ဝိုက်မယ်

ဝိုက်မယ် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ဝိုက်မယ်, Restaurant, Lay Daung Kan 7 Street, Yangon.

ရာသီစာ ပုစွန်ထုပ်ကွေးလေး တစ်ဖြတ်ပေါ့ 🍤🦐အချစ်များနဲ့ အတူ ပုံဖော်လိုက်ပါပြီ ရာသီဥတုလေးကလဲ ကိုယ့်ဘက်မှာဆိုတော့ အေးဆေးဝိုက်လ...
25/05/2024

ရာသီစာ ပုစွန်ထုပ်ကွေးလေး တစ်ဖြတ်ပေါ့ 🍤🦐
အချစ်များနဲ့ အတူ ပုံဖော်လိုက်ပါပြီ
ရာသီဥတုလေးကလဲ ကိုယ့်ဘက်မှာဆိုတော့ အေးဆေးဝိုက်လို့ရပြီပေါ့နော်
ဘယ်လိုစားရင် ပိုကောင်းမလဲဆိုရင်တော့ အတူတူ စားရင် ပိုကောင်းပါတယ်ရှင် 🩵🙆
အတူစားဖို့ကံမပါလာရင်တော့ မစားရဘူးပေါ့နော်
မငိုနဲ့တော့တိတ်ပါ မိုးလဲ တိတ်သွားပြီဆိုတော့
သူလဲ စားနေလောက်မှာပါ မင်းမဟုတ်တဲ့ တစ်ခြားတစ်ယောက်နဲ့ပေါ့ 🙄🌧️

ရည်းစားဟောင်းလေးကို ကင်ကျွေးနေကျ ငါးကင်လေးပေါ့ အရင်လူလဲ မရှိတော့သလို အရင်ဈေးလဲ မရတော့ပြန်ဘူးဒါပေမဲ့လဲ အရင်လက်ရာအတိုင်း စ...
01/07/2023

ရည်းစားဟောင်းလေးကို ကင်ကျွေးနေကျ ငါးကင်လေးပေါ့
အရင်လူလဲ မရှိတော့သလို အရင်ဈေးလဲ မရတော့ပြန်ဘူး
ဒါပေမဲ့လဲ အရင်လက်ရာအတိုင်း စားကောင်းနေပြန်ရော
ဘယ်ဈေးလဲ ဆိုတာကတော့ သူ့ကို ချစ်ခဲ့သလိုပါပဲ ပြောမပြတက်ဘူး ဖြစ်နေတယ် 😢
တရွေ့ရွေ့တက်လာတဲ့ ကုန်ဈေးနှုန်းတွေနဲ့ အလွမ်းအရှိန်တွေကြောင့် ခဏလေး ခိုးငို လိုက်အုန်းမယ်နော် ဒီနေ့မိုးတွေ ပိုသည်းမလား မပြောတက်ပါဘူး 😢

ဝယ်စားမယ်ဆို ဟယ်လို လိုက်နော် ချစ်တို့ရေ အရင် ဖုန်းနံပါတ်လေးပါပဲ 📞

ဝယ်စားရင်းနဲ့ ငိုနေလို့ ရင်ဖွင့်ချင်တယ်ဆိုရင် နားထောင်ခ အနဲ့ ဘျာလေးတော့ Tax ကောက်ပါတယ်နော် 😁

အားလုံးပဲ ပျော်ရွှင်စရာ ဂျူလိုင်လလေး ဖြစ်ပါစေနော် 🙆

ဟိတ် ချစ်တို့ရေ ... မိုးအေးအေးလေးနဲ့ အဲ့နေ့က မိုးရွာတယ်လေ ဆိုပြီး ထမင်းကြော်တွေချည်းပဲ စွတ်စားမနေနဲ့အုန်းနော် 🤪ရင်ပြည့်မ...
23/06/2022

