Food Paradise

Food Paradise 🍔 Juicy Burgers & Spicy Vibes! 🔥

လတ်ဆတ်မှု၊ အရည်အသွေးနဲ့ ထူးခြားတဲ့အရသာ စုဝေးရာ။ 💛

အကောင်းဆုံး ဆိုတာထက် ပိုကောင်းတဲ့ အရသာကို ရှာဖွေနေတဲ့ အချိန်တွေ... ⏳✨Food Paradise ကို အားပေးကြတဲ့ Customer တွေအတွက် 'Me...
07/04/2026

အကောင်းဆုံး ဆိုတာထက် ပိုကောင်းတဲ့ အရသာကို ရှာဖွေနေတဲ့ အချိန်တွေ... ⏳✨

Food Paradise ကို အားပေးကြတဲ့ Customer တွေအတွက် 'Menu Upgrade' လုပ်နေတယ်လို့ ကြေညာထားခဲ့တဲ့အတိုင်း... အခုနောက်ပိုင်း မင်မင်တို့ရဲ့ အချိန်တော်တော်များများက မီးဖိုချောင် (R&D Room) ထဲမှာပဲ ကုန်ဆုံးနေပါတယ်။

🌶️ အမိုက်စား Spicy Menu သုံးမျိုးကို အချဉ်၊ အငန်၊ အစပ် ဘယ်လို Balance အဖြစ်ဆုံး ညှိပြီး‌ အချိုးအစားကျကျ ဖော်စပ်မလဲ? 🔥🔥

အသေးစိတ်ကအစ သေချာ ဂရုစိုက်ပြီး ပြင်ဆင်နေလို့ နည်းနည်းလေးတော့ စောင့်ပေးပါဦးနော်။
မကြာခင်မှာ ရန်ကုန်က Foodie တွေ အကြိုက်တွေ့စေမယ့် အရသာစစ်စစ်တွေနဲ့ Food Paradise က အသစ်တစ်ဖန် ပြန်လာခဲ့ပါမယ်ရှင်! 🚀❤️



🚀 Food Paradise is Leveling Up! ချစ်ခင်ရတဲ့ Food Paradise ရဲ့ Customer များရှင်... 👋ကျွန်မတို့ Food Paradise ဟာ Customer...
01/03/2026

🚀 Food Paradise is Leveling Up!

ချစ်ခင်ရတဲ့ Food Paradise ရဲ့ Customer များရှင်... 👋

ကျွန်မတို့ Food Paradise ဟာ Customer တွေကို ဒီထက်ပိုကောင်းတဲ့ Service, ပိုသက်တောင့်သက်သာရှိတဲ့ Dining Experience နဲ့ ပိုမိုစုံလင်တဲ့ Menu တွေ ဖန်တီးပေးနိုင်ဖို့အတွက်...
G&G (ကြည့်မြင်တိုင်) မှာဖွင့်လှစ်ထားတဲ့ ဆိုင်ခွဲလေးကို ခေတ္တရပ်နားပြီး "ဆိုင်သစ် တိုးချဲ့ဖွင့်လှစ်ခြင်း (New Shop Expansion)" အတွက် အားသွန်ခွန်စိုက် ပြင်ဆင်နေပါပြီ! 👷‍♀️🍔

ဒါကြောင့် လက်ရှိဆိုင်လေးကို ဒီနေ့မှစ၍ ယာယီ ပိတ်ထားပါမယ်ရှင့်။

ဆိုင်သစ်အတွက် နေရာရွေးချယ်မှု၊ ဒီဇိုင်းပိုင်းနဲ့ Decoration တွေကို စနစ်တကျ ပြင်ဆင်နေတာမို့လို့...
မကြာခင်မှာ "New Look, New Taste, New Experience" နဲ့ ပြန်လည်မိတ်ဆက်ပေးပါ့မယ်နော်။ 🌟

ဆိုင်ပြန်ဖွင့်မယ့်ရက်နဲ့ တည်နေရာအတိအကျကို Page ကနေ အမြန်ဆုံး ကြေညာပေးသွားမှာမို့လို့ Stay Tuned ပါရှင်! 🥰

🚧 အရေးကြီး ကြေညာချက် 🚧

ဆိုင်နေရာ (Physical Shop) ကို ယာယီပိတ်ထားပေမယ့်...
Burger လေးတွေကို လွမ်းနေမယ့် Customer များအတွက် Delivery (အိမ်အရောက်ပို့) စနစ်နဲ့တော့ တစ်ရက်ကြိုတင်မှာယူခြင်းဖြင့် ပုံမှန်အတိုင်း အော်ဒါလက်ခံ ပို့ဆောင်ပေးသွားပါမယ်ရှင်! 🛵📦🥰🥰

Weekend မှာ စုစားပြီး... (၄,၀၀၀) ကျပ်တန် "Cheese Shake Fries" အလကား ယူကြမယ်! 🍟🧀🎁တစ်ပတ်လုံး ပင်ပန်းထားသမျှကို ကုစားဖို့.....
22/01/2026

