Shwe Lwan Thu

Shwe Lwan Thu Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Lwan Thu, Khao San Road, Yangon.

ထမင်းအကြောင်းလေးဆက်ရေးပါမယ်။     ကျမ ပို့စ်တစ်ခုတွေ့မိတယ်ရှင့်။ မနက်ချက်ထားတဲ့ထမင်း ညကျမှစားလို့ရလား လို့ မေးထားတဲ့ပို့စ...
18/09/2026

ထမင်းအကြောင်းလေးဆက်ရေးပါမယ်။
ကျမ ပို့စ်တစ်ခုတွေ့မိတယ်ရှင့်။ မနက်ချက်ထားတဲ့ထမင်း ညကျမှစားလို့ရလား လို့ မေးထားတဲ့ပို့စ်ပါ။ လူငယ်လေးတွေ ခုမှ ကိုယ့်ဘာသာချက်စားကြသူတွေ.။ အိမ်ရှင်မအသစ်လေးတွေ..ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
သူတို့အတွက် အဓိက ကျမ ရေးမှာပါ။
ထမင်းကို ရေငှဲ့ချက်ရင် ထမင်းလေးလှတယ်။
ပိုအထားခံပါတယ်။
ဒါပေမယ့်.. အလုပ်တော့နည်းနည်းပိုရှုပ်တာပေါ့နော်။
ပေါင်းအိုးခလုပ်ဖွင့် ရေခမ်းချက်တာ အလုပ်ရှုပ်သက်သာပြီး အချိန်မကုန်ဘူးပေါ့..
ပေါင်းအိုးနဲ့ချက်ပေမယ့် ထမင်းအိုး ဆူပွက်လာချိန်
တစ်ချက်လောက်မွှေပေးနိုင်ရင်တော့ ပိုကောင်းပါတယ် ရှင်။
ထမင်းကျက်ပြီးနောက်ပိုင်း ထမင်းအိုးအဖုံးလေးဖွင့် ချွေးခါပေးနိုင်ရင် ထမင်းထဲချွေးမကျလို့
ထမင်း အထားခံပါတယ်။

တခါတလေ ညမနက်စာပေါင်းချက်ထားလို့
မနက်ချက်တဲ့ထမင်း ည စားပါတယ်။
ဘာမှမဖြစ်ပါ စားလို့ရပါတယ်။
ညစာအတွက် ထမင်းထပ်တည်ရင်လည်း
မနက်ကကျန်တဲ့ထမင်း ကို ပန်းကန်လုံးလေးနဲ့
ထမင်းအိုးနပ်ချိန် ထည့်နွှေးပြီးစားပါတယ်။

ဆန်ကောင်းရင် ၂၄ နာရီထားလည်းမသိုးပါဘူး.
ရေခဲသေတ္တာ ထဲ မထည့်ပဲ အပြင်မှာဒီအတိုင်းထားတာကို ပြောတာပါနော်။
မသိုးပေမယ့် ကျန်းမာရေးအတွက်
မစားသင့်ဘူးထင်လို့ ကျမ မစားပါဘူးနော်..
ဗိုက်ထဲရောက်တာနဲ့ သိုးမယ့်အစားအစာ
အချဉ်ပေါက်တော့မယ့်အစားအစာ
မစားတာအကောင်းဆုံးပါ..

ထမင်းတစ်ပန်းကန်ကို နှမြောလို့ ရောဂါရနေရင်
ဆေးဖိုးက ထမင်းဖိုးထက် ပိုကုန်ပါမယ်။
နှမြောတတ်တဲ့အိမ်ရှင်မလေးတွေ သတိထားဖို့ပါ။

ထမင်းအကြောင်းရေးစရာကျန်ပါသေးတယ်
စာရှည်မှာစိုးလို့..နောက်နေ့မှရေးပါတော့မယ်။

ဒီ Page လေးက အိမ်ရှင်မ အကြောင်းအရာ
အချက်အပြုပ်အစားအသောက် နှင့်
အိမ်ရှင်မဘဝ အိမ်ရှင်မခံစားချက်
မိခင်ဘဝ မိခင်တစ်ယောက်ရဲ့ ခံစားချက်
အတွေ့အကြုံလေးတွေ ဝေမျှဆွေးနွေးဖို့အတွက်ပါ။

ကောမန့်ရေး သိသမျှဝင်ရောက်ဆွေးနွေးမျှဝေပေးကြသူ အားလုံးကို ကျေးဇူး တင်ပါတယ်ရှင်..

