Baby Shwe Yee Baby Shop

Baby Shwe Yee Baby Shop Baby Accessories

14/08/2026
14/08/2026

Quality အကောင်းသုံးချင်တဲ့ မေမေတို့အတွက် Good baby ချည်သားသေးခင်း💖

အပေါ်ယံချည်သားအေးအေး နဲ့ အောက်ခံမိုးကာသားလေးမို့ ရေမစိမ့် သေးမစိမ့်ပါဘူး။ 😉

ရေလျှော်လို့လဲရတယ်နော် 😉

💸၂၂၅၀၀ ကျပ်


#ကလေးအသုံးအဆောင်

14/08/2026

မိုးရာသီအတွက် မရှိမဖြစ်သော ပလတ်စတစ်သေးခင်း 😄

ပေါက်လိုက် သုတ်လိုက်နဲ့မို့ အနှီးမကုန်စေတဲ့ သေခင်းလေးပါ 😉

သေးခင်းဆိုဒ်သေး 16"×20" - ၆၀၀၀ ကျပ်။
သေးခင်းဆိုဒ်ကြီး 20"×28" - ၈၅၀၀ ကျပ်။

📲 Page Cb မှာ မှာလို့ရသလို
🏠 ဆိုင်မှာလဲ လာဝယ်လို့ရပါတယ်ရှင့် 😍



#ကလေးအသုံးအဆောင်

မိုးရာသီမှာ တရွတ်ရွှတ်ပေါက်တတ်တဲ့ ဘေဘီလေးတို့အတွက် ချည်သားသေးခင်း 😍အောက်ခံမိုးကာသားပါလို့ ရေမစိမ့် သေးမစိမ့် 😉ရေလျှော်လိ...
14/08/2026

မိုးရာသီမှာ တရွတ်ရွှတ်ပေါက်တတ်တဲ့ ဘေဘီလေးတို့အတွက် ချည်သားသေးခင်း 😍

အောက်ခံမိုးကာသားပါလို့ ရေမစိမ့် သေးမစိမ့် 😉

ရေလျှော်လို့ရလို့ အကြိမ်ကြိမ်ပြန်သုံး 😉

စျေးလေးကလဲ ၈၅၀၀ ကျပ်မို့သက်သာ 😉

အရောင်စုံ အဆင်စုံရှိတုန်း အမြန်ဆုံးလာဝယ်လိုက်တော့နော်။ 😍


#ကလေးအသုံးအဆောင်

06/08/2026

ဘေဘီလေးတို့ ၁ လကနေ ၃လ အရွယ်ထိ တိုးတက်ပြောင်းလဲလာမှုများ

၁ လကနေ ၃ လအရွယ် ကလေးငယ်လေးတွေဟာ တစ်ရက်ထက်တစ်ရက် မသိမသာလေး ပြောင်းလဲတိုးတက်လာတတ်ကြပါတယ်။ ဒီအရွယ် ကလေးငယ်လေးတွေရဲ့ ဖွံ့ဖြိုးမှုအဆင့်ဆင့်နဲ့ မိဘတို့ သိထားသင့်တဲ့ အချက်လေးတွေကို မျှဝေပေးမယ်‌နော်။😘

👶 ၁ လမှ ၃ လအရွယ် ကလေးငယ်လေးတွေရဲ့ ထူးခြားတဲ့ ပြောင်းလဲမှုများ

ဒီအရွယ်ဟာ ကလေးငယ်လေးတွေက သူတို့ပတ်ဝန်းကျင်ကို ပိုပြီးသတိထားမိလာပြီး မိဘတွေနဲ့ စတင်ထိတွေ့ဆက်ဆံလာတဲ့ အချိန်ဖြစ်လို့ တကယ့်ကို ရင်ခုန်စရာကောင်းတဲ့ ကာလလေးပါ။

👶ရုပ်ပိုင်းဆိုင်ရာနှင့် လှုပ်ရှားမှု ဖွံ့ဖြိုးမှု (Physical Development)

✅လှုပ်ရှားမှုလေးတွေ ပိုညင်သာလာခြင်း: မွေးစတုန်းကလို ဆတ်ခနဲ၊ ဆတ်ခနဲ တုန်တာမျိုးတွေ နည်းသွားပြီး လက်ခြေလှုပ်ရှားမှုတွေက ပိုမိုညင်သာ အချိုးကျလာပါတယ်။

✅ခေါင်းမတ်နိုင်လာခြင်း: မှောက်ရက်လေး ထားပေးတဲ့အခါ (Tummy time) မှာ ကလေးက ခေါင်းနဲ့ ရင်ဘတ်ကို အပေါ်နည်းနည်း ကြွလာနိုင်ပါပြီ။