Weekend မှာ စုစားပြီး... (၄,၀၀၀) ကျပ်တန် "Cheese Shake Fries" အလကား ယူကြမယ်! 🍟🧀🎁

တစ်ပတ်လုံး ပင်ပန်းထားသမျှကို ကုစားဖို့...
Food Paradise ကနေ Weekend Special Promotion လာပါပြီ! 🥳

ပုံထဲက အိစက်ပြီး ဆိမ့်နေတဲ့ "Cheese Shake Fries" လေးကို Free စားချင်လား? 😋

🔥 Promotion Rule:
ဒီအပတ် သောကြာ၊ စနေ၊ တနင်္ဂနွေ (၃) ရက်အတွင်း...
ဆိုင်မှာပဲလာစားစား၊ ပါဆယ်ပဲမှာမှာ...

စုစုပေါင်း (၁၅,၀၀၀ ကျပ်) ဖိုးနှင့်အထက် မှာယူအားပေးသူတိုင်းအတွက် -
ဘာဂါနဲ့လိုက်ဖက်တဲ့ Menu ဖြစ်တဲ့ "Shake Fries (အာလူးလှုပ်)" တစ်ပွဲကို...လုံးဝ အခမဲ့ (FREE) မေတ္တာလက်ဆောင် ထည့်ပေးသွားမှာပါရှင်! 😱🎁

🍟 Flavor Options:
🧀 Cheese
🌶️ Mala
🔥 Spicy
(ပုံထဲက Cheese အပါအဝင် ကြိုက်နှစ်သက်ရာ အရသာကို ရွေးချယ်ခွင့်ပေးထားပါတယ်နော်)

သူငယ်ချင်းနဲ့ စပ်စားမလား? ချစ်သူနဲ့ Date မလား? ဒီ ၃ရက်တည်းသာပေးမှာဖြစ်လို့..အခုပဲ Order တင်ထားလိုက်တော့နော်! 👇

📞 09-796951253
📞09-796923435
💌 Chat Box
🏠 Shop: ကြည့်မြင်တိုင်၊ ကမ်းနားလမ်း၊ ဆင်မလိုက်မှတ်တိုင်ရှေ့၊ G&G ဝင်‌ပေါက်။

📣 ဆိုင်ဖုန်းနံပါတ် အပြောင်းအလဲ အသိပေးခြင်း 📣ချစ်ခင်ရတဲ့ Customer များရှင်... 👋Food Paradise ရဲ့ အော်ဒါလက်ခံတဲ့ ဖုန်းနံပါ...
16/01/2026

📣 ဆိုင်ဖုန်းနံပါတ် အပြောင်းအလဲ အသိပေးခြင်း 📣

ချစ်ခင်ရတဲ့ Customer များရှင်... 👋
Food Paradise ရဲ့ အော်ဒါလက်ခံတဲ့ ဖုန်းနံပါတ်လေး အသစ်ပြောင်းလဲလိုက်ပါတယ်နော်။

အရင်နံပါတ်ကို ဆက်သွယ်လို့ မရတော့တဲ့အတွက်...
အောက်ပါ နံပါတ်အသစ် ကို ပြောင်းလဲဆက်သွယ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။ 🥰

❌ Old Number - မသုံးတော့ပါ။
✅ New Number - 09-796951253/
09-796923435

အော်ဒါမှာယူလိုသူများအနေနဲ့ ဒီဖုန်းနံပါတ်ကို ဆက်သွယ်နိုင်သလို၊ Page Chat Box ကနေလည်း ပုံမှန်အတိုင်း လာရောက်မှာယူနိုင်ပါတယ်ရှင့်။

ဖုန်းဆက်ပြီး မှာမလား? Chat Box က မှာမလား?
ကြိုက်ရာရွေးပြီး အားရပါးရ မှာလို့ရပါပြီနော်! 😋🍔

Countdown Party Special 🎉🍔မနက်ဖြန် Countdown ညမှာ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ အိမ်မှာပဲ Chill ပြီး Party လုပ်ဖို့ စီစဉ်...
30/12/2025

Countdown Party Special 🎉🍔

မနက်ဖြန် Countdown ညမှာ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ အိမ်မှာပဲ Chill ပြီး Party လုပ်ဖို့ စီစဉ်ထားကြပြီလား? 🥳

မီးဖိုချောင်ဝင်ပြီး ချက်ပြုတ်ရတာ ပင်ပန်းမနေပါနဲ့တော့။
Food Paradise ရဲ့ Juicy Burger တွေရယ်🍔🍔🍔၊ Party ညအတွက် အလိုက်ဖက်ဆုံး အကင်သုပ်မွှေးစပ်လေးရယ်🥗 (Spicy Mala Skewers) တွေ ရှိနေမှတော့... အစားအသောက်တာဝန်ကို မင်မင်တို့ဆီသာ လွှဲလိုက်ပါ! 😉

🍔 Party Combo Idea:
အသားပြားအိအိလေးနဲ့ ဘာဂါတစ်လုံးစား၊ ပြီးရင် ရှူးရှူးရှဲရှဲ အကင်သုပ်လေးနဲ့ ဖြတ်... (Perfect ပါပဲနော်) 🤤

🎁 New Year Special Delivery Offer 🎁

ပါတီအတွက် အများကြီးမှာလေ... ပိုတန်လေပါပဲ!

