Home Made Burger

Home Made Burger Burger

မနက်ခင်းဆို အေးစပြုလာပြီနော်ဆောင်းမနက်ခင်းရဲ့အေးချမ်းတဲ့အငွေ့အသက်လေးတွေကို စတင်ခံစားမိလာပြီပေါ့ရှင်ယွန်းကတော့ဆောင်းမနက်က...
26/11/2023

မနက်ခင်းဆို အေးစပြုလာပြီနော်
ဆောင်းမနက်ခင်းရဲ့အေးချမ်းတဲ့အငွေ့အသက်လေးတွေကို စတင်ခံစားမိလာပြီပေါ့ရှင်

ယွန်းကတော့ဆောင်းမနက်ကိုအရင်ကအဲ့လောက်မခံစားမိဘူးရှင့် အိပ်ပုပ်မလေးဖြစ်ခဲ့လို့ထင်ပါတယ်

ဒီရက်ထဲစိတ်တွေလေးပင်နေလို့လားမသိ စိတ်လိုလက်ရမရယ်မောဖြစ်တာတောင်ကြာပြီ။ မရယ်ရလဲအတွေးလေးတွေခဏလေးဖြစ်ဖြစ်အေးချမ်းချင်လို့ အဖေနဲ့ပတ်သတ်တဲ့အမှတ်တရလေးရေးရင်း .....

လူတိုင်းမှာအကြောင်းကိုယ်စီ ၊ စိတ်ခံစားမှုကိုယ်စီနဲ့မို့ ဒီစာကြောင့်အနှောက်အယှက်ဖြစ်ခဲ့ရင်ကြိုတောင်းပန်ပါရစေ။

ဆောင်းဆိုတာနဲ့ အဖေ့မွေးရပ်တောင်ကြီးကိုသတိရတော့တာပါပဲ ။ အဖေသာရှိသေးရင် တောင်ကြီးပြန်ဦးမယ်သမီးရယ်လို့ပြောမှာသေချာပဲ ။ အဖေကသူ့မြို့ သူ့ရွာ ကိုသိပ်ချစ်ခဲ့တာကို ယွန်းလဲချစ်တာပါပဲ ။ အဖေ့ကိုတော့ မမှီဘူးပေါ့ ။ အဖေနဲ့အတူရောက်ခဲ့တာ ၂ခါပဲရှိခဲ့ပေမယ့် အဖေမပါပဲ အမေနဲ့သွားရရင် တောင်ပေါ်ကြည့်ပြီးအဖေ့ကိုလွမ်းလို့ ဘယ်သူမှမသိအောင် ငိုခဲ့ရတာသွားတဲ့အခေါက်တိုင်းလိုလိုပါပဲ။

သဘာဝအတိုင်းရှိနေတာကိုကြိုက်တဲ့သူမို့လို့လားမသိ ။နောက်ဆုံးတစ်ခေါက်ရောက်တော့ ပြုပြင်ထားတာတွေနဲ့အပြည့်ပါပဲ ။အဲ့လိုအခြေအနေတွေကရွာအတွက်ကောင်းပေမယ့် အရင်ကအငွ့အသက်လေးတွေသိပ်မခံစားမိခဲ့တော့ဘူး ။

အရင်ကတောင်ကြီးရောက်ရင် တောင်အောက်ကကားကြီးကွင်းမှာဆင်း တောင်ပေါ်ကိုကားသေးလေးနဲ့တက်ရတယ် မနက်ဝေလီဝေလင်းအချိန် ဆိုတော့ အလင်းရောင်ဖျော့ဖျော့ တောင်တက်တဲ့တလျောက် ရေတံခွန်အသေးလေးတွေ ငှက်ကလေးတွေ ဆောင်းလေအေးအေးလေးတွေ ရယ်ကြောင့် အေးချမ်းတယ်ဆိုတဲ့အရပ်ဆိုတာကို စသိခဲ့တဲ့အချိန် ပေါ့

နာရီဝက် လေးဆယ့်ငါးမိနစ်လောက်ဆို တောင်ကြီးမြို့ပေါ်ကိုရောက်ပါပြီ ။ တောင်ကြီးဈေးနဲ့ နာရီစင်ကိုဖြတ်ပြီး ရွာကိုရောက်ဖို့လာကြိုတဲ့အစ်ကိုကိုစောင့်ပြီး ကားတစ်ခါစီး ။ ဆယ့်ငါးမိနစ်လောက်ဆိုရောက်ပါပြီ။ လှေကားထစ်စိုက်ခင်းတွေ တောင်တွေ စတော်ဘယ်ရီခင်းတွေ စမ်းချောင်းတွေ မြင်ရတာဘယ်လိုပျော်မှန်းကိုမသိတာ အဖေအမရဲ့အိမ်လေးက ခြေတံရှည်အိမ်လေး တောအိမ်လေး အရမ်းသဘောကျစရာကောင်းတယ် မနက်ဆိုဆောင်းအငွေ့လေးတွေနဲ့ မီးမွှေးပြီးဟင်းချက်တဲ့အနံ့လေးတွေ ကြိုက်ခဲ့တာပေါ့ ယွန်းကတော့အပေါ်ထပ်မှာ အဖွားနဲ့ စတော်ဘယ်ရီလေးတွေကိုခြွေပြီး မနက်ခင်းအလှကိုငေးမောခဲ့ရတဲ့အရသာလဲလွမ်းမိပါတယ် ဆေးမပါတဲ့အသီးအရွက် တွေကိုစားခဲ့ရလိုလားမသိ အဖိုးအဖွားတွေက အဲ့အချိန်ဆို ရေထမ်း တဲ့သူကထမ်း လက်ဖက်ခူးတဲ့သူကခူး ကျန်းမာလိုက်တာ ............

