Tasty Bites

Tasty Bites Love at your first bite

အခမဲ့ဆေးခန်းပြဖို့အခမဲ့စိတ်ကျန်းမာရေးဆွေးနွေးပေးဖို့ငလျင်အန္တရာယ်ခံရသူတွေအတွက် ထိထိရောက်ရောက် ကူညီနိုင်ဖို့
29/03/2025

အခမဲ့ဆေးခန်းပြဖို့

အခမဲ့စိတ်ကျန်းမာရေးဆွေးနွေးပေးဖို့

ငလျင်အန္တရာယ်ခံရသူတွေအတွက် ထိထိရောက်ရောက် ကူညီနိုင်ဖို့

FYI for mental health, FOC clinic and training
©©©©©©©©©©©©©©©©©©©©©©©

*ငလျင်လှုပ်ခတ်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရသူများအတွက် စိတ်ပိုင်းဆိုင်ရာအကူအညီ အခမဲ့ ရယူနိုင်ရနိုင်ရန်*

Zero Su***de Hotlines
https://t.me/zeroscbot

နှင့် တယ်လီကျန်းမာ online clinic
https://m.me/telehealthmm

https://t.me/TLKMReception

တိုင်ပင်ဖော် စိတ်ကျန်းမာရေးဝန်ဆောင်မှု
https://www.facebook.com/taingpinphaw

Mind Healers စိတ်ကျန်းမာရေးဝန်ဆောင်မှု
https://www.facebook.com/share/18u1Cg5ejy/?mibextid=wwXIfr

Metanoia စိတ်ကျန်းမာရေးဝန်ဆောင်မှု
https://www.facebook.com/share/1BGsSVZ9ZH/?mibextid=wwXIfr

သို့ ဆက်သွယ်နိုင်ပါတယ်

Crd အစ်မ Ei Mon

…………………………………………….

*အခြေခံအသက်ကယ်ပညာနဲ့ ရှေးဦးပြုစုနည်းသင်တန်း*

1. Life Saving Hands

အခြေခံအသက်ကယ်ပညာနှင့် ရှေးဦးပြုစုနည်း Online သင်တန်း အခမဲ့

https://www.facebook.com/share/14kVhgTLS6/?mibextid=wwXIfr

2. MMOC

Debris management

https://www.facebook.com/share/15dTJ5fgu6/?mibextid=wwXIfr

3. CNE nursing education

Emergency response and care for disaster and mass casualty incident (at 7 pm, 29/3/25)

https://www.facebook.com/share/1FDXdFGgaU/?mibextid=wwXIfr

4. Counseling corner

Critical incident stress management (30/3/25)

https://www.facebook.com/share/p/166HyCAkxN/?mibextid=wwXIfr

……………………………………………

*အခမဲ့ဆေးခန်းပြရန်*

အခမဲ့ ပြည်သူဆေးခန်း - FOC teleclinic

https://www.facebook.com/share/p/16NwM7asLb/?mibextid=wwXIfr

Heal by Pun Hlaing

https://www.facebook.com/share/163EqzjREy/?mibextid=wwXIfr

Dr. Thura - Health & Wellness

https://www.facebook.com/share/1FE4XEsc1N/?mibextid=wwXIfr

၆ လုံးတဘူးစာနဲ့ တွက်မယ်ဆိုရင် Tasty Bites ကနေ ဒီတခါ ဘူး ၆၀ နီးပါးရောင်းခဲ့ရလို့ ကာကာတို့ကို ကျေးဇူးအများကြီးတင်ရှိပါတယ်ရ...
28/11/2023

၆ လုံးတဘူးစာနဲ့ တွက်မယ်ဆိုရင် Tasty Bites ကနေ ဒီတခါ ဘူး ၆၀ နီးပါးရောင်းခဲ့ရလို့ ကာကာတို့ကို ကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်။ဘယ်လောက်ကြာမှ လုပ်လုပ် အမြဲအားပေးကြလို့ ပျော်ရပါတယ်။မင်မင် တခုပဲ မှာပါရစေနော်။Brownie Bites ကို ကိုက်စားကြပါ ကာကာတို့။အလုံးလိုက်မျိုမချပါနဲ့….Deli က ပို့ပြီးလို့ နောက်တနေရာတောင်မရောက်သေးဘူး…. Page မှာ ကုန်ပြီဆိုပြီး လာပြောတော့ လန့်ရပါတယ်😅😅😅
ဖြည်းဖြည်းအားပေးကြပါ ကာကာတို့ရယ်

