Meet You There at Chinatown

Meet You There at Chinatown café & Réstaurant

20/05/2026

ဖြစ်ချင်တဲ့ ဆန္ဒကို မေးလို့ လက်တွေ့ လုပ်ပြလိုက်ပြီလေ...🌚💚

ကိုယ်က တခြားအရာတွေထက်စာရင်🥙ပေါင်မုန့်နဲ့မှ သံယောဇဉ်ကြိုးတွေ မတရားနွယ်နေသူဆိုရင် Meet You There မှာ ရတဲ့ Sandwich Series ...
15/05/2026

ကိုယ်က တခြားအရာတွေထက်စာရင်
🥙ပေါင်မုန့်နဲ့မှ သံယောဇဉ်ကြိုးတွေ မတရားနွယ်နေသူဆိုရင် Meet You There မှာ ရတဲ့ Sandwich Series အပေါ်မှာ စိတ်ယိုင်လွယ်လောက်ပါတယ်။

ဘာလို့လဲဆိုတော့ သူတို့ရဲ့ အရသာကိုက
☁️ တိမ်စိုင်တွေလို နူးညံ့တယ်၊
😋တစ်ကိုက်စားကြည့်ရုံနဲ့ အရသာကို အတွင်းသိအဆင်းထိ ခံစားမိစေတာမလို့ပေါ့။

ရွေးချယ်စရာအနေနဲ့
✨ တူနာ၊ ကြက်သား၊ ချိစ့်ဆိုပြီး ရှိတာမလို့ Sandwich လေးတွေလည်း လာသုံးဆောင်ကြည့်ပါနော်... 💚

Meet You There
📍 Address: No.47, Sint Oh Dan Street, Latha Tsp,
☎️ Phone: 09972888500

🌧️ မိုးဖွဲလေးတွေ စကျလာပြီဆိုတော့ ဘယ်သူ့ကို လွမ်းနေပြီလဲ? ☕ ရာသီဥတုလေးလည်း အရင်ထက် ပိုကောင်းလာပြီဆိုတော့ ရင်ထဲနွေးသွားစေပ...
13/05/2026

🌧️ မိုးဖွဲလေးတွေ စကျလာပြီဆိုတော့ ဘယ်သူ့ကို လွမ်းနေပြီလဲ?

☕ ရာသီဥတုလေးလည်း အရင်ထက် ပိုကောင်းလာပြီဆိုတော့ ရင်ထဲနွေးသွားစေပြီး ပျော်ရွှင်မှုတွေ ရစေမဲ့ ကဖိန်းဓာတ်လေးတွေ Meet You There မှာ လာဖြည့်ကြည့်ပါ။

✨ ကော်ဖီချစ်သူတွေအတွက် အနံ့အရသာနဲ့ ပြည့်စုံတဲ့ Coffee အမျိုးအစား အစုံအလင်
✨ ကော်ဖီနဲ့လိုက်ဖက်မဲ့ အချိုပွဲတွေသာမက ဗိုက်ဝစေမဲ့ Main Dish တွေလည်း တစ်နေရာတည်းမှာ ရရှိနိုင်ပါတယ်။

☔ မိုးဖွဲတွေကြားမှာ အလွမ်းသယ်မလား?
📖 စာအုပ်လေးဖတ်ပြီး ပင်ပန်းသမျှကို အနားယူမလား?
သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်၊ ချစ်ရသူနဲ့ပဲဖြစ်ဖြစ် အေးအေးဆေးဆေး Chill ကောင်းတဲ့နေရာလေးမလို့ ဒီနေ့ပဲ Meet You There ကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေ....💚

Meet You There
📍 Address: No.47, Sint Oh Dan Street, Latha Tsp,
☎️ Phone: 09972888500

11/05/2026

POV - Your Heart With "Meet You There" Coffees...☕❤️

10/05/2026

☕ Coffee ကို လက်ဆယ်ချောင်းမကတဲ့ ရွေးစရာတွေအပြည့်ရှိတဲ့ Cafe မျိုးမှ ထိုင်ချင်တယ်ဆို Meet You There ဆိုင်ရှိနေတယ်ဆိုတာ မမေ့နဲ့နော်....❤️

👀 တကြွပ်ကြွပ်နဲ့ ဝါးလို့ကောင်းတာလေးလား? ♨️ မီးခိုးနံ့သင်းသင်းလေးနဲ့ စားကောင်းတာမျိုးလား? ✌️ Meet You There မှာ Underrate...
09/05/2026

👀 တကြွပ်ကြွပ်နဲ့ ဝါးလို့ကောင်းတာလေးလား?
♨️ မီးခိုးနံ့သင်းသင်းလေးနဲ့ စားကောင်းတာမျိုးလား?

✌️ Meet You There မှာ Underrated ဖြစ်တဲ့ အဲ့ဒိမီနူး (၂) မျိုးနဲ့ မိတ်ဆက်ပေးချင်ခဲ့တာ ကြာပါပြီ။ သူတို့ကတော့ ကြက်ကြော်နဲ့ ဆာတေးပါ။

🍗 ကြက်ကြော်ရဲ့ ကြွပ်ရွပြီး အတွင်းထဲအထိ ခံစားရမဲ့ အရသာဟာ လူကြီး၊ လူငယ်မရွေး နှစ်သက်လောက်တာမလို့ တစ်ကြိမ်တစ်ခါလောက် မြည်းစမ်းကြည့်စေချင်ပါတယ်။ ဆီအများကြီးနဲ့ ကြော်ထားတာမျိုးမဟုတ်လို့ ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။

ဒုတိယတစ်ခုကတော့ မီးခိုးနံ့ သင်းနေတဲ့ ဆာတေးလေး ♨️
🙌 အသားဓာတ်ကို ပြည့်ပြည့်ဝဝခံစားရပြီး အရသာကလည်း စိတ်ကျေနပ်စရာ ကောင်းတာမလို့ စားဖူးသူတိုင်း နောင်တမရခဲ့တဲ့ မီနူးမျိုးပေါ့။

Underrated တကယ်ဖြစ်မဖြစ် သံသယရှိတယ်ဆိုရင်လည်း Meet You There ဆိုင်ဆီ တစ်ရက်လောက် လာပြီး ဒီမီနူးတွေကို Try ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်....💚

Meet You There
📍 Address: No.47, Sint Oh Dan Street, Latha Tsp,
☎️ Phone: 09972888500

🍮 Meet You There ဆိုင်ကို အပြင်ပန်းအရ ကြည့်ပြီး အချိုပွဲလှလှလေးတွေနဲ့ ကော်ဖီ၊ အအေးတွေပဲ ရတဲ့ဆိုင်လို့ အထင်မလွဲစေချင်ပါဘူ...
05/05/2026

🍮 Meet You There ဆိုင်ကို အပြင်ပန်းအရ ကြည့်ပြီး အချိုပွဲလှလှလေးတွေနဲ့ ကော်ဖီ၊ အအေးတွေပဲ ရတဲ့ဆိုင်လို့ အထင်မလွဲစေချင်ပါဘူး။

ဒီဆိုင်လေးမှာ အလှမစားဘဲ အဝစားလို့ရတဲ့
🍛 ထမင်းကြော်မျိုးစုံရသလို
🍗 ထမင်းဖြူနဲ့ အသား၊
🦐 ပင်လယ်စာမျိုးစုံ တွဲထားတဲ့ မီနူးတွေလည်း စုံပါတယ်။

🥰 ကိုရီးယားအစားအသောက်တွေသာမက Portion မနည်းတဲ့ မက္ကဆီကန်အစားအသောက်တွေကိုပါ ပေးရတဲ့ ဈေးနဲ့တန်တဲ့ ပမာဏနဲ့ အရသာရှိရှိ တည်ခင်းပြင်ဆင်နေတာမလို့ အလှမစားဘဲ အဝစားချင်သူတွေအတွက်လည်း ဒီရပ်ဝန်းလေးဟာ အသင့်တော်ဆုံးပါပဲ။

ဒီတော့ လှလှပပလေးနဲ့ ဗိုက်ဝဝလင်လင်လည်း စားချင်တယ်ဆိုရင်တော့ တရုတ်တန်းမှာ Meet You There ဆိုင်ရှိနေတယ်ဆိုတာ မမေ့ပါနဲ့နော်...💚

Meet You There
📍 Address: No.47, Sint Oh Dan Street, Latha Tsp,
☎️ Phone: 09972888500

🎉 အလုပ်သမားနေ့အား Meet You There မိသားစုမှ မမေ့မလျော့ ဂုဏ်ပြုကြိုဆိုပါတယ်။ ✨ အားလပ်ရက်ကို အကျိုးရှိရှိ အသုံးချရင်း ပျော်...
01/05/2026

🎉 အလုပ်သမားနေ့အား Meet You There မိသားစုမှ မမေ့မလျော့ ဂုဏ်ပြုကြိုဆိုပါတယ်။

✨ အားလပ်ရက်ကို အကျိုးရှိရှိ အသုံးချရင်း ပျော်ရွှင်စရာ အမှတ်တရတွေကို ချစ်ခင်ရသူများနှင့် အတူဖန်တီးနိုင်ပါစေ။ ဘေးကင်းကျန်းမာပြီး လိုရာဆန္ဒတွေလည်း ပြည့်ဝနိုင်ကြပါစေ....💚


#အလုပ်သမားနေ့

🌕 ကဆုန် လပြည့်၊ ဗုဒ္ဓနေ့အခါသမယမှာ မိဘပြည်သူအားလုံး စိတ်ကျန်းမာလို့ ကိုယ်ချမ်းသာပါစေ။ 🌳 ညောင်ရေသွန်းပွဲတော်ကို ဆင်နွှဲကာ ...
30/04/2026

🌕 ကဆုန် လပြည့်၊ ဗုဒ္ဓနေ့အခါသမယမှာ မိဘပြည်သူအားလုံး စိတ်ကျန်းမာလို့ ကိုယ်ချမ်းသာပါစေ။

🌳 ညောင်ရေသွန်းပွဲတော်ကို ဆင်နွှဲကာ ကောင်းမှုကုသိုလ်များစွာလည်း ပြုလုပ်နိုင်ပါစေ။ ဘေးရန်ကင်းကွာလို့ လိုအင် ဆန္ဒများစွာ ပြည့်ဝနိုင်စေဖို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်....💚

#ကဆုန်လပြည့်နေ့ #ညောင်ရေသွန်းပွဲတော်

27/04/2026

Meet You There ဆိုင်မှာ ခံစားနိုင်မဲ့ သင်္ကြန်အငွေ့အသက်လေးများ...💛
📸 သင်္ကြန်ဆိုင်မပိတ်ခင် ပိတောက်ပန်းလေးတွေနဲ့ ချစ်ဖို့ကောင်းတဲ့ ဆိုင်အပြင်အဆင်လေးကို Video လေးမှ တစ်ဆင့် ပြသရင်း Menu ပွဲတိုင်းမှာ အရသာရှိရှိသုံးဆောင်ချင်တယ် ဆိုရင်တော့ Meet You There ကိုလာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်နော် 💛

#သင်္ကြန်

🌸 အတာသင်္ကြန်ရေအေးနဲ့အတူ နှစ်ဟောင်းက Stress တွေ အားလုံး ဆေးကြော သန့်စင်ရင်း နှစ်သစ်မှာ စိတ်သစ်၊ လူသစ်နဲ့ ပိုလန်းဆန်းတက်က...
17/04/2026

🌸 အတာသင်္ကြန်ရေအေးနဲ့အတူ နှစ်ဟောင်းက Stress တွေ အားလုံး ဆေးကြော သန့်စင်ရင်း နှစ်သစ်မှာ စိတ်သစ်၊ လူသစ်နဲ့ ပိုလန်းဆန်းတက်ကြွတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

✨ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတွေ၊ စိတ်ကူးထားတဲ့ ပန်းတိုင်ဆီ အရောက်သွားနိုင်ပြီး ချစ်ခင်ပျော်ရွှင်ရသူတွေနဲ့ အကောင်းဆုံး အမှတ်တရတွေကို ဖန်တီးနိုင်ပါစေ။

🎉 Happy Myanmar New Year! 💗

#သင်္ကြန်

Address

No. 47, Sinn O Dan Street, Latha Township
Yangon
12110

Opening Hours

Monday 11:00 - 21:00
Tuesday 11:00 - 21:00
Wednesday 11:00 - 21:00
Thursday 11:00 - 21:00
Friday 11:00 - 21:00
Saturday 11:00 - 21:00
Sunday 11:00 - 21:00

Telephone

+959972888500

Alerts

Be the first to know and let us send you an email when Meet You There at Chinatown posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Meet You There at Chinatown:

Share

Category