YUMMY YUMMY

YUMMY YUMMY street food

Credit : Sanda Kuu Myanmar Plaza ကိစ္စက တော်‌တော် စက်ဆုပ်ဖို့ကောင်းပါတယ်Boycott ဆိုပြီး မသွားဘူးလုပ်နေကြတဲ့လူတွေကို "ခဏပ...
25/11/2021

Credit : Sanda Kuu
Myanmar Plaza ကိစ္စက တော်‌တော် စက်ဆုပ်ဖို့ကောင်းပါတယ်

Boycott ဆိုပြီး မသွားဘူးလုပ်နေကြတဲ့လူတွေကို "ခဏပါကွာ။ ပြီးရင်ပြန်လာမှာပါ" ဆိုပြီး သူတို့ Management က ခုချိန်လောက်ဆို ခနဲ့တဲ့တဲ့ပြောနေမယ်ဆိုတာ သတင်းစာတိုက်မှာလုပ်တုန်းက ဒီလိုကိစ္စနဲ့ပတ်သတ်ပြီး ခေါ် Deal ခံရဖူးတဲ့လူမလို့သိပါတယ်။

Center တစ်ခုလုံး နောက်နေ့ကစ ကျီးနဲ့ဖုတ်ဖုတ်ဖြစ်အောင်လုပ်ပြီး ကောက်ရိုးမီးမဟုတ်ကြောင်းကတော့ ပြရမှာပဲ။ ဒါကတစ်ပိုင်း။

ဒါပေမယ့် ရန်သူကို တိုက်ခိုက်မယ်ဆို ပျော့ကွက်ကို ရှာရတယ်မလား?

အဲ့တော့သူတို့ အထိနာမယ့်အချက်ကဘာလဲ?

ဆိုင်ခန်းငှားရမ်းခတွေ ရပ်တန့်သွားတာပါ။

ဆိုတော့ ဖွင့်ထားတဲ့ဆိုင်တွေ အကုန်ရပ်သွားအောင် အဲ့ဒီဆိုင်တွေကိုပါ "ကျွန်တော်/ကျွန်မတို့ Myanmar Plaza ဆိုင်ခွဲ Relocate လုပ်ပါပြီ" လို့စာမထုတ်မခြင်းရှိသမျှ ဆိုင်ခွဲအားလုံး ရှောင်ကြရအောင်။

လိုအပ်လို့လားဆို။ ဒီပွဲနိုင်‌ဖို့ ဒီလောက်တော့ Pressure ပေးဖို့လိုအပ်တယ်။ ဒီလိုမှမလုပ်ရင် "ငါမထိပြီးရော" ဆိုတဲ့ တခြား လူတွေနဲ့ Organization တွေလည်း လိုက်လုပ်လာပြီး မြို့ပြဆန္ဒပြပွဲတွေ ရပ်တန့်သွားတော့မယ်။ ဒါမရှိတော့ရင် "သွေးအေးသွားကြပါပြီ" ဆိုပြီး တကယ်စွန့်နေတဲ့လူတွေလည်း စိတ်ဓာတ်ကျလာမယ်။ ဆိုတော့ "လိုကိုလိုတယ်" !!!

ပုံက Myanmar Plaza မှာဖွင့်ထားတဲ့ဆိုင်‌တွေ List ပါ။ ကျန်ခဲ့တာတွေ Comment မှာ ထပ်ဖြည့်ပေးကြပါ။ ဒါက Category လိုက် ၀င်ကြည့်လို့ရတဲ့ Link ပါ https://www.myanmarplaza.com.mm/
စည်းလုံးကြရအောင် !

May Justice Prevail 💪

ညီကိုတို့ရေအများကြီးမပြောတော့ပါဘူး Onlineသုံးနေရင်အချိန်10မိနစ်လောက်နော့အားစိုက်ပေးပါနော်ညီက်ုတိူ့🙏🙏🙏ဒီအချိန်အလုပ်သင့်ဆု...
29/10/2021

ညီကိုတို့ရေအများကြီးမပြောတော့ပါဘူး
Onlineသုံးနေရင်အချိန်10မိနစ်လောက်နော့အားစိုက်ပေးပါနော်ညီက်ုတိူ့🙏🙏🙏
ဒီအချိန်အလုပ်သင့်ဆုံးက Funding အတွက် ပြည်ပက ဝင်တဲ့ ဝင်ငွေ (ဒေါ်လာ) ရှာနေတဲ့ လူငယ်တွေကို အင်တိုက်အားတိုက် အားပေးဖို့ပဲ။ တော်လှန်ရေးအောင်ဖို့ Funding လိုတယ်။ Funding ဟာ USD ဖြစ်လေ ကောင်းလေပဲ။ အဲဒီတော့ အိမ်မှာ လိပ်ပြာမလုံ ဖြစ်နေကြမဲ့အစား အောက်ကဟာလေးတွေ လုပ်ပါ။

