AT Noodle Bar

AT Noodle Bar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AT Noodle Bar, Fast food restaurant, No. 13/A, Thu Htay Street, Htay Kywae Ward, Kyauk Myaung, Yangon.

Hello..🫶❤️Spicy Challenge ကြိုက်တဲ့သူတွေအတွက် Buldak ရဲ့ 2023 ထွက် အသစ်စက်စက် ခေါက်ဆွဲထုပ်လေး 2မျိုးရောက်နေပြီဆိုတာလေးပြ...
11/10/2023

Hello..🫶❤️
Spicy Challenge ကြိုက်တဲ့သူတွေအတွက် Buldak ရဲ့ 2023 ထွက် အသစ်စက်စက် ခေါက်ဆွဲထုပ်လေး 2မျိုးရောက်နေပြီဆိုတာလေးပြောပြမလို့ပါ..try ကြည့်ဖို့ Ready ပဲဟုတ်.. 😉🥵

*Samyang Habanero Lime Buldak 🌶️🍋
သူက ပုံမှန် spicy ကြက်သားအရသာကိုမှ twist လေးအနေနဲ့ habanero chili ရဲ့အစပ်နဲ့ lime အရသာလေးဆိုတော့ ပါးစပ်ထဲမှာ ချဉ်တာလေးပါတွဲတွဲပြီးတော့မှ စားလိူ့အရာသာရှိမယ့် ခေါက်ဆွဲထုပ်လေးပါဗျ

*Samyang Yakisoba Buldak 🥫🌶️
ဒီခေါက်ဆွဲလေးကကြတော့ သူက Japan ရဲ့ main dish တော်တော်များများမှာသုံးတဲ့ yakisoba sauce ဆိုတော့ ချို ငံ စပ်ဆော့လေးကိုမှ mayo(mayonnaise) လေးပါ ပါတော့ စိမ့်စိမ့်လေးနဲ့မှ အစပ်လေးပါပါမဲ့ ခေါက်ဆွဲထုပ်လေးပဲဖြစ်ပါတယ်..

‼️အခုစျေးကွက်မှာ စျေးပေါပေါနဲ့ Bkk Korea made ခေါက်ဆွဲတွေအတုပေါ်နေကြတာကိုတော့ သတိိထားစေချင်ပါတယ်နော် ‼️
AT Noodle Bar ကခေါက်ဆွဲလေးတွေကတော့ Bkk ကနေပဲအကုန် direct ဆိုတော့ Quality ပိုင်းစိတ်မချရမှာတော့မပူနဲ့နော် 😉🫶

📱09 977827534
📍Address: No/13(A) သူဌေးလမ်း၊ ဌေးကြွယ်ရပ်ကွက် ၊ကျောက်မြောင်း
🚌Bus Stop: အသောကမှတ်တိုင်

✨A+ , KBZ pay, AYA pay, Wave pay, Citizen pay, MPU & VISA တို့ဖြင့်လည်းငွေပေးချေ နိုင်ပါတယ်ခင်ဗျာ … ✨

https://t.me/atnoodlebarmyanmar






Today is   တဲ့ ဘဝကိုဘယ်သူ့အနှောင်အဖွဲ့တွေမှမပါပဲ တယောက်ထဲရဲရဲရင့်ရင့် လွတ်လွတ်လပ်လပ် တိုက်ပွဲဝင်နေတဲ့သူတွေအတွက်…fighting...
23/09/2023

Today is တဲ့ ဘဝကိုဘယ်သူ့အနှောင်အဖွဲ့တွေမှမပါပဲ တယောက်ထဲရဲရဲရင့်ရင့် လွတ်လွတ်လပ်လပ် တိုက်ပွဲဝင်နေတဲ့သူတွေအတွက်…fighting..💪🫶❤️

Ps: နှလုံးသားမှာ ကျွန်းကြီးခံနေတာအတွက်တော့ so sad ပေါ့နော်…🥲🥹

50% off လေးကုန်သွားတော့  🍜 ရဲ့ customer လေးတွေက promotion ကာလလေးထပ်တိုးပေးဖို့ပြောနေကြလို့ admin တို့ဖက်ကလဲ ကုန်စျေးနှုန...
22/09/2023