ဟိတ် ချစ်တို့ရေ ... မိုးအေးအေးလေးနဲ့ အဲ့နေ့က မိုးရွာတယ်လေ ဆိုပြီး ထမင်းကြော်တွေချည်းပဲ စွတ်စားမနေနဲ့အုန်းနော် 🤪

ရင်ပြည့်မှာချင်း အတူတူ အာလူးကပ်သလိပ် လေးပဲစားပေါ့ 😁 အရောင်တူတဲ့ ရေနွေးချမ်းလေးနဲ့ မျှောချရင်း တစ်ဖြတ် ဝိုက်ကျတာပေါ့

Promotion လေးက မနက်ဖြန် နောက်ဆုံး တစ်ရက်ပဲ ကျန်တော့တယ်နော် ချစ်တို့ရေ 🥰မနက်ဖြန်ကိုလဲ အားပေးကြမ်းပြီး အပြီ ဝိုက်လိုက် ကျရ...
14/06/2022

Promotion လေးက မနက်ဖြန် နောက်ဆုံး တစ်ရက်ပဲ ကျန်တော့တယ်နော် ချစ်တို့ရေ 🥰

မနက်ဖြန်ကိုလဲ အားပေးကြမ်းပြီး အပြီ ဝိုက်လိုက် ကျရအောင်လား ဘော်ဒါတို့ 🧑‍🍳

ဖိတ်စာမှာ လိပ်စာက ပါပြီးသားနော် ရှာပုံတော် မင်းသားကြီး လုပ်နေရတယ် ဆိုရင်တော့ ဟယ်လို လုပ်လိုက်ပါ 09 250136696 ကို ( kpay မုန့်ဖိုးလဲ ပေးလို့ရပါတယ်နော် မေတ္တရှိရင်ပေါ့ အဟီး )

အူစုံအသဲစုံလေး မရှိတော့ရင်တော့ အူတုံအသဲတုံလေးဖြစ်တဲ့ မမနှုတ်ခမ်းနီလေးပဲ စားပြီးပြန်ပေါ့ ကောင်လေးရယ် 🤪

အော်ဒါနဲ့ နောက်ထပ် ပရိုမိုးရှင်း အကြီးကြီး တစ်ခု ရှိသေးတယ် အဲ့တာက ဘာလဲဆိုတော့ ဒူဘိုင်းရောက်သွားတဲ့ သူငယ်ချင်းတွေကို vc ခေါ်ပြီးတော့ ဝက်သားတုတ်ထိုး စားပြရမှာ ဖြစ်ပါတယ် ... .. ဟိုဘက်က ငိုပြီး မြန်မာပြည်မှာ လူဖြစ်ရတာ သိပ်ကံကောင်းတာပဲလို့ ပြောပြောပြီး ငိုရင် ဘယ်လောက်ဖိုးစားစား 10 % promotion ပေးမှာ ဖြစ်ပါတယ် ။🙆

နောက်ကျရင် အပေါက်ဝကနေ ပြန်နေရမယ်နော် 😁

သန့်ရှင်း သပ်ရပ်မှုနဲ့ အရသာကိုတော့ ရှယ်အာမခံပါတယ်နော် 🧑‍🍳ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေနော် 🥰ရှယ်ဝိုက် ပလန်န...
07/06/2022

သန့်ရှင်း သပ်ရပ်မှုနဲ့ အရသာကိုတော့ ရှယ်အာမခံပါတယ်နော် 🧑‍🍳

ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေနော် 🥰

ရှယ်ဝိုက် ပလန်နဲ့ ဝိုက်ဖို့အတွက် နောက်နေ့တွေလဲ ဆုံကျမယ်နော် ဘော်ဒါတို့ မျှော်နေမယ်နော် 😁

