SavoryBurma

SavoryBurma Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SavoryBurma, Food Delivery Service, 147, Lay Htee Street, Hmawbi Township, Yangon.

SavoryBurma အသင့်စား စားသောက်ကုန်
Hmawbi, Yangon
09420224005, 09962024005

ရန်ကုန်မြို့တွင်း၊ မန္တလေးမြို့တွင်း၊ နေပြည်တော်၊ စစ်ကိုင်း၊ ပြင်ဦးလွင်၊ ကျောက်ဆည် အိမ်အရောက်ငွေချေ မှာယူနိုင်ပါတယ်။

Delivery on Monday, Wednesday & Friday

လှူချင်တဲ့စိတ်ရှိပေမယ့် အလှူခံပုဂ္ဂိုလ်မရှိတာမျိုး၊ အလှူခံပုဂ္ဂိုလ်ရှိပေမယ့် ကိုယ့်မှာ လှူဖွယ်ပစ္စည်းမရှိတာမျိုးတွေ ကြုံ...
13/09/2026

လှူချင်တဲ့စိတ်ရှိပေမယ့် အလှူခံပုဂ္ဂိုလ်မရှိတာမျိုး၊ အလှူခံပုဂ္ဂိုလ်ရှိပေမယ့် ကိုယ့်မှာ လှူဖွယ်ပစ္စည်းမရှိတာမျိုးတွေ ကြုံဖူးကြမှာပါ။

လှူဖွယ်ဝတ္ထုနဲ့ အလှူခံပုဂ္ဂိုလ် အချိန်အခါကိုက် ဆုံတွေ့ခွင့်ရဖို့ဆိုတာ တကယ်ကို ကြုံတောင့်ကြုံခဲ အခွင့်အရေးပါ။

ဒါကြောင့် ဒီလို အချိန်အခါကောင်းလေးတွေ တိုက်ဆိုင်ခဲ့ပြီဆိုရင်တော့ …

ကိုယ့်စိတ်တိုင်းကျ၊ ကိုယ့်လက်ကိုယ့်ခြေနဲ့ မဆိုင်းမတွ လှူဖြစ်အောင် လှူလိုက်ပါ …

မနက်ဖြန်ဆိုတာ မသေချာပါဘူး ❤️

13 September 2026

13/09/2026

လှူချင်တဲ့စိတ်ရှိပေမယ့် အလှူခံပုဂ္ဂိုလ်မရှိတာမျိုး၊ အလှူခံပုဂ္ဂိုလ်ရှိပေမယ့် ကိုယ့်မှာ လှူဖွယ်ပစ္စည်းမရှိတာမျိုးတွေ ကြုံဖူးကြမှာပါ။

လှူဖွယ်ဝတ္ထုနဲ့ အလှူခံပုဂ္ဂိုလ် အချိန်အခါကိုက် ဆုံတွေ့ခွင့်ရဖို့ဆိုတာ တကယ်ကို ကြုံတောင့်ကြုံခဲ အခွင့်အရေးပါ။

ဒါကြောင့် ဒီလို အချိန်အခါကောင်းလေးတွေ တိုက်ဆိုင်ခဲ့ပြီဆိုရင်တော့ …

ကိုယ့်စိတ်တိုင်းကျ၊ ကိုယ့်လက်ကိုယ့်ခြေနဲ့ မဆိုင်းမတွ လှူဖြစ်အောင် လှူလိုက်ပါ …

မနက်ဖြန်ဆိုတာ မသေချာပါဘူး ❤️

13 September 2026

🙏🏻🙏🏻🙏🏻🙏🏻🙏🏻

ကတ်သပေါင်း အစိမ်း အရိုးလွတ် အသားသီးသန့်လေးကို ခရမ်းချဉ်သီးလေးနဲ့ ချက်ပြီး၊ ဟင်းရည်သောက်လေး တစ်မျိုးမျိုးနဲ့ တွဲစားရင် အရ...
12/09/2026

ကတ်သပေါင်း အစိမ်း အရိုးလွတ် အသားသီးသန့်လေးကို ခရမ်းချဉ်သီးလေးနဲ့ ချက်ပြီး၊ ဟင်းရည်သောက်လေး တစ်မျိုးမျိုးနဲ့ တွဲစားရင် အရမ်းကောင်းတယ်နော်။