50% off လေးကုန်သွားတော့ 🍜 ရဲ့ customer လေးတွေက promotion ကာလလေးထပ်တိုးပေးဖို့ပြောနေကြလို့ admin တို့ဖက်ကလဲ ကုန်စျေးနှုန်းလေးတွေညှိပြီးတော့ လကုန်ထိ 40% off လေးထပ်လုပ်ထားပေးပါတယ်နော်..☺️😉

promotion ကာလ လေးကလည်း လကုန်ထိပဲဆိုတော့ အမြန်ဆုံးလာခဲ့
ဖို့ ဖိတ်ခေါ်ပါတယ်🫶❤️

#ဒီပို့စ်လေးကိုlike_and_shareလုပ်ထားဖို့တော့လိုပါတယ်နော်…

📱09 977827534
📍Address: No/13(A) သူဌေးလမ်း၊ ဌေးကြွယ်ရပ်ကွက် ၊ကျောက်မြောင်း
🚌Bus Stop: အသောကမှတ်တိုင်

✨A+ , KBZ pay, AYA pay, Wave pay, Citizen pay, MPU & VISA တို့ဖြင့်လည်းငွေပေးချေ နိုင်ပါတယ်ခင်ဗျာ … ✨

https://t.me/atnoodlebarmyanmar






10/09/2023

အခုနာမည်ကြီးနေတဲ့ Nissin ရဲ့ Thai Signature ခေါက်ဆွဲလေးတွေပါ.. အရသာစုံရှိတဲ့အပြင် ကြိုက်ရာtopping လေးတွေနဲ့တွဲစားနိုင်တဲ့အတွက် ခေါက်ဆွဲဆိုတာနဲ့ ကိုသာ သတိရလိုက်ပါနော်..🫶❤️
Video Credit

ကမ္ဘာပေါ်မှာ အစားအသောက်အမျိုးမျိုး ရှိတဲ့ထဲကမှ အသင့်စားခေါက်ဆွဲ market ကလည်း အကြီးဆုံးအနေနဲ့နေရာယူထားတာဖြစ်ပါတယ်။2023 ရဲ...
07/09/2023

ကမ္ဘာပေါ်မှာ အစားအသောက်အမျိုးမျိုး ရှိတဲ့ထဲကမှ အသင့်စားခေါက်ဆွဲ market ကလည်း အကြီးဆုံးအနေနဲ့နေရာယူထားတာဖြစ်ပါတယ်။2023 ရဲ့စစ်တမ်းတွေအရ အသင့်စားခေါက်ဆွဲရဲ့စျေးကွက်က $55.77 billionအထိရှိပါတယ်။ဒီpostလေးက ကိုယ်စားနေတဲ့ အသင့်စားခေါက်ဆွဲထုပ်လေးတွေဘယ်လိုဖြစ်လာတယ်ဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။

အသင့်စားခေါက်ဆွဲထုပ်တွေရဲ့အစကတော့ 1958 ခုနှစ်မှာဖြစ်ပြီး ဂျပန်လူမျိုး Momofuku Ando က Nissin Company တည်ထောင်ခဲ့တာဖြစ်ပြီးတော့ စတင်တီထွင်ထုပ်လုပ်ခဲ့တာပဲဖြစ်ပါတယ်။ကမ္ဘာ့ပထမဆုံးသော အသင့်စားခေါက်ဆွဲက Nissin Chikin Ramen ဖြစ်ပြီးတော့ ယခုခေတ် စားသုံးတဲ့ ခေါက်ဆွဲအားလုံးရဲ့ မူလာအရသာပဲဖြစ်ပါတယ်။ရိုးရာခေါက်ဆွဲများက တရုတ်ပြည်ကနေစတင်ခဲ့ပေမယ့် အသင့်စားခေါက်ဆွဲက်ိုတော့ ဂျပန်ကနေစတင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီ Nissin Chikin Ramen ခေါက်ဆွဲကို ဟင်းခတ် အမွှေးအကြိုင်များနဲ့ ရောမွှေ ပြီး ဆီအပူထဲတွင် ရေဓာတ်ကို ခန်းခြောက်စေသောနည်းဖြင့် အသင့်စားခေါက်ဆွဲခြောက်အနေနဲ့ ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

