Traditional Food & Online Shop

Traditional Food & Online Shop I Like Traditional Food🥰🥰

တပို့တွဲလ ထမနဲထိုးပွဲကောက်ဦးပေါ်ချိန်တွင် မြန်မာနိုင်ငံ အနှံ့အပြား ကျေးလက်တောရွာများအထိ၊ ထမနဲထိုးပွဲများ ဆင်ယင်ကျင်းပကြသ...
07/02/2024

တပို့တွဲလ ထမနဲထိုးပွဲ
ကောက်ဦးပေါ်ချိန်တွင် မြန်မာနိုင်ငံ အနှံ့အပြား ကျေးလက်တောရွာများအထိ၊ ထမနဲထိုးပွဲများ ဆင်ယင်ကျင်းပကြသည်။ ဆယ့်နှစ်လရာသီ ပွဲတော်များအနက် တစ်ပွဲအပါအဝင် ဖြစ်သော ယင်းပွဲတော်ကို တပို့တွဲလဆန်းမှစ၍ လပြည့်နေ့အကြား ကာလအတွင်း၌ ရှေးမင်းအဆက်ဆက်မှ ဆင်းသက်၍ အမြို့မြို့ အရွာရွာတွင် ခြိမ့်ခြိမ့်သဲ ကျင်းပကြသည်။ ထို့ကြောင့် တပို့တွဲလ၊ ကုံသို့ကျ၊ မာဃထွန်းစမြဲ၊ ပေါက်လဲပွင့်တုံ၊ ဆူးပန်းငုံ၊ မီးပုံ ယာဂုပွဲဟု စပ်ဆိုကြသည်။

ထည့်သောပစ္စည်းများ အချိန်အဆမှန်၍ အထိုးနိုင်က ထမင်းနှဲသည် အလွန်စားကောင်းရုံမက ရက်ရှည်လည်း အထားခံသော အစာဖြစ်သည်။ ထမင်းနှဲထိုးသည့်အခါ ထည့်သည့်အချိန်အဆများကို အောက်ပါတေး ထပ်မျိုးဖြင့် စပ်ဆိုထားခဲ့ကြသည်။

ကုံရာသီ မာသ၊ သဘာဝရွှင်စွာ။ ထာဝရစဉ်လာ၊ များသူ ငါချိမ့်သဲ။
ညာဇမ္ဗုသာဓုခေါ်အောင်၊ ယာဂုတော် ကြိုဆောင်သည့်ပွဲ။
စားတော်ရ ဆန်ပေါက်ဝါ၊ လေးပြည်သာထည့်မြဲ။
ချိန်ပိဿာ လျှံကြည်ရွှဲအောင်လို့၊ နှမ်း ဆီလဲထည့်ပြန်။
မြေပဲဆန် အဋ္ဌသုညငယ်နှင့် ဒွတ္တိံသတိလဗီဇံ။
အုန်းသီးစိပ် ကျပ်ဝီသံငယ်၊ လောနတံ ချိန်သတ်နှင့်။
ဂျင်းနုဖတ် သိင်္ဂီမျှင်ရွှေ၊ သုံးကျပ် မသွေ၊ နည်းစဉ်ဆက် သမုဆွေငယ်၊ ဥပဒေ မော်ကွန်းပလေး။
အထက်ပါတေးထပ်အရ ထမင်းနှဲထိုးလိုမူ၊ ကောက်ညှင်းဆန် လေးပြည်ကို ရေစင်အောင်ဆေး၍၊ ဆီ တစ်ပိဿာကို ဒယ်တွင် ထည့်ကာ၊ ဂျင်းသုံးကျပ်သားနှင့် ဆီသတ်၍ ကောက်ညှင်းထည့်နှပ်ရသည်။ ကောက်ညှင်းနပ်၍ ဆီပြန်သော်၊ ဖိုမှချ၍ကြေအောင်နှဲရသည်။ ယင်းသို့နှဲရာတွင် ယောက်မနှစ်လက်နှင့် ပွတ်ခြေသဖြင့် ကြေသွားသော ကောက်ညှင်းတွင် မြေပဲ ၈၀ ကျပ်သား၊ နှမ်း ၃၂ ကျပ်သား၊ အုန်းသီးစိပ် ၂၀ ကျပ်သား၊ ဆား ၇ ကျပ်သား နှံ့အောင် ထည့်၍မွှေလျှင် ထမင်းနှဲဖြစ်သည်။

ထမင်းနှဲသည် အပူစာချည့်ပါ၍ ဆီနိုင်သောအစာဖြစ်သဖြင့် အလွန်ချမ်းသည့် တပို့တွဲလမျိုးတါင် ထိုးပွဲကျင်းပ၍ စားကြသည်ဟု ဆိုကြသည်။ အလွန်အေး၍ အဆီခြောက်ခန်းချိန်ဖြစ်သဖြင့်၊ ဆီနိုင်သော ဤထမင်းနှဲကိုစားသုံးလျှင် စိုပြေလာ၍၊ အပူဓာတ်ရလာသည်ဟု အယူရှိကြသည်။ မဟာနရီကွန်ချာဆေးကျမ်း၌မူ ပထဝီပျက်သူများ ထမင်းနှဲစားသင့်သည်ဟုလာသည်။


#ထမနဲ

☃️"ဆောင်းတွင်းရာသီဥတု လေး နဲ့ အရမ်း လိုက် ဖက် တဲ့ ခေါပုတ် "☃️ ကြော်စားလို့ လည်း ကောင်းတယ် ၊ကင်စား လို့လည်း ကောင်းတယ်👍👍 #...
01/12/2023