ကတ်သပေါင်း အစိမ်း အရိုးလွတ် ၁ ပိသာ 90,000 ကျပ်

ကတ်သပေါင်းမီးကင် ၁ ပိသာ 160,000 ကျပ်

ငါးရံ့ခြောက်မီးကင် ၁ ပိသာ 300,000 ကျပ်

ကတ်သပေါင်းငါးခြောက်ထောင်းကြော် အချို/ အစပ် ၁ ပိသာ 80,000 ကျပ်

ငါးနီတူခြောက်ကြော် ၁ ပိသာ 80,000 ကျပ်

အာပြဲခြောက်ကြော် ၁ ပိသာ 80,000 ကျပ်

Monday အတွက် အော်ဒါလေးတွေမှာမယ်ဆိုရင် ရပါသေးတယ်နော် ...

အော်ဒါကြိုကောက်ပြီးမှ ပို့ပေးတာဖြစ်လို့ လတ်လတ်ဆတ်ဆတ်လေးသုံးဆောင်ချင်တဲ့ ကာကာတွေအတွက် ကွက်တိပဲ

မီးသွေးမီးကင် ကတ်သပေါင်းခြောက်၊ ငါးရံ့ခြောက်၊ ကတ်သပေါင်းငါးခြောက်ထောင်း၊ ငါးနီတူခြောက်ကြော်၊ အာပြဲခြောက်ကြော် လေးတွေကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တွေတိုင်း ပုံမှန်ပို့ဆောင်ပေးပါတယ်။

ရန်ကုန်မြို့တွင်ဆို အော်ဒါမှာပြီး ၂ ရက်အတွင်းရောက်ပါမယ်။ မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်း၊ ပြင်ဦးလွင်၊ ကျောက်ဆည်မြို့ ၃/၅ ရက်အတွင်းရောက်ပါမယ်ခင်ဗျာ။

#ကတ်သပေါင်းခြောက် #ငါးရံ့ခြောက် #ဆီသန့်အကြော်အလှော် #ရန်ကုန် #အိမ်ရောက်ငွေချေ #စားသောက်ကုန် #အသင့်စား

12/09/2026

“အဒေါ်ရေ… သော့လေး ခဏအပ်ထားမယ်နော်” 🔑
ဒီစကားလေးကို အရင်တုန်းက ဘေးအိမ်ကို ပြောဖူးတဲ့သူတွေ ရှိကြမှာပါ

တစ်အိမ်လုံး ဘုရားသွားမယ်၊ ဈေးသွားမယ်၊ အလည်သွားမယ်ဆိုရင် အိမ်တံခါးကို သော့ခတ်ပြီး ထွက်လာကြတယ်

ဒါပေမယ့် သော့ကို ကိုယ်နဲ့အတူ ယူသွားတာချည်းပဲ မဟုတ်ဘူး

“အဒေါ်ရေ… သော့လေး ခဏအပ်ထားမယ်နော်”
ဆိုပြီး ဘေးအိမ်က အဒေါ်ဆီ ဝင်ပေးထားခဲ့တာမျိုး ရှိတယ်

တစ်ခါတလေ အိမ်ကလူတစ်ယောက်က ကိုယ့်ထက်စောပြီး ပြန်လာနိုင်တယ်
ကလေးတွေ ကျောင်းကပြန်လာနိုင်တယ်
အဖေက အလုပ်ကစောပြန်လာနိုင်တယ်

အဲ့ဒီအခါ ကိုယ့်အိမ်ရှေ့ရောက်ပြီး တံခါးပိတ်နေတာတွေ့ရင် ဘာမှမထူးဆန်းဘူး

လွယ်အိတ်လေးချပြီး ဘေးအိမ်ကိုဝင်....
“အန်တီ… အမေတို့ သော့အပ်ထားခဲ့လား”
လို့ သွားတောင်းလိုက်ရုံပဲ 😆