အော် ဒါနဲ့ သတင်းကောင်းပါးရအုန်းမယ်နော် ဒို့ဆိုင်ဘေးမှာ liquor store ကလဲ ရှိသေးတယ်နော် ကွက်တိပဲ ကဲဘာလိုသေးလဲပြော ကပ်ဒိုးလေးတွေ ဝိုက်ရတယ်ဆိုတာ ဒါမျိုးကြီးတွေကို ခေါ်တာနော် 🤪

နေရာရှာမတွေ့ရင်လဲ ဖုန်းဆက်လိုက်နော် ပြေးကြိုပေးသလို စားနေရင်းနဲ့ လိုအပ်ရင်လဲ ခွံ့ပါ ကျွေးသေးတယ်နော် service ကတော့ အပြည့်ပဲ customer ကို အမြဲတမ်း ညာဘက်မှာပဲ ထားတယ် ၊ ( ဘာလို့ဆို ဘယ်ဘက်မှာ တုတ်ထိုးခုံ ထားတာကိုး ) 🤣🙆

မိဘ ပြည်သူများရှင့် ... အဲမဟုတ်ပါဘူး 😂မိတ်ကောင်းဆွေကောင်း များရှင့် မကြာမီ အချိန်အတွင်း ဆိုင်ဖွင့်ပွဲလေး ကျင်းပတော့မှာ ဖ...
03/06/2022

မိဘ ပြည်သူများရှင့် ... အဲမဟုတ်ပါဘူး 😂

မိတ်ကောင်းဆွေကောင်း များရှင့် မကြာမီ အချိန်အတွင်း
ဆိုင်ဖွင့်ပွဲလေး ကျင်းပတော့မှာ ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင် ၊၊

များများစားသုံးခြင်းဖြင့် ယခုကဲ့သို့ လှပသော ဆိုင်ဖိတ်စာလေးမှသည် ဆိုင်ရှင်ကောင်မလေးနှင့် မဂ်လာဖိတ်စာ တွဲရိုက်နိုင်လောက်အောင်အထိ အားပေးကြမ်းကြပါစို့ 🙆🥰🧑‍🍳

ဝိုက်မယ် စလုပ်ခဲ့တာ ဘာလိုလိုနဲ့ တစ်နှစ်ပြည့်ပြီဆိုတော့သူများနဲ့ မတူ တမူထူးခြားအောင် ဒီလို menu အသစ်လေးတွေ လက်ဆောင် ပေးရင...
24/05/2022

ဝိုက်မယ် စလုပ်ခဲ့တာ ဘာလိုလိုနဲ့ တစ်နှစ်ပြည့်ပြီဆိုတော့

သူများနဲ့ မတူ တမူထူးခြားအောင် ဒီလို menu အသစ်လေးတွေ လက်ဆောင် ပေးရင် ကောင်းမလားလို့ မိတ်ဟောင်း‌ဆွေဟောင်း တွေရော မိတ်သစ်ဆွေသစ် တွေရော

မကြာခင်မှာလဲ Admin ချောချောလေး ဖြစ်တဲ့ ငိုပြောမရတဲ့ ညိုချောနှမငယ် လေးကို ငေးရင်းနဲ့ ဆိုင်ထိုင်စားလို့ ရမဲ့ အစီအစဉ်လေးတွေလဲ မကြာမီလာမည်နော်

ဒါလေးကတော့ ငါးချိုချဉ်ကြော်လေးပါ စားချင်တယ်ဆိုရင် page လေးကို like လေး လုပ်ပြီး share သွားပေးအုန်းနော်

#ချစ်တဲ့ချယ်ချယ် 🧑‍🍳🙆

ပုစွန်စိတ်လေး ဘယ်လိုငယ် ပင်လယ် ကူးတက်တယ် ဆိုသလိုပါပဲ... အစားအသောက်လေးတွေလဲ အိမ်ထဲမှာပဲ နေပြီး ဓာတ်ပုံ မရိုက်ချင်တော့ဘူး ...
03/12/2021

ပုစွန်စိတ်လေး ဘယ်လိုငယ် ပင်လယ် ကူးတက်တယ် ဆိုသလိုပါပဲ... အစားအသောက်လေးတွေလဲ အိမ်ထဲမှာပဲ နေပြီး ဓာတ်ပုံ မရိုက်ချင်တော့ဘူး ဆိုလို့ အပြင်ထွက်ပြီးတော့ ဓာတ်ပုံရိုက်ပေးလိုက်တာပါ...