✅ Total Bill ၁၀,၀၀၀ ကျပ်နှင့်အထက် - Delivery Discount (၁,၀၀၀) ကျပ်!
✅ Total Bill ၃၀,၀၀၀ ကျပ်နှင့်အထက် - ကြည့်မြင်တိုင်၊ အလုံ၊ စမ်းချောင်း၊ ကမာရွတ် မြို့နယ်များ Delivery Free (အခမဲ့) ပို့ဆောင်ပေးသွားမှာပါ! 🛵💨

(တခြားမြို့နယ်များအတွက်လည်း 50% Deli Discount ရှိပါတယ်ရှင့်)

Delivery အချိန်မှန်ကန်မှုနဲ့ Quality ကို အကောင်းဆုံး ထိန်းသိမ်းချင်လို့ (Limited Orders) ပဲ လက်ခံသွားမှာမို့...
မနက်ဖြန် (31st Dec) အတွက် Chat Box မှာ အခုပဲ Pre-order တင်ထားမှ စိတ်ချရမယ်နော်! 👇

💁‍♀️ မှာယူလိုသူများအနေနဲ့ အော်ဒါတင်တဲ့အခါ အဆင်ပြေမြန်ဆန်စေဖို့... မိမိကြိုက်နှစ်သက်ရာ Combo Set နာမည် (သို့မဟုတ်) နံပါတ် လေးနဲ့တကွ Chat Box မှာ လာရောက်မှာကြားပေးပါနော်!

1️⃣ Couple Chill Set (16,000 Ks)
🍔 Burger (Single) ၂ လုံး
🥗 အကင်သုပ် ၁ ပွဲ
✅ Get Deli Discount!

2️⃣ Buddy Party Set (30,000 Ks)
🍔 Burger (Single) ၃ လုံး
🥗 အကင်သုပ် Jumbo (အကြီး) ၁ ပွဲ
🥤 Coke ဘူးကြီး ၁ ဘူး
✅ Deli Free (Selected Townships)!

3️⃣ Family Feast (38,500 Ks)
🍔 Premium Burger (Double Meat) ၂ လုံး
🍔 Burger (Single Meat) ၂ လုံး
🥗 အကင်သုပ် ၂ ပွဲ
🥤 Coke ဘူးကြီး ၁ ဘူး
✅ Deli Free (Selected Townships)!

💡 Tip: Combo Set တွေထဲမှာ Cheese ထပ်ပေါင်းချင်တာဖြစ်ဖြစ်၊ Double Meat ပြောင်းချင်တာဖြစ်ဖြစ်၊ Coke ဘူးသေး/ဘူးကြီး... စိတ်ကြိုက် Add-on ထပ်ထည့်ပြီး မှာယူလို့ရပါတယ်နော်! 🧀🍔

Happy New Year ပါရှင်! ✨

Ho Ho Ho! 🎅 Merry Christmas! 🎄🎁 Christmas Surprise Post!🎁 ဒီနှစ် Christmas 🎄 မှာ... ဗိုက်ပြည့်စေမယ့် လက်ဆောင်လေးတွေ ပေးက...
23/12/2025

Ho Ho Ho! 🎅 Merry Christmas! 🎄🎁 Christmas Surprise Post!

🎁 ဒီနှစ် Christmas 🎄 မှာ... ဗိုက်ပြည့်စေမယ့် လက်ဆောင်လေးတွေ ပေးကြမယ်!

Christmas မှာ Food Paradise ကနေ Burger နဲ့တွဲဖက်စားဖို့ အလိုက်ဖက်ဆုံး... Shake Fries (အာလူးလှုပ်) Menu အသစ်စက်စက်ကို Christmas Promotion နဲ့အတူ မိတ်ဆက်ပေးလိုက်ပါပြီ! ✨

🍟 Shake Fries (အာလူးလှုပ်) 🍟
🧀 Cheese (အီစိမ့်)
🌶️ Mala (မာလာအရသာ)
🔥 Spicy (စပ်ရှိန်)
(ကြိုက်ရာရွေး၊ အားရပါးရစား!) 😋

🎁 Christmas Special (24th & 25th Only) 🎁

Burger (၃) လုံးနှင့်အထက် မှာယူသူတိုင်း...Shake Fries တစ်ပွဲ (ကြိုက်နှစ်သက်ရာ အရသာ) ကိုပါ အခမဲ့ (Free) မေတ္တာလက်ဆောင် ထည့်ပေးသွားမှာပါ! 🎅🎁