တချို့အိမ်တွေဆို ဘယ်သူ့အိမ်သော့ ဘယ်မှာထားတယ်ဆိုတာတောင် ဘေးအိမ်ကလူက သိပြီးသား

“ဟို စင်ပေါ်မှာရှိတယ်၊ ယူသွား”
ဆိုပြီး ကိုယ့်အိမ်သားတစ်ယောက်လို ပြောလိုက်တာပဲ

တစ်ခါတလေ ကိုယ်ပြန်မရောက်ခင် မိုးရွာလာရင်လည်း....
“သူတို့အိမ်ရှေ့က အဝတ်တွေ မရုတ်ရသေးဘူးထင်တယ်”
ဆိုပြီး အဝတ်ရုတ်ပေးထားတဲ့ ဘေးအိမ်ရှိတယ်

အိမ်ကို ပစ္စည်းတစ်ခုခု လာပို့ထားရင်လည်း ဘေးအိမ်က လက်ခံထားပေးတတ်တယ်

ဟိုအရင်က “ဘေးအိမ်” ဆိုတာ ကိုယ့်အိမ်ဘေးမှာရှိတဲ့ အိမ်တစ်အိမ်တင် မဟုတ်ခဲ့ဘူး

ကိုယ်မရှိတဲ့အချိန် ကိုယ့်အိမ်ကို လှမ်းကြည့်ပေးမယ့်သူ၊
ကိုယ့်ကလေး ကျောင်းကပြန်လာရင် သော့ထုတ်ပေးမယ့်သူ၊
လိုအပ်ရင် တံခါးလှမ်းခေါက်ပြီး အကူအညီတောင်းလို့ရတဲ့သူ ဖြစ်ခဲ့တယ်

အခုခေတ်မှာတော့ အိမ်သော့တစ်ချောင်းကို တခြားလူတစ်ယောက်ဆီ ဒီလောက်လွယ်လွယ် အပ်ထားခဲ့ဖို့ဆိုတာ စဉ်းစားစရာတောင် ဖြစ်လာပြီ

ဟိုအရင်ကတော့....

ကိုယ့်အိမ်တံခါးကို ဖွင့်နိုင်တဲ့သော့တစ်ချောင်းကို ဘေးအိမ်မှာ စိတ်ချလက်ချ အပ်ထားနိုင်လောက်အောင် လူတွေအချင်းချင်း နီးခဲ့ကြတယ် 🤍

Reviews ကောင်းလေးတွေအမြဲရရှိနေတဲ့ ကတ်သပေါင်းခြောက်လေး Reviews လေးတွေကိုလည်း အချိန်ပေးရေးပေး၊ လာပြောပေးတဲ့အတွက်လည်း ကျေးဇ...
11/09/2026

Reviews ကောင်းလေးတွေအမြဲရရှိနေတဲ့ ကတ်သပေါင်းခြောက်လေး

Reviews လေးတွေကိုလည်း အချိန်ပေးရေးပေး၊ လာပြောပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ် ..

#ကတ်သပေါင်းမီးကင်

သောကြာနေ့အတွက် အော်ဒါလေးတွေပိတ်ချိန်နီးနေပါပြီနော် မီးသွေးမီးကင် ကတ်သပေါင်းခြောက်၊ ငါးရံ့ခြောက် နဲ့ ဆီသန့်အကြော်အလှော်လေ...
10/09/2026

သောကြာနေ့အတွက် အော်ဒါလေးတွေပိတ်ချိန်နီးနေပါပြီနော်

မီးသွေးမီးကင် ကတ်သပေါင်းခြောက်၊ ငါးရံ့ခြောက် နဲ့ ဆီသန့်အကြော်အလှော်လေးတွေမှာချင်တယ်ဆို အချိန်မှီလေး အော်ဒါတင်ထားပါအုံးခင်ဗျာ။

နောက်ထပ် အော်ဒါလေးကတော့ တနင်္လာ/ အင်္ဂါ Deli လေးနဲ့ ရပါမယ်ခင်ဗျာ။

#ကတ်သပေါင်းခြောက်မီးကင် #ငါးရံ့ခြောက်မီးကင် #ဆီသန့်အကြော်အလှော် #ရန်ကုန်

သောကြာနေ့အတွက်ဆိုပြီး ကတ်သပေါင်းမီးကင် ဆီမစိမ် ၁ ပိသာ (၁၀ သား ၁၀ ဘူး) အော်ဒါလေးပါ 😍😍သောကြာနေ့အော်ဒါလေးတွေက မကြာခင်ပြည့်တ...
09/09/2026

