Nova Keto House

Nova Keto House Eating keto is simple ���

Day 4 Lunch - cauliflower rice လေးလုပ်တယ်               သုံးထပ်သားပင်စိမ်းကြော်လေးစားတယ်Dinner - အရွက်ပြုတ်လေး အသားလုံးန...
29/04/2022

Day 4
Lunch - cauliflower rice လေးလုပ်တယ်
သုံးထပ်သားပင်စိမ်းကြော်လေးစားတယ်
Dinner - အရွက်ပြုတ်လေး အသားလုံးနဲ့

ဒါနဲ့လေ…. ဒီနေ့ထိ ၅ပေါင်ကျသွားပြီ… ၁၄၀ပေါင်ဖြစ်သွားပြီ 🥳🤩

Day 3 menu Lunch - သီစုံးဘဲဥ ချဉ်ဟင်းDinner - ဝက်သုံးထပ်သားကင်+ခရမ်းသီးထောင်း                + ဆလပ်ရွက်Sanck အနေနဲ့ မနေန...
28/04/2022

Day 3 menu

Lunch - သီစုံးဘဲဥ ချဉ်ဟင်း
Dinner - ဝက်သုံးထပ်သားကင်+ခရမ်းသီးထောင်း
+ ဆလပ်ရွက်

Sanck အနေနဲ့ မနေနိုင်လွန်းလို့ ပူလွန်းလို့
Coke Zero သောက်လိုက်ပါတယ်😋

မနေ့က online မရတာနဲ့ post မတင်လိုက်ရဘူးMenu တွေ ဘယ်လို ကြိုဆွဲဆွဲ  စားခါနီး တခြား တွေချက်တာ ကျွန်မ ပါ😁Day 2 26/4/2022 Lu...
27/04/2022

မနေ့က online မရတာနဲ့ post မတင်လိုက်ရဘူး

Menu တွေ ဘယ်လို ကြိုဆွဲဆွဲ စားခါနီး တခြား တွေချက်တာ ကျွန်မ ပါ😁

Day 2 26/4/2022
Lunch - ဝက်ရိုး အရွက်ပြုတ် ဟင်းရည်
- ဆေးဘဲဥသုပ်
Snack - ထောပတ်သီး အသေးလေး ၁ လုံး
ဖျော်သောက်တယ်
Dinner - ကြက်တောင်ပံ ပေါင်း ချဉ်စပ်

ဒီနေ့တွက်ကတော့ဒါပဲ…
အရမ်းလည်းမစားချင်တော့ဘူး
Keto flu လည်းစပြီဆိုတော့ ချွေးတွေတအားထွက်ပြီး အားနည်းသလိုလို မူးသလိုလို ခြေထောက်တွေကိုက်လာပြီ… ကဲ ၂-၃ ရက်လောက် သီးခံ ပြီးရင် အေးဆးပဲ
Fighting ပါ

25/4/2022 keto dinner လေး ပုဇွန်သခွါးသီး ထောင်းဝက်သုံးထပ်သားကင်စတော်ဘယ်ရီ ဖျော်ရည် ( စတော်ဘယ်ရီ နဲ့ ရေခဲနဲ့)
25/04/2022

25/4/2022 keto dinner လေး
ပုဇွန်သခွါးသီး ထောင်း
ဝက်သုံးထပ်သားကင်
စတော်ဘယ်ရီ ဖျော်ရည် ( စတော်ဘယ်ရီ နဲ့ ရေခဲနဲ့)

25/04/2022

ဪ ဒါနဲ့ ပြောဖို့မေ့နေတာ…
ပထမခေါက် ကီတိုစားတုန်းက 155lb ကနေ စချတာ 139lb ဖြစ်သွားပါတယ်…🥳
၁၁ လ လောက် မညှာမတာ စားလိုက်တာ 145lb ထိ ပြန်တက်လာတယ်
ခု starting weight ကတော့ 145lb ပါ
Let’s see next…. 🤩

ကိုယ့်ရဲ ဒုတိယ ကြိမ်မြောက် ကီတိုစားခြင်းရဲ့ ပထမဆုံးတနပ်ပါဆီ - ကြက်ရေခွံကထုတ်ထားတဲ့ဆီဆား - ပန်းရောင်ဆားအရွက်မှုန့် - ဝေ့ခ...
25/04/2022

