Eka

Eka Eka : Simply smart , Truly Local

မကြာခင်မှာ 𝐄𝐤𝐚 က မြန်မာနိုင်ငံက ‌ယောကျာ်းလေးတွေအတွက်ထုတ်လုပ်ထားတဲ့ အထည်တွေကို 𝐃𝐞𝐬𝐢𝐠𝐧 နဲ့ တကွ ချပြတော့မှာဖြစ်တယ်။အရင်ဆုံး...
15/05/2026

မကြာခင်မှာ 𝐄𝐤𝐚 က မြန်မာနိုင်ငံက ‌ယောကျာ်းလေးတွေအတွက်
ထုတ်လုပ်ထားတဲ့ အထည်တွေကို 𝐃𝐞𝐬𝐢𝐠𝐧 နဲ့ တကွ ချပြတော့မှာဖြစ်တယ်။

အရင်ဆုံးအနေနဲ့ကတော့ 𝐄𝐤𝐚 က အသုံးပြုထားတဲ့ 𝐅𝐚𝐛𝐫𝐢𝐜 အကြောင်းကို ရှင်းပြပေးချင်ပါတယ်။

𝐄𝐤𝐚 ဟာ မြန်မာနိုင်ငံက အမျိုးသားတိုင်း ဝတ်ဆင်နိုင်ဖို့
မြန်မာ့ရာသီဥတု (၃) ခုလုံးနဲ့ လိုက်ဖက်သင့်တော်တဲ့
အင်းလေးချည်ကို ရွေးချယ်ထားတာပဲ ဖြစ်ပါတယ်။

အင်းလေးချည်ဆိုတဲ့အတိုင်း
❌ ရေလျှော်မရွဲ
❌ အသီးမထ
❌ အရောင်မကျ တဲ့ အားသာချက်တွေ ရှိတာရော

မြန်မာ့ ပြည်တွင်းထုတ်ကုန်တွေနဲ့ပဲ
𝐄𝐤𝐚 ရဲ့ 𝐏𝐫𝐨𝐝𝐮𝐜𝐭 ကို ပေါင်းစပ်ချင်တာရောကြောင့်
အင်းလေးချည်ကိုပဲ အသုံးပြုဖို့ 𝐄𝐤𝐚 𝐓𝐞𝐚𝐦 က 𝐃𝐞𝐜𝐢𝐬𝐢𝐨𝐧 ချခဲ့တာပဲဖြစ်ပါတယ်။

ဒါဆိုရင် 𝐄𝐤𝐚 အနေနဲ့ 𝐅𝐢𝐫𝐬𝐭 𝐏𝐫𝐨𝐝𝐮𝐜𝐭 ကို
ဘယ်လို အရောင်လေးတွေ
ဘယ်လို 𝐃𝐞𝐬𝐢𝐠𝐧 လေးတွေနဲ့ ပွဲဦးထွက်လာလိမ့်မလဲဆိုတာကိုတော့
ဆက်လက်စောင့်မျှော်ကြည့်ရှုပေးကြပါဦး

ဒီလို ပူအိုက်တဲ့နွေရာသီဆို ဘယ်လို ဖက်ရှင်တွေ ဝတ်ဖြစ်ကြလဲ brother တို့ရေဂျင်းတွေဂွမ်းသားတွေကတော့ အနားကို မကပ်နိုင်လောက်အေ...
22/04/2026

ဒီလို ပူအိုက်တဲ့နွေရာသီဆို ဘယ်လို ဖက်ရှင်တွေ ဝတ်ဖြစ်ကြလဲ brother တို့ရေ

ဂျင်းတွေ
ဂွမ်းသားတွေကတော့ အနားကို မကပ်နိုင်လောက်အောင်ပဲ ပူလွန်းတယ်ဗျာ။

ဆိုတော့ .... ကျွန်တော်ကတော့ အခုလတ်တလော ချည်သားလေးတွေပဲ ဝတ်ဖြစ်နေတယ်။

ချည်သားထဲကိုမှ အင်းလေးချည်ကိုပဲ ဝတ်ဖြစ်တယ်။

အင်းလေးချည်ဆိုတာ သိတဲ့အတိုင်း
✅ နွေရာသီနဲ့လည်း ကိုက်တယ်
✅ နူးညံ့ပြီး ဝတ်ရတာလည်း သက်သောင့်သက်သာရှိတယ်
✅ အရောင်လည်း မြဲပြီး
ရေလျှော်လေ အသားကျလေဆိုတော့ ကျွန်‌တော်ကတော့ တစ်ထည်ဝယ်ပြီး
တစ်သက်လုံး ဝတ်တော့တာပဲ။