Page ကို Follow လေးလုပ်ပေးသူများကိုလည်း
ပိုကျေးဇူးတင်ပါတယ်ရှင်..💛🤍💛

Shwe Lwan Thu
18-9-2026

စျေးသွား. တဲ့နေ့..ငါးကြင်း..  .၇၀၀၀ငါးဂေါင်း.....၃၀၀၀ဝက်သား.... ၇၀၀၀ပုစွန်ဆိတ်....၆၀၀၀ပန်းပွင့်....၅၀၀၀မုန်လာဥ... ၂၀၀၀ခရ...
16/09/2026

စျေးသွား. တဲ့နေ့..
ငါးကြင်း.. .၇၀၀၀
ငါးဂေါင်း.....၃၀၀၀
ဝက်သား.... ၇၀၀၀
ပုစွန်ဆိတ်....၆၀၀၀
ပန်းပွင့်....၅၀၀၀
မုန်လာဥ... ၂၀၀၀
ခရမ်းချဉ်သီး ၂မျိုး...၃၅၀၀
ပြောင်းဖူး...၃၀၀၀
ငှက်ပျောသီး..၃၀၀၀
သြဇာသီး....၂၀၀၀
မန်ကျဉ်းသီးစိမ်း.. ၅၀၀
သံပုယို....၅၀၀
ငါးခြောက်.. ၉၀၀၀..
နံနံပင်ငရုပ်သီးစိမ်းက အဆစ်ပေးတာပါ....
စာရင်းတော့ မပေါင်းအားသေးဘူး..

ဘာဟင်းအတွဲလေးဘယ်လိုချက်ပြီး
ဘယ်နှစ်ရက်စာဖြစ်မလဲ..
ဆက်စဥ်းစားရအုံးမယ်ကွယ်....

15/09/2026

..ဘာဟင်းလေးပါလိမ့်...ရှယ်ပဲနော်😋😋

အကြောင်းမသိတော့ နှစ်သောင်းထိပေါ့..   အရင်တခါက အမိုးပေါ်က ရေတိုင်ကီရေကုန်သွားပြီး ရေခဏပြတ်သွားတယ် ။  ရေလာလို့ ​ရေတိုင်ကီအ...
14/09/2026

အကြောင်းမသိတော့ နှစ်သောင်းထိပေါ့..
အရင်တခါက အမိုးပေါ်က ရေတိုင်ကီရေကုန်သွားပြီး ရေခဏပြတ်သွားတယ် ။
ရေလာလို့ ​ရေတိုင်ကီအပြည့်ပြန်တင်ထားလိုက်ပေမယ့်..အခန်းထဲက ရှိသမျှရေပိုက်တွေက ရေမကျတော့ဘူး။
လေခိုတာလား အောက်ဆင်းတဲ့ရေပိုက်မှာ အမှိုက်တွေပိတ်သွားတာလားဆိုပြီး ရေပိုက်ပြင်တဲ့သူ ဖုန်းဆက်ခေါ်လိုက်ရတယ်။
ရေပိုက်ပြင်တဲ့သူ ရောက်လာပြီးတော့ ၁၀ မိနှစ်လောက်ပဲ ရေဘားတွေပိတ်လိုက်ဖွင့်လိုက်
လုပ်လိုက်တာနဲ့ ရေပိုက်တွေအကုန်ပြန်ပွင့်သွားတယ် ။ ပြင်ခ နှစ်သောင်းပေးလိုက်ရတယ်။

တစ်လလောက်ကြာတော့ တစ်ခါအဲ့လိုပဲ ရေပိုက်တွေရေမကျပြန်ဘူး။
ဒီတစ်ခါတော့ အပြင်ဆရာမခေါ်တော့ဘူး ။
သူလုပ်သွားသလို အိမ်ထဲက ရှိသမျှ ရေပိုက်ခေါင်းတွေ ဘေစင်ရေခေါင်းတွေ အိမ်သာထဲက ရေပိုက်ပါမကျန် အကုန်ဖွင့်ထားလိုက်တယ်၊ ပြီးရင်
အခန်းအပြင်က ရေပိုက်က
အဖွင့်အပိတ်ဘားလေးကို ခဏပိတ်လိုက်တယ် .
ခဏနေပြန်ဖွင့်တယ် ။
အဲ့လို ၃ ခါလောက်လုပ်တော့ ရေမဲနေတာတွေ အနယ်တွေ အကုန်ထွက်သွားပြီး ရေပိုက်တွေပြန်ပွင့်သွားတယ်။