ကိုယ့်ရဲ ဒုတိယ ကြိမ်မြောက် ကီတိုစားခြင်းရဲ့ ပထမဆုံးတနပ်ပါ
ဆီ - ကြက်ရေခွံကထုတ်ထားတဲ့ဆီ
ဆား - ပန်းရောင်ဆား
အရွက်မှုန့် - ဝေ့ချွမ်

ကြက်တောင်ပံကြော် - ၁၅၀၀
မုန်ညင်းဂျပန်တိုဖူးကြော် - ၆၀၀
ကြက်ဥကြော် - ၅၄၀
ဝက်ရိုး မုန်ညင်းဟင်းရည် - ၄၀၀

စုစုပေါင်း - ၃၀၄၀ ကျပ်

By the way
အမျိုးသား နဲ့ ၂ ယောက်စားတာပါ
သူကတော့ ကီတို မစားတော့ ထမင်း နဲ့ ကြက်ပင်စိမ်းကြော် တပွဲ စားပါတယ် ကီတိုဟင်း တွေကိုလည်း အကုန်လိုက်စားပါတယ် 😂
ဆိုတော့ ကီတိုစားတာစျေးကြီးတယ်လို့ ပြောမရတော့ဘူးနော်… ကိုယ်တိုင် ချက်စားရင်…

Menu plan ဘယ်လိုဆွဲဆွဲ စားချင်တာလေးတွေ ဝယ်လို့ရတာလေးတွေနဲ့ ချက်ရတော့ ဘာတွေ ထပ်ချက်မလဲ ကိုယ့်ကိုယ်တောင် ရင်ခုန် ဟိဟိ 😁

Keto စားဖို့ ready လုပ်ထားတာတွေပါ…. Makro မှာပဲ အကုန်ဝယ်ခဲ့လိုက်တယ် အရွက်တွေကိုတော့ လတ်လတ်ဆတ်ဆတ် စားချင်လို့ ကြုံတဲ့ စျေ...
25/04/2022

Keto စားဖို့ ready လုပ်ထားတာတွေပါ…. Makro မှာပဲ အကုန်ဝယ်ခဲ့လိုက်တယ် အရွက်တွေကိုတော့ လတ်လတ်ဆတ်ဆတ် စားချင်လို့ ကြုံတဲ့ စျေးမှာပဲဝယ်တော့မယ်… menu plan တွေ ချထားပေမဲ့ ဟင်းချက်ရမဲ့ နေရာ ပါဝင်ပစ္စည်းတွေကြောင့် အပြောင်းအလဲလုပ်နိုင်ပါတယ်နော် 😁
ဘာတွေပြင်ဆင်ထားလဲကြည့်ရအောင်
ပုံလေးတွေမှာ caption ရေးထားတယ်နော်

အားလုံးပဲ မင်္ဂလာပါ….ဒီနေ့မှာတော့ Keto စားဖို့ ဘာတွေကို ပြင်ဆင် ၀ယ်ခြမ်းထားရမလဲဆိုတာ ပြောပြသွားပါမယ်တကယ် အကောင်းဆုံးကတော...
22/04/2022

အားလုံးပဲ မင်္ဂလာပါ….ဒီနေ့မှာတော့ Keto စားဖို့ ဘာတွေကို ပြင်ဆင် ၀ယ်ခြမ်းထားရမလဲဆိုတာ ပြောပြသွားပါမယ်
တကယ် အကောင်းဆုံးကတော့ တပတ်စာ ကိုယ်စားမဲ့ မီနူး ကို ဆွဲထားပြီး ၀ယ်ရင်တော့ အချိန်ကုန် လူသက်သာတဲ့ အပြင် အလေအလွင့်နည်းသွားပါတယ်
Keto စားပြီး ၅ ရက်မြှောက်လောက်ဆိုရင် Ketosis ဆိုတဲ့ အနေအထားရောက်သွားပြီး အစားစားချင်စိတ် သိပ်မဖြစ် သိပ်မတောင့်တ တော့ပါဘူး စားချင်စိတ် ဖြစ်အောင်တောင် မနည်းလုပ်ယူရတယ်
ဆိုတော့ စားဖြစ်ရင်ပြီးတာပဲ ဆိုပြီး ဖြစ်သွားရော
အဲ့လိုအခါကျရင် သိပ်စဉ်းစား စရာမလိုအောင် အချိန်ကုန်သက်သာအောင် Menu ဆွဲထားတာကတော့ အကောင်းဆုံးပါ
Nova ကတော့ ဒီတပတ်အတွက် Menuဆွဲပြီးပြီ
တူတူလိုက်စားလို့ရတယ်နော်
Menuတွေတော့ ပုံလေးတွေမှာ ကြည့်ပေးနော်