မနက်စာ သက်သက်လွတ်တို့ဟူးနွေး အီကြာကွေးလေးနဲ့ အရမ်းကြိုက်ခဲ့တာပေါ့ စားပြီးတာနဲ့ လျှောက်လည်ဖို့ပြင်ဆင်ပါပြီ .......................................

ရွာကစမ်းချောင်းလေး ၊ဂနိုင်အေး (ကြားပဲကြားဖူးတာမရောက်ဖူးသေးဘူး) ၊မမေ့နိုင်တဲ့ စတော်ဘယ်ရီခင်း ၊ရွာလမ်းထိပ်ကတို့ဟူးနွေးဆိုင် (အီကြာကွေးကအသက်ပဲ)

ဆောင်းမနက်မှာ ရှမ်းအစားအစာလေးစား ...............
ရှမ်းသီချင်းလေးနားထောင်ပြီး ...................
တောင်တန်းတွေကိုလွမ်းချင်ရင်တော့.................

Home Made ရှမ်းခေါက်ဆွဲဆိုင်လေးကို လာခဲ့ဖို့ ဖိတ်ခေါ်အပ်ပါတယ်ရှင့်

New menu is coming!!!!!!
12/08/2023

New menu is coming!!!!!!

Today orders🍔🍔🍔🍔🍔Three layer burger Include Fried Chicken, Cheese & EggHappy birthday baby 👧Birthday present 5%  discoun...
14/11/2022

Today orders🍔🍔🍔🍔🍔
Three layer burger
Include Fried Chicken, Cheese & Egg

Happy birthday baby 👧
Birthday present 5% discount

Enjoy your food!
Thank you so much.

Can order 09421057680 or Messenger
New item .....
Coming soon ........

ယနေ့အတွက်ပံ့သာကူအလှူနိုင်သလောက်လေးထည့်ထားတယ်ညအတွက်
08/11/2022

ယနေ့အတွက်ပံ့သာကူအလှူ
နိုင်သလောက်လေးထည့်ထားတယ်
ညအတွက်

ကဆုန်လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြေ...
14/05/2022

ကဆုန်လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။

ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။
မဟာသက္ကရာဇ် ၆၈-ခု ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခဲ့သည်။
မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခဲ့သည်။
မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။
ဤသို့ ထူးခြားချက် ၄-ရပ်နှင့် ပြည့်စုံသဖြင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ကဆုန်လပြည့်နေ့အား ဘုရားနေ့ဟု သတ်မှတ်ခဲ့ကြသည်။ ဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူရန်အတွက် ဗောဓိပင်အား အမှီပြု၍ တရားအားထုတ်တော်မူခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ဗောဓိပင်အား ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြသည်။ ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင် ရေရှားပြတ်လပ်၍ ညှိုးလျော်အံ့ဆဲဖြစ်သော ဗောဓိပင်ကို လန်းဆန်းစိုပြေစေရန်အတွက် ဖြစ်ပေသည်။

ထိုအလေ့အထသည် ဗုဒ္ဓဘာသာဝင်တို့တွင် ပျောက်ကွယ်သွားခြင်းမရှိဘဲ ယနေ့ထက်တိုင် ရှင်သန်ဆဲဖြစ်သည်။ နှစ်စဉ်အမြဲပင် ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲများ ပြုလုပ်လျက်ရှိကြသည်။
Credits to owner

👩‍👦‍👦အမေများနေ့မှာ အမေများအားလုံး🙏🙏🙏👩‍👧‍👦စိတ်​၏ချမ်းသာခြင်းကိုယ်​၏ကျန်းမာခြင်း နှင့် ပြည့်စုံကြပါစေ 🙏🙏🙏👩‍👧‍👦ချစ်သောသားသမ...
08/05/2022

👩‍👦‍👦အမေများနေ့မှာ အမေများအားလုံး🙏🙏🙏

👩‍👧‍👦စိတ်​၏ချမ်းသာခြင်းကိုယ်​၏ကျန်းမာခြင်း နှင့် ပြည့်စုံကြပါစေ 🙏🙏🙏

👩‍👧‍👦ချစ်သောသားသမီးမြေးမြစ်များနှင့် နောင်လာမယ့်နေ့ရက်တိုင်းကိုပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေ 🙏🙏🙏

👩‍👧‍👦အမေနှင့်အကြောင်းအမျိုးမျိုးကြောင့်ခေတ္တဝေးကွာနေရသောသူများလည်း အမေ့ရင်ခွင်သို့မကြာခင်အမြန်ဆုံးပြန်လာနိုင်ကြပါစေ လို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်🙏🙏🙏

08/04/2022

Address

Theingyi Street
Yangon

Telephone

+959421057680

Website

Alerts

Be the first to know and let us send you an email when Home Made Burger posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Home Made Burger:

Share