06/01/2026
ကိုယ့်လမ်းကို ကိုယ်လျှောက်ခဲ့တာ
ဘယ်သူ့ ဖိနပ်မှ မငှားခဲ့ဘူး
ဘယ်သူ့ ကိုမှ မမှီခိုခဲ့ဘူး
ကိုယ့်ဒိုင်ယာရီမှာ...
ကိုယ်ရေးခဲ့သမျှတွေဟာ
ကိုယ့်ကြောင့် ဘယ်သူ
နာကျင်ခဲ့ရကြောင်းတွေထက်
တခြားလူတွေကြောင့်
ကိုယ်ဘယ်လောက် နာကျင်ခဲ့ရတယ်ဆိုတဲ့
အကြောင်းတွေချည်းက ခပ်များများပဲ ။
တချို့နေ့မှာ...
အဆင်မပြေတာတွေမှ အများကြီး
ဒါပေမယ့်
ကိုယ့်အပူကိုတခြားလူမကူးစက်စေဖို့
အပြုံးကလေးကိုဖွင့်ပြုံးရင်း
ရင်ထဲက ဒဏ်ရာတွေကို
သိုသိုသိပ်သိပ်ပဲ ထားဖြစ်ရင်းပေါ့ ။
နာကျင်မှုစံနှုန်းတွေ ဘယ်လောက်မြင့်မြင့်
ကိုယ့်အပြုံးတွေကို ဆွဲတင်းပြီး
ပြိုချင်နေတဲ့ မျက်ရည်တွေကိုမှ
တောင့်ခံထားခဲ့တဲ့ နေ့တွေလည်းအများကြီး ။
တစ်ခါတလေ...
အဆင်ပြေလှတယ်လို့ မဟုတ်ဘူး
ကိုယ့်မျက်ရည်ကို မြင်ရင်
ကိုယ့်ဝမ်းနည်းခြင်းတွေကို
မျှယူမယ့် လူတွေကို အားနာရတာရယ်
ကိုယ်ငိုနေတာကို တွေ့ရလို့
ပြုံးပျော်နေမယ့် လူတွေကိုလည်း
ကိုယ်ဝမ်းနည်းထိခိုက်ရကြောင်းတွေ
ထုတ်မပြချင်တဲ့ စိတ်တွေကြောင့်
တစ်ယောက်တည်း
အဆင်ပြေသလိုနေခဲ့တာပါ ။
ခံနိုင်ရည်ရှိလွန်းတာ မဟုတ်သလို
အဆင်ပြေနေတယ်လို့ ထင်ရတဲ့
အပြုံးတွေမှာကွယ်ဝှက်ထားတဲ့
သောကတွေလည်းအများကြီးပါ ။
ဒီလိုပဲပေါ့ ...
ကိုယ့်အတွက်တော့
လောကဓံက ကော်ဖီတစ်ခွက်ဆိုရင်
သကြားမပါလည်း သောက်ရမယ်
သကြားပါလည်း သောက်ရတယ်
အချိုဖြစ်ဖြစ် အခါးဖြစ်ဖြစ်
ချစ်နေရတာပါပဲ။
#ဆုရ