သောကြာနေ့အတွက်ဆိုပြီး ကတ်သပေါင်းမီးကင် ဆီမစိမ် ၁ ပိသာ (၁၀ သား ၁၀ ဘူး) အော်ဒါလေးပါ 😍😍

သောကြာနေ့အော်ဒါလေးတွေက မကြာခင်ပြည့်တော့မှာမို့ အမှီလေးရချင်တယ်ဆို မြန်မြန်လေး လာလိုက်တော့နော်

သောကြာမမှီရင် တနင်္လာနေ့အော်ဒါလေးနဲ့ မှီပါတယ်နော် 🥰

စားကောင်းတာလေးတွေ့ရင် ချစ်ရတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေကို သတိရတတ်ကြတာနော် 😍ကာကာတစ်ယောက်ရဲ့ Honest Review လေးပါ 😘ချစ်ခင်ရသ...
09/09/2026

စားကောင်းတာလေးတွေ့ရင် ချစ်ရတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေကို သတိရတတ်ကြတာနော် 😍

ကာကာတစ်ယောက်ရဲ့ Honest Review လေးပါ 😘

ချစ်ခင်ရသူတွေကို လက်ဆောင်ပေးမလား

ကိုယ်တိုင်သုံးဆောင်ဖို့အတွက်လား

အော်ဒါကြိုကောက်ပြီး မပို့ခင်တစ်ရက်မှာသာ ပစ္စည်းလုပ်ပေးတာဖြစ်လို့ လတ်လတ်ဆတ်ဆတ်လေး သုံးဆောင်ချင်တဲ့ ကာကာတို့အကြိုက်နော် 🥰

#ကတ်သပေါင်းမီးကင် #ငါးရံ့ခြောက်မီးကင် #အသင့်စား #စားသောက်ကုန် #ရန်ကုန် #မန္တလေး

ကတ်သပေါင်းမီးကင် ဆီစိမ် ၁၂ ဘူး  😍😍ပထမဆုံး ဆီစိမ် ၂ ဘူး စမ်းဝယ်၊ ကြိုက်လို့ဆိုပြီး ၅ ဘူး တစ်ကြိမ် ထပ်ဝယ်၊ အခု တစ်ကြိမ် ၅ ...
09/09/2026

ကတ်သပေါင်းမီးကင် ဆီစိမ် ၁၂ ဘူး 😍😍

ပထမဆုံး ဆီစိမ် ၂ ဘူး စမ်းဝယ်၊ ကြိုက်လို့ဆိုပြီး ၅ ဘူး တစ်ကြိမ် ထပ်ဝယ်၊ အခု တစ်ကြိမ် ၅ ဘူး ထပ်မှာတဲ့ အော်ဒါလေးပါ 🥰🥰

ရက်ပိုင်းလေးအတွင်း ကာကာတစ်ယောက်တည်းတင် ၁၂ ဘူး 🫢🫢

အခုလို အားပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်နော် 😘😘

သောကြာနေ့အရောက်ပို့ပေးရမယ့် ကတ်သပေါင်းမီးကင် ဆီမစိမ် ၁ ပိသာ (၅၀ သား ၂ ထုပ်) အော်ဒါလေးပါ 😍😍လိုချင်တဲ့ရက်လေးရဖို့ဆို အော်ဒ...
09/09/2026

သောကြာနေ့အရောက်ပို့ပေးရမယ့် ကတ်သပေါင်းမီးကင် ဆီမစိမ် ၁ ပိသာ (၅၀ သား ၂ ထုပ်) အော်ဒါလေးပါ 😍😍

လိုချင်တဲ့ရက်လေးရဖို့ဆို အော်ဒါလေးတွေ ကြိုတင်ထားမှ စိတ်ချရမယ်နော် 😘😘

သတ်မှတ်အော်ဒါလေးပြည့်သွားရင် စောင့်ဆိုင်းရက်လေးပိုတတ်တာကြောင့် စောစောလေးကြိုမှာထားလေ စိတ်ချရလေပါပဲခင်ဗျာ 🥰🥰

Address

147, Lay Htee Street, Hmawbi Township
Yangon

Alerts

Be the first to know and let us send you an email when SavoryBurma posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SavoryBurma:

Shortcuts

Share