ထို့ကြောင့် မူလအရသာခေါက်ဆွဲခြောက်ထုပ်များတွင် အရသာမှုန့်ထုပ်များသီးသန့် မပါခဲ့ပဲ ခေါက်ဆွဲတပွဲလုံးကိုအအေးခံထားတာနဲ့ဆင်တူပါတယ်။ ထို့နောက် ခေါက်ဆွဲခြောက်ပြုလုပ်တဲ့နည်းကို ထပ်လေ့လာပြီး အဆင့်ဆင့်ပြောင်းလဲခဲ့ပြီးမှ အသင့်စားခေါက်ဆွဲခြောက်ကို ပြုလုပ်ခဲ့ပါတယ်။ ခေါက်ဆွဲခြောက်ဟာ အေးခဲထားသောခေါက်ဆွဲထက် ပိုမို့အထားခံတဲ့အပြင် အသင့်စားသုံးလို့ရတဲ့ အတွက်လူကြိုက်ပိုများပြီး တော်တော်ပေါက်ခဲ့ပါတယ်။ ဒါ့အပြင်ခေါက်ဆွဲထုတ်လုပ်ခဲ့ချိန်တုန်းက ခေါက်ဆွဲခြောက်ထုပ် တစ်ထုပ် အတွက် ဂျပန်ငွေ ၃၅ယန်း သာကျသင့်ခဲ့တာပဲဖြစ်ပါတယ်။

ခေါက်ဆွဲကို ၂ မိနစ်ခန့် ရေနွေးပူပူထဲ ထည့်ပြုတ်ရုံနဲ့ အဆင်သင့်စားသုံးလို့ရပါတယ်။အဲ့ဒီ ခေတ်တွင် အသင့်စားခေါက်ဆွဲတွေကို နေရာတိုင်းအလွယ်တကူဝယ်ယူနိုင်တာမျိုးမဟုတ်ပဲ စတိုးဆိုင်အနဲငယ်တို့မှာသာ ဝယ်ယူနိုင်တာမျိုးဖြစ်ပါတယ်။ နောက်မှသာ ဒီအသင့်စားခေါက်ဆွဲကတစတစကျယ်ပြန့်လာပြီး နိုင်ငံအများအပြားကလည်းဝယ်ယူတဲ့အတွက်ကြောင့် Nissin Company ဟာ အသင့်စားခေါက်ဆွဲတွေကို အများအပြား တင်ပို့ထုတ်လုပ်နိုင်ခဲ့ပါတယ်။

Nissin Company ဟာအရည်အသွေးပိုမိုကောင်းမွန်အောင် နည်းလမ်းအသစ်တွေ အရသာအသစ်ဖြင့် ထုတ်လုပ်ကာ ဈေးကွက်ကို ထိုးဖောက်လာနိုင်ခဲ့တဲ့အပြင် နောက်ပိုင်းတွင်လည်း ခေါက်ဆွဲနဲ့အရသာနှစ်တွဲပါတဲ့ နည်းလမ်းအစား ခေါက်ဆွဲသက်သက် ၊ အရသာသက်သက် ခွဲပြီးထုတ်လုပ်လာနိုင်ခဲ့ပါတယ်။ ၁၉၇၁ ခုနစ်လောက်မှာတော့ Nissin ကပဲ ခွက်နဲ့ဇွန်းပါ တပါတည်း ပါရှိသည့်Nissin cup Noodle ကိုပထမဦးဆုံး ထုတ်လုပ်ခဲ့ပြန်ပါသေးတယ်။ စားသုံးရပိုလွယ်ကူတဲ့အတွက်ခေါက်ဆွဲဈေးကွက်မှာ ပိုရေပန်းစားခဲ့ပါတယ်။

ယနေ့ခေတ်မှာတော့ နိုင်ငံမျိုးစုံနေရာမျိုးစုံကနေပြီးတော့ ခေါက်ဆွဲခြောက်များကို ပုံစံမျိုးစုံ အရသာမျိုးစုံဖြင့်အပြိုင်အဆိုင်တီထွင်လာကြတာပဲဖြစ်ပါတယ်။စျေးကွက်များမှာတော့ ဂျပန်ခေါက်ဆွဲ​တွေနဲ့အပြိုင် ကိုရီးယားအသင့်စားခေါက်ဆွဲထုပ်တွေကလဲနေရာယူလာနိုင်ပြီးတော့ ခေါက်ဆွဲနဲ့တွဲဖက်အစားအစာတွေလဲ ပေါ်ပေါက်လာပါတယ်။