သပ်ရပ်လှပတဲ့ Packaging လေးနဲ့မို့လို့...ရုံးက သူငယ်ချင်းတွေကိုပဲ တိုက်တိုက်၊ ချစ်သူကိုပဲ Surprise တိုက်တိုက်၊ အိမ်က မိသားစုအတွက်ပဲ လက်ဆောင်ဝယ်သွားသွား...
မြင်တာနဲ့ စားချင်စဖွယ် ဖြစ်နေမှာ အသေအချာပါပဲ။ 🥳🎄🍔🍟

🏃‍♂️💨 Stock (ပစ္စည်း) အကန့်အသတ်ရှိလို့...ကုန်သွားမှာစိုးရိမ်ရင် အခုပဲ ကြိုတင် Order တင်ထားလိုက်‌တော့နော်!😉

🎊Surprise တိုက်ချင်တဲ့ Customer များအတွက် ဘူးပေါ်မှာ/အိတ်ပေါ်မှာ ဆုတောင်းစာ/ စာတိုလေးတွေ (Wish Note) အခမဲ့ လက်ဆောင် ရေးပေးပါတယ်ရှင့်။

ကဲ... ဘယ်သူ့ကို Surprise တိုက်မလဲ?
Chat Box မှာ လိပ်စာနဲ့ ဖုန်းနံပါတ်လေး ပေးပြီး အခုပဲ Santa Clause လုပ်လိုက်ကြစို့! 🎅🛵

Edited : **⚠️ Food Paradise ရဲ့ ချစ်သော Customer များရှင့်! ⚠️**
------
ချစ်ရတဲ့ Foodie တို့ရဲ့ အားပေးကြမ်းမှုကြောင့်၊ ဒီနေ့အတွက် မင်မင်တို့ အော်ဒါတွေအများကြီးလိုက်လံပို့ဆောင်ပေးရမှာဖြစ်လို့ မနက်ဖြန်အတွက်ပဲ ရပါတော့မယ်ရှင့်🙏

နားလည်ပေးမှုအတွက်ရော၊ အားပေးမှုအတွက်ပါ ကျေးဇူးအများကြီးတင်ပါတယ်! 🥰

⏰ Opening Hour: 8:30 AM - 8:30 PM
☎️ Phone: 09-973573711
🏠 Address: ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းမကြီး၊ ဆင်မလိုက်မှတ်တိုင်နား၊ G&G ဝင်ပေါက်။



06/12/2025

နာမည်ကြီးဆိုင်တွေနဲ့ ယှဉ်ပြီးတောင် Food Paradise ကို ရွေးချယ်ပေးတဲ့ Customer လေးတွေကြောင့် အားတွေရှိ... 🥺🍔❤️

နူးညံ့အိစက်တဲ့ ပေါင်မုန့်၊ လတ်ဆတ်တဲ့ အသားပြားစစ်စစ်နဲ့ Premium Sauce များကို စေတနာအပြည့်ဖြင့် ဖန်တီးပြုလုပ်ထားတာမို့လို့ တစ်ကိုက်စားလိုက်တာနဲ့ Juicy ဖြစ်‌ပြီးအီစိမ့်နေမှာပါနော်! 🥩✨

အခုလို Premium အရသာမျိုးကို ဈေးသက်သက်သာသာ ၅,၅၀၀ ကျပ် တည်းနဲ့ ရနိုင်မှာပါရှင်! 🍔😱

🤔 စားနေကျ ဘာဂါတွေထက် ပိုကောင်းတဲ့၊ တကယ့် "Juicy Burger" စစ်စစ်ကို စားချင်နေပြီဆိုရင်တော့...
✨ အခုပဲ လာမြည်းစမ်းကြည့်လိုက်တော့နော်!

🎁 **Page မှ တိုက်ရိုက်မှာယူသူများအတွက် Delivery အထူးသက်သာခွင့်** 🎁

🛵 **(၁) Nearby Special (အထူးသက်သာ):**
**ကြည့်မြင်တိုင်၊ အလုံ၊ စမ်းချောင်း၊ ကမာရွတ်** မြို့နယ်များမှ ၁၅,၀၀၀ ဖိုးနှင့်အထက် မှာယူသူတိုင်း...
Delivery ခ **၁,၅၀၀ ကျပ်** တည်းဖြင့် အိမ်အရောက် ပို့ဆောင်ပေးနေပါပြီ! 😱

🛵 **(၂) City-wide Offer (ရန်ကုန်မြို့တွင်း):**
အခြားမြို့နယ်များအတွက်လည်း ၁၅,၀၀၀ ဖိုးနှင့်အထက် မှာယူပါက **Delivery ခ (၁,၅၀၀) ကျပ်** ကို ဆိုင်မှ စိုက်ထုတ်ပေးသွားမှာဖြစ်လို့ သက်သက်သာသာနဲ့ မှာယူနိုင်မှာဖြစ်ပါတယ်ရှင့်! ❤️

🛵 **(၃) Bulk Order Promo (အများယူ):**
**၃၀,၀၀၀ ကျပ်ဖိုးနှင့်အထက်** မှာယူသူတိုင်းအတွက် -
✅ အနီးတဝိုက်မြို့နယ်များ - **Delivery အခမဲ့ (Free)!**
✅ အခြားမြို့နယ်များ - **Delivery ခ တစ်ဝက် (50%)** ကို Food Paradise မှ ကျခံပေးမှာပါ!