ဟော..ချည်သားဆိုပေမဲ့ ဒီဇိုင်းအောက်တာတော့ ကျွန်တော်က မဝတ်ဘူးဗျာ။
အဆင်ဆန်းဆန်း ဒီဇိုင်းလန်းလန်းမှ
ကိုယ်ပေါ် ကပ်ခွင့်ပြုတာ။

ဒါနဲ့ ... ဘရားသားတို့ရော နွေရာသီကို အံတုဖို့ ဘယ်လို ဖက်ရှင်တွေ ဝတ်ဖြစ်နေကြလဲ?
Comment မှာ မျှဝေ ပေးခဲ့ကြပါဦး။

ယောကျာ်းလေးတစ်ယောက်အတွက် Fashion Style ဆိုတာ ကိုယ့်ရဲ့ လူနေမှုပုံစံကို ဖော်ပြနေတယ်ဆိုလည်း မမှားပါဘူး။လူတစ်ယောက်နဲ့တစ်ယော...
08/04/2026

ယောကျာ်းလေးတစ်ယောက်အတွက် Fashion Style ဆိုတာ ကိုယ့်ရဲ့ လူနေမှုပုံစံကို ဖော်ပြနေတယ်ဆိုလည်း မမှားပါဘူး။

လူတစ်ယောက်နဲ့တစ်ယောက်လည်း
အကြိုက်ချင်းကတော့ ထပ်တူကျဖို့ မလွယ်ဘူးပေါ့။

ဒီတော့... Bro တို့အနေနဲ့
အခု Eka Page က ပြောပြမယ့်
Style (၄) မျိုးထဲမှာ ဘယ်လိုမျိုး ဝတ်ရတာကို ပိုသဘောကျလဲ? ဆိုတာကို
ဖတ်ကြည့်ပြီး Comment မှာ Vote ပေးခဲ့ကြပါဦးနော်။

👕 Casual Look (အေးဆေးပေါ့ပါးတဲ့ပုံစံ)

"အဝတ်အစားဆိုတာ ဝတ်ရတာ လွတ်လပ်မှ" ဆိုတဲ့ Bro တို့အတွက်ပေါ့။
ဒီ Look ရဖို့ဆိုရင် T-shirt အေးအေးလေးတစ်ထည်ကို Jeans ဒါမှမဟုတ် Chino ဘောင်းဘီလေးနဲ့ တွဲဝတ်လိုက်ရုံပါပဲ။
သူငယ်ချင်းတွေနဲ့ဆုံတာပဲဖြစ်ဖြစ်၊
အပြင်ခဏထွက်တာပဲဖြစ်ဖြစ်
ပေါ့ပေါ့ပါးပါးရှိတဲ့ Style မျိုးပါ။

👔 Smart Casual (တည်တည်ငြိမ်ငြိမ်နဲ့ စမတ်ကျတဲ့ပုံစံ)

အလုပ်ကိစ္စအတွက်ပဲဖြစ်ဖြစ်၊
အရေးကြီးတဲ့ ချိန်းဆိုမှုတစ်ခုမှာပဲဖြစ်ဖြစ်
လူကြားထဲ တည်တည်ကြည်ကြည်နဲ့
အထာကျချင်တဲ့ Bro တွေ အကြိုက်ပါ။
Shirt လက်ရှည်လေးကို အင်္ကျီလက်လေး ခေါက်တင်ထားပြီး ဘောင်းဘီအရှည်နဲ့ Sneaker အသန့်လေးတစ်စုံနဲ့ တွဲဝတ်လိုက်ရင် ဘယ်နေရာရောက်ရောက် ကြည့်ကောင်းနေမှာ အသေအချာပါပဲ။