✅လက်လေးတွေ ပွင့်လာခြင်း: လက်သီးလေးတွေ အမြဲဆုပ်ထားရာကနေ လက်ဖဝါးလေးတွေ ဖြန့်လာတတ်ပြီး မိဘရဲ့လက်ညှိုးကို ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်လာတတ်ပါတယ်။ အရာဝတ္ထုတွေကိုလည်း လှမ်းကိုင်ဖို့ ကြိုးစားလာပါလိမ့်မယ်။

👶အာရုံခံစားမှု ဖွံ့ဖြိုးမှု (Sensory Development)

✅အမြင်အာရုံ ပိုစူးစိုက်လာခြင်း: အဝေးကြီး မဟုတ်ပေမယ့် မိဘရဲ့ မျက်နှာကို စိုက်ကြည့်တတ်လာပြီး လှုပ်ရှားသွားတဲ့ အရာဝတ္ထုတွေ၊ လူတွေကို မျက်လုံးလေးနဲ့ လိုက်ကြည့်တတ်လာပါတယ်။ အထူးသဖြင့် တောက်ပတဲ့ အရောင်တွေနဲ့ ပုံသဏ္ဌာန်တွေကို သတိပြုမိလာတာပါ။

✅အသံဗလံတွေကို တုံ့ပြန်ခြင်း: ကျယ်လောင်တဲ့ အသံကြားရင် လန့်သွားတာမျိုး၊ မိဘရဲ့ ရင်းနှီးတဲ့ အသံကို ကြားရင် ငြိမ်ပြီး နားထောင်တာမျိုး၊ သို့မဟုတ် အသံလာရာဘက်ကို ခေါင်းလေးလှည့်ကြည့်တာမျိုး လုပ်တတ်လာပါတယ်။

👶အပြောအဆိုနှင့် လူမှုဆက်ဆံရေး (Communication & Social Skills)

✅ပထမဆုံးအပြုံး (Social Smile): ဒါဟာ မိဘတွေအတွက် အမောပြေဆုံး အခိုက်အတန့်ပါပဲ။ ကလေးက နှုတ်ခမ်းလေးတွန့်ရုံတင် မဟုတ်ဘဲ မိဘကို ကြည့်ပြီး တကယ်ကို စပ်ဖြဲဖြဲနဲ့ ပြုံးပြတတ်လာပါပြီ။

✅အသံလေးတွေ ထွက်လာခြင်း: ငိုတာအပြင် "အူး-အူး" "အာ-အာ" နဲ့ လည်ချောင်းသံလေးတွေ (Cooing) စပြီး ပေးလာတတ်ပါတယ်။ ဒါဟာ သူတို့ရဲ့ ပထမဆုံး စကားပြောဖို့ ကြိုးစားမှုပါပဲ။

💡 မေမေ ဖေဖေတို့အတွက် အကြံပြုချက်များ

ကလေးငယ်လေးတွေ ဉာဏ်ရည်ထက်မြက်ပြီး ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာဖို့ မိဘတွေရဲ့ အခန်းကဏ္ဍက အဓိကကျပါတယ်။

✅စကားများများ ပြောပေးပါ၊ သီချင်းဆိုပြပါ: ကလေးက ပြန်မပြောနိုင်သေးပေမယ့် မေမေတို့ ပြောသမျှ အသံတွေကို မှတ်သားနေတာပါ။ သူက အသံပြုရင်လည်း ကိုယ်က ပြန်ပြီး စကားပြောပေးပါ။

✅မှောက်ရက် အချိန်ပေးပါ (Tummy time): ကလေး နိုးနေတဲ့အချိန်၊ ဘေးကနေ သေချာကြည့်ပေးနိုင်တဲ့ အချိန်မျိုးမှာ မှောက်ရက်လေး ခဏခဏ ထားပေးပါ။ ဒါမှ လည်ပင်းနဲ့ ပခုံးကြွက်သားတွေ သန်မာလာမှာပါ။

✅ငိုတဲ့အခါ ချက်ချင်းပွေ့ချီပါ: ဒီအရွယ်မှာ "အလိုလိုက်လို့ မျောသွားမလား" ဆိုပြီး စိုးရိမ်စရာ မလိုသေးပါဘူး။ သူတို့ ငိုတာဟာ တစ်ခုခု လိုအပ်လို့ အကူအညီတောင်းတာ ဖြစ်တဲ့အတွက် ချက်ချင်းပွေ့ချီပြီး ချော့မြှူပေးခြင်းက ကလေးကို လုံခြုံမှု ခံစားရစေပါတယ်။