(ရုံး Lunch တွေ၊ သူငယ်ချင်းတွေနဲ့ Party၊ မွေးနေ့ပွဲတွေအတွက် အများအပြား မှာယူမှုများကိုလည်း စိတ်တိုင်းကျ လက်ခံဆောင်ရွက်ပေးပါတယ်) 🎊

⚠️ အားပေးမှုကြမ်းလို့ ပစ္စည်းအကုန်မြန်တတ်တာမို့ အရေအတွက်များရင် တစ်ရက်ကြိုတင် ဖုန်းဆက်ပေးဖို့ မေတ္တာရပ်ခံပါတယ်နော် 🤍

🏪 ဆိုင်မှာစားချင်သူများအတွက်:
G&G (ကြည့်မြင်တိုင်) ထဲက ခုံလေးတွေမှာလည်း အဲကွန်းအေးအေးလေးနဲ့ စကားပြောရင်း အေးဆေး ထိုင်စားလို့ရပါတယ်ရှင့်! 👍

🐼 Foodpanda App သုံးသူများအနေနဲ့လည်း "Food Paradise" လို့ ရိုက်ရှာပြီး အလွယ်တကူ မှာယူနိုင်ပါတယ်!

⏰ Opening Hour: 10:00 AM - 7:30 PM
☎️ Phone: 09-973573711
🏠 Address: ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းမကြီး၊ ဆင်မလိုက်မှတ်တိုင်နား၊ G&G ဝင်ပေါက်။



🏆 Giveaway Winner Announcement 🏆🥳🎉 Food Paradise ရဲ့ Giveaway ကံထူးရှင် (၅) ဦး ထွက်ပေါ်လာပါပြီရှင်! 🍔🎁Giveaway ပို့စ်တင်...
02/12/2025

🏆 Giveaway Winner Announcement 🏆

🥳🎉 Food Paradise ရဲ့ Giveaway ကံထူးရှင် (၅) ဦး ထွက်ပေါ်လာပါပြီရှင်! 🍔🎁

Giveaway ပို့စ်တင်ပြီးကတည်းက မင်မင်တို့ဆီမှာ အော်ဒါလေးတွေဆက်တိုက်ဝင်ပြီး လက်မလည်အောင် အလုပ်ရှုပ်နေခဲ့လို့ မဲဖောက်ပေးဖို့ ရက်နည်းနည်း နောက်ကျသွားတာကို နားလည်ပေးကြဖို့ မေတ္တာရပ်ခံပါရစေနော်။ 🙏 (စောင့်ရကျိုးနပ်အောင် ဒီနေ့တော့ အဖြေထွက်ပါပြီ!)

ကဲ... (၇,၀၀၀) ကျပ်တန် Cheese Add-on Juicy Burger 🍔 ကို အိမ်အရောက် (Deli Free 🛵) နဲ့ အရသာရှိရှိ သုံးဆောင်ခွင့်ရမယ့် ကံထူးရှင် (၅) ဦးကိုတော့... ပုံလေးထဲမှာ ကြည့်ရှုပေးပါရှင့်။ 👇

🎉 Congratulations ပါရှင်! 🎉

ကံထူးရှင်များအနေနဲ့ သောကြာနေ့ နောက်ဆုံးထားပြီး Page Messenger (Chat Box) မှာ လိပ်စာနဲ့ ဖုန်းနံပါတ်လေး လာပေးထားဖို့ မေတ္တာရပ်ခံပါတယ်နော်။ 📨

ဒီတစ်ခေါက် မပေါက်လိုက်ရတဲ့သူတွေလည်း စိတ်မကောင်းမဖြစ်ပါနဲ့နော်။ နောက်ထပ်လည်း အစီအစဉ်ကောင်းတွေ အများကြီး လာဦးမှာမို့ Page ကို See First လုပ်ထားကြပါဦး။ 😉

🍔 ဗိုက်ဆာနေပြီလား? မင်မင်တို့ကို လက်မလည်အောင် ဖြစ်စေခဲ့တဲ့... Juicy Burger လေးတွေကို မြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့... 👇

📩 Order via Chat Box
📞 09-973573711
📍 ဆိုင်တည်နေရာ: ကြည့်မြင်တိုင်၊ ကမ်းနားလမ်း၊ ဆင်မလိုက်မှတ်တိုင်ရှေ့၊ G&G ဝင်ပေါက်။

🥳🎉 Giveaway (ကံစမ်းမဲ) လေးနဲ့အတူ Food Paradise ရဲ့ Burger Promotion လေးလာပါပြီ! 🎉🎁ပြီးခဲ့တဲ့ရက်ပိုင်း မင်မင်တစ်ယောက် ဘာဂ...
20/11/2025

🥳🎉 Giveaway (ကံစမ်းမဲ) လေးနဲ့အတူ Food Paradise ရဲ့ Burger Promotion လေးလာပါပြီ! 🎉🎁

ပြီးခဲ့တဲ့ရက်ပိုင်း မင်မင်တစ်ယောက် ဘာဂါအော်ဒါလေးတွေနဲ့ အလုပ်ရှုပ်နေလို့ Page မှာ စာမတင်ဖြစ်တာ ကြာသွားပါတယ်။ အခုတော့...

