဒီဆိုင်လေးကနေ သင့်တင့်တဲ့စျေးနှုန်းများနဲ့ အမြဲရောင်းချပေးနိုင်ဖို့ ကြိုးစားသွားမှာပါ။
ဆိုင်လေးက အနော်ရထာလမ်းမနဲ့ ဘားလမ်းအလယ်ဘလောက်ထောင့် မှာဖွင့်ထားပါတယ်။ လာရောက်ဖို့ဖိတ်ခေါ်ပါတယ်။

Bar Lann Coffee ဆိုင်ကို မလာပါနဲ့ဒီအချက်တွေနဲ့ညိနေရင် လုံးဝမလာပါနဲ့ 🙅‍♂️🙅‍♀️☕️ သင့်ကိုယ်သင် ရုပ်ဆိုးနေတယ်လို့ထင်ရင် မလာပ...
26/03/2022

Bar Lann Coffee ဆိုင်ကို မလာပါနဲ့

ဒီအချက်တွေနဲ့ညိနေရင် လုံးဝမလာပါနဲ့ 🙅‍♂️🙅‍♀️

☕️ သင့်ကိုယ်သင် ရုပ်ဆိုးနေတယ်လို့ထင်ရင် မလာပါနဲ့ (Customer တွေက ရုပ်အချောလေးတွေ အလန်းတွေကြီးပါပဲ sorry ပါနော်။)

☕️ စျေးအရမ်းသက်သာတာ မသောက်ချင်ဘူးဆိုရင် မလာပါနဲ့ (espresso တစ်ခွက်မှ 1,000 တည်းယူလို့ပါ တောင်းပန်ပါတယ်။)

☕️ ကော်ဖီသောက်လို့ ရင်တုန်ဟိုဟာတုန် ဒီဟာတုန်တတ်တယ်ဆိုရင် အခြား non caffeine Drinks တွေရှိပေမယ့်လည်း ဘာသောက်သောက်တုန်နေတယ်ဆိုရင် မလာပါနဲ့ (ဆရာဝန်ပြပါ။)

မြို့လယ်ကောင်ရဲ့ စိန်ခေါ်မှုတွေပြင်းထန်တဲ့ မွန်းကျပ်မှုတွေကို coffee သောက်ရင်း ရင်ဆိုင်လှုပ်ရှားနိုင်ဖို့အတွက်ဆိုရင် စျေးနှုန်းသင့်တင့်တဲ့ ကျနော်တို့ရဲ့ဆိုင်လေးဟာ သင့်အတွက်ပါပဲ။ Thai Tea ကိုလည်း flavor မျိုးစုံနဲ့ရနိုင်ပါပြီ။

သေချာစဉ်းစားပါ မိတ်ဆွေ
ကြိုပြောထားတယ်နော် လာပြီးကာမှ ဆိုင်ကောင်းကြောင်းတွေ ပြန်ပြန်ကြားရလို့ပါ။

အဲလောက်ကြိုပြောထားတာကိုမှ လာချင်​တယ်ဆိုရင်တော့…
🏠အမှတ် ၁၅၁၊ အနော်ရထာလမ်းမနဲ့ ဘားလမ်းအလယ်ဘလောက်ထောင့် ကျောက်တံတားမြို့နယ်မှာ ဖွင့်ထားပါတယ်။

photo - Strawberry Pearl Milk Tea

အမေးများတဲ့ Bubble Tea လည်းရနေပါပြီနော်😋😋😋
22/03/2022

အမေးများတဲ့ Bubble Tea လည်းရနေပါပြီနော်
😋😋😋


This is how we make Coffee for you. ကျနော်တို့ရဲ့ကော်ဖီဖျော်ပုံအဆင့်ဆင့်ပေါ့ ☕️📸 Special thanks to  Lalramdinthara (Thum...
20/03/2022

This is how we make Coffee for you.
ကျနော်တို့ရဲ့ကော်ဖီဖျော်ပုံအဆင့်ဆင့်ပေါ့ ☕️

📸 Special thanks to Lalramdinthara (Thumbnail Productions)

Ice Mocha ပါအလွယ်ပြောရရင် ချောကလတ် coffee ပေါ့။ ပူလွန်းလှတဲ့ကာလမှာ လမ်းသွားလမ်းလာတစ်ခွက်သောက်လိုက်ရရင်ကို စိတ်ကျေနပ်မှုတ...
10/03/2022

Ice Mocha ပါ

အလွယ်ပြောရရင် ချောကလတ် coffee ပေါ့။
ပူလွန်းလှတဲ့ကာလမှာ လမ်းသွားလမ်းလာတစ်ခွက်သောက်လိုက်ရရင်ကို စိတ်ကျေနပ်မှုတွေရနိုင်မှာပါ။
မရရင်တော့ နှစ်ခွက်သောက်ပေါ့ ✌️
ပြောရင်းနဲ့တောင်သောက်ချင်လာပြီ။

Espresso တစ်ခွက် 1,000 ပါ။လက်ရှိမှာတော့ Genius ရဲ့ Speciality Coffee ကိုသုံးပြီးတော့ Dark roast နဲ့ Medium roast ကို အချ...
28/02/2022

Espresso တစ်ခွက် 1,000 ပါ။

လက်ရှိမှာတော့ Genius ရဲ့ Speciality Coffee ကိုသုံးပြီးတော့ Dark roast နဲ့ Medium roast ကို အချိုးကျကျရောပြီး shot တာဖြစ်ပါတယ်။ coffee ရဲ့ပျစ်နှစ်နေတဲ့ အဆီနဲ့ အခါး/အချဉ်/အချို အရသာစစ်စစ်ကို ခံစားချင်ရင် Single shot ကို 1,000 ကျပ်တည်းပါ။

❗️ ဒီကော်ဖီက ခါးတယ်နော်၊ နဲနဲပဲပါတယ် 😁

ဒီနေ့ဟာ ကော်ဖီသောက်လို့ကောင်းတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ ဒါပေမယ့် ဆိုင်ပိတ်လိုက်ပါပြီ…ဒါကြောင့် ဒီနေ့မသောက်ဖြစ်လိုက်ဘူးဆိုရင...
25/02/2022

ဒီနေ့ဟာ ကော်ဖီသောက်လို့ကောင်းတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ ဒါပေမယ့် ဆိုင်ပိတ်လိုက်ပါပြီ…

ဒါကြောင့် ဒီနေ့မသောက်ဖြစ်လိုက်ဘူးဆိုရင်တော့ မနက်ဖြန်လာသောက်ပါ။ မနက်ဖြန်မှာ ဘာ promotion မှမရှိပေမယ့်၊ ဘယ်အချိန်လာသောက်သောက် ပုံထဲက Latte တစ်ခွက်မှ 2,000 တည်းပါ။

Latte ကို Caramel , Vanilla အပြင် Banana 🍌 , Melon🍈 စတဲ့ flavor တွေနဲ့လည်း သောက်လို့ရပါတယ်။

မြို့ထဲရောက်တုန်း Latte တစ်ခွက်ကို ဒီလိုအထာမျိုးစုံသောက်ဖို့ဆိုရင်…
အနော်ရထာနဲ့ ဘားလမ်းအလယ်ဘလောက်ထောင့်မှာ
Take away only သုံးဆောင်လို့ရပါပြီ။

ဖွင့်ချိန် : Monday to Saturday 9:00AM to 4:00PM

Address

Yangon
11181

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Telephone

+959408473300

Alerts

Be the first to know and let us send you an email when Bar Lann Coffee posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Bar Lann Coffee:

Share

Category