We love Sufi

We love Sufi ငါဟူသော မာန ခဝါချပီး ငါဆိုတဲ့ မာန ဖျ?

17/02/2025

Kun Faya Kun 💗💗💗

07/12/2024

Jumaadas Sani 5 day 🌺 Youme Wisal 🌺
{751}th Urus Mubarak 🌺
Maarefate Aelahi Hazarat Moulana Jalalludin Rumi {r.h} 🌺

ကမ္ဘာကျော် ကျမ်းတစ်ဆူ ဖြစ်သော အိလ်ဟာမသေ
မပ်စ်နဝီ ကျမ်းကြီး၏ ကျမ်းပြုစာဆိုကြီး ဖြစ်သော.
ကမ္ဘာကျော် ပါရှန်းကဗျာ စာဆိုကြီး....
🌺မအ်ရီဖသေ့ အေလာဟီ ဟသွရသ် ဂျလ္လာလွတ်ဒီးန် မောင်ဝ်လာနာ ရူမီ {ရ.ဟ}🌺 သခင်ကြီးသည် ۔۔
ဟစ်ဂျရီ {672} ခုနှစ်. ခရစ်နှစ် {1273} ခုနှစ်...
ဂျူမာဒဆ်ဆာနီ လ{5} ဒီဇင်ဘာလ {17} ရက်နေ့တွင် မမြဲရာ ဒါရွလ် ဖနာ မှ မြဲရာ ဒါရွလ်ဗကာ သို့
အင်န်သေကာလ် ပြောင်းကြွစံမြန်းခဲ့ပါသည်....။

မောင်ဝ်လာနာရူမီသခင်ကြီး အင်န်သေကာလ် ဖြစ်ခဲ့သည်မှာ နှစ်ပေါင်း {751} နှစ်တိုင် ရှိ‌ခဲ့သော်လည်း۔۔
သခင်ကြီး၏ နာမတော်သည် ယနေ့ထိတိုင် ကမ္ဘာတစ်ဝန်းပဲ့တင်ထက်နေလေ၏۔۔۔۔۔
သခင်ကြီး ရေးသားပြုစုခဲ့သော မပ်စ်နဝီကျမ်းသည်လည်း ကမ္ဘာတစ်ဝန်းတွင် ဂန္ဓဝင် ကျမ်းတစ်ဆူ အဖြစ် ထင်ပေါ်ကျော်ကြားလျှက်ရှိပါသည်۔۔۔۔۔۔။🌺
ချစ်လှစွာသော သခင်ကြီးထံတော်ပါး ကျွန်တော်မျိုးအညတရ မှ အာဂျေဇီစလာမ် ကြိမ်ဖန်ခါခါ ပို့ဆပ်သပါ၏۔۔۔🌺
အစဉ်လေးစားလျှက်۔۔۔🌺

﴿وَرِضۡوَانٌ مِِّنَ اللّٰهِ اَكۡبَرُ﴾
🌿"အသျှင်မြတ်၏ ကျေနပ်နှစ်သက်မှူသည်သာ အကြီးကျယ်ဆူံး🌿


28/05/2024

အိုချစ်သူ 🌺❣️

ယမကာ၏ အရသာဟူသည် အဘယ်မျှ ရှိမည်ဟူ၍မသိခဲ့ချေ🌺❣️
အသင်၏ ဌာနေမှာ အသင်တိုက်ကျွေးလိုက်သော အချစ်ယမကာ၏ အရသာကို မြည်းစမ်းခဲ့ရပီး
ကျနော် မျိုးအညတရ ထိုအရသာကိုသာ တောင်းတနေမိပါ၏🌺❣️
အကြိမ်ကြိမ်အခါခါ ယစ်မူးစေဖို့ရာ ဆန္ဒပြင်းပြနေမိလေပီ🌺❣️
ပြည့်စုံလှတဲ့ ယမကာတစ်ခွက်ကို သောက်သုံးကာ ယစ်မူးရင်း ယစ်မူးရင်း ကျနော်မျိုး အညတရ
ယမကာ လုလင်ပျို ဖြစ်ခဲ့ရချေပီ ❣️🥰🙏



25/01/2024

Wiladat moula Ali (AS) Mubarak🥰🥰

မောင်ဝ်လာ အလီ သခင်ကြီးအား အချစ်ထားခွင့်ရရှိကြသော မိုအ်မင် အမျိုးသား အမျိုးသမီး အားလုံးတို့အား မောင်ဝ်လာအလီ သခင်ကြီး၏
ဒရ်ဘာတော်ထိ သွားရောက်ဇေယာရသ် ပြုလုပ်နိုင်ခွင့်ပေးသနားတော်မူပါ ယာအလ္လာဟ် 🤲🤲🤲🥰🥰

နာရာအေ့ ဟိုင်ဒရီ...ယာအလီ..✊✊

08/07/2023

Hidar Hidar Ma me Malanga 🥰🥰🥰

14/11/2022

🥰🥰Ya Ali Ya Sha۔e۔maradan Ya Ali🥰🥰




ဂျလာလွတ်ဒိးန် မောင်လာနာ ရူမီရဲ့ တန်ဖိုးရှိသော ကဗျာလေးတစ်ပုဒ်❣️❣️မင်းရဲ့ဝိညာဉ်ကို ဘယ်အရာနဲ့မှ ရောင်းဝယ်ဖောက်ကားခြင်းမပြုပ...
20/09/2022