ဆိုတော့..အသင့်စားခေါက်ဆွဲကြိုက်သူတွေအနေနဲ့ ခေါက်ဆွဲအားလုံးရဲ့အစ original ဖြစ်တဲ့ Nissin Chikin Ramen လေးကိုတော့ Try ကြည့်စေချင်ပါတယ်ခင်ဗျ..🫶❤️

 #ဒီပို့စ်လေးကိုlike_and_shareလုပ်ထားဖို့လိုပါတယ်နော်Hello September.. Good things are going to happen.. 🍀🤞AT Noodle Bar...
01/09/2023

#ဒီပို့စ်လေးကိုlike_and_shareလုပ်ထားဖို့လိုပါတယ်နော်

Hello September.. Good things are going to happen.. 🍀🤞AT Noodle Bar မှဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ🙏..
ပြီးတော့ လအစ promotion လေးနေနဲ့ ဘာစားစား 50% discount off😱❗❗❗

ဟုတ်ပါတယ် မျက်လုံးမမှားပါဘူး 😊

အရာရာ ကုန်ဈေးနှုန်းတက်နေတဲ့ အချိန်မှာ
ခေါက်ဆွဲအရမ်းကြိုက်တဲ့... ခေါက်ဆွဲcrazyလေးတွေ အတွက်😗
အထူး promotion အနေနဲ့.....

(September #2 ရက်နေ့ကနေစပီး #15 ရက်နေ့အထိ) ဘာခေါက်ဆွဲစားစား
50% discount offလေးနဲ့ မည်သူမဆို
စားသုံးခွင့်ရမှာဖစ်ပါတယ်😍
But… #ဒီပို့စ်လေးကိုlike_and_shareလုပ်ထားဖို့တော့လိုပါတယ်နော်…

-promotion ကာလ လေးကလည်း
လဝက်လောက်ထိဆိုတော့ အမြန်ဆုံးလာခဲ့
ဖို့ ဖိတ်ခေါ်ပါတယ်😘

📱09 977827534
📍Address: No/13(A) သူဌေးလမ်း၊ ဌေးကြွယ်ရပ်ကွက် ၊ကျောက်မြောင်း
🚌Bus Stop: အသောကမှတ်တိုင်

✨A+ , KBZ pay, AYA pay, Wave pay, Citizen pay, MPU & VISA တို့ဖြင့်လည်းငွေပေးချေ နိုင်ပါတယ်ခင်ဗျာ … ✨

https://t.me/atnoodlebarmyanmar






   ဆိုင်မှာရိုက်ခဲ့တဲ့ပုံလေးတွေကို AI ပုံလေးတွေပြောင်းပြီး မန့်ခဲ့လို့ရတယ်နော်…
26/08/2023


ဆိုင်မှာရိုက်ခဲ့တဲ့ပုံလေးတွေကို AI ပုံလေးတွေပြောင်းပြီး မန့်ခဲ့လို့ရတယ်နော်…

ဆက်ဆံရေးတွေ နွေးထွေးမလာရင်တောင် အနည်းဆုံးတော့ ဗိုက်ဝသွားတာပေါ့😂—————————————————-ခေါက်ဆွဲကို အိမ်မှာ ပြုတ်စားရတာ ရိုးလာပ...
27/07/2023

ဆက်ဆံရေးတွေ နွေးထွေးမလာရင်တောင် အနည်းဆုံးတော့ ဗိုက်ဝသွားတာပေါ့😂

—————————————————-

ခေါက်ဆွဲကို အိမ်မှာ ပြုတ်စားရတာ ရိုးလာပြီဆိုရင်တော့ AT Noodle Bar မှာ အစာပလာအစုံနဲ့ကိုယ်တိုင်လာပြုတ်စားလို့ရပါပြီနော်🥰



မိုးအေးအေးလေးမှာ ခေါက်ဆွဲပြုတ်ပူပူစပ်စပ်လေးကို ဝက်သုံးထပ်သားလွှာလေးရယ်၊ ပုစွန်ရယ်၊ ကြက်ဉချောင်းလေးရယ်၊ အပ်မှိိုလေးရယ်နဲ့...
20/07/2023

