05/03/2022
အာလူးပိစိကြော် ❤️
စားဖူးချင်တာကြာပြီ
ဒီနေ့ စျေးမှာ အာလူးပိစိလေးတွေတွေ့တာနဲ့ ၅၀၀ ဖိုးဝယ်လာပြီး စမ်းကြော်စားတာ
ဖောက် ဖောက် ဖောက်ဖောက်နဲ့ စားလို့ရှယ်ကောင်း
ထမင်းနဲ့စားစား ရေနွေးလေးနဲ့ထိုင်သောက်သောက် တကယ်စားကောင်းတာ
အာလည်းလုံးဝမယားဘူး
မစားဖူးသေးရင် try ကြည့်ပါနော်
အရင်ဆုံး အာလူးလေးတွေကို ရေများများနဲ့ ဖုန်တွေ မြေကြီးတွေပြောင်အောင်ဆေး
ပြီးရင် ဆားနဲ့ပွတ်ပြီး နှစ်ရေ သုံးရေလောက်ဆေး
သန့်သွားပြီဆို ဆီနည်းနည်း မီးအေးအေးနဲ့ကြော်ပေးပါ အခွံလေးတွေ ရှုံ့တွလာပြီဆို ဆယ်ထား
ပြီးရင် ကြက်သွန်နီရယ် ကြက်သွန်ဖြူရယ် ကြိတ်ထား/ထောင်းထားတာကို ဆီသတ် ကြက်သွန်နွမ်းပြီဆို အရသာမှုန့်ထည့် ငရုတ်သီးခွဲခြမ်းမှုန့်ထည့် အာလူးကြော်ထားတာထည့်
ပြီးတာနဲ့မီးပိတ်ပြီး နှံ့စပ်သွားအောင် မွှေပေးလိုက်
ဒါဆို အာလူးပိစိကြော်ရပါပြီ