မနက်ဖြန်စျေးသွားမယ်…၀ယ်စရာရှိတာ၀ယ်ပြီး တပတ်စာပြင်ဆင်ထားရအောင်နော်….
သဘက်ခါ စစားတော့မယ်ဆိုတော့ Nova က တော့ 24hrs fasting လုပ်မှာပါနော်
နောက် ၃-၄ ရက်ဆိုရင် အစားသောင်းကျန်းထားတဲ့ ကာဗိုတွေ ဆိုဒီယမ် တွေ ကျတော့မှာမို့ ရင်ခုန် ချင်ပေမဲ့လည်း Keto flu ကိုတော့ နည်းနည်းလန့်မိသေးတယ်….
သြော် ဒါနဲ့ အခြားလိုအပ်မဲ့အရာတွေကို Shopping List ထဲ ရေးထည့်ထားပေးတယ်

ခုပဲ keto ဝင်တော့မယ်ဆိုပြီး post တင်ပြီးပြီချင်းပဲ အတွေးလေးတခုဝင်လာတယ်… သူငယ်ချင်းတွေ အသိတွေကို keto diet နဲ့ ဝိတ်ချဖို့...
21/04/2022

ခုပဲ keto ဝင်တော့မယ်ဆိုပြီး post တင်ပြီးပြီချင်းပဲ အတွေးလေးတခုဝင်လာတယ်…
သူငယ်ချင်းတွေ အသိတွေကို keto diet နဲ့ ဝိတ်ချဖို့ ကျန်းမာရေးအရ စားဖို့ပြောတဲ့ အခါမှာ သူတို့တော်တော်များများ က စားဖို့ကိုငြင်းကြတယ် ဒါတောင် ကိုယ်က သူတို့ရှေ့မှာတင် ၂၅ ပေါင်ကို တလ နည်းပါးပဲ စားခဲ့တာ… တကယ်ကျတာလည်းသိပေမဲ့ လိုက်မလုပ်နိုင်တဲ့ သူတို့ရဲ့ အကြောင်းပြချက်ကတော့
🔹keto စားရင် ဝယ်ရမဲ့ပစ္စည်းတွေက စျေးကြီးတယ်
🔹keto စားရင် western food လို cheese တွေ စားရမှာ အီတယ်
🔹စားနေကျ ဟင်းတွေ အစားအသောက်တွေ မစားရတော့ဘူး
🔹စားပွဲတွေသွားရင် သူများတွေလို တစွတ်စွတ် မစားရ မသောက်ရဘူး
🔹ကိုယ်တိုင်ချက်ရမှာပျင်းတယ်
🔹အိမ်ကလူတွေ အတွက်ရော ကိုယ့်အတွက်ရော ချက်လို့မရမှာစိုးတာ
စတဲ့ ပြသနာတွေပါပဲ….
ဆိုတော့ကာ Nova က ဒီပြသနာတွေကို ဖြေရှင်းနိုင်မဲ့နည်းလမ်း စဉ်းစားမိတယ်
အရင်ကတော့ ကိုယ်လည်း သူများတွေလို olive oil ဝယ် cheese ဝယ် cream cheese တွေ salmon တွေ ဝယ် နဲ့ ဝိတ်ကျတာနဲ့ တန်အောင် ကုန်ခဲ့ ဖူးပါတယ်😜
ဒီတခါတော့ Nova က budget ပဲခေါ်ခေါ် low cost ပဲပြောပြော စျေးအသက်သာဆုံးနဲ့ keto diet စားမယ် လို့စိတ်ကူးတယ်
ဘယ်ဘာတွေ ဘယ်လို ကိုယ်စားနေကျ ပုံစံ နဲ့ အတူဆုံး ချက်စားမလဲ ဆိုတာတွေကိုလည်း မျှဝေပေးချင်တယ် အများထင်သလို keto diet က western food ပဲ အဆင်ပြေတာမဟုတ်ဘဲ ကိုယ်တွေ မြန်မာလူမျိုးအကြိုက်လည်း စားချင်တာ စားရပြီး ဝိတ်ချလို့ရပါတယ်နော်…မနက်ဖြန်ကစလို့ shopping list တွေ keto tips တွေ menu တွေ လာမယ်နော် တူတူ keto diet ဝင်ပြီး စားကြမယ်ဆိုရင် comment မှာ ပြောခဲ့နော်..,