မိုးအေးအေးလေးမှာ ခေါက်ဆွဲပြုတ်ပူပူစပ်စပ်လေးကို ဝက်သုံးထပ်သားလွှာလေးရယ်၊ ပုစွန်ရယ်၊ ကြက်ဉချောင်းလေးရယ်၊ အပ်မှိိုလေးရယ်နဲ့ ရောမွှေပြီး ရှလိတ်ပလိတ် စားလိုက်ရရင်ဖြင့် 🤩

အာဂပါးစပ် လူဖြစ်ကျိုးနပ်လေရဲ့လို့တောင် ကိုယ်ဘာကို ပြောပစ်လိုက်ဦးမယ်၊

ပြောရင်းနဲ့တောင် သွားရေကျလာပြီ 🤤
အဲ့သလို စပယ်ရှယ်စားချင်ပေမယ့် အိမ်မှာလည်း ခေါက်ဆွဲထုပ်က အဆင့်သင့်မရှိ၊ အစာပလာတွေဆို ဝေး‌ရော…

ဒါမို့လို့ ခေါက်ဆွဲကို အစာပလာအစုံနဲ့ ကိုယ်တိုင်ပြုတ်စားလို့ရတဲ့ AT Noodle Bar ကိုပဲ သွားဆွဲပစ်လိုက်တယ် 🤪

ဟုတ်တယ်လေ။ အိမ်မှာဆို ခေါက်ဆွဲတစ်ပွဲပြုတ်စားရမယ့် အရေး အလုပ်တွေရှုပ်ဦးမယ်။ AT Noodle Bar မှာဆိုရင်တော့ အားလုံး အဆင့်သင့်ပဲ။

👉ခေါက်ဆွဲထုပ်ရွေးမယ်။ တစ်ထုပ်နဲ့မဝရင် နှစ်ထုပ်ရွေး

👉အစာပလာ ကြိုက်တာရွေးမယ် (ဈေးလေးတွေ ကပ်ထားတော့ Budget ချိန်လို့ရ)

👉ပြီးရင် ကိုယ့်စားပွဲ ကိုယ့်နေရာနဲ့ကိုယ် သန့်သန့်ရှင်းရှင်း ပြုတ်စားရုံပဲ။

ထိုင်ချိန် ကန့်သတ်မထားလို့ ခေါက်ဆွဲစားပြီး မပြန်ချင်သေးလည်း အအေး၊ Cocktail မှာသောက်နေလို့ရသေးတယ်နော် 😉

ဒါကြောင့်မို့လို့ မိုးအေးအေးမှာ နွေးနွေးထွေးထွေး အနားယူရင်း ကိုယ်တိုင်ပြုတ် ခေါက်ဆွဲပူပူလေးကို ရှူးရှူးရှဲရှဲ လွေးချင်ရင်တော့ ကျောက်မြောင်းထဲက AT Noodle Bar ကိုသာ အရောက်သွားလိုက်ကြနော်။

📱09 977827534
📍Address: No/13(A) သူဌေးလမ်း၊ ဌေးကြွယ်ရပ်ကွက် ၊ကျောက်မြောင်း
🚌Bus Stop: အသောကမှတ်တိုင်

✨A+ , KBZ pay, AYA pay, Wave pay, Citizen pay, MPU & VISA တို့ဖြင့်လည်းငွေပေးချေ နိုင်ပါတယ်ခင်ဗျာ … ✨

https://t.me/atnoodlebarmyanmar






တီ ⏰  တီ⏰  Noodle o’ clock ရောက်ပြီဟေ့😍🌧မိုးကလည်းအေးအေးဆိုတော့ ဒီလိုချိန်ဆို 🍜ခေါက်ဆွဲပြုတ်ပူပူလေးလောက် ကောင်းတာမရှိ။ ပါ...
06/07/2023

