OK မြ

OK မြ Restaurant

24/09/2026
💕"တိုဟူးနွေးလေး"ရေ💕     🥰ကျေးဇူးပါ🥰🤔ဟိုး.. လွန်ခဲ့တဲ့ ၄ နှစ်ကျော် ၅ နှစ်လောက်ကပေါ့..🏢ယုဇနမှာ "OK မြ" ဆိုတဲ့ ရှမ်းခေါက်ဆွ...
21/09/2026

💕"တိုဟူးနွေးလေး"ရေ💕
🥰ကျေးဇူးပါ🥰

🤔ဟိုး.. လွန်ခဲ့တဲ့ ၄ နှစ်ကျော် ၅ နှစ်လောက်ကပေါ့..

🏢ယုဇနမှာ "OK မြ" ဆိုတဲ့ ရှမ်းခေါက်ဆွဲဆိုင်လေး စပြီးတော့ ရပ်တည်ဖို့ ကြိုးစားခဲ့တယ်..

🍝"ရှမ်းစာလေးတွေ
ကောင်းကောင်းလုပ်တတ်တယ်..စေတနာထားပြီး ရောင်းမယ်" ဆိုတဲ့စိတ်ကလွဲပြီး ကျန်တာ ဘာမှ မသိသေးခဲ့တာပါ...🙂

♦️"သူ"ကတော့..သူ့ရဲ့
လှပတဲ့ အရောင်အသွေး
စိမ့်ညက် အိစက်နေတဲ့ အရသာ
လတ်ဆတ်ပူနွေးမှုတွေနဲ့
သူ့အစွမ်းကိုပြပြီး
"OK မြ" ကို မိတ်ဆက်ပေးခဲတယ်..

💕"တိုဟူးနွေးလေးရေ💕
🥰ကျေးဇူးပါ🥰

မင်းရဲ့ ဟန်ပန် အမူအယာနဲ့
ဂုဏ်သတင်းတွေကို..
♦️လတ်ဆပ်တဲ့ ပဲအနှစ်
♦️ဆေးမပါတဲ့ ခေါက်ဆွဲ
♦️အရသာ အကောင်းဆုံး
ကြက်သားနှပ်
♦️မြေပဲ၊နှမ်း၊ကြက်သွန်ကြော်၊ဆော့မျိုးစုံနဲ့ အချိုးကျကျ ပေါင်းစပ်ပြီး
♦️သန့်ရှင်းသပ်ရပ်တဲ့ အပြင်အဆင်တွေနဲ့
👍ပြီးပြည့်စုံအောင်
မြှင့်တင်လျက်ပါ👍

🥰အခုဆိုရင် မင်းရဲ့ သူငယ်ချင်း..
♦ရှမ်းခေါက်ဆွဲ
♦️မြီးရှည် ..နဲ့
♦️ဆီချက်.. တို့ကလဲ
"မင်း" ခြေရာထပ်ချပ်နင်းပြီး အောင်မြင်နေကြလေရဲ့
👍🥰

💕"တိုဟူနွေးလေး" ရဲ့ ကျေးဇူးကို ..
" Ok မြ" အမြဲ သတိရလျက်ပါ💕

P.s ဆိုင် Logo လေးတော့ ပြောင်းသွားတယ်🥰
#တိုဟူးနွေး
#ရှမ်းခေါက်ဆွဲ



👍အစားအစာ ရောင်းရင်👉ဒါလေးတော့ သိပါ..ဝမ်းပျက် ဝမ်းလျောခြင်းနှင့် အစာအဆိပ်သင့်ခြင်းတို့ကို ဖြစ်ပွားစေသော ဘက်တီးရီးယားများနှ...
21/09/2026

👍အစားအစာ ရောင်းရင်
👉ဒါလေးတော့ သိပါ..