(ပုံထဲက Screenshot လေးလိုမျိုး) Food Paradise ရဲ့ ဘာဂါကို မစားရရင် မနေနိုင်လောက်အောင် စွဲလမ်းနေတဲ့ ချစ်ရတဲ့ အမာခံ Customer လေးတွေရော၊ အခုမှ စမ်းစားမယ့် မိတ်ဆွေသစ်တွေရော အားလုံးပါဝင်လို့ရအောင် အထူးလက်ဆောင် (၂) မျိုး စီစဉ်လိုက်ပါတယ်! 😋

(Review လေးရေးပေးတဲ့ ညီမလေးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်နော်။ ညီမလေးရေးထားတာလေး ဖတ်ပြီး မင်မင်တို့ ပိုအားရှိသွားလို့ အမှတ်တရ‌လေးအနေနဲ့ ထည့်ပေးလိုက်ပါတယ် 🥰)

လက်ဆောင် (၁) ကတော့ Food Paradise ကို ချစ်ခင်သူတွေနဲ့ မိတ်ဆွေအသစ်တွေအားလုံးအတွက်ပါ။

🎁 Giveaway Alert! (ကံစမ်းမဲ) 🎁
ဒီ Post ကို မြင်တဲ့ ဘယ်သူမဆို... အရင်က လာမဝယ်စားဖြစ်သေးရင်တောင် Free စားရမယ့် အခွင့်အရေးလေးပါနော်။ 🫶

ပါဝင်ချင်တယ်ဆိုရင်...
1️⃣ Food Paradise Page ကို Like & Follow လုပ်ပါ။
2️⃣ ဒီ Post ကို Public နဲ့ Share ပေးပါ။
3️⃣ ပြီးရင် Comment မှာ "Done" လို့ရေးခဲ့ရုံပါပဲ။

မန့်ထားတဲ့ထဲက ကံထူးရှင် (၅) ဦးကို ရွေးချယ်ပြီး Cheese Add-on ပါ ထပ်ဖြည့်ထားတဲ့ (၇,၀၀၀) ကျပ်တန် Special Juicy Burger (၁) လုံးစီ အိမ်အရောက် (Delivery Free 🛵) ပို့ပေးသွားမှာပါ။ (ရန်ကုန်မြို့တွင်းသာ)

လက်ဆောင် (၂) ကတော့ "အရသာရှိတဲ့ ဘာဂါကောင်းကောင်း ကြိုက်သူတိုင်း" လက်လွှတ်မခံသင့်တဲ့ (၂) ရက်တာ Promotion!

🔥 Promotion: Buy 2 Get 1 FREE! 🔥

Cheese နဲ့ Mayonnaise အရည်ရွှမ်းပြီး တစ်ကိုက်ဆိုတစ်ကိုက် အီစိမ့်နေအောင်ကောင်းလှတဲ့ Food Paradise ရဲ့ Signature Juicy Burger (2) လုံး ဝယ်ယူတိုင်း ၅,၅၀၀ ကျပ်တန် Juicy Burger (1) လုံး ထပ်ဆောင်းလက်ဆောင် ရရှိမှာဖြစ်ပါတယ်။ 🧀🍔

သူငယ်ချင်း ၃ ယောက်စု၊ ၂ ယောက်စာပဲ ရှင်းပြီး ၃ ယောက်လုံး ဗိုက်ကားနိုင်မယ့် အခွင့်အရေးလေးပါ။ တကယ်ကို တန်လွန်းလို့ လက်လွှတ်မခံသင့်ပါဘူးနော်! 🤩

🗓 ရက်ချိန်: ဒီတစ်ပတ် သောကြာ နဲ့ စနေ (၂) ရက်တည်းသာ!

⏰ အချိန်မစောင့်နဲ့နော်... ခဏလေးနဲ့ သတ်မှတ်ထားတဲ့ Stock အရေအတွက် ပြတ်သွားတတ်တာမို့ အခုပဲ Order တင်ထားလိုက်တော့!

