Keng Tung Shan Noodle

Keng Tung Shan Noodle Traditional Dried Noodle for Family and Kitchen!

ကျိုင်းတုံ ရှမ်းရိုးရာမုန့်တီ (ခေါ်) ခေါက်ဆင့်နမ့်ကျိမ်း လုပ်နည်း *** ရိုးရှင်းသော ချက်နည်းကို ဖေါ်ပြထားတာပါ *** ၁။ ကျို...
28/10/2020

ကျိုင်းတုံ ရှမ်းရိုးရာမုန့်တီ (ခေါ်) ခေါက်ဆင့်နမ့်ကျိမ်း လုပ်နည်း
*** ရိုးရှင်းသော ချက်နည်းကို ဖေါ်ပြထားတာပါ ***

၁။ ကျိုင်းတုံမုန့်တီခြောက် (အထုတ်ထဲကအညွန်းတိုင်း ပြုတ်ထားပါမယ်)
၂။ ဝက်သား/ အမဲသား နုပ်နုပ်စဉ်း (အဆီပါပေါင်သားအကောင်းဆုံး)
၃။ ဝက်ရိုး/ အမဲရိုး
၄။ ကြက်သွန်နီ
၅။ ခရမ်းချဉ်သီးမှည့်
၆။ ဆနွင်း
၇။ ရှမ်းပဲပုတ်ချပ် (ကင်ပြီးအမှုန့်ဖြစ်ထောင်းထားပါမယ်)
၈။ နှမ်းလှော်ထောင်း
၉။ ကြက်သွန်မိတ်+နံနံပင် (လှီးထားပါ)
၁၀။ ဂေါ်ဖီထုတ် (ပါးပါးလှီးထားပါ)
အသားအစိတ်သားဆိုရင် (၆)ပွဲစာလောက် စားလို့ ရပါတယ်။

🎈 ပြင်နည်း 🎈
အဆင့် (၁) အရိုးကို ဆားအနည်းငယ်ထည့်ပြီး ပွက်ပွက်ဆူတည်ထားပါမယ်။
အဆင့် (၂) အသားကို အသင့်နုတ်နုတ်စဉ်းကို ဝယ်သုံးလို့ရပါတယ်။
အဆင့် (၃) ကြက်သွန်နီ နဲ့ ခရမ်းချဉ်သီးမှည့်ကို နုပ်နုပ်စဉ်းထားပါမယ်။
** ကြက်သွန်နီ နုတ်နုတ်စဉ်းအသားနဲ့ဆတူ။
** ခရမ်းချဉ်သီး နုတ်နုတ်စဉ်းအသားနဲ့ဆတူ/နည်းနည်းပိုလို့ ရပါတယ်။
အဆင့် (၄) အနှစ်ဖြစ်အောင် ဆီစသတ်ပါမယ်။
** ဒယ်အိုးထဲ ဆီပူလာရင် ကြက်သွန်နီထည့်ပြီး ကြော်မယ်၊ ကြက်သွန်ရေဓါတ်နည်းနည်းခမ်းပြီး အဝါဖက်အရောင်သန်းပြီဆို ဆနွင်းမုန့်သင့်သလောက်ထည့်ပါမယ်၊ ပြီးရင်စဉ်းထားတဲ့ အသားကို ထည့်ကြော်ပါမယ်၊ (ဆား+အချိုမှုန့်ထည့်လို့ရပါပြီ) အသားကထွက်တဲ့အရည် ခမ်းစပြုရင် ခရမ်းချဉ်သီးထည့်ပြီး ဆက်ကြော်ပါမယ်။ ဆီတွေဝှေ့လာတဲ့ထိ ကြော်ရပါမယ်၊ ဆီဝါဝါလေးထွက်လာပြီဆိုရင် တည်ထားတဲ့ အရိုးအိုးထဲ အကုန်လောင်းထည့်၊ ကင်ပြီးထောင်းထားတဲ့ ပဲပုတ်မှုန့်ထည့်၊ ဟင်းရည်ကျကျဖြစ်အောင် (၂)နာရီလောက် မီးအေးအေးနဲ့ တည်ထားရပါမယ်။ အငံအပေါ့ကိုမြည်းကြည့်ပါ၊ လိုရင်ထပ်ထည့်ပါ၊ တည်ပြီးရင်တော့ စားဖို့အဆင်သင့်ပါပြီ။
မှတ်ချက်။ ဆနွင်း၊ ရှမ်းပဲပုတ်ချပ် ကောင်းမှ အရသာမှန်ပါမယ်။

⭐️ တည်ခင်းပုံ ⭐️
ရောင်းတန်းဆိုင်တွေမှာတော့ ဟင်းရည်အိုးကို အမြဲပွက်ပွက်ဆူနေအောင် ဖိုပေါ်တည်ထားရပါတယ်ရှင်။ စားသူလာတဲ့ချိန်မှ နူးညံ့တဲ့ မုန့်တီဖတ်ထည့်ထားတဲ့ ပန်းကန်ထဲ ဂေါ်ဖီ၊ ပဲရွက်ထည့် ဟင်းရည်ပွက်ပွက်ကို တစ်ပြန်နှစ်ပြန်လောင်းပြီးမှ အိုးထဲမှာ မြုပ်ထားတဲ့ အရိုးနဲ့အသားလေးတွေကို ဆယ်ထည့်ပေးပြီး ကြက်သွန်မြိတ်၊ နံနံပင်၊ နှမ်းထောင်း တွေကို အပေါ်ကဖြူးပြီး တည်ခင်းတာပါ။ အချဉ်ကြိုက်ရင်တော့ သံပုရာသီးညစ်ထည့်ပြီး စားလို့လည်းရပါတယ်။ ကျိုင်းတုံဝက်ခေါက်နဲ့လည်း တွဲစားကြပါသေးတယ်နော်။
ကျေးဇူးတင်ပါတယ်ရှင့်။

Address

South Okkalapa
Yangon
11091

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 17:00
Sunday 09:00 - 18:00

Telephone

+959424611168

Website

Alerts

Be the first to know and let us send you an email when Keng Tung Shan Noodle posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category