🧢 Street Style (ခပ်မိုက်မိုက်နဲ့ လူငယ်ဆန်တဲ့ပုံစံ)

Trend အသစ်တွေကိုလည်း စမ်းသပ်ချင်တယ်၊
ကိုယ့်ရဲ့ ပင်ကိုယ်ဟန်ကိုလည်း ထင်ထင်ရှားရှား ပြချင်တဲ့သူတွေအတွက်ပါ။
Oversized T-shirt တွေ၊ Hoodie တွေနဲ့
ခပ်လန်းလန်း Sneaker တွေကို
တွဲဖက်ဝတ်ဆင်တတ်တဲ့ ပုံစံမျိုးပေါ့။
ဒီ Lookက လူအများကြားမှာ ထင်ပေါ်နေပြီး အမြဲတမ်း Active ဖြစ်နေတဲ့ Vibe မျိုးကို ပေးပါတယ်။

✨ Old Money Style (ရိုးရိုးရှင်းရှင်းနဲ့ အထက်တန်းဆန်တဲ့ပုံစံ)

ဒီ Look က‌တော့ Logo အကြီးကြီးတွေမပါပေမဲ့
ဝတ်ထားရင် အလိုလိုနေရင်း အထာကျပြီး လူချမ်းသာ Vibe ထွက်နေတဲ့ Style မျိုးပါ။
ပိုလိုအင်္ကျီ (Polo Shirt)၊ ဒါမှမဟုတ် Linen Shirt အသားကောင်းကောင်းလေးတွေကိုမှ အရောင်ရင့်ရင့်တွေထက် Earth tone ဖြစ်တဲ့ (Beige, Navy Blue, White) color လေးတွေနဲ့ တွဲဝတ်တတ်တဲ့ ပုံစံမျိုးပေါ့။
ရိုးရှင်းပေမယ့် အရမ်းကို Classic ဖြစ်တဲ့ Style လို့ ပြောလို့ရပါတယ်။

ကဲ... ဒီ Style တွေထဲက Bro တို့ရဲ့ အကြိုက်ဆုံး Style က ဘယ်ဟာ ဖြစ်မလဲ?
ဒါမှမဟုတ် ကိုယ်ဝတ်ရတာ အနှစ်သက်ဆုံး Outfit မျိုးရှိရင်လည်း Comment မှာ ပြောပြခဲ့ပါဦး။

Something minimal, smart, and perfectly tailored for our local climate is coming your way. Our locally-made collection i...
04/04/2026

Something minimal, smart, and perfectly tailored for our local climate is coming your way. Our locally-made collection is launching soon.
Stay tuned!😎

ကျွန်တော်ကတော့ မနက်ဆို ဘာမှမစားရလည်း ကော်ဖီတစ်ခွက်နဲ့ ပြီးတဲ့လူစားမျိုးနေ့ခင်း အလုပ်လုပ်နေရင်း energy လျော့သွားတယ်လို့ ခ...
09/05/2024

ကျွန်တော်ကတော့ မနက်ဆို ဘာမှမစားရလည်း ကော်ဖီတစ်ခွက်နဲ့ ပြီးတဲ့လူစားမျိုး

နေ့ခင်း အလုပ်လုပ်နေရင်း energy လျော့သွားတယ်လို့ ခံစားရရင် expresso ခါးခါးတစ်ခွက်လောက် ပြေးသောက်လိုက်ရမှ။

မဟုတ်ရင် ဖုန်းအားကုန်သွားတဲ့ Battery လိုပဲ
အဲ...ကော်ဖီသောက်ပြီးရင်တော့ engery က အပြည့်ပဲဗျာ။

ကျွန်တော့ မိတ်ဆွေတစ်ချို့ ကော်ဖီအကြောင်း ဖောက်သည်ချကြတာရှိသေးတယ်

တစ်ချို့က စိတ်ဂနာမငြိမ်ရင် ကော်ဖီဆိုင် သွားထိုင်တာတဲ့

တစ်ချို့က weekend ရောက်ရင် ကော်ဖီဆိုင်လှလှလေးမှာ ထိုင်ပြီး Chill လိုက်ရမှ တစ်ပတ်လုံးပင်ပန်းသမျှ restart ချလိုက်သလို ပေါ့ပါးသွားတဲ့

