15/09/2026
🐟 ထမင်းမြိန်စေမယ့် အောင်သုခရဲ့
“ငါးမြင်းဟင်း” 🍚
အောင်သုခကို ရောက်လာရင်
မြန်မာထမင်းဝိုင်းနဲ့ လိုက်ဖက်ပြီး
ထမင်းကို ပိုမြိန်စေမယ့် ဟင်းတစ်ခွက်ကို
ရွေးမယ်ဆိုရင်
“ငါးမြင်းဟင်း” လည်း
မပါမဖြစ်ပါပဲခင်ဗျာ။ 😋
နူးညံ့တဲ့ ငါးမြင်းသားလေးကို
ဂျင်း၊ ကြက်သွန်ဖြူတို့နဲ့ မွှေးပျံ့အောင်ချက်ပြီး
ခရမ်းချဉ်သီး၊ ကြက်သွန်နီ အနှစ်ရဲ့ ချိုမွှေးတဲ့အရသာနဲ့ ပေါင်းစပ်ထားပါတယ်။
အပေါ်ကနေ မဆလာလေး အနည်းငယ်ထည့်ပေးထားတာကြောင့်
မွှေးမွှေးလေးနဲ့
မြန်မာထမင်းပူပူတစ်ပန်းကန်နဲ့ဆို
ထမင်းမြိန်စရာလေးတစ်ခွက် ဖြစ်သွားပါပြီ။ ❤️
အောင်သုခ မှာတော့
အဆွေတော်တို့ရဲ့ ခံတွင်းတွေ့ပြီး
အရသာရှိရှိ ထမင်းမြိန်မြိန်လေး
သုံးဆောင်နိုင်ဖို့
နေ့စဉ် စေတနာထားပြီး
ချက်ပြုတ် တည်ခင်းပေးနေပါတယ်ခင်ဗျာ။
ဆိုင်ဘက်ရောက်ဖြစ်ရင်
“ငါးမြင်းဟင်း” လေးကို ထမင်းပူပူနဲ့ တွဲဖက်သုံးဆောင်ကြည့်ဖို့ မမေ့နဲ့နော်။ 🍚🐟
🦉🦉အောင်သုခ မြန်မာထမင်းဆိုင် 🦉🦉
𝐄𝐬𝐭. 𝟏𝟗𝟖𝟔
❌ ဆိုင်ခွဲလုံးဝမရှိပါ