☃️"ဆောင်းတွင်းရာသီဥတု လေး နဲ့ အရမ်း လိုက် ဖက် တဲ့ ခေါပုတ် "☃️
ကြော်စားလို့ လည်း ကောင်းတယ် ၊ကင်စား လို့လည်း ကောင်းတယ်👍👍

#ဒေသထွက်

#ခေါပုတ်

"တန်ဆောင်တိုင် အခါသာမယလေးမှာ မြန်မာပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေ" 🙏🙏🙏 #တန်ဆောင်...
29/11/2023

"တန်ဆောင်တိုင် အခါသာမယလေးမှာ မြန်မာပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေ" 🙏🙏🙏

#တန်ဆောင်တိုင်

Like Food Korean 😋😋
29/11/2023

Like Food Korean 😋😋

အရမ်း ကြိုက် မစားရတာလည်း ကြာ ပြီး🤤🤤
11/08/2023

အရမ်း ကြိုက် မစားရတာလည်း ကြာ ပြီး🤤🤤

nima အမူန့်ကြိတ်စက် Price - 10000အားလပ်ရက်အိမ်မှာ မုန့်မျိုးစုံလုပ်စားဖို့ အစီအစဉ်ရှိရင် ပစ္စည်းကောင်းလေးနဲ့ မိတ်ဆက်ပေးမ...
14/08/2019

nima အမူန့်ကြိတ်စက်

Price - 10000

အားလပ်ရက်အိမ်မှာ မုန့်မျိုးစုံလုပ်စားဖို့ အစီအစဉ်ရှိရင် ပစ္စည်းကောင်းလေးနဲ့ မိတ်ဆက်ပေးမယ်နော်.. အရည်အသွေးမြင့်အမှုန့်ကြိတ်စက်လေးပါရှင့်

ဘာတွေကြိတ်လို့ရနိုင်မလဲ

ဈေးထဲကငရုပ်သီးမှုန့်တွေဝယ်စားရင်မှိုပါမှာစိုးရိမ်လို့ 
ကိုယ်တိုင်ကြိတ်ပြီး စိတ်ချလက်ချသုံးချင်သူတွေ

တို့ဟူးတို့ ခေါက်ဆွဲတို့ ချက်တဲ့အချိန်ဘဲဖြစ်ဖြစ် တခြားလိုအပ်တဲ့နေရာမှာသုံးဖို့ ကုလားပဲမှုန့် ရယ်ဒီမိတ်ဝယ်သုံးရမှာမကြိုက်ဘဲ ပဲစစ်စစ်ကို ကြိတ်ပြီးမှသုံးချင်တဲ့သူတွေ

အိမ်မှာ မုန့်လုပ်စားဖို့ ဆန်မှုန့် ကောက်ညှင်းမှုန့် ကိုယ်တိုင်ကြိတ်ပြီးလတ်လတ်ဆက်ဆက်သုံးချင်သူတွေ

ပုစွန်ခြောက်မှုန့် ရယ်ဒီမိတ်တွေသုံးရမှာ စိတ်မသန့်ဘူး။ကိုယ်တိုင်ကြိတ်ပြီး သုံးချင်တဲ့သူတွေ

ငရုပ်ကောင်းမှုန့် ရယ်ဒီမိတ်တွေ မသုံးချင်လို့ ကိုယ်တိုင်ကြိတ်ပြီး သုံးချင်တဲ့သူတွေ

ကော်ဖီချစ်သူတွေလည်း ရယ်ဒီမိတ်ကော်ဖီမှုန့်တွေမှာ ဟိုရောဒီရောတွေစိတ်မသန့်လို့  ကိုယ်တိုင်ကြိတ်သောက်ချင်တဲ့သူတွေအတွက် အရမ်းကို အဆင်ပြေအသုံးဝင်တဲ့စက်လေးပါရှင်

စက်ကိုယ်ထည်မှာ စတီးကိုယ်ထည်အထူစားဖြစ်ပါတယ်

တစ်ခါကြိတ်လျှင် 100g ကြိတ်နိုင်ပြီး ပုစွန်ခြောက်ကြိတ်လျှင် စက္ကန့်သုံးဆယ်သာ ကြာမြင့်ပါတယ်

ကုလားပဲကြိတ်လျှင် စက္ကန့်90သာ ကြာမြင့်တာမို့ အချိန်မကုန်ဘဲအိမ်တွင်းအမှုန့်မျိုးစုံကို မိသားစုကျန်းမာရေးအလေးထားသူများ စိတ်သန့်သန့်ဖြင့်စားသုံးနိုင်ပါပြီနော်
အပြင်​ပုံလည်းပါပါတယ်​​နော်
📱09-451674232ဆက်​သွယ်​မှာယူနိုင်​ပါတယ်​ရှင့်
Viber ✌ Cbမှလည်းချစ်​တို့သိချင်​တာကိုစိတ်​ရှည်​စာပြန်​လည်​​ဖြေကြား​ပေးပညတယ်​​နော်​ အားလုံးပဲဆက်​သွယ်​လိုက်​ကြရ​အောင်​❤❤

Address

Phoe Yar Zar
Yangon
SHAWPOUTKHAN

Website

Alerts

Be the first to know and let us send you an email when Traditional Food & Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share