တစ်ချိို့ကျတော့လည်း ကော်ဖီဆိုင်လှလှတွေ ပတ်ထိုင်ရတာကို သဘောကျလို့ ကော်ဖီထက် ကော်ဖီဆိုင်လှလှလေးတွေကို ပိုစွဲလမ်းနေပြီတဲ့

တစ်ချို့ကျ သောက်နေကျကော်ဖီကို သောက်နေကျကော်ဖီဆိုင်က မသောက်ရရင် တစ်နေ့လုံး နေလို့မရဘူးတဲ့

တစ်ချို့ကျ အဲ့လိုမဟုတ်ဘူး

ကော်ဖီဆိုင်ကိုလာထိုင်တဲ့ အဆင်လှလှတွေကို တမင် ငေးချင်လို့ကို ကော်ဖီဆိုင်သွားတဲ့

မျိုးစုံပါဗျာ...သူတို့ပြောတာတွေ နားထောင်ကြည့်တော့လည်း စိတ်ဝင်စားစရာအကောင်းသား

ကဲ...ခင်ဗျားရော
ဘာကြောင့် ကော်ဖီ သောက်တာလဲ
ဘာကြောင့် ကော်ဖီဆိုင်တွေ သွားထိုင်တာလဲ

ညစ်ညူးစရာနေ့ရက်တွေမှာ ကော်ဖီချစ်သူတွေက ခင်ဗျားရဲ့တစ်စေ့တစ်စောင်း ကော်ဖီအကြောင်း နားထောင်ချင်ကြမှာပဲ

ပြန်ဖြေခဲ့ဗျာ....




Hello Hello 🤗 𝐂𝐚𝐟é 𝐌𝐨𝐫𝐩𝐡𝐞𝐮𝐬 ဆိုင်လေးမှာအခုလိုအထာကျကျဓာတ်ပုံလေးရိုက်လို့ရပြီနော်𝐂𝐚𝐟é 𝐌𝐨𝐫𝐩𝐡𝐞𝐮𝐬 ဆိုင်လေးက 💁🏻‍♂️ Mon - Fri  ...
24/01/2024

Hello Hello 🤗 𝐂𝐚𝐟é 𝐌𝐨𝐫𝐩𝐡𝐞𝐮𝐬 ဆိုင်လေးမှာအခုလိုအထာကျကျဓာတ်ပုံလေးရိုက်လို့ရပြီနော်

𝐂𝐚𝐟é 𝐌𝐨𝐫𝐩𝐡𝐞𝐮𝐬 ဆိုင်လေးက
💁🏻‍♂️ Mon - Fri မှာတော့
9:00AM - 4:00PM ( Take Away ) ယူဆောင်လို့ရမှာ ဖြစ်ပြီး
4:00PM - 7:00PM ထိ ဆိုင်မှာ ထိုင်သောက်ရင်း နေ၀င်ချိန်ကို ခံစားလိုက်ပါ

💁🏻‍♂️ Sat & Sun ရုံးပိတ်ရက်လေးဖြစ်တာမလို့
9:00 AM - 7:00 PM ဖွင့်လှစ်ပေးထားပါတယ်ဗျ

Aircon အေးအေးလေးနဲ့ အလုပ်လာလုပ်ချင်သူတွေအတွက်လဲ နေရာကောင်းလေးတစ်ခု ဖြစ်မှာပါ။ 👨‍💻

Dessert menu လေးတွေလဲ ရနေပြီမလို့ 𝐂𝐚𝐟é 𝐌𝐨𝐫𝐩𝐡𝐞𝐮𝐬 မှာ ချစ်ရသူနဲ့ အချိန်တွေ ကုန်ဆုံးလိုက်တော့နော် 👩‍❤️‍👨