(1) Click2donate ကိုသွားပါ။ Telegram ကို Join ပါ။ https://t.me/click2donate2 သူတို့ လုပ်ခိုင်းတာတွေ လုပ်ပေးပါ။ ကလစ်နှိပ်တာ၊ App ထဲဝင်တာ၊ Youtube ကြည့်တာ၊ ဝက်ဘ်ဆိုဒ်ကြည့်ပေးတာ။ သူတို့က နိုင်ငံခြားက ငွေမာတွေ ဝင်တာ ဖြစ်တဲ့အတွက် တော်လှန်ရေးအတွက် အရေးကြီးပါတယ်။

(2) THA DIN ဆိုတဲ့ App လေးလည်း ဒေါင်းပါ။ Android အတွက်ပဲ ရသေးတယ် ထင်ပါတယ်။ သတင်းလေးတွေ ဝင်ဖတ်၊ ရေဒီယိုလေး နားထောင်၊ ကြော်ငြာလေး ကြည့်ပေး။ စတာတွေလုပ်လို့ရပါတယ်။ သူတို့ Telegram က https://t.me/thadin မှာပါ။

Play Store Link >> www.tinyurl.com/thadin
APK Pure Link >> https://tinyurl.com/TDapkpure

(3) Support PRA ရဲ့ Telegram https://t.me/WeSupportPRA လည်း Join ပြီး ကလစ်ပုံမှန်နှိပ်ပေးလို့ရပါတယ်။ PRA က အင်အားတစ်ထောင်ကျော်နေပြီမို့ Funding တွေလည်း ပိုလိုအပ်နေတယ်လို့ သိရပါတယ်။

(4) Play2Donate ဒါလေးလည်း ပေါ်တာ မကြာသေးပါဘူး။ သူတို့ App လေးလည်း ဒေါင်းပြီး ကူညီပေးလိုက်ပါ။

Download Link 👇
Play Store Link >> https://play.google.com/store/apps/details...
MediaFire Link >> https://www.mediafire.com/.../Nway_Oo_Quiz_1.2.apk/file
ဘယ်လိုဆော့ရမလဲ?
https://www.facebook.com/play2donate/posts/101541422299671

အခြား Donate လုပ်နေတဲ့ လူငယ်တွေ လုပ်ထားတဲ့ ပေ့ချ်တွေလည်း ရှိပါသေးတယ်။ ကျွန်တော် မသိတာရှိရင်လည်း မန့်ထဲမှာ မန့်ပေးကြပါ။ ကိုယ်အဆင်ပြေတဲ့ဟာတွေကို Join ပြီး ပုံမှန်လေး ကလစ်ဝင်လုပ်ပေးကြပါ။ App တွေဆိုလည်း ဒေါင်းထားပြီး ပစ်ထားတာမျိုး မလုပ်ပါနဲ့။ နေ့တိုင်း ဝင်ကြည့်ပေးကြပါ။

📢 Yoh! Yoh!🚨Attention Pls🚨💜 ကျွန်​တော်တို့ရဲ့​​YUMMY YUMMY Street food shop လေးကဆိုရင်သိပ်မကြာခင်အချိန်အတွင်းမှာစတင်ရောင...
03/07/2021

📢 Yoh! Yoh!

🚨Attention Pls🚨

💜 ကျွန်​တော်တို့ရဲ့​​YUMMY YUMMY Street food shop လေးကဆိုရင်သိပ်မကြာခင်အချိန်အတွင်းမှာစတင်ရောင်းချသွားတော့မှာဖြစ်ပါတယ်

💜အကောင်းဆုံးအရသာနဲ့အကောင်းဆုံးဝန်ဆောင်မှုတွေပေးသွားမှာဖြစ်လို့ Page လေးကိုLike&Follow လုပ်ပေးသွားနော်😉

💜မင်မင်ချောချောလေးတွေကိုယ်တိုင်ချက်ရောင်းမှာဆိုတော့ တစ်ခါစားပြီးတာနဲ့တသက်မမေ့တဲ့အရသာကိုရမှာနော်😉အော်…ဒါနဲ့လက်ဆောင်လေးတွေလဲပေးသွားအုန်းမှာနော်🎁


Address

Yangon

Telephone

09693065415

Website

Alerts

Be the first to know and let us send you an email when YUMMY YUMMY posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to YUMMY YUMMY:

Share