👨‍⚕️ ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ ပြသမလဲ။

ကလေးတစ်ယောက်နဲ့ တစ်ယောက် ဖွံ့ဖြိုးမှုနှုန်း မတူညီတာ သဘာဝဖြစ်ပေမယ့် အောက်ပါအချက်တွေ တွေ့ရရင်တော့ ကလေးအထူးကုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ အကြံပြုလိုပါတယ်။

⚠️ သတိပြုရန် အချက်များ:
❌နို့ သိပ်မစို့ဘဲ မှိန်းနေခြင်း၊ အားမရှိသလို ပျော့ခွေနေခြင်း
❌အသံကျယ်ကျယ် ကြားရက်နဲ့ ဘာမှမတုံ့ပြန်ခြင်း
❌လှုပ်ရှားနေတဲ့ အရာဝတ္ထုတွေကို မျက်လုံးနဲ့ လိုက်မကြည့်ခြင်း
❌၂ လ၊ ၃ လ ကျော်တဲ့အထိ မိဘကို ပြန်မပြုံးပြခြင်း
❌ခြေလက်လှုပ်ရှားမှုတွေက အရမ်း တောင့်တင်းလွန်းနေခြင်း

မိဘဖြစ်ရတာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ရဆုံးဖြစ်သလို အပင်ပန်းဆုံး အလုပ်တစ်ခုလည်း ဖြစ်ပါတယ်။ တစ်ခါတလေ ပင်ပန်းနွမ်းနယ်တာ၊ စိုးရိမ်ပူပန်တာတွေ ရှိလာရင်လည်း ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ မေမေ ဖေဖေတို့ဟာ ကလေးအတွက် အကောင်းဆုံး လုပ်ပေးနေကြတာပါ။ ကလေးလေးရဲ့ အပြုံးလေးတွေကို ကြည့်ပြီး ဒီချစ်စရာကောင်းတဲ့ ကာလလေးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ရပါတယ်။ ❤️
Crd to original uploader
゚viral

ဆိုင်သေးသေးလေး ဖွင့်ထားတဲ့ ဘေဘီရွှေရည်လေးပါ 😍 👶 ဘေဘီလေးတို့အတွက် မေမေတို့ကိုယ်တိုင် စိတ်ကြိုက်လာရွေးပြီး ဝယ်ယူနိုင်ပါတယ်...
06/08/2026

ဆိုင်သေးသေးလေး ဖွင့်ထားတဲ့ ဘေဘီရွှေရည်လေးပါ 😍

👶 ဘေဘီလေးတို့အတွက် မေမေတို့ကိုယ်တိုင် စိတ်ကြိုက်လာရွေးပြီး ဝယ်ယူနိုင်ပါတယ်ရှင့်။

06/08/2026

👶 မွေးစမှ ၃လ အရွယ်ဝတ် ကျောကွဲလက်တို

စီလွန်သားလေးမို့ လျှော်လွယ် ခြောက်လွယ်လေး😍

💸 တထည်ကို ၁၇၀၀ ကျပ်၊
၃ထည်ဆိုမှ ၅၀၀၀ ကျပ် ပဲ ကျသင့်တာမို့ အထည်ရေများများ ယူထားလိုက်တော့နော်💗

🏠 ဆိုင်မှာ ကိုယ်တိုင်လာဝယ်ချင်တဲ့ မေမေတို့အတွက်လဲ မြောက်ဥက္ကလာ၊ ၂ စျေးရုံသစ်ထဲက ဆိုင်မှာ လာဝယ်နိုင်ပါတယ်ရှင့်။
📲 Online ကနေ လိုချင်တာလေးတွေ မှာချင်ရင်လဲ Cb မှာ အားမနာတမ်းလာမေးလို့ရပါတယ် မေမေတို့ရေ 💖

05/08/2026

စျေးသည်ပေါက်စလေးပါ 😍😍😍

04/08/2026

Thousand miles begins with a single step 👣
​ဘေဘီရွှေရည် ဘေဘီစတိုးကို ခြေလှမ်းသေးသေးလေးနဲ့ စတင်လှမ်းပါပြီ👣

Address

အမှတ် ၁၇၀၊ ၁၉၅၊ ဇ ရုံသစ်၊ ၂ စျေး၊ မြောက်ဥက္ကလာ
Yangon

Opening Hours

Monday 15:00 - 20:00
Tuesday 15:00 - 20:00
Wednesday 15:00 - 20:00
Thursday 15:00 - 20:00
Friday 15:00 - 20:00
Saturday 15:00 - 20:00
Sunday 15:00 - 20:00

Telephone

+959968160825

Website

Alerts

Be the first to know and let us send you an email when Baby Shwe Yee Baby Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share