📍 Address - ကမ်းနားလမ်း၊ ကြည့်မြင်တိုင်မြို့နယ် (သီရိမင်္ဂလာဈေးဟောင်းအရှေ့) ၊ ဈေးဟောင်းမှတ်တိုင်အနီး

Café Morpheus ရဲ့ ဆိုင်ဖွင့်ချိန်လေး 🕰️💁🏻‍♂️ စောင့်မျှော်နေကြတဲ့ ကာကာတို့အတွက် Café Morpheus ရဲ့ ဆိုင်ဖွင့်ချိန်လေးနဲ့ ထ...
10/01/2024

Café Morpheus ရဲ့ ဆိုင်ဖွင့်ချိန်လေး 🕰️

💁🏻‍♂️ စောင့်မျှော်နေကြတဲ့ ကာကာတို့အတွက် Café Morpheus ရဲ့ ဆိုင်ဖွင့်ချိန်လေးနဲ့ ထိုင်လို့အကောင်းဆုံး အချိန်လေးတွေကို မင်မင်က ပြောပြပေးပါမယ် 📢

မင်မင်တို့ဆိုင်လေးကို မနက် 9 နာရီကနေ ညနေ 7 နာရီအထိ ဖွင့်လှစ်ထားတာပဲ ဖြစ်ပါတယ်။ 🤗
👉🏻 Mon to Fri ကိုတော့ မနက် 9 နာရီ - ညနေ 4နာရီ ကို take away ပြုလုပ်နိုင်မှာဖြစ်ပြီး
ကျန်တဲ့အချိန်က ဆိုင်မှာ အေးဆေး Chill လို့ရမှာ ဖြစ်ပါတယ်။☕

✨ ပိတ်ရက်မရှိ ဖွင့်လှစ်ထားလို့
ကော်ဖီသောက်ချင်သူတွေ၊ စကားအေးဆေးပြောချင်သူတွေနဲ့ အလုပ်လုပ်ဖို့ work place ရှာနေသူတွေအတွက် အကောင်းဆုံးနေရာလေး ဖြစ်စေမှာပါ။ ✅

💁🏻‍♂️ Café Morpheus က အလုံမြို့နယ် ကမ်းနားလမ်း အရှေ့ဘက်ခြမ်းမှာရှိတာမလို့
🌄 ညနေဆို နေ၀င်ဆည်းဆာလေးခံစားပြီး coffee သောက်ချင်သူတိုင်း 4:00 PM - 7:00PM က အကောင်းဆုံး အချိန်လေးပါပဲ။

🍪Dessert menu လေးတွေလဲ ဖန်တီးထားပြီး pudding လေးကတော့ ဆိုင်ရဲ့ အသက် ဆိုလဲ မမှားပါဘူး 🍮
🌟 ဆိုင်ကို ရောက်တဲ့အခါ Match Pudding နဲ့ Chocolate Pudding လေးကို စားကြည့်ဖို့ အကြံပြုပါရစေ

📍 Address - ကမ်းနားလမ်း၊ ကြည့်မြင်တိုင်မြို့နယ် (သီရိမင်္ဂလာဈေးဟောင်းအရှေ့) ၊ ဈေးဟောင်းမှတ်တိုင်အနီး

Café Morpheus ရဲ့ Menu လေးတွေပါ☕️☕️
30/12/2023

Café Morpheus ရဲ့ Menu လေးတွေပါ☕️☕️

🎶 အုန်းရေ၊ အုန်းရေ သောက်တာ သိပ်မချိုဘူးလား 𝑴𝒐𝒓𝒑𝒉é-𝒄𝒐𝒄𝒐 လေးသောက်ကြည့်နော် ☕ကော်ဖီရဲ့ ခါးသပ်စိမ့်၀င်မှုလဲ ခံစားရပြီး အုန်း...
20/12/2023

🎶 အုန်းရေ၊ အုန်းရေ သောက်တာ သိပ်မချိုဘူးလား 𝑴𝒐𝒓𝒑𝒉é-𝒄𝒐𝒄𝒐 လေးသောက်ကြည့်နော် ☕

ကော်ဖီရဲ့ ခါးသပ်စိမ့်၀င်မှုလဲ ခံစားရပြီး အုန်းစိမ်းရဲ့ လန်းဆန်းမှုကိုပါ အပြည့်အ၀ရရှိစေမယ့် Menu အသစ် 💁🏻‍♂️