တီ ⏰ တီ⏰ Noodle o’ clock ရောက်ပြီဟေ့😍

🌧မိုးကလည်းအေးအေးဆိုတော့ ဒီလိုချိန်ဆို

🍜ခေါက်ဆွဲပြုတ်ပူပူလေးလောက် ကောင်းတာမရှိ။

ပါးစပ်ကလည်း အာသီသဖြစ်လာ၊ ဗိုက်ကလည်း တောင့်တလာပြီ။

ဒါပေမယ့်လည်း အိမ်မှာဝယ်ထားပြီးသား ခေါက်ဆွဲထုပ်က မရှိ ၊ ပြုတ်ဖို့ 💡မီးကလည်းမလာဆိုတော့

စားချင်စိတ်တွေကို စိတ်ညစ်ညစ်နဲ့ လျစ်လျူရှုလိုက်တော့မှာလား❓

No ပါ။ အဲ့လိုလုပ်ဖို့မလိုပါဘူး။ AT Noodle Bar ကိုသာ လာခဲ့။ အားလုံး အဆင်ပြေစေရမယ်။

💁🏻‍♀️ဒီမှာ ခေါက်ဆွဲထုပ်တွေအစုံရှိမယ်

💁🏻‍♀️အစာပလာ Topping တွေထည့်စားလို့ရမယ်။

💁🏻‍♀️ပြုတ်ဖို့အိုး၊ ပန်းကန်ကအစ သန့်သန့်ရှင်ရှင်း တသီးတသန့်နဲ့ ကိုယ်တိုင် ပြုတ်စားရမယ်။

💁🏻‍♀️ပဲပင်ပေါက်နဲ့ Spicy Sauce တွေကို FOC ချပေးထားတယ်။

💁🏻‍♀️မီးပျက်လည်း မီးစက်မောင်းပေးတယ်။

ကဲ… ဘာလိုဦးမှာလဲ❓

အော်..မေ့လို့..BBQ အကင်တွေရယ်၊ အအေးဘာညာနဲ့ Cocktail 🍸 လည်းရသေးတယ်နော်။

Chill လို့ကောင်း / နားလို့ကောင်း/ Date လို့ကောင်း/Gathering လုပ်လို့ကောင်းတဲ့ ဆိုင်လေးဖြစ်တာမို့

ခေါက်ဆွဲအဝစားချင်လို့ပဲလာလာ၊ ဒီတိုင်း အနားယူအပန်းဖြေဖို့ပဲလာလာ AT Noodle Bar က အမြဲတမ်းကြိုဆိုပါတယ်နော်။

10% Noodles 90 % Love 🫶

📱09 977827534
📍Address: No/13(A) သူဌေးလမ်း၊ ဌေးကြွယ်ရပ်ကွက် ၊ကျောက်မြောင်း
🚌Bus Stop: အသောကမှတ်တိုင်

✨A+ , KBZ pay, AYA pay, Wave pay, Citizen pay, MPU & VISA တို့ဖြင့်လည်းငွေပေးချေ နိုင်ပါတယ်ခင်ဗျာ … ✨

https://t.me/atnoodlebarmyanmar






🍹Cocktails နဲ့ 🍗BBQ လည်း AT Noodle Bar မှာ ရပြီဗျို့😍“🍜ခေါက်ဆွဲအပြင် အခြားဟာတွေလည်း မှာစား/ မှာသောက်လို့ ရရင်ကောင်းမှာပဲ...
03/07/2023

🍹Cocktails နဲ့ 🍗BBQ လည်း AT Noodle Bar မှာ ရပြီဗျို့😍

“🍜ခေါက်ဆွဲအပြင် အခြားဟာတွေလည်း မှာစား/ မှာသောက်လို့ ရရင်ကောင်းမှာပဲ” ဆိုတဲ့ Customer တွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ပြီနော်။

ဒါကြောင့်မို့

ခေါက်ဆွဲကို အစာပလာအစုနဲ့ ကိုယ်တိုင်လာပြုတ်စားမလား❓

Cocktail 🍸 🍹 သောက်ရင်း ၊ BBQ စားရင်း အေဆေး လာ Chill ဦးမလား❓

AT Noodle Bar မှာ အကုန်ရနေပြီဆိုတော့ အပေါင်းအသင်း ရောင်းရင်း ၊ ချစ်သူရည်းစား ခေါ်လို့ရတဲ့သူ အကုန်ခေါ်ပြီးသာ အရောက်လာခဲ့လိုက်တော့ဗျို့။