ဒေါက်တာတင့်ဆွေက ရေသန့်ကို အပူပေး ၊
ကျိုချက်သောက်လို့ရကြောင်းတင်ထားတာဖတ်ဘူးတယ်။

တစ်ချို့ကလည်း ရေသန့်ကို ကျိုချက်မသောက်
သင့်ဘူးပြောကြတယ်။
ဂျိုးဖြူရေနဲ့ပဲ ချက်ကြတယ်တဲ့..
ကိုယ်ကတော့ ထမင်းအိုးကအစ ရေသန့်နဲ့ပဲချက်တယ်..အစားအသောက်မှန်သမျှရေသန့်နဲ့ပဲ ချက်စားတယ်။
ရေပိုက်ကလာတဲ့ရေက အနယ်ပါလား မပါလားဆို တစ်လ တစ်ခါလောက် အဲ့လိုအနယ်နဲ့ ပိတ် ပိတ်သွားတယ်။
မနက်ကလည်း အဲ့လိုဖြစ်လို့ တခါလုပ်လိုက်ရသေးတယ်။
အကြောင်းမသိရင် နှစ်သောင်းကုန်မှာ
ခုတော့..ဆရာကျသွားပြီ နှစ်သောင်းမထွက်တော့ဘူး..ရှင့်.....။

Shwe Lwan Thu
14-9-2026

ဒီနေ့ ကော်ရည်ခေါက်ဆွဲ နေ့လည် နဲ့ ညစာ အတွက်...အဝဆွဲ..   ကော်ရည်ခေါက်ဆွဲ ဆို..အီကြာကွေး ပါမှ ပြည့်စုံတာပါနော်..ပြည်သူပြည်သ...
13/09/2026

ဒီနေ့ ကော်ရည်ခေါက်ဆွဲ နေ့လည် နဲ့ ညစာ အတွက်...အဝဆွဲ..
ကော်ရည်ခေါက်ဆွဲ ဆို..အီကြာကွေး ပါမှ ပြည့်စုံတာပါနော်..ပြည်သူပြည်သားမှန်ရင် ကော်ရည်ခေါက်ဆွဲ ဆို အီကြာကွေး ပါမှ...ဟုတ်တယ်..ဟုတ်🥰

ဒီနေ့ ထမင်းပေါင်းအိုး နဲ့ ကောက်ညှင်းပေါင်း ပေါင်းစားပါတယ်..ပုစွန် ၂၀၀၀ ဝယ်ပြီး ပုစွန်ကြော်ကြော် ၊ နှမ်းထောင်း ၊ ပဲပြုပ်လ...
12/09/2026

ဒီနေ့ ထမင်းပေါင်းအိုး နဲ့ ကောက်ညှင်းပေါင်း ပေါင်းစားပါတယ်..
ပုစွန် ၂၀၀၀ ဝယ်ပြီး ပုစွန်ကြော်ကြော် ၊ နှမ်းထောင်း ၊ ပဲပြုပ်လေးနဲ့ စားလို့ကောင်းပ..ရှင်။

ဆန်ဆိုင်နာမည်ပြောပါတဲ့..ဆန်သေချာဆေးဖို့နဲ့..အချိန်ပေးနိုင်ရင် ရေငှဲ့ချက်ဖို့ အဓိက သိစေချင်တာပါရှင်...ဘယ်ဆိုင်ကလည်း..ဘာတံ...
11/09/2026

ဆန်ဆိုင်နာမည်ပြောပါတဲ့..
ဆန်သေချာဆေးဖို့နဲ့..အချိန်ပေးနိုင်ရင် ရေငှဲ့ချက်ဖို့ အဓိက သိစေချင်တာပါရှင်...
ဘယ်ဆိုင်ကလည်း..
ဘာတံဆိပ်လည်းတော့..မမေးနဲ့ပေါ့..
အိမ်ရှင်မလေးတို့ရေ...သူတပါးစီးပွားရေးထိခိုက်သွားမယ်လေ...မသိလို့..မမြင်လို့သာရှိမယ်..
ခုခေတ်မှာ..ဆေးဝါးလွတ်တဲ့အစားအသောက်က ရှားနေပြီ..
ကိုယ့်ကျန်းမာရေး..ကိုယ်သာကြည့်ရှောင်...
အသိဉာဏ်နဲ့ဆင်ခြင်စားသုံး နိုင်ဖို့လိုပါတယ်နော်.
တော်တော်များများက ကိုယ့်ကိုယ်ကျိုးသာကြည့်သူများနေတာပါ....

အားလုံးကျန်းမာကြပါစေရှင့်..