🌟 Morpheus ရဲ့ Signature ကိုက Customer တွေကို
မတူညီတဲ့ vibe၊
တမူထူးခြားတဲ့ ပေါင်းစပ်မှုတွေနဲ့ အသစ်အသစ်တွေကို ပေးစွမ်းချင်တာပဲ ဖြစ်ပါတယ်။

𝑴𝒐𝒓𝒑𝒉é-𝒄𝒐𝒄𝒐 က ကော်ဖီရဲ့အခါးဓာတ်ကို မငြီးငွေ့စေဖို့ အုန်းစိမ်းရဲ့ အနံ့အရသာ‌ကိုပါ ခံစားမိအောင်ဖန်တီးထားတာပဲဖြစ်ပါတယ်။ 🥥☕

🫖 စသောက်လိုက်တဲ့အချိန်မှာ 🫖

🥥 အုန်းစိမ်းနံ့သင်းသင်းလေးနဲ့ fresh ဖြစ်စေမယ်၊
စိတ်ကြည်လင်စေမယ့် feeling လေးကို ပေးစွမ်းမှာဖြစ်ပြီး
☕ကော်ဖီရဲ့အရသာကိုလဲ လုံး၀မပြောင်းလဲအောင် ထိန်းပေး‌ထားတာဖြစ်ပါတယ်။

👉🏻 အုန်းသီးဖက်လေးတွေပါ ထည့်ပေးထားတာဖြစ်လို့ ကော်ဖီ vibe အသစ်လေးရရှိစေမှာ ဖြစ်ပါတယ်။✨

🤭 ကိုကိုမှ ကိုကို ဆိုတဲ့သူတွေအတွက် 𝑴𝒐𝒓𝒑𝒉é-𝒄𝒐𝒄𝒐 လေး ဆိုင်မှာ ရနေပြီနော်

📍 Address - ကမ်းနားလမ်း၊ ကြည့်မြင်တိုင်မြို့နယ် (သီရိမင်္ဂလာဈေးဟောင်းအရှေ့) ၊ ဈေးဟောင်းမှတ်တိုင်အနီး

"တမူထူးခြားတဲ့ပေါင်းစပ်မှု ပုံစံအသစ်နဲ့ 𝑴𝒐𝒓𝒑𝒉é-𝑪𝒂𝒅𝒐"🥑 ထောပတ်သီးဆို Favorite ဆိုတဲ့ ကာကာတို့ရေ...တစ်နေ့တစ်နေ့ ကော်ဖီမသောက...
18/12/2023

"တမူထူးခြားတဲ့ပေါင်းစပ်မှု ပုံစံအသစ်နဲ့ 𝑴𝒐𝒓𝒑𝒉é-𝑪𝒂𝒅𝒐"

🥑 ထောပတ်သီးဆို Favorite ဆိုတဲ့ ကာကာတို့ရေ...

တစ်နေ့တစ်နေ့ ကော်ဖီမသောက်ဘဲကလဲ မနေနိုင်တဲ့ Coffeeholic လေးတွေအတွက် 🫖☕
- ကော်ဖီရဲ့ ခါးသပ်မှု၊
- နွားနို့ရဲ့ ချိုစိမ့်မှုတို့ကို အမြင်အသစ် ခံစားမှုအသစ်
ဖြစ်အောင် ထောပတ်သီးရဲ့ အရသာတို့ကိုပါ ပေါင်းစပ်လိုက်တဲ့အခါ....
Café Morpheus ရဲ့ Signature coffee လေး ရရှိလာခဲ့ပါတယ်။

🤩 𝑴𝒐𝒓𝒑𝒉é-𝑪𝒂𝒅𝒐 ဆိုတာ ကော်ဖီလေးထဲမှာ ထောပတ်သီးကို fusion လုပ်ထားပြီး မူလအရသာကို မပျက်စေပဲ ထောပတ်သီးရဲ့ နှစ်လိုဖွယ်အရသာကိုပါ ခံစားမိစေမှာပါ။