🚨 Update: ဖောက်သည်များ တောင်းဆိုမှုကြောင့် Pre-order လက်ခံပေးနေပါပြီ! 🚨
---------------------------

ဒီနေ့ Promotion (Buy 2 Get 1) ယူချင်ပေမယ့်...
❌ ဒီနေ့ အပြင်ရောက်နေလို့ / မအားလို့
❌ ဒီနေ့ ဗိုက်ပြည့်နေလို့
မနက်ဖြန် (တနင်္ဂနွေ) ကျမှ မိသားစုနဲ့ စုံမှ စားချင်သူများ ရှိသလို တနင်္လာနေ့ (Monday) ရုံးဖွင့်ရက်/ကျောင်းဖွင့်ရက်ကျမှ သူငယ်ချင်းတွေနဲ့ စုစားချင်သူများလည်းရှိလ်ို့ Delivery Date ကို Monday အထိ ရွေးချယ်ခွင့် ပေးထားပါတယ်နော်! 🗓️

✅ Promotion ကို ဒီနေ့ "Lock" ချထားလို့ရပါပြီ!
ဒီနေ့ Order တင် ငွေချေထားပြီး၊ ကိုယ်လိုချင်တဲ့ရက်၊ လိုချင်တဲ့အချိန် (မနက်ဖြန်/ တနင်္လာ) မှ လာပို့ခိုင်းလို့ ရပါတယ်နော်။

ဒီနေ့မယူချင်သေးရင်
Chat Box မှာ "Promo ယူမယ်"လို့သာ ပြောလိုက်ပါ! 😉

📩 မှာယူရန်: Page Chat Box (or) 09-973573711
📍 ဆိုင်တည်နေရာ: ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းမကြီး၊ ဆင်မလိုက်မှတ်တိုင်ရှေ့၊ G&G Convenience Store ဝင်ပေါက်။

**📢 "အထူးကွေ့တီယို" ကို အခမဲ့မြည်းစမ်းခွင့်ရမယ့် Sampling အစီအစဉ်! 🎉**Food Paradise ရဲ့ Signature Burger 🍔 ကို စတင်မိတ်ဆ...
22/10/2025

**📢 "အထူးကွေ့တီယို" ကို အခမဲ့မြည်းစမ်းခွင့်ရမယ့် Sampling အစီအစဉ်! 🎉**

Food Paradise ရဲ့ Signature Burger 🍔 ကို စတင်မိတ်ဆက်စဉ်ကတည်းက စားသုံးသူအများအပြားရဲ့ အားပေးမှုနဲ့ ချစ်ခင်မှုကို ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ Food Panda 🐼မှာပါ မှာယူမှု၊ လူကြိုက်အများဆုံး Menu စာရင်းထဲပါနေတာတွေ့ရတဲ့ မင်မင်တို့ရဲ့ နောက်ထပ် အသည်းကျော် အထူးကွေ့တီယိုလေးနဲ့ မိတ်ဆက်ပေးချင်လို့ပါ။ 🤩🤩
(Food Panda 🐼 မှာ "Food Paradise" လို့ ရိုက်ရှာနိုင်ပါတယ်နော်။)

**Food Paradise ရဲ့ "အထူးကွေ့သယို" 🍜ဆိုတာ...**

Food Paradise ရဲ့ကိုယ်ပိုင်ချက်နည်း၊ လတ်ဆတ်တဲ့ ပါဝင်ပစ္စည်းတွေနဲ့ ထူးခြားတဲ့ အနှစ်အရသာတို့ ပေါင်းစပ်ထားတဲ့ တကယ့် Original Taste ပါ။ 🍜 ပူပူနွေးနွေး အချိုသုပ်လေးပဲ ဖြစ်ဖြစ်၊ စပ်စပ်လေးကြိုက်တဲ့သူတွေအတွက် ငရုတ်သီးအနှစ်များများနဲ့ပဲ ဖြစ်ဖြစ်၊ တစ်ပန်းကန်ကုန်သွားတာတောင် နောက်ထပ် ထပ်စားချင်နေမှာ အသေအချာပါပဲ။ 😋

ဒီအခွင့်အရေးကို လက်လွတ်မခံဘဲ လာရောက်မြည်းစမ်းကြည့်ပြီး ဘာကြောင့် မင်မင်တို့ရဲ့ ကွေ့တီယိုဟာ အသည်းကျော်ဖြစ်လာရလဲဆိုတာ သိရပါလိမ့်မယ်။ 😉 G&G Convenience Store ထဲက ခုံလေးတွေမှာ "Juicy Burger" 🍔 နဲ့အတူ "အထူးကွေ့သယို" 🍜 ရဲ့ ထူးခြားတဲ့ အရသာကို လာရောက်မြည်းစမ်းဖို့ အခုပဲ လာခဲ့လိုက်တော့နော်!