ပုံလေးကတော့ ရှမ်းခေါက်ဆွဲ ကို ခေါက်ဆွဲဖတ်မပါ အရွက်တွေနဲ့ စားတာ.. တနပ်စာကွက်တိပဲ 😋

21/04/2022

Nova တလလုံး နေမကောင်း ဖြစ်နေတာရယ် အပျင်းတစ်နေတာရယ် တခြားလုပ်စရာတွေနဲ့မို့ page မှာ active မဖြစ်ဘူးဖြစ်နေတာ.. ခုတော့ နေလည်းကောင်းပြီ… အားလည်းရှိပြီ ကိုဗစ် ကြောင့် စားထားတာတွေလည်း မနည်းဘူးလေ.. အချိန်ခါမဟုတ် ဗိုက်ထထဆာတတ်တဲ့ အကျင့်ကလေး ကို လည်း ဖျောက်ရင်း keto ပြန်ဝင်တော့မယ်…

ဆိုတော့ ဒီနေ့မှာ ကီတိုတော့မယ် လို့ စဉ်းစားရင် ဘာတွေကို အရင်လုပ်ရမလဲ ပြောပြမယ်နော်…
ကီတိုမှာက carbohydrate ကစီဓါတ် ထမင်း၊ဂျုံ၊ ခေါက်ဆွဲ၊ ပါမုန့် ၊ ဆန်ဖွယ်၊ဆန်စီး နန်းကြီးနန်းပြား အိုရ်… ဒါတွေ ဘာမှ စားမရဘူးလေနော့… တော်တော်များများက ငါကီတိုရင် ဒါတွေစားလို့မရတော့ဘူး ခု များများစားထားမှ ဆိုပြီး ပုံမှန်ထက် ပိုပြီးတောင် စားချလိုက်သေးတာ.. အာ့မျိုးလုပ်ရင် ဒီ body ကြီးကလေ အကျင့်တွေပါပြီး ဒါတွေချည်းစားချင်တာ… တောင့်တတာ…. စိတ်ကလည်း ဖြတ်မရဆိုရင်တော့ဖြင့် ဆွဲ ပြီးရင်းစွဲ ဝတုတ်သံသရာ မရပ်နိုင် ဖြစ်တော့မှာပေါ့လို့..

ကီတိုတော့မယ် ဆိုရင် ၁ပတ်လောက်တွင်းမှာကိုယ့် စိတ်လေး ကိုအရင် cool down လုပ်ပေးပါ….ဒါတွေကိုကြိုက်တယ် မစားလည်းနေနိုင်ပါတယ်ပေါ့… တော်တော်ကြီးစားချင်မှ ပုံမှန်စားနေတာထက် လျော့ပြီး ခပ်ချေချေ စားလိုက်ပါ… ပြောချင်တာက တကယ်ဖြတ်ရမဲ့ ကစီဓါတ်နဲ့ သကြားဓါတ်ကို နည်းနည်းစီ လျော့စေချင်တာပါ…
အဲ့ဒါမှ စိတ်က အရမ်း panic မဖြစ်ပဲ အေးဆေးလေး ပြောင်းလဲ နိုင်မှာပါ.. မဟုတ်ရင် ငါစားနေကျ တွေ ဘယ်ရောက်သွားပြီလဲ စားချင်တယ် စားချင်တယ် ဆိုပြီး အရမ်းတွေ ဂျီကျမှာလေ… body ကလည်း ရုတ်တရက် ပြောင်းလဲလိုက်တဲ့ စားသောက်မှုပုံစံ သစ်ကို လက်ခံ နိုင်မှာပါ…ခန္ဓာကိုယ်ဖြစ်စဉ် နဲ့ လုပ်ငန်းစဉ် ကိုလည်း ဖြေးဖြေးချင်း ပြောင်းရာရောက်တော့ အသည်း ကိုသိပ်မထိခိုက်ဘူးလေနော်…
( အဲ့အကြောင်း နောက်ပိုစ့်တွေမှာ ပြောပြမယ်)