ဂျလာလွတ်ဒိးန် မောင်လာနာ ရူမီရဲ့ တန်ဖိုးရှိသော ကဗျာလေးတစ်ပုဒ်❣️❣️

မင်းရဲ့ဝိညာဉ်ကို ဘယ်အရာနဲ့မှ ရောင်းဝယ်ဖောက်ကားခြင်းမပြုပါနဲ့၊ ဒါဟာ မင်းဒီလောကထဲကို သွင်းလာတဲ့တစ်ခုတည်းသောအရာဖြစ်ပြီး မင်းပြန်ယူရမယ့်တစ်ခုတည်းသောအရာပဲ❣️❣️❤️

❣️အညတရကျေးကျွန်❣️


26/08/2022

Allha Allha Kamaza Muridshid ke Mekhan Be me hai .....❣️❣️❣️💕💕

အလ္လာဟ် အလ္လာဟ် ဆိုပီး ဇီကိရ် တသခြင်းရဲ့ အရသာကို မုရ်ရှိဒ် သခင်၏ ဌာနေမှာပင် ရ၇ှိနိုင်ပေ၏.......💕💕💕

Qalam

🎼    စေမာအ်နှင့် အချစ်🔥        🎄🎄🎄🎄🎄 #စေမာအ့်ရဲ့ ရိုက်ခတ်တဲ့ လေလှိုင်းသံလေးကတည်ငြိမ်နေတဲ့ အချစ် သို့ ရူဟာနီကိုငြိမ်းနွဲ့...
26/08/2022

🎼 စေမာအ်နှင့် အချစ်🔥
🎄🎄🎄🎄🎄

#စေမာအ့်ရဲ့ ရိုက်ခတ်တဲ့ လေလှိုင်းသံလေးက
တည်ငြိမ်နေတဲ့ အချစ် သို့ ရူဟာနီကို
ငြိမ်းနွဲ့ လှုပ်ရှားစေတယ်။

#ထိုရူဟာနီသည် နဖ်စ်အမှောင်ရဲ့ ဖိချုပ်မှု
အောက်မှာ ရုန်းထွက်ရခတ်နေပြီး သူ၏
ချစ်သူအရှင့်ထံကို လျှောက်လှမိးရာခတ်နေ
တဲ့အချိန် သဘောက လွမ်းမောဆွေးမြေ့နေရ
တဲ့အချိန်အခါပေါ့။
#ထိုစဉ်မှာ စေမာအ်ရဲ့
သံစဉ် သီးကျူးမှုနဲ့ ချစ်သူ၏နာမတော်ကို
ကြားလိုက်ရတဲ့အခိုက်အတန့်မှာ ထိုအချစ်လို့
ခေါ်ဆိုနေတယ့် ထိုရူးဟာနီက လှုပ်ရှား
ယိမ်းနွဲ့လာပြီးတဖြေးဖြေးနာဖ်စ်ရဲ့ ချုပ်နှောင်မှု
အောက်ကနေရုန်းထွက်စေဖို့အင်အားဖြစ်လာသလို လွတ်မြောက်ရာလမ်းစလည်းဖြစ်လာ
ခဲ့လေတယ်။
#ထိုမှတဆင့်ရူဟာနီသည် လှပတဲ့ရောင်စုံအလင်းတန်းတွေကို တစ်ခုချင်းစီဖြတ်လျှောက် ပျော်မြူးကာ ချစ်သူအလှတရားထံမှတဆင့် မေတ္တာ တရားရဲ့ စံနန်းသို့ တဖြေးဖြေးတိုးတက်ကာ ကိန်း၀ပ်လေတော့သည်။
#ထို့သည်းအတွက်စေမာအ့်သည် ရူဟာနီ၏
အဟာရဖြစ်လေသည်။စေမာအ်သည် ချစ်သူနှင့်အချစ်ခံတို့၏ နီးစပ်ရာလည်းဖြစ်ချေသည်။
စေမာအ်သည် နာဖ်စ်၏ အင်အားကို တွန်လှန်
နိုင်တဲ့ ရူဟာနီရဲ့ အားဆေးလည်းဖြစ်လေသည်။
#စေမာအ့်၏ ရိုက်ခတ်မှုကြောင့် ထိုလူသားသည် မိမိကိုယ့်ကိုမေ့စေပြီး မိမိအ
ရှင်ပေါ်သို့တည်ငြိမ်စွာအာရုံကိုစေစားနိုင်သည်။
မိမိရဲ့သိရှိမှုကိုမျက်မှောက်ပြု၍ အရှင်သာလျှင်
တည်ရှိနေသည့်အသိတရားကိုပါ ပေးစေသည်။
စေမာအ်ကိုမခံစားနိုင်သူများသည် နှလုံးသား
သေဆုံးသူများပင်ဖြစ်လေသည်။
#သို့တစေလည်း အရှင့်ရဲ့အသနားထိုသူထံသို့
သက်ရောက်ခြင်းရှိသူဖြစ်လျှင်
ထိုသေနေသောနှလုံးသားကိုပင်စေမာအ့်၏
စွမ်းပကားကရှင်သန်လန်းဆန်း၍
မိမိဌာနေသို့ ကူးခတ်နိုင်လေသည်။
#နက်မှောင်သောအလင်းကအလှတရားကို ထွန်းလင်းကာအချစ်ကိုစေစားစေ၏အချစ်ကိုပွင့်လန်းစေဖို့တေးသံသာကိုဖော်ကျူးခဲ့သည်။

#အဆုံးသတ်၌ချစ်မေတ္တာတရားသာတည်ရှိပြီး
ကျွန်ုပ်သည်ပင် မဲ့ခဲ့ရလေပြီ။

Sharaban

Address

Yangon

Telephone

+959966583046

Website

Alerts

Be the first to know and let us send you an email when We love Sufi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category