Photo crd - Royal customer အချောလေး

(၆၀ ဆိုတော့ အထင်ကြီးပြီး လာမေးနေကြလို့ ချောကလက်နဲ့ ဘူးခွံကအိမ်မှာရှိပြီးသားမို့ ထည့်မတွက်တာကိုတောင် မမြတ်တဲ့အပြင် ရှုံးပါတယ်နော်…ဘာလို့လုပ်လဲဆိုရင် ပျော်လို့ပါ။ကိုယ့်လက်ရာလေးတွေကို အားပေးကြရင်ကို ပျော်နေတာ။နောကိတခါတော့ စျေးတက်မှရပါတော့မယ်ရှင်)



27/11/2023

မင်မင် မပြီးနိုင် အရီးမြိုင်ဖြစ်နေလို့ deli တွေ ခုမှ ထွက်ရပါတယ်။စားကောင်းကြပါစေရှင်။မနက်ဖြန်လည်း တသုတ်လုပ်ပေးဖို့ ရှိလို့ ထပ်မှာချင်တဲ့သူတွေ လာမှာလို့ရပါတယ်နော်။

ခုချိန်ထိ မင်မင်ဟာ မုန့်ဖုတ်နေရဆဲမို့ invoice တွေ မပို့ရသေးတာဖြစ်ပါတယ်။မနက်ကျရင် တန်းစီပြီးပို့ထားပေးမယ်နော်။Deli ကို ဆယ...
26/11/2023

ခုချိန်ထိ မင်မင်ဟာ မုန့်ဖုတ်နေရဆဲမို့ invoice တွေ မပို့ရသေးတာဖြစ်ပါတယ်။
မနက်ကျရင် တန်းစီပြီးပို့ထားပေးမယ်နော်။
Deli ကို ဆယ်နာရီမှ ခေါ်ထားလို့ မုန့်တွေကတော့ နေ့လည်ပိုင်းနဲ့ ညနေပိုင်းဝန်းကျင် ရောက်ပါလိမ့်မယ်။
မုန့်ရောက်ရင်တော့ Fridge အအေးခန်းထဲ ခဏထည့်ပြီးသုံးဆောင်ပေးမှ မူလအရသာကို ရမှာဖြစ်ပါတယ်ရှင်။
Room temperature မှာဆိုရင် ၂ ရက်ထိ ခံပြီး ရေခဲသေတ္တာထဲမှာဆိုရင် တပတ်ထိ ခံပါတယ်။
Brownie Bites တွေ freshly baked ဖြစ်/မဖြစ်ကတော့ ဒီ post တင်တဲ့အချိန်ထိ မုန့်လုပ်နေရတုန်းပါပဲ။(2 am, 27/11/23)
Payment ကိုတော့ ဖြစ်နိုင်ရင် COD ပေးစေချင်ပေမယ့် kpay နဲ့ ပေးမယ်ဆိုရင် cb မှာ လာပြောလို့ရပါတယ်။
လူကြီးမင်းတို့ရဲ့ဝယ်ယူအားပေးမှုတိုင်းကို Tasty Bitesမှ ကျေးဇူးအများကြီးတင်ပါတယ်ရှင်။

ဝေးကွာခြင်းတွေကို နီးစပ်သွားစေမယ့် Tasty Bites



အားလုံးပဲ မင်္ဂလာပါရှင့်Tasty Bitesမှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။မှာလို့ရပြီလားလို့ လည်ပင်းရှည်အောင် စောင့်နေရတဲ့ ကာကာ တွေ...
22/11/2023

အားလုံးပဲ မင်္ဂလာပါရှင့်
Tasty Bitesမှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။

မှာလို့ရပြီလားလို့ လည်ပင်းရှည်အောင် စောင့်နေရတဲ့ ကာကာ တွေရေ ၅ လအကြာမှာ ပြန်ပေါ်လာပါပြီ။
Discount အစီအစဉ်တွေလည်း ရှိလို့ ဆက်ဖတ်ကြည့်ကြဦးနော်။

🍾First love - ရောင်းအားအကောင်းဆုံး လူတိုင်းကြိုက်ကြတဲ့ item လေးဖြစ်ပါတယ်။
Dark Chocolate ရယ် Coffee ရယ် Cocoa powder ရယ် ရောထားတဲ့ original brownie flavor အရသာလေးနဲ့အတူ မိုးအကုန်ဆောင်းအကူးမှာ အချစ်ဦးကို လွမ်းဆွတ်နိုင်ဖို့…….

