19/08/2024
ဒီနေ့ကတော့ လက်ဖက်ရည် အိမ်မှာကိုယ်တိုင်လုပ်ပီး သောက်ချင်တဲ့သူတွေတွက် မင်းသားကြီးကဖေးမှ လက်ဖက်ရည်နှပ်နည်းလေး ရေးတင်ပေးလိုက်ပါတယ်။
လက်ဖက်ရည်နှပ်နည်း။
လိုအပ်သော ပစ်စည်းများ
-နို့ဆီ တစ်လုံး
-နို့စိမ်း တစ်လုံး
-လက်ဖက်ခြောက် နို့ဆီဘူး တစ်ဝက်ကျော်ကျော်
-ဆား လက်ဖက်စားဇွန်းတစ်ဝက်လျော့လျော့
-နွားနို့ အနည်းငယ်
ဦးစွာပထမ ရေကို လက်ဖက်ရည်ခွက် 20စာချိန်ပီးရေနွေးအိုးထဲ ထည့်ပါ။ လက်ဖက်ခြောက် နို့ဆီဘူးတစ်ဝက်ကျော်ကျော်ကို ရေနွေးပွက်ပွက်ဆူလာရင် ထည့်နှပ်လိုက်ပါ။ မိနစ်30 လောက်နှပ်ပီး လက်ဖက်ခြောက်နံ့ သင်းလာလျှင် အကျရည်ကိုရေစစ်ဖြင့်စစ်ထားပါ။
လက်ဖက်ရည်နှပ်မည့် ဒန်အိုး သို့ ဒန့်ချိုင့်ထဲသို့ ဦးစွာ နို့ဆီတစ်လုံး နို့စိမ်းတစ်လုံးဖောက်ထည့်ထားပါ။
စစ်ထားသော အကျရည်ကို လောင်းထည့်ပါ။ ဆားထည့်ပါ။ အစိမ့်ဓာတ်လေးပိုလိုချင်ရင် နွားနို့ကို လက်ဖက်ရည်ခွက် နှစ်ခွက်စာထပ်ထည့်ပါ။
ပီးရင် အားလုံးကို နှံ့စပ်သွားအောင် မွှေပါ။
ပုံမှန်လက်ဖက်ရည်ရပါပြီ။ထို့နောက် မီးအေးအေးနဲ့ လက်ဖက်ရည်ပေါင်းထားသော ဒန်ချိုင့်ကို မီးဖိုပေါတင်ပီး မိမိလိုအပ်သလို သောက်သုံးနိုင်ပါပီ။ ဤသည်မှာ ဆိုင်သောက်လက်ဖက်ရည် 17ခွက်စာရရှိမည်ဖြစ်ပါသည်။ နို့ဆီ နို့စိမ်းကို တံဆိပ် လက်ဖက်ခြောက် တံဆိပ်ပေါမူတည်ပီး အရသာကွဲပြားနိုင်ပါသည်။