13/09/2022
1. ကိုယ်တွင်း၌ဖြစ်ပေါ်နေသော အဖု၊ အကျိတ်များ၊ အစာအိမ်အနာနှင့် ချောင်းဆိုးသွေးပါ ရောဂါများအတွက် ကမ်းဇော်ဆီ ထမင်းစားဇွန်း တစ်ဇွန်းစီ တစ်နေ့ သုံးကြိမ် အစာမစားမှီ သောက်ပေးပါ။
2. ကိုယ်ပ၌ဖြစ်ပေါ်နေသော အကျိတ်အဖုများ၊ အလုံးအကျိတ်များ၌ ကမ်းဇော်ဆီ ခဲခဲဖြစ်စေ၊ အနာမန်းကျစေသည့် လိမ်းဆေးတစ်မျိုးမျိုးနှင့် ဖြစ်စေ၊ တိုင်းရင်ဆေးခန်းသုံး ဆေးအမှတ်-၂၉ နှင့် ၄၃ တွဲစပ်ပြီးဖြစ်စေ တစ်နေ့သုံးကြိမ် လိမ်းပေးပါက သက်သာပျောက်ကင်းစေပါသည်။
3. အပူလောင်ခြင်း၊ ရေနွေးပူလောင်ခြင်း၊ မီးပူလောင်ခြင်း၊ ထိခိုက်ရှနာများအတွက် ကမ်းဇော်ဆီ ကို ဝါဂွမ်းသန့်နှင့် ဆွတ်၍လိမ်းပေးပါက အနာကိုလျင်မြန်စွာကျက်စေပြီး အရေပြား၌ အဖုထ ခြင်း၊ ပူခြင်း၊ စပ်ခြင်း၊ အသားအရေကို လောင်စေခြင်းများမရှိဘဲ ပကတိ အသားအရေ အတိုင်း ပြန်လည်ကောင်းမွန်စေပါသည်။
4. ထို့ပြင် ပန်းနာရင်ကျပ်၊ လေထိုးလေအောင့်၊ မီးယပ်ရောဂါ အမျိုးမျိုး၊ အသားအရေခန်းခြောက် ခြင်း၊ အစာမကြေခြင်း၊ ပျို့အန်ခြင်းရောဂါများအတွက် ကမ်းဇော်ဆီကို တစ်ခါသောက် ထမင်းစားဇွန်းတစ်ဇွန်း၊ တစ်နေ့ သုံးကြိမ်၊ အစား မစားမီ သောက်စေခြင်းဖြင့် သက်သာစေပါသည်။
5. အနာရွတ်များ၊ အကွက်များ၊ အရေပြားပေါ်တွင် အနာအမျိုးမျိုးဖြစ်ပွားပြီး ကြမ်းတမ်း နေလျှင်လည်း ကမ်းဇော်ဆီကို တစ်နေ့ သုံးကြိမ် လိမ်းခြင်းဖြင့် သက်သာပျောက်ကင်းစေပါသည်။
6. နွေရာသီ၌ ကလေးများ အရေပြားပေါ်၌ ဖြစ်တတ်သော အပူနာ အမျိုးမျိုး၊ အနာစက်၊ ပြည်တည်နာ၊ အိုင်း၊ အလုံးအကျိတ်ငယ်လေးများ ဖြစ်ပေါ်ပါကလည်း ကမ်းဇော်ဆီကို တစ်နေ့သုံးကြိမ်လိမ်းပေးပါက သက်သာပျောက်ကင်းစေပါသည်။
7. ဒူလာ၊ လိပ်ခေါင်းစအိုကွဲနာ၊ ခြေကွဲနာ၊ သားအိမ်ရောဂါများအတွက်မူ ကမ်းဇော်ဆီ တစ်မျိုးတည်းဖြင့် ဖြစ်စေ၊ ထောပတ်နှင့်ရောစပ်၍ ဖြစ်စေလိမ်းပေးပါက အမြန်ကျက်စေ၊ ကျုံ့စေပါသည်။
8. အကြောရောဂါများ၊ ဇက်ခိုက်ခြင်း၊ ခါးနာခြင်း၊ အဆစ်အမျက် ကိုက်ခဲခြင်း၊ ရောင်ခြင်း၊ ထုံကျဉ်ခြင်း၊ အနာမန်း ရှိပြီး ရောင်ရမ်းခြင်းတို့ကို တစ်နေ့လျှင် သုံးကြိမ် လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါသည်။
9. နားအူခြင်း၊ နားတွင်း အနာဖြစ်ခြင်း၊ နားလေထွက်ခြင်း၊ နားထဲတွင် အဆီများ ခမ်းခြောက်ခြင်း၊ တင်းခြင်း၊ ယားယံ ခြင်းများဖြစ်လျှင် ကမ်းဇော်ဆီကို နားထဲသို့ နှစ်စက်ခန့် နှစ်ကြိမ် ထည့်ပေးခြင်းဖြင့် သက်သာ ပျောက်ကင်းစေပါသည်။
10. နာတာရှည် လူနာများ အိပ်ရာ အပူလောင်နာမဖြစ်မီ အရေ ပြား နီမြန်းနေပါက အဆီ ကို တစ်နေ့ ငါးကြိမ်ခန့်လိမ်းပေးခြင်းဖြင့် မူလအသားအရေအတိုင်း ပြန်လည် ကောင်းမွန် လာပြီး အိပ်ရာနာ (Bed Sore) ဖြစ်ခြင်းမှ ၈ဝ ရာခိုင်နှုန်း ကာကွယ်တားဆီးပေးနိုင်ပါတယ်။
11. ကိုယ်ခံအားအတွက် ကမ်းဇော်ဆီကို ထမင်းနှင့် နယ်စားခြင်း၊ နေ့စဉ်ထမင်းစားဇွန်း (၁) ဇွန်း သောက်သုံးပေးခြင်းများဖြစ်လည်း အနာကင်းကာ အသက်ရှည်၍ ခွန်အားကို ဖြစ်စေပါတယ်။
12. အဖျားတက်ပြီး အပူကြီးသူများကိုလည်း (၁၅) မိနစ်ခြား တစ်ကြိမ် တစ်ကိုယ်လုံးကို ကမ်းဇော်ဆီ မကြာခဏလိမ်းပေးပါက ကိုယ်ပူကျစေပြီး ကလေးများ၏ ကိုယ်ပေါ်၌ ခြင်းကိုက်ဖုများကို မကြာခဏ လိမ်းပေးပါက အနီစက်များ လျင်မြန်စွာ ပျောက်ကင်းသက်သာစေပါတယ်။
ရာနှုန်းပြည့် သဘာဝမပြည့်ဝဆီဖြစ်ပြီး ဘေးထွက်ဆိုးကျိုးမရှိတဲ့အပြင် တစ်ပုလင်းဝယ်ထားခြင်းဖြင့် အိမ်မှာ ထိခိုက်ရှနာကအစ၊ ချောင်းဆိုး၊ အစာအိမ်နာ၊ အပူလောင်နာနှင့် ကိုက်ခဲညောင်းညာများအထိ အသုံးပြုလို့ရတာဖြစ်လို့ အိမ်စောင့်ဆေးအဖြစ်တောင် အသုံးပြုသင့်ပါတယ်။