ဝမ်းပျက် ဝမ်းလျောခြင်းနှင့် အစာအဆိပ်သင့်ခြင်းတို့ကို ဖြစ်ပွားစေသော ဘက်တီးရီးယားများနှင့် ကပ်ပါးပိုးများ မပေါက်ဖွားနိုင်၊ မပြန့်ပွားနိုင် သို့မဟုတ် သေဆုံးသွားစေသည့် အပူချိန်များကို အောက်ပါအတိုင်း အဓိက အပိုင်း (၃) ပိုင်းဖြင့် ခွဲခြားမှတ်သားနိုင်ပါသည်။

၁။ ပိုးမွှားများ လုံးဝသေဆုံးသွားစေသည့် အပူချိန် (ချက်ပြုတ်ခြင်း)
၇၀ ဒီဂရီ ဆဲလ်စီးယပ်စ် (70°C / 158°F) နှင့်အထက်

အစားအစာများကို ဤအပူချိန်နှင့်အထက် ရောက်အောင် သေချာချက်ပြုတ်ပါက ဘက်တီးရီးယားနှင့် ကပ်ပါးပိုး အများစုမှာ ချက်ချင်း သေဆုံးသွားကြသည်။

ကြက်သားနှင့် အသားစိမ်းများ: ပိုမိုစိတ်ချရစေရန် ကြက်သား၊ ဝက်သားနှင့် အမဲသားစိမ်းများကို အသား၏အတွင်းပိုင်းအထိ အနည်းဆုံး ၇၄ ဒီဂရီ ဆဲလ်စီးယပ်စ် (74°C / 165°F) ရောက်အောင် ချက်ပြုတ်ရပါမည်။

၂။ ပိုးမွှားများ မပြန့်ပွားနိုင်ဘဲ အိပ်ပျော်သွားသည့် အပူချိန် (အအေးခန်း သိမ်းဆည်းခြင်း)

(၀.၆-၅) ဒီဂရီ ဆဲလ်စီးယပ်စ် (5°C / 41°F) နှင့်အောက်: ရေခဲသေတ္တာ၏ ရိုးရိုးအကန့် အပူချိန်ဖြစ်သည်။

ဤအပူချိန်တွင် ဘက်တီးရီးယားအများစုသည် မပေါက်ဖွားနိုင်၊ မပြန့်ပွားနိုင်တော့ဘဲ ၎င်းတို့၏ လုပ်ဆောင်ချက်များ နှေးကွေး သို့မဟုတ် ရပ်တန့်သွားသည်။
(သတိပြုရန် - လစ်စတီးရီးယား (Listeria) ဘက်တီးရီးယားကဲ့သို့ အချို့ပိုးများသည် ဤအပူချိန်တွင်ပင် ခပ်မှန်မှန် ဆက်လက်ပွားများနိုင်ပါသည်)

၃။ အနုတ် ၁၈ ဒီဂရီ ဆဲလ်စီးယပ်စ် (-18°C / 0°F) နှင့်အောက်: ရေခဲသေတ္တာ၏ အေးခဲခန်း (Freezer) အပူချိန်ဖြစ်သည်။
ဤအပူချိန်တွင် ဘက်တီးရီးယားနှင့် ကပ်ပါးပိုးများ အားလုံး လုံးဝ မပြန့်ပွားနိုင်တော့ပါ။ အစားအစာထဲရှိ ကပ်ပါးပိုး (Parasites) အများစုသည် ရက်အနည်းငယ်ကြာ အေးခဲထားပါက သေဆုံးသွားတတ်သော်လည်း ဘက်တီးရီးယားများမှာမူ သေဆုံးမသွားဘဲ အိပ်ပျော်နေရုံသာဖြစ်ပြီး အပူချိန်ပြန်တက်လာပါက ပြန်လည်နိုးထလာနိုင်ပါသည်။

⚠️ သတိပြုရမည့် အန္တရာယ်ရှိသော အပူချိန်ဇုန် (The Danger Zone)