**အခမဲ့ Sampling အစီအစဉ်အသေးစိတ်**

* **🗓️ ရက်စွဲ:** မနက်ဖြန် **အောက်တိုဘာ ၂၃ ရက်** နှင့် သဘက်ခါ **အောက်တိုဘာ ၂၄ ရက်**
* **⏰ အချိန်:** ညနေ ၄ နာရီမှ ည ၆ နာရီအထိ

#ကွေ့တီယို

**🍔🧀 Food Paradise ရဲ့ ပရိုမိုးရှင်း အစီအစဉ်ကောင်းလေး ပြန်လာပြီနော်။****🍔🧀🎉🥳**ဒီတစ်ပတ်ရဲ့ (အောက်တိုဘာ ၁၇၊ ၁၈၊ ၁၉) သောကြာ...
16/10/2025

**🍔🧀 Food Paradise ရဲ့ ပရိုမိုးရှင်း အစီအစဉ်ကောင်းလေး ပြန်လာပြီနော်။**
**🍔🧀🎉🥳**

ဒီတစ်ပတ်ရဲ့ (အောက်တိုဘာ ၁၇၊ ၁၈၊ ၁၉) သောကြာ၊ စနေ၊ တနင်္ဂနွေ (၃) ရက်တာ အထူးပရိုမိုးရှင်းအနေနဲ့
**အရည်ရွှမ်းပြီး တစ်ကိုက်ဆိုတစ်ကိုက် အီစိမ့်နေအောင်ကောင်းလှတဲ့ Food Paradise ရဲ့ Signature "Juicy Burger" (၅,၅၀၀ ကျပ်) နှစ်ခု ဝယ်ယူတိုင်း အရသာရှိတဲ့ ထုံစပ်အာလူးမာလာတစ်ပွဲကို အခမဲ့ လက်ဆောင် ရရှိမှာ ဖြစ်ပါတယ်!** 😱

ဘာဂါတစ်ကိုက်စားလိုက်တာနဲ့ ပါးစပ်ထဲ မရောနိစ့်တွေ ချိစ့်အရသာ‌‌တွေ ပျံ့နှံ့သွားမှာ သေချာပါတယ်။ တန်ဖိုးရှိတဲ့ ကုန်ကြမ်းတွေနဲ့ စေတနာအပြည့်အဝ ဖန်တီးထားတာမို့ စျေးနှုန်း ၅,၅၀၀ ကျပ်နဲ့ဆို တကယ်ကို တန်လွန်းလို့ လက်လွှတ်မခံသင့်ပါဘူးနော်!

**🗓️ ပရိုမိုးရှင်းကာလ:** အောက်တိုဘာ ၁၇ ရက် (သောကြာ) မှ အောက်တိုဘာ ၁၉ ရက် (တနင်္ဂနွေ) အထိ။
**📞 09-973573711**
**📍 ဆိုင်တည်နေရာ:** ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းမကြီး၊ ဆင်မလိုက်မှတ်တိုင်ရှေ့၊ G&G Convenience Store ဝင်ပေါက် (Food Paradise)

အိမ်မှာပဲ အေးအေးဆေးဆေး စားမလား၊ ဆိုင်ရှေ့လေးမှာပဲ အမြန်လာယူမလား၊
g&g ထဲကခုံလေးတွေမှာထိုင်စားမလား။ ကြိုက်သလို ရွေးချယ်နိုင်ပါတယ်!
ဒီအခွင့်အရေးကို လက်လွတ်မခံဘဲ သူငယ်ချင်းတွေ၊ ချစ်ရသူတွေနဲ့အတူ Food Paradise ကို အပြေးလေး လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်နော်!

Edited : **⚠️ Food Paradise ရဲ့ ချစ်သော Customer များရှင့်! ⚠️**
------

**အားပေးမှုအော်ဒါတွေ အများကြီးတက်လာလို့ ကျွန်မတို့ရဲ့ အရသာရှိတဲ့ မာလာအနှစ်လေးတွေ stock ပြတ်သွားပြီ ဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်ရှင်။ 🥺**

ဒါပေမဲ့ စိတ်မပူပါနဲ့နော်။ Food Paradise ချစ်သူတွေအတွက် ကျွန်မတို့ရဲ့ S-Tier ထဲက တခြားအကောင်းဆုံး menu တွေကို မြည်းစမ်းချင်သူတွေအတွက် အထူးအခွင့်အရေးအဖြစ် အစားထိုးကမ်းလှမ်းချက်လေးတွေ ပြင်ဆင်ထားပါတယ်ရှင်။

ကျွန်မတို့ရဲ့ S-Tier menu တွေဖြစ်တဲ့ သင်္ဘောသီးထောင်း၊ ကွေ့တီယို၊ အကင်သုပ် (ပွဲသေး)တို့ထဲက ကြိုက်နှစ်သက်ရာကို အခမဲ့ ရွေးချယ်နိုင်ပါတယ်ရှင်။ အဲ့ menu များဟာလည်း လက်ရှိမှာ ဖောက်သည်တွေရဲ့ အထူးအားပေးမှုတွေကို ရရှိထားတဲ့ မီနူးတွေ ဖြစ်ပါတယ်ရှင်။

နားလည်ပေးမှုအတွက်ရော၊ အားပေးမှုအတွက်ပါ ကျေးဇူးအများကြီးတင်ပါတယ်! 🥰

Address

Kyimyindaing Kannar Road
Yangon
11101

Website

Alerts

Be the first to know and let us send you an email when Food Paradise posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category