10/09/2026
🍯 ပျားရည် Kombucha လေး အကြောင်းကို အသေးစိတ်သိချင်ပါသလား?
Cultures ရဲ့ Kachin Honey Kombucha ရဲ့ နူးညံ့ချိုသာတဲ့အရသာလေးကတော့ ကချင်ပြည်နယ်ကရရှိတဲ့ တမူထူးခြားတဲ့သဘာဝသစ်ခေါင်းပျားရည်မှ အဓိက လာတာပါ 🐝
ပြီးတော့ Kombucha နဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာအချက်လေးတစ်ခုကိုလည်း ဝေမျှပေးချင်ပါတယ်။
Cultures Kombucha အရသာအမျိုးမျိုး မှာ ခံစားရရှိမယ့် အချိုအရသာက ပုလင်းတိုင်းမှာမတူညီနေနိုင်ပါဘူး။ သိသာမှာမဟုတ်တဲ့ အချိုဓာတ်ကွာခြားမှုအနည်းငယ်ရှိနိုင်ပါတယ်။ ဘာလို့လဲဆိုရင် Brewing လုပ်တဲ့အချိန်မှာ လက်ဖက်ခြောက်နှင့်အတူ အချိုဓာတ်အတွက် သကြား သို့မဟုတ် ပျားရည်ကိုအသုံးပြုရပါတယ်။
Fermentation လုပ်ငန်းပြီးမြောက်သွားတဲ့အခါမှာ ကျွန်တော်တို့ရဲ့ Kombucha Cultures တွေက ဒီထဲမှာရှိတဲ့ အချိုဓာတ်တွေကို အသုံးပြုလိုက်ပြီး၊ နောက်ဆုံးမှာတော့ Kombucha ရဲ့ ခပ်ချဉ်ချဉ်လေးနဲ့ သဘာဝအတိုင်း fizz ပါတဲ့ အရသာကို ထူးဆန်းစွာဖြစ်ပေါ်လာစေပါတယ်။ 🫧
ဒီ Honey Kombucha မှာတော့ အချိုဓာတ်နှင့် Fermentation အတွက် သကြား မသုံးဘဲ ပျားရည်ကိုသာအသုံးပြု၍ ထုတ်လုပ်ထားတာပါ။
သဘာဝပျားရည်ရဲ့ အရသာစစ်စစ်ကိုခံစားရမှာဖြစ်ပြီး သကြားရှောင်လိုသူများအတွက် အထူးသင့်တော်ပါတယ်။
ဒါကြောင့် ရလဒ်အနေနဲ့ ရရှိတာကတော့ — နူးညံ့တဲ့အချိုဓာတ်အပြင် ခပ်ချဉ်ချဉ် fizz လေးနဲ့ သူ့ကိုယ်ပိုင် character အပြည့်ရှိတဲ့ Kombucha တစ်ဘူးပါပဲ။ 🍯🫧💛
🍯 Meet the honey behind this kombucha.
Our Kachin Honey Kombucha gets its gentle sweetness from something a little special — Thit Khaung (hollow tree) honey from Kachin State 🐝
And here’s a little kombucha fun fact: the sweetness you taste isn’t always the same as the sugar that goes into the brewing process. During fermentation, our cultures feed on the sugars in the tea, helping transform it into the tangy, naturally fizzy kombucha we love 🫧
For this flavour, we wanted to let the honey do its thing ✨
The result? A kombucha that’s gently sweet, a little tangy, bubbly and full of its own personality 🍯🫧💛