Nova ကတော့ ကီတ်ိုမယ်ဆိုရင်တော့ ၁ ပတ်လောက် အဲ့လိုစားတယ် မစခင် တရက်ကိုတော့ 24 hrs fasting နဲ့စတယ်… 24 hrs fasting လည်းout ရော ကိုယ်က အရမ်းစားချင်နေပြီလေ… အဲ့ချိန်မှာ keto ဝင် မဲ့ အစားအစာ အရသာရှိရှိလေးစားပြီး ပျော်နေရော🤩
ကဲကဲ… ဒီပိုစ့် တော့ ဒီလောက်နဲ့ ရပ်လိုက်တော့မယ်… နောက်နေ့ ဘာတွေ ပြင်ဆင်ထားသင့်လဲ နဲ့ shopping list လေး ဆက်လာပါမယ်နော်…
Keep in touch 😍

15/12/2021

Keto diet ကို သစ္စာရှိရှိ စားလာလိုက်တာ တချို့ဆို စားရင်းစားရင်း နဲ့ ဝိတ်က စစချင်းစားသလို တဝုန်းဝုန်း မကျတော့ဘူး…
အဲ့လိုဖြစ်လာပြီဆို Nova မိတ်ဆက်ပေးချင်တာက IF (intermittent fasting) နဲ့ပါ
လူတယောက် ရဲ့ စားနေခြင်း မစားနေခြင်း ဆိုတာကို ရောထွေးမနေပဲ
စားတဲ့ အချိန်ကို တိတိကျကျ သတ်မှတ်
မစားတဲ့ အချိန် ဆိုတာကိုလည်း တိတိကျကျ သတ်မှတ်လိုက်တာပါ…
IF မှာ အမျိုးမျိူးကိုရှိတာပါ အဲ့ထဲက လူသိများတာကတော့
16:8 (8hrs စားပြီး 16hrs မစားပဲ နေနေတာပါ)
18:6 (6hrs စားပြီး 18hrs မစားပဲ နေနေတာပါ)
20:4 , 23:1 OMAD( one meal a day) ဆိုပြီးတော့ပါ….
Keto စားရင်း လူက ဘာမှ မစားချင်တော့တာ ဗိုက်မဆာတော့တာ(မစားပေမဲ့ လုပ်နိုင် ကိုင်နိုင် အားရှိနေတာနော် ကီတိုက )
ဆိုရင် Nova ကတော့ fasting လုပ်လိုက်တာပဲ
ဟုတ်တယ်လေ ချက်ရတာလည်း သက်သာတယ် ဝိတ်လည်းကျ ရေလည်း အများကြီး သောက်ဖြစ်တယ်….

ဆိုတော့ကာ keto ဝင်ရင်း ဝိတ်တန့်နေပြီ ဆိုရင်တော့လေ ကိုယ် နဲ့ အဆင်ပြေမဲ့ fasting လေး ဝင်လိုက်ပါနော်🥰

Fasting မှာ ဘာတွေ စားသောက်လို့ရလဲ ဆိုတော့
- water
-black coffee
-green tea
ဒါပဲရပါတယ်နော် ဟင်းရည် တွေ စွပ်ပြုတ်တွေမရပါဘူးနော် 🥰
ဘယ်လိုနေနေ listen to your body နော်