ဒါ့အပြင် avocado လေးကို သက်သက်စားနိုင်ဖို့ပါ ထည့်သွင်းပေးထားတာဖြစ်လို့ avo-lover တွေ အကြိုက်တွေ့စေမယ့် Menu လေးလဲ ဖြစ်မှာ အသေအချာပါပဲ။ 😻🥑

💁🏻‍♂️ Platting ကလဲ အရမ်းချစ်စရာကောင်းသလို Eco system နဲ့အညီ ကော်ဖီခွက်အစား ထောပတ်သီးအခွံလေးကို အသုံးပြုထားတာဖြစ်ပါတယ်။

👉🏻 ကဲ ဒီတော့ Café Morpheus ရဲ့ Signature လေးလဲ ဖြစ်တဲ့ 𝑴𝒐𝒓𝒑𝒉é-𝑪𝒂𝒅𝒐 လေးကို မြည်းစမ်းကြည့်ဖို့ ဖိတ်ခေါ်ပါရ‌စေ

သောက်ကြည့်လို့ ကြိုက်သွားရင်တော့ တာ၀န်မယူနော် 🤭

📍 Address - ကမ်းနားလမ်း၊ ကြည့်မြင်တိုင်မြို့နယ် (သီရိမင်္ဂလာဈေးဟောင်းအရှေ့) ၊ ဈေးဟောင်းမှတ်တိုင်အနီး

☕ ကော်ဖီစစ်စစ်ရဲ့အရသာ မျိုးမှ သောက်ချင်သူတွေအတွက် "𝐂𝐚𝐟é 𝐌𝐨𝐫𝐩𝐡𝐞𝐮𝐬" ☕အားလုံးပဲ မင်္ဂလာပါ။💁🏻‍♂️🌟 ဒီနေ့မှာတော့ quality ကောင်...
14/12/2023

☕ ကော်ဖီစစ်စစ်ရဲ့အရသာ မျိုးမှ သောက်ချင်သူတွေအတွက်
"𝐂𝐚𝐟é 𝐌𝐨𝐫𝐩𝐡𝐞𝐮𝐬" ☕

အားလုံးပဲ မင်္ဂလာပါ။💁🏻‍♂️
🌟 ဒီနေ့မှာတော့ quality ကောင်းပြီး ထူးကဲတဲ့အရသာ၊ မတူညီတဲ့ taste တွေကို ခံစားချင်တယ်ဆိုရင်တော့ 𝐂𝐚𝐟é 𝐌𝐨𝐫𝐩𝐡𝐞𝐮𝐬ကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်။

☕ တိတ်ဆိတ်တဲ့ ပတ်၀န်းကျင်
☕ အေးမြပြီး ဆန်းသစ်တဲ့ ဆိုင်ရဲ့ အပြင်အဆင်
☕ အကောင်းမွန်ဆုံး service တွေနဲ့
𝐂𝐚𝐟é 𝐌𝐨𝐫𝐩𝐡𝐞𝐮𝐬 ကို တစ်ခါလာပြီး နောက်ထပ် ထပ်လာချင်အောင် စွဲမက်စေမှာပါ။

🔸15.12.2023 မှာ Soft Opening လေးအနေနဲ့ စဖွင့်မှာဖြစ်လို့ ကော်ဖီချစ်သူတို့လာရောက် သုံးဆောင်လို့ ရပါပြီနော်။

ဆိုင်လေးကတော့
📍ကမ်းနားလမ်း၊ ကြည့်မြင်တိုင်။ (သီရိမင်္ဂလာဈေးဟောင်း အရှေ့)
UAB Bank နဲ့ တွဲဖက် ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

🏦 Bank ကိုလာရင်း coffee လေးလဲ အေးဆေးသောက်လို့ရမှာ ဖြစ်လို့ vibe အသစ်တမျိုးလေး ရရှိစေမှာပါ။

Address

Bahan Township
Yangon
11101

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Sunday 09:00 - 19:00

Telephone

+959794824493

Website

Alerts

Be the first to know and let us send you an email when Eka posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Eka:

Share