၅ ဒီဂရီ ဆဲလ်စီးယပ်စ် မှ ၆၀ ဒီဂရီ ဆဲလ်စီးယပ်စ် အကြား (5°C - 60°C / 41°F - 140°F): ဤအပူချိန်အပိုင်းအခြားကို "အန္တရာယ်ဇုန်" ဟု ခေါ်သည်။

⚠️အခန်းအပူချိန်သည် ဤဇုန်ထဲတွင် ရှိနေပါသည်။
ဤအပူချိန်အတွင်း ဘက်တီးရီးယားများသည် အလွန်လျင်မြန်စွာ ပါက်ဖွားနိုင်ပြီး မိနစ် ၂၀ တိုင်းတွင် အရေအတွက် နှစ်ဆစီ တိုးပွားလာတတ်ပါသည်။ ထို့ကြောင့် ချက်ပြုတ်ပြီးသား အစားအစာများကို ဤအပူချိန်ဇုန်ထဲတွင် (၂) နာရီထက်ပို၍ အပြင်၌ ပစ်မထားသင့်ခြင်း ဖြစ်သည်။

Listeria👿👇

" လိုက်ဖက်မှုရဲ့အရသာ "🍜ရှမ်းစာလေးတွေစားရင်     " မုန်ညှင်းချဉ်" ကောင်းကောင်းလေးက မပါမဖြစ်ပါ..😊👉အချို အချဉ် အရသာက အချိုးက...
18/09/2026

" လိုက်ဖက်မှုရဲ့အရသာ "

🍜ရှမ်းစာလေးတွေစားရင်
" မုန်ညှင်းချဉ်" ကောင်းကောင်းလေးက မပါမဖြစ်ပါ..😊

👉အချို အချဉ် အရသာက အချိုးကျကျ ပြင်းလျလျ..
👉 မုန်ညှင်း ဥနီ ဥဖြူ တွေရဲ့ လတ်ဆပ်မှုတွေနဲ့ ရနံ့လေး သင်းပျံ့နေတာက..
👉"OK မြ" ရဲ့ "မုန်ညှင်းချဉ်"လေးပါ..

🤤ထိမိဂွိ ရှမ်းစာလေးတွေနဲ့ လိုက်ဖက်ညီညီ သုံးဆောင်ရင်း စိတ်ကျေနပ်မှု ရရှိစေဖို့..

(၉)လမ်း ဘီက..
" OK မြ " ကို ကြွလှမ်းခဲ့ကြပါ..🥰

OK မြ
🏡(၉)လမ်း၊ဘီ၊ ၂၅-၀၀၁
ယုဇန
⌚မနက်၇-၁၁)နာရီ
📱၀၉ ၂၅၀၀၈၈၃၂၈
၀၉ ၆၅၂၇၄၇၂၃၄
🥰🥰🥰🥰🥰🥰🥰

📣စစ်တောင်း နဲ့ ချင်းတွင်း     အပိုင်း (၃)၊(၄)      Deli အဆင်မပြေသေးဘူး ဖြစ်နေပါတယ်..🥰
17/09/2026

📣စစ်တောင်း နဲ့ ချင်းတွင်း
အပိုင်း (၃)၊(၄)
Deli အဆင်မပြေသေးဘူး ဖြစ်နေပါတယ်..🥰

17/09/2026

ZWT
👍Forevermore!

"ရှမ်းခေါက်ဆွဲ & နေ့ကလေးထိန်းကျောင်း"            👉OK မြ👈           ရှမ်းခေါက်ဆွဲ                    နှင့်   နေ့ကလေးထိန်း...
17/09/2026

"ရှမ်းခေါက်ဆွဲ & နေ့ကလေးထိန်းကျောင်း"

👉OK မြ👈
ရှမ်းခေါက်ဆွဲ
နှင့်
နေ့ကလေးထိန်းကျောင်း

🥰Ok မြ ချစ်မိတ်ဆွေများ၏ အခက်အခဲများ အဆင်ပြေစေဖို့အတွက်..

OK မြ
ရှမ်းခေါက်ဆွဲဆိုင်တွင် နေ့ကလေးထိန်းကျောင်းကိုပါ
တွဲဖက်၍ ဖွင့်လှစ်သွားမှာ ဖြစ်တဲ့အတွက်..🤾👫🤸🤼🎈🎈🎈

" OK မြ " ချစ်မိတ်ဆွေများ
စာရင်းပေးသွင်းလို့ ရပါပြီ
၀၉ ၆၅၂၇၄၇၂၃၄
🥰🥰🥰🥰🥰🥰🥰

😋"ထမင်းစားကြွပါ"အမျိုးတို့ရေ..🥰📣ယုဇနအထိ အဝေးကြီးကို တကူးတက လာလည်ရတဲ့ အမျိုးတွေနဲ့ သူငယ်ချင်းတို့..🥰ဒီတခါလာရင် အရင်လို ရှ...
16/09/2026

😋"ထမင်းစားကြွပါ"အမျိုးတို့ရေ..🥰

📣ယုဇနအထိ အဝေးကြီးကို တကူးတက လာလည်ရတဲ့ အမျိုးတွေနဲ့ သူငယ်ချင်းတို့..🥰

ဒီတခါလာရင် အရင်လို ရှမ်းခေါက်ဆွဲတို့..တိုဟူးနွေးတို့..မြီးရှည်တို့..ဆီချက်တို့..မကျွေးတော့ဘူးနော်..

ထမင်းပဲ ကျွေးမှာမို့..
ထမင်းစားချိန် လာပါ..😋

"ဘာလေးများ စားချင်လဲ"
ဟိုဟာမစား..ဒီဟာမစားလဲ..လာခဲ့..
အဆင်ပြေစေရမယ်✌️

OK မြ က ဘာအားကိုးနဲ့ လဲ သိချင်လား..

နာမည်က " အိမ်သူ " 👍

လက်ရာလား..

ဟို.. မာ*တာ ချက်မကြီး လောက်တော့...
ရယ်တာပေါ့..🙂

OK မြ ကတော့ နေ့တိုင်း အဆင်တွေကို ပြေလို့..👍

ဒီနေ့တော့
ငါးခူစင်းကောရယ်..
မျှစ်ရခိုင်ချက်ရယ်..
ခရမ်းသီးနှပ်ရယ်..စားတယ်..

စားချင်ရင် လာလည်လှဲ့..
🥰🥰🥰🥰🥰🥰🥰
မှာဖို့ဆို ..
ဟောဒီမှာ 👇
https://www.facebook.com/share/p/19B4JcpDvs/

အိမ်သူ
#ထိပ်တန်းလက်ရာ

👍"အရမ်းမိုက်တယ်"🥰"အရမ်းခိုက်တယ်"
15/09/2026

👍"အရမ်းမိုက်တယ်"
🥰"အရမ်းခိုက်တယ်"

💯👍ကြက်နဲ့ဝက် တစ်ပိဿာအရောပွဲ စားပီးကြပီလားဗျို့❓

"အနေအထားလေး တချက်ရှိုး.."၅ နှစ်သားလေးတွေပါ..🙂P.s ခွက်ထဲက ငရုတ်သီးကြော်မပါ..😀 ြ
15/09/2026

"အနေအထားလေး တချက်ရှိုး.."

၅ နှစ်သားလေးတွေပါ..🙂

P.s ခွက်ထဲက ငရုတ်သီးကြော်မပါ..😀

ြ

Address

9/25/001, Yuzana Garden City
Yangon

Opening Hours

Tuesday 07:00 - 11:00
Wednesday 07:00 - 11:00
Thursday 07:00 - 11:00
Friday 07:00 - 11:00
Saturday 07:00 - 11:00
Sunday 07:00 - 11:00

Telephone

+959250088328

Alerts

Be the first to know and let us send you an email when OK မြ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category