ပုံမှန် 5500 ကနေ ယခု 2 ဘူး - 10000 MMK

🍾Friends - Matcha lover တွေရဲ့ အသည်းစွဲ
White choco based လုပ်ထားတဲ့ ဒီ brownie bites လေးရဲ့ matcha အရသာ ကိုအချိုလည်းရသလို original premium အရသာ ခါးစိမ့်စိမ့်လေးနဲ့လည်း request လို့ ရပါတယ်နော်…….

ပုံမှန် 6500 ကနေ ယခု Price - 6000 MMK

🍾Felix - ကလေးတို့အကြိုက် မွန်းလိုက်
Cheese ရယ် milk chocolate ရယ် ရောထားတဲ့ ဒီ brownie bites ချိုချိုလေးဟာဆိုရင်ဖြင့် ပျော်ရွှင်မှုရဲ့ သင်္ကေတ ဖြစ်နေပြန်ပါတယ်……

ပုံမှန် 5500 ကနေ ယခု 2 ဘူး Price - 9500 MMK

🍾 Peace - ခုဘာရာသီများပါလိမ့်
ရှေ့အခေါက်တွေမှာ ရာသီစာ စတော်ဘယ်ရီရယ် ဒူးရင်းသီးရယ် လုပ်ထားတော့ ဒီတခေါက်တော့ မမြင်ရတာ ကြာနေပြီဖြစိတဲ့ ကန်စွန်းဥလေးအလှည့်ကို ပြန်ရောက်လာပါပြီ။ဓာတုအရောင် နဲ့ တာရှည်ခံပစ္စည်းလုံးဝ မပါဘဲ သဘာဝ ကန်စွန်းဥနဲ့သာပြုလုပ်ထားတာ ဖြစ်လို့ အရသာ ခပ်စိမ့်စိမ့်လေးကြိုက်တဲ့သူတွေ အတွက် အထူးသင့်လျော်ပါတယ်။

ပုံမှန် 5500 ကနေ ယခု 2 ဘူး Price - 9500 MMK

🎊🎊🎊ဒါ့အပြင် လူကြီးမိဘတွေကို ကန်တော့ဖို့ သင့်လျော်တဲ့ ၁၈ လုံးဆန့်တွေလည်း မှာလို့ရနေပါပြီ။အစုံပါဝင်တဲ့ ၁၈ လုံး ဘူးတဘူးရဲ့ တန်ဖိုးကတော့ 15000 MMK ဖြစ်ပါတယ်ရှင်။🎊🎊🎊

Surprise gift ပေးချင်သူများနဲ့ ဂါရဝအမှာစကားရေးလိုသူများအတွက်လည်း စီစဉ်ပေးပါတယ်။

မုန့် order တွေကို စနေနေ့ နေ့လည် ၁ နာရီ ထိ နောက်ဆုံးလက်ခံသွားမှာဖြစ်ပြီး လပြည့်နေ့ (၂၇/၁၁/၂၃) တနင်္လာနေ့မှာ လူကြီးမိဘတွေကို ကန်တော့နိုင်အောင် ပို့ဆောင်ပေးသွားမှာပဲ ဖြစ်ပါတယ်။နယ်ဝေးကမှာလိုသူတွေ အတွက်တော့ လမ်းခရီးအဆင်မပြေလို့ မပို့ပေးတော့ပါဘူးနော်။(ရန်ကုန်မြို့သီးသန့်ပဲ မှာလို့ရပါတယ်)




2 လတခါမှ update တင်ပြီး ပေါ်လာတဲ့ page မှာတောင် ခုထိ new followers ရှိနေတုန်း 🍀ကျေးဇူးအများကြီးတင်ပါတယ်။သီတင်းကျွတ်နဲ့ တ...
24/08/2023

2 လတခါမှ update တင်ပြီး ပေါ်လာတဲ့ page မှာတောင် ခုထိ new followers ရှိနေတုန်း 🍀
ကျေးဇူးအများကြီးတင်ပါတယ်။
သီတင်းကျွတ်နဲ့ တန်ဆောင်တိုင်ကတော့ ရောင်းဖြစ်မှာ သေချာပါတယ်။
ခုလည်း လကုန် or လဆန်းပိုင်းမှာ မုန့်လုပ်ပါဦးမယ် လို့ လာပြောတာပါရှင့်
အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်နော်။



ပြောဖူးလားတော့ မသိဟိုးအရင်ထဲက ကာကာတွေဆို သိတယ်။မုန့်တခုဆို story တခုရှိတဲ့ Tasty Bites က brownie bites လေးတွေပေါ့။အဲဒီထဲ...
27/06/2023

ပြောဖူးလားတော့ မသိ
ဟိုးအရင်ထဲက ကာကာတွေဆို သိတယ်။
မုန့်တခုဆို story တခုရှိတဲ့ Tasty Bites က brownie bites လေးတွေပေါ့။အဲဒီထဲကမှ သိပ်မထုတ်ဖြစ်တဲ့ ကလေးလေးတွေ အကြောင်း ရေးချင်လို့။

မနှစ်က Nov 2022 စိတ်ဓာတ်အရမ်းကျနေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို challenge လုပ်တဲ့အနေနဲ့ Strength ထုတ်ခဲ့တယ်။ ငရုတ်သီးအစပ်အရသာရယ် ရွှေဖရုံသီးရဲ့ နူးညံ့တဲ့အရသာကို ပေါင်းစပ်ထားပြီး cinnamon add on လုပ်ထားတဲ့ strength လေးဟာ ဝမ်းနည်းနေတာ အကုန်မေ့နိုင်တဲ့အထိ မင်မင့်ကို ခွန်အားပေးခဲ့တယ်။

2021 Oct စိတ်ဓာတ်ကျတုန်းကတော့ self-love ထုတ်ခဲ့တယ်။မာကျောတဲ့ walnut နဲ့white choco အချိုအရသာလေးကြောင့် သူများတွေကိုပဲ ကြည့်မနေဘဲ ကိူယ့်ကိုယ်ကို ချစ်တတ်ဖို့ သင်ယူနိုင်ခဲ့တယ်။

စိန်တလုံးသရက်သီးအရသာကို အရမ်းကြိုက်လို့ ဟန်မြင့်မိုရ် စိန်တလုံးနဲ့ combination လုပ်ထားတဲ့ မင်မင့်ရဲ့ နွေစာ Hope လေး က ထင်သလောက် စားလို့မကောင်းခဲ့ဘူး။သရက်သီးရဲ့ ချိုအေးမွှေး အရသာ ပေါ်လွင်စေချင်ပေမယ့် လိုချင်တဲ့ အရသာမရလို့ Hope brownie bites လေးဟာ obsolete ဖြစ်ခဲ့ရတယ်။

လိုအပ်ချက်တွေ ခုထိ အများကြီးရှိပေမယ့် preservative and food coloring မထည့်ဘဲ ဘိုးဘိုး၊ဘွားဘွား နဲ့ ကလေးတွေက အစ pet တွေပါ မကျန် စားလို့ရအောင် လုပ်ပေးချင်တဲ့ စေတနာတခုထဲနဲ့ Tasty Bites ကို လုပ်ခဲ့တာဖြစ်ပါတယ်။အရင်တုန်းကဆို ကဒ်လေးတွေပါ ထုတ်ပေးပြီး သူ့ batch နဲ့သူ theme ပါ ပြောင်းခဲ့သေးတယ်။ခုတော့ ကုန်စျေးနှုန်းနဲ့ လိုက်မမှီ။လွမ်းစရာတွေပေါ့။

တကယ်တော့ JOY ဆိုတဲ့ နာမည်လေးနဲ့ မင်မင့် lucky number 13 ခုမြောက် product လေးကို ထုတ်ချင်တဲ့ ဆန္ဒရှိတာ တနှစ်ကျော်ပါပြီ။
ခုထိ ပျော်စရာကိစ္စဆိုတာလည်း မရှိဘူးလေ။
Tasty Bites ဆိုတာကလည်း စဖွင့်ထဲက business အတွက်မဟုတ်ဘဲ passion တခုထဲနဲ့ပဲလုပ်လာခဲ့တာ။
ဒါပေမယ့် page လေးကလည်း တဖြည်းဖြည်း ပိတ်ဖို့ဖက်ကိုပဲ တွေးမိတာများနေတော့ JOY ဆိုတာတောင် ရှိလာနိုင်ပါ့ဦးမလား မသိ။