အစားအသောက် လေးတွေကို ပုံမှန်အတိုင်းပဲ ဝယ်ယူ အားပေးလို့ ရနေပါပြီရှင့်.... ဘေဘီမိုင်း လူးပြီး စောင့်နေစရာ မလိုပါဘူး တစ်ရက်ကြိုပြီး ဟယ်လို လုပ်လိုက်ရင် ရပါပြီနော် 😁🙆

Page ကိုလဲ ပြစ်ထားတာ ကြာပြီဆိုတော့ နောက်ထပ် အသစ်လေးတွေ လုပ်ဖို့ စိတ်ကူး ပေါက်လာလို့ ပုံလာတင်တာပါ...နောက်ထပ် မုန့်အသစ်လေး...
25/11/2021

Page ကိုလဲ ပြစ်ထားတာ ကြာပြီဆိုတော့ နောက်ထပ် အသစ်လေးတွေ လုပ်ဖို့ စိတ်ကူး ပေါက်လာလို့ ပုံလာတင်တာပါ...နောက်ထပ် မုန့်အသစ်လေးကတော့ ဒါမျိုးလေး မဟုတ်ပါဘူးနော်...ဒီလိုပဲ စားကောင်းမဲ့ ဟာလေး တစ်ခုခုပေါ့ အဟီး...photo crd ပါနော်

ဒီတစ်ခေါက်ကတော့ ဝေါ်တကတ်နဲ့ ပျော်ပျက်မဲ့... ဝက် ချစ်သူများ အတွက်ပါ 🐷 ဝွန်းမနက်ဖြန် ဝက်သားတုတ်ထိုး နဲ့ ဝက်နံရိုး မီးတောက်...
09/10/2021

ဒီတစ်ခေါက်ကတော့ ဝေါ်တကတ်နဲ့ ပျော်ပျက်မဲ့... ဝက် ချစ်သူများ အတွက်ပါ 🐷 ဝွန်း

မနက်ဖြန် ဝက်သားတုတ်ထိုး နဲ့ ဝက်နံရိုး မီးတောက်တွေကို ဝင်လာမဆဲ တသဲသဲ လက်ခံနေပါပြီရှင်

🐷 ဝက်သားတုတ်ထိုး အူစုံအသည်းစုံ အရသာရှယ်ကောင်း တစ်ပွဲကို ( 5000 ) စားလို့ ကောင်းတာတွေ အကုန်ပါတယ် အစုံပါတယ်

🐽 ဝက်နံရိုးမီးတောက် ချဥ်ငံစပ်ပြဲ.လေးက ( 5000)
စားကောင်းသောက်ကောင်းပြီး တစ်ဖန် ပြန်လည်ပြီး မီးတောက် လာပါလိမ့်မယ်

တန်ဖိုးမြင့်မား မြန်မာ့ငွေသားနဲ့လဲ ရှင်းလို့ရပါတယ်
ခဲရခက်စစ် ကေပေး အချစ်နဲ့လဲ မုန့်ဖိုးတွေ ပေးလို့ ရပါတယ်ရှင် 😁

Address

Lay Daung Kan 7 Street
Yangon
11071

Opening Hours

Monday 11:00 - 20:00
Tuesday 11:00 - 20:00
Wednesday 11:00 - 20:00
Thursday 11:00 - 20:00
Friday 11:00 - 20:00
Saturday 11:00 - 20:00
Sunday 11:00 - 20:00

Telephone

+959250136696

Website

Alerts

Be the first to know and let us send you an email when ဝိုက်မယ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category