 မနေ့က ကြက်အရေခွံကြော် post လေးတင်တော့ ဝိတ်လျော့ ပါတယ်ဆို အကြော်အလှော်တွေ ဆီကြော်တွေ စားလို့ရလို့လား ဆိုတဲ့ မေးခွန်းတွေ ...
03/12/2021


မနေ့က ကြက်အရေခွံကြော် post လေးတင်တော့
ဝိတ်လျော့ ပါတယ်ဆို အကြော်အလှော်တွေ ဆီကြော်တွေ စားလို့ရလို့လား ဆိုတဲ့ မေးခွန်းတွေ မေးချင်မှာပဲ..
အဖြေကတော့…
ရပါတယ်ရှင် … ဘာစားစားပါရှင့် ကစီ နဲ့ သကြားမပါရင်ကို ရပါပြီနော်👌
ဝက်ဆီဖတ်ကြော် ကြက်ကြော် ဝက်ခေါက်ကြော် အကုန်ရပါတယ်….
😯ဘာကိုမှတော့အလွန်အကျွံ မစားသင့်ပါဘူးနော်
စားလည်း မစားနိုင်ပါဘူး….
Ketosis ဖြစ်ပြီ ဆိုတာနဲ့ကို အစာကို မဝင် ဝင်အောင် စားရတာပါ… မစားချင်မဲ့ တူတူ nova ကတော့ စားချိန်ကို သတ်မှတ်ပြီး fasting လုပ်လိုက်တော့တာပဲ…
😶fasting ဆိုတာက အစာကို အချိန် အတိုင်း အတာ တခုထိ ဖြတ်လိုက်ပြီး အစာအိမ် နဲ့
ကိုယ့်ခန္ဓာကိုယ်ကို သူ့ဘာသူ အလုပ်လုပ်ခွင့်ပေးလိုက်တာပါပဲ… မဟုတ်ရင် ခန္ဓာကိုယ်က သူ့အလုပ် သူလုပ်ခွင့်မရပါဘူး… ဘာမှတောင် မကြာသေး စားပြန်ပြီ ခနနေ စားပြန်ပြီ ဆိုတော့ body မှာရှိနေတဲ့ energy က ဘယ်နေရာမှ မသုံးရသေး စားလိုက်တဲ့ အစာတွေ သွားသွားချေ နေရတာနဲ့ပဲ အချိန်ကုန်နေတော့တာ
အစာချေ စနစ်ကြီးက body ရဲ့ energy ကို အများဆုံးအသုံးပြုတဲ့ ထဲပါတယ်နော်…😯
အဲ့တော့ fasting လေးလုပ် မစားတဲ့ချိန်တွေဆို body က သူလုပ်စရာ အလုပ်တွေ လုပ်နိုင်တယ် energy ပိုထွက် လာတယ်
အစားစားချိန် ဖြတ် လိုက်တယ် ဆိုတာ ၁-၂ နာရီ ကို မဆိုလိုဘူးနော်
Fasting မှာ အမျိုးမျိုးကိုရှိတာနော်
အပေါ့ပါးဆုံးကတော့
16:8 လို့ခေါ်တဲ့ ၁၆ နာရီ အစာမစားပဲ 8 နာရီ အတွင်း စားတာပါပဲ
ဥပမာ - မနက် ၉ ကနေစစားပြီး ညနေ၅ နောက်ပိုင်း ဘာမှ မစားတော့ပဲ နောက် နေ့ မနက် ၉ နာရီ မှ စားသလိုပေါ့
ဒါမှမဟုတ် ဥပုသ် စောင့်သလို မနက်အစော အာရုံတက် မှာ ၄-၅ နာရီကြား မနက်စာစားပြီး နေ့လည် ၁၂ နောက်ပိုင်း မစားတော့သလိုပေါ့

18:6 , 20:4, 23:1 or 36hrs fasting ဆိုပြီး ကိုယ်နဲ့ အဆင်ပြေသလို စားနိုင်ပါတယ်
Keto မှာ fasting နဲ့တွဲရင် အစားစားတာ လည်း စည်းကမ်းနဲ့ဖြစ်ပြီး ဝိတ်ကျတာပိုမြန်ပါတယ်လိုစ့်

❣️Anyway don’t forget to listen to your body နော်❣️

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Nova Keto House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share