27/06/2023

ဝယ်ပြီးတော့ ခရီးအမြန်သွားစရာပေါ်လာလို့ဆိုပြီး ခုမှ order cancel တဲ့သူရှိပါသဖြင့်

Fate(ဒူးရင်း) 2 ဘူး
First love 1 ဘူး
Shiraz 1 ဘူး
Felix/Friends/First love/Fate (ကြိုက်ရာတွဲ) 2 ဘူး
ပိုပါတယ်ရှင်

Fate -7000 အစား 6500
Shiraz or အရောဘူး- 5000
First love - 4500 နဲ့ ထားပေးပါ့မယ်ရှင်

All sold out 😊

မုန့်ထဲထည့်မယ့် ပစ္စည်းတခု အခုထိ မရသေးသည့်အတွက် မုန့် order များကို Wednesday မှ ပို့ပေးနိုင်တော့မည် ဖြစ်ကြောင်း ဝမ်းနည်...
25/06/2023

မုန့်ထဲထည့်မယ့် ပစ္စည်းတခု အခုထိ မရသေးသည့်အတွက် မုန့် order များကို Wednesday မှ ပို့ပေးနိုင်တော့မည် ဖြစ်ကြောင်း ဝမ်းနည်းစွာ အကြောင်းကြားအပ်ပါသည်ရှင်
အကယ်၍ မစောင့်နိုင်လို့ order cancel ချင်ရင်လည်း အားမနာပါနဲ့ ကာကာတို့ရှင်



အားလုံးပဲ မင်္ဂလာပါရှင်Tasty Bites မှ ပြန်လည်ကြိုဆိုပါတယ်။Order လက်ခံတာလေး ပိတ်သွားပြီမို့ လာမယ့် Tuesday မှာ မုန့်လေးတွ...
25/06/2023

အားလုံးပဲ မင်္ဂလာပါရှင်
Tasty Bites မှ ပြန်လည်ကြိုဆိုပါတယ်။

Order လက်ခံတာလေး ပိတ်သွားပြီမို့ လာမယ့် Tuesday မှာ မုန့်လေးတွေ လိုက်ပို့ပေးပါ့မယ်ရှင်။

မုန့်လေးတွေရလာခဲ့ရင် ရေခဲသေတ္တာရဲ့အအေးခန်း မှာ ထားပေးပြီး မူလအရသာနဲ့ texture ရအောင် စားခါနီးမှ room temperature ထဲ ထုတ်စားပေးဖို့ မေတ္တာရပ်ခံပါရစေ။

Room temperature မှာထားရင် ၃ ရက်ခံပြီး fridge ထဲမှာဆို တပတ်ခံပါတယ်။
(အခဲခန်း⛔️ မှာ မထားရဘူးနော်)

Payment က Cash on deli ရော kpay ရော ရပါတယ်။Monday night မင်မင် invoice ပို့ပေးတော့မှ ငွေရှင်းပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။



မုန့်လုပ်မယ့် ဒွင်းသီးတွေ ရောက်လာပါပြီဆင့်🤤ဒွင်းချစ်သူတွေရေ မြန်မြန်လာကြညော်အသီးနဲ့ လုပ်တဲ့ Tasty Bitesရဲ့ brownie bites...
24/06/2023

မုန့်လုပ်မယ့် ဒွင်းသီးတွေ ရောက်လာပါပြီဆင့်🤤
ဒွင်းချစ်သူတွေရေ မြန်မြန်လာကြညော်
အသီးနဲ့ လုပ်တဲ့ Tasty Bitesရဲ့ brownie bites တွေဟာဆိုရင် စတော်ဘယ်ရီဆိုလည်း စတော်ဘယ်ရီ၊ကန်စွန်းဥဆိူလည်း ကန်စွန်းဥ၊ခု ဒူးရင်းသီးဆိုလည်း ဒူးရင်းသီး frozen မဟုတ်ဘဲ အရသာကောင်းအောင် လတ်လတ်ဆတ်ဆတ် အသီးတွေကိုပဲ ရွေးချယ်အသုံးပြုထားတာ ဖြစ်ပါတယ်ရှင့်



Address

Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Website

Alerts

Be the first to know and let us send you an email when Tasty Bites posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category