11-9-2026

ညကထဲက ဆန်ကို ၃ရေ လောက်သွန် ဆေးပြီး ရေစိမ်ထား..မနက်ကျ ၃ခါလောက်ထပ်ဆေး.. အဲ့လိုဆေးပြီးမှ.. ချက်တယ်ဆိုတာ.ပိုးသတ်ဆေးမှုန့်တွေ...
08/09/2026

ညကထဲက ဆန်ကို ၃ရေ လောက်သွန် ဆေးပြီး ရေစိမ်ထား..မနက်ကျ ၃ခါလောက်ထပ်ဆေး..
အဲ့လိုဆေးပြီးမှ.. ချက်တယ်ဆိုတာ.ပိုးသတ်ဆေးမှုန့်တွေကို ကြောက်လို့ပါ...
ပြီးခဲ့တဲ့လက..ဆန်..၁၂ ပြည်ဝယ်ပါတယ်။
ဆန်ကိုပြည့်မပြည့်သိချင်လို့..
နို့ဆီဘူးနဲ့ ပြန်ချိန်ကြည့်လိုက်တာ..ပုံမှာပြထားတဲ့ စက္ကူထုပ်လေး နှစ်ထုပ်ပါလာတယ်..သေချာလုံအောင်ထုပ်ထားတာမဟုတ်ဘူးနော် စက္ကူကို ထိပ်ဘက်ကစုပြီး လက်နဲ့ရှုံ့ပေးလိုက်တာ...
သေချာမကြည့်ပဲ ဆန်ကိုခပ်ထည့် ရေထည့်ပြီးဆေးလိုက်ရင် စက္ကူတခါထဲနူးပြဲသွားပြီး
ပိုးသတ်ဆေးမှုန့်တွေ..ဆန်နဲ့ရောနယ်ပြီးသားပဲ။
တစ်ထုပ်တောင်မဟုတ်ဘူး နှစ်ထုပ်ပါလာတယ်..
ဆန် ၁၂ပြည်ကို..နှစ်ထုပ်တောင်ထည့်ထားတာ
တကယ်ရက်စက်တယ်။
လွန်ခဲ့တဲ့ ၃နှစ်လောက်ကထဲက အဲ့လိုစက္ကူထုပ်နဲ့အမှုန့်လေးတွေဆန်အိပ်ထဲပါလာဘူးပါတယ်..တစ်အိပ်မှာတစ်ထုပ် စက္ကူကိုတော့ သေချာခေါက်ထည့်ထားတယ်..ခုတော့ ဖိမိရင်တောင် ဒီအမှုန့်တွေထွက်ကျလောက်အောင်..ပြီးပြီးရော ထည့်လွှတ်လိုက်တာ..
ဆန်ပိုးမထိုးရင်ပြီးရော..ဆိုတဲ့ပုံစံပါ..

အဲ့ဒါကြောင့် ဆန်ကို သေချာရေအထပ်ထပ်ဆေးပြီးမှ ချက်ကြပါရှင်..။

Shwe Lwan Thu
8-9-2026

၈နာရီကျော်မှ ညစာစားပြီး ဆေးကြော နွှေးစရာရှိတာနွှေးပြီး..၉နာရီမှ စ..အနားယူပါပြီ..  ဝက်ပုန်း ၊ အာလူးကြက်ဥကြော် ၊ ပဲကြီးဆူး...
06/09/2026

၈နာရီကျော်မှ ညစာစားပြီး ဆေးကြော နွှေးစရာရှိတာနွှေးပြီး..၉နာရီမှ စ..အနားယူပါပြီ..
ဝက်ပုန်း ၊ အာလူးကြက်ဥကြော် ၊ ပဲကြီးဆူးပုပ်၊
ချဉ်ပတ်ကြော်..
ပဲကြီးတစ်ဘူး ရေစိမ် ထွတ်ပြီး ချက်ထားပါတယ်.
ချဉ်ပတ်က ဟုမ်းမိတ်ပါ..
ယနေ့စျေးမသွား..အိမ်ရှိတာလေးနဲ့...တစ်ရက်တာ..

ကြက်ရိုးလေးကို   ဖလံတောင်မွေး ဆူးပုတ်ရွက်နဲ့ကြော်ချက်လေးချက်..ပုစွန်ဆိတ်နဲ့ချဉ်ပေါင်ကြော် ကြော်..ဝက်သားအချိုချက်..နဲ့..ယ...
05/09/2026

ကြက်ရိုးလေးကို ဖလံတောင်မွေး ဆူးပုတ်ရွက်နဲ့ကြော်ချက်လေးချက်..
ပုစွန်ဆိတ်နဲ့ချဉ်ပေါင်ကြော် ကြော်..
ဝက်သားအချိုချက်..နဲ့..ယနေ့..ဒင် ဒင်..

4-9-2026

Address

Khao San Road
Yangon

Telephone

+959765402266

Website

Alerts

Be the first to know and let us send you an email when Shwe Lwan Thu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Lwan Thu:

Shortcuts

Share