26/11/2022
ဆာဝါဒီခပါရှင့် (สวัสดีค่ะ Sawadee Ka),
မင်္ဂလာရှိလှတဲ့ Weekend လေးဖြစ်ကြပါစေရှင်။ ဒီအပတ်လေးမှာ ကျွန်မတို့ လမ်သဲ့ က လူကြီးမင်းတို့အတွက် တင်ဆက်ပေးမှာလေးကတော့ ထိုင်းစတိုင်ကြက်ဥကြော် (Kai Dao) လေး ဖြစ်ပါတယ်….
🍳 ကြက်ဥကြော်တာလေးများ ဘာများထူးဆန်းလဲလို့ ထင်ကောင်းထင်မိပါလိမ့်မယ်? 🤔
🍳 မနက်စာ၊ နေ့လည်စာ၊ ညစာ အပြင် ထိုင်းနိုင်ငံရဲ့ ညစျေးတန်းတွေမှာ လမ်းလျှောက်ရင်း ထိုင်းဟင်းလျာတွေနဲ့အတူ စားလေ့ရှိကြတဲ့ ကြက်ဥကြော်လေးဟာဆိုရင်ဖြင့် ကျွန်မတို့ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေမှာ Serve လုပ်တဲ့ စတိုင်လေးနဲ့မတူ ဘေးတဝိုက်အကာလေးတွေကို ကြွပ်ကြွပ်လေးလုပ်ထားတာ သတိထားမိပါလား? 💁♀️
🍳 Kai Dao (ခေါ်) ထိုင်းစတိုင်ကြက်ဥကြော်က အလယ်အနှစ်က အနှစ်အတိုင်းသားလေး အတိုင်းလည်းရှိရမယ်။ ပြီးတော့ ဘေးအကာလေးတွေက ကြွပ်ကြွပ်လေးလည်း ဖြစ်နေရမယ်။ ကနဦးအနေဖြင့် မီးအနေတော်လေးသုံးပီး စကြော်ရပါမယ်။ နောက်ပိုင်းမှာတော့ မီးကိုလျော့ပြီးအလယ်မှာ အနှစ်လေးနဲ့ စားချင်စဖွယ်၊ နှစ်လိုဖွယ်ဖြစ်အောင် လုပ်ရပါတယ်ရှင်။ အကြတ်ကို ကြိုက်တတ်သူတွေကတော့ အနှစ်ရှိတဲ့ဖက်ကို ဆီထဲပြောင်းပြန်ထည့်ကာ နှစ်ပီး စိတ်တိုင်းကျသည်အထိ ပြုလုပ်နိုင်ပါသေးတယ်နော်…👩🏻🍳
🍳 အချို (သို့) အစပ် ဟင်းလျာတွေနဲ့ လိုက်ဖက်တဲ့အပြင် ရုပ်ထွက်လှစေချင်ရင်တော့ 7 လက်မ အကျယ်ရှိတဲ့ ကြက်ဥသီးသန့်ကြော်တဲ့ ‘ဒယ်အိုးလေး’ သုံးနိုင်ရင်တော့ ပိုကောင်းပါတယ်ရှင်….
🍳 Thai Street Food နဲ့ Kai Dao နဲ့ကတွဲပြီး အတူတွေ့ရှိတာများပါတယ်။ မနက်ခင်းရုံးမသွားခင် အစားအသောက်ဘူးလေးတွေ ဝယ်ရင်လည်း သူတို့မှာ ကြက်ဥကြော်လေးပါသလို အရသာရှိလှတဲ့ ထိုင်းစာတွေ ကြော်ငြာရင်လည်း သူ့တို့စတိုင် ကြက်ဥကြော်လေးနဲ့ ကြော်ငြာတာကိုလည်း တွေ့ရတတ်ပါတယ်….
🍳 လူကြီးမင်းတို့ Thai Street Food သုံးဆောင်မယ်ဆိုလည်း သူတို့ လူမျိုးတွေရဲ့စတိုင်ကြက်ဥကြော်လေးနဲ့ တွဲဖက်စားသုံးမယ်ဆို ဘယ်လောက်တောင် လိုက်ဖက်လိုက်မလဲလို့ စဉ်းစားရင်း ဘယ်ဆိုင်မှာ Thai Street Food တွေရနိုင်မလဲ? ဘယ်ဆိုင်မှာ မှာစားကြည့်ကြမလဲလို့ လိုက်ရှာကြည့်လိုက်ကြပါဦးနော်….
ลำแต๊ๆ จ้าว 👩🏻🍳
#လမ်သဲ့ #ထိုင်းစာ #ထိုင်းအစားအသောက်