လက်ရှိမှာ ရနိုင်တဲ့ Cocktail အမျိုးအစားတွေကတော့
🍹Lady Daisy
🍹 Mojito
🍹 Gun Sunrise
🍹 Rum Sour
🍹 Gin Tonic တို့ဖြစ်ပြီး နောက်ထပ်အသစ်တွေထပ်တိုးသွားဖို့လည်းရှိတာမို့ လာရောက်အားပေးဖို့ ဖိတ်ခေါ်ပါတယ် ခင်ဗျ။

တစ်ခုအသိပေးလိုတာက မီးမလာတဲ့ ညနေဘက်နဲ့ ညဘက်တွေ Customer မရှိတဲ့ အချိန်မျိုးမှာဆို ကျွန်တော်တို့ မီးစက်ပိတ်ထားလေ့ရှိပါတယ်၊ ဒါကြောင့် မီးပျက်လို့ ဆိုင်ပိတ်သွားတယ် မထင်ပါနဲ့နော်။ ည ၁၀ နာရီထိ ဆိုင်ဖွင့်ပြီး မီးပျက်လည်း မီးစက်နှိုးပေးတာမို့ ဝင်သာဝင်ခဲ့လိုက်ပါခင်ဗျာ 🤗

📱09 977827534
📍Address: No/13(A) သူဌေးလမ်း၊ ဌေးကြွယ်ရပ်ကွက် ၊ကျောက်မြောင်း
🚌Bus Stop: အသောကမှတ်တိုင်

✨A+ , KBZ pay, AYA pay, Wave pay, Citizen pay, MPU & VISA တို့ဖြင့်လည်းငွေပေးချေ နိုင်ပါတယ်ခင်ဗျာ … ✨

https://t.me/atnoodlebarmyanmar






ကဲ…ရွေးကြည့်…🤗ခေါက်ဆွဲထဲ ထည့်အစားချင်ဆုံး အစာပလာတွေက ဘာတွေဖြစ်မလဲ❓🍳ကြက်ဉလား? 🦑ပြည်ကြီးငါးလား?🥓အသားလွှာတွေလား?🦐ပုစွန်လား?...
08/06/2023

ကဲ…ရွေးကြည့်…🤗

ခေါက်ဆွဲထဲ ထည့်အစားချင်ဆုံး အစာပလာတွေက ဘာတွေဖြစ်မလဲ❓

🍳ကြက်ဉလား?
🦑ပြည်ကြီးငါးလား?
🥓အသားလွှာတွေလား?
🦐ပုစွန်လား?
🥬အပ်မှိုနဲ့ မုန်ညင်းအစိမ်းတို့လို 🥦ဟင်းသီးဟင်းရွက်တွေလား?

ရွေးပြီးရင်တော့ အပြင်မှာ တကယ်ထည့်စားဖို့ဆို ဈေးသွားဖို့မလိုဘူးနော်။

AT Noodle Bar မှာ အဲဒီ topping တွေရယ်၊ ခေါက်ဆွဲထုပ်တွေရယ်အကုန် ရှိတာဆိုတော့ ကိုယ်တိုင်ကိုယ်ကျ ပြုတ်စားရအောင် လူပဲ အရောက်လာခဲ့ဖို့ လိုတယ်နော်😘

📱09 977827534
📍Address: No/13(A) သူဌေးလမ်း၊ ဌေးကြွယ်ရပ်ကွက် ၊ကျောက်မြောင်း
🚌Bus Stop: အသောကမှတ်တိုင်

✨A+ , KBZ pay, AYA pay, Wave pay, Citizen pay, MPU & VISA တို့ဖြင့်လည်းငွေပေးချေ နိုင်ပါတယ်ခင်ဗျာ … ✨

https://t.me/atnoodlebarmyanmar





Address

No. 13/A, Thu Htay Street, Htay Kywae Ward, Kyauk Myaung
Yangon
11211

Opening Hours

Monday 10:00 - 17:00
Tuesday 10:00 - 22:00
Wednesday 10:00 - 22:00
Thursday 10:00 - 22:00
Friday 10:00 - 22:00
Saturday 10:00 - 22:00
Sunday 10:00 - 22:00

Telephone

+959977827534

Website

Alerts

Be the first to know and let us send you an email when AT Noodle Bar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to AT Noodle Bar:

Share