Million Dollar Online Shop

Million Dollar Online Shop The best quality fruits and food

12/10/2024
အားလုံးဖဲ like တေရပါစေ😁😁😁😁
24/08/2024

အားလုံးဖဲ like တေရပါစေ😁😁😁😁

🌹၂၃    ၈  ၂၀၂၄🌷မင်္ဂလာနံက်ခင်းလေးပါ🌹စိတ်သွားတိုင်းကိုယ်ပါ🌹လိုရာဆန္ဒပြည့်ဝကြပါစေ🌹နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ🌹ဘေးရန်ကင...
24/08/2024

🌹၂၃ ၈ ၂၀၂၄
🌷မင်္ဂလာနံက်ခင်းလေးပါ
🌹စိတ်သွားတိုင်းကိုယ်ပါ
🌹လိုရာဆန္ဒပြည့်ဝကြပါစေ
🌹နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ
🌹ဘေးရန်ကင်းကွာ ကျန်းမာ ချမ်းသာကြပါစေရှင်

သစ်အယ်သီး လေး တပြည်ကိုတသောင်းသုံးထောင်ပါရှင့်
18/09/2023

သစ်အယ်သီး လေး

တပြည်ကိုတသောင်းသုံးထောင်ပါရှင့်

24/04/2023
ဖားတွေဟာ ခရီးအဝေကြီးကို သွားရမည်ဆိုလျင် သူ့တို့ခန္ဓာရဲ့သဘာဝက ခုန်သွားမှရတာလေ ဝေးလွန်းတဲ့ခရီးကို ကြာရှည်မခုန်နိုင်ကြဘူးပေ...
24/11/2022

ဖားတွေဟာ ခရီးအဝေကြီးကို သွားရမည်ဆိုလျင်
သူ့တို့ခန္ဓာရဲ့သဘာဝက ခုန်သွားမှရတာလေ ဝေးလွန်းတဲ့ခရီးကို ကြာရှည်မခုန်နိုင်ကြဘူးပေါ့

ဒီတော့ ခရီးသွားဖို့ လမ်းကြုံမီးရထားလို ယဉ်တခုလိုအပ်လာတယ်
ခရီးသွားယဉ်အကူအညီရှာကြတော့
ကူညီမည့်မိတ်ဆွေပေါ်လာတယ်

အဲဒါ မြွေကြီးပဲ
အဲဒီမြွေကြီးက ဖားမိသားစုတစ်ဆွေတစ်မျိုးလုံးကို သူ့ရဲ့ကျောကုန်းပေါ်တင်ဆောင်၍ ခရီးအဝေးကြီးကို ပို့ပေးလိုက်ပါတယ်
အဲဒါတကယ်ပါပဲ
အို မိတ်ဆွေ ဘယ်လိုထင်ပါသလဲ.!

သဘောအလွန်ကောင်းတဲ့ ဒီမြွေကြီးဟာ တကယ်တော့ ဖားတွေကိုသနားပြီး ခရီးပို့ပေးနေတာတော့ မဟုတ်ဘူးဗျ
ဖားတွေဟာ သူ့ရဲ့စားနပ်ရိက္ခာတွေလေ
ဒီတော့ သူကဖားတွေကို မောင်းမထုတ်ပဲ အသာတကြည်လက္ခံပြီး တင်ဆောင်လာခဲ့တာပေါ့

ဗိုက်စာတဲ့အချိန်ကြ ရိက္ခာကို အဆင်သင့် ယူစားလိုက်ယုံပါပဲ။

အို ချစ်မိတ်ဆွေတို့ သတိပေးပါတယ်
လူ့ပြည်လူလောကမှာလည်း ဤကဲ့သို့သော ကျေးဇူးရှင်ပုံစံနဲ့ ချခင်းကူညီထားတာ ပေးကျွေးထားတာ ကယ်တင်ထားတာတွေ ရှိလေတယ်
အရာရာကို သတိ အသိ နဲ့သာ ဆုံးဖြတ်ပါလော ။

credit: :original uploader

မေတ္တာဖြင့်.💗..✍️💞

ဓမ္မ၊သုတ၊ရသစာပေများ

မေတ္တာဖြင့်.💞..✍️

🙏🌹🙏🌹🙏🌹🙏🌹🙏
#ဘဝစာမျက်နှာ

မူလ ပထမ ဆေးစစ်စစ်ပါဆေးကောင်းလွန်းလို့ ရန်ကုန်မှာ လူနေစရာတောင်ဖယ်ပြီး ဂိုထောင်လိုဆေးတွေ ထားရောင်းရတာ 083 ပါရှင့်ဘာကွာလည်း...
09/11/2021

မူလ ပထမ ဆေးစစ်စစ်ပါ

ဆေးကောင်းလွန်းလို့
ရန်ကုန်မှာ လူနေစရာတောင်ဖယ်ပြီး
ဂိုထောင်လိုဆေးတွေ ထားရောင်းရတာ

083 ပါရှင့်
ဘာကွာလည်းဆို ဈေးကွာ
အာနိသင်ကွာပါတယ်

သူကအနှစ်တွေများကြီးပိုပါတာပါ

လေဖြတ် လေဖြန်း သွေးတိုး အကြောတတ်

ကျီးပေါင်း လေးဖက်နာ

အဆစ်ကိုက် အရွတ်ကိုက်

ဒူးနာ ခါးနာ

တင်ပခွက်နာ

ညောင်းကိုက်

အပူက်ိုက်

အအေးကိုက်

ဝမ်းရင် ပွ ဖော အကြောကပ်

နေမထိထိုင်မသာ ဖြစ်သမျှ

ယူပြစ်သလိုကို ပျောက်ကင်းချမ်းသာရပါတယ်

ကျမ ရွှေရည်ဝါဝါဝင်းမြတ် တသက်လုံး
ကမ္ဘာအရပ်ရပ်မှာ အနှိပ်ခန်းတကာ လည်နေခဲ့သမျှ ခုတောထဲ ခြေငြိမ်ပြီး

ဘယ်သူ့ ခြေဖဝါးအောက်မှ အရောက်မခံရတာ သူ့ကြောင့်ပါ

မိဘ ဆွေမျိုး အကုန် ပို့ဆောင် သောက်သုံးစေပြီး
တကယ်ကောင်း
တကယ်စစ်မှန်တာ ရောင်းချပေးတာပါ

ဆေးစစ် ဆေးမှန် အာမခံနိုင်ပါတယ်

ကျမပေးနိုင်တာ စစ်မှန်ကောင်းမွန်မှူပါ

စိတ်ချ မှာယူပါရှင်
မူလ လက်ဟောင်းရသေ့ဆေးစစ်စစ်
အနှစ်များများ
083
တသောင်းခွဲ ပါ
12လုံးတဖာ ဖာလိုက်ဈေး သောင်းသုံးထောင်ပါရှင်
စစ်မှန် ကောင်းမွန်ခြင်းဟာ သင့်ကို နာကျင်ကိုက်ခဲတဲ့ လောကထဲက ချက်ခြင်း ကယ်တင်ပေးမှာပါ

02/11/2021

စူးစူးရဲရဲ ကျိန်ဆဲသူများ
----------------------
ဘုရားရှင်လက်ထက်တွင်လည်း မင်းဆိုး မင်းညစ် အုပ်ချုပ်သူများ ရှိခဲ့ပါသည်။ အုပ်ချုပ်သူကိုယ်တိုင်က ဆိုးညစ်သည့်အခါတွင် သူ့အောက်တွင်ခစား အခွင့်အရေးသမားတို့မှာ လက်စောင်းပိုထက်ကြတော့သည်။ လက်အောက် ငယ်သားဆိုးသွမ်းဖောက်ပြန်ခြင်းမှာ အုပ်စိုးသူမကောင်းသောကြောင့်သာဖြစ်သည်။

အောက်က အထက်ကိုကြည့်နေသည်။ အထက်ဖောက်လျှင် အောက်လည်းပေါက်သည်။ အထက်က ခိုးလျှင် အောက်ကပိုဆိုးသည်။ အောက်နှင့်အောက်ချင်းညှိသည်။ အောက်တွင်ဖောက်ပြန်သမျှ အထက်ကို မသိအောင် ဖုံးသည်။ မြှောက်ပင့်ခြင်းဖြင့်ဖုံးသည်။ ရှိခိုးဦးခိုက်ခြင်းဖြင့် ဖုံးသည်။ ကြီးမြတ်သည် ထင်အောင် နှိမ့်ချကာ လူဆိုးကို လူကောင်းလုပ်ပြီး ထမ်းတင်ကြသည်။ ခေါင်ကစပြီး မိုးမလုံသဖြင့် တစ်အိမ်လုံး ပျက်သလို တိုင်းပြည်ပျက်သည်။

တိုင်းပြည်ပျက်သောအခါတွင် ပြည်သူတွေက ခါးစည်းခံရသည်။ အုပ်ချုပ်သူက လက်နက်နှင့် အာဏာ တို့ကို ကိုင်စွဲကာ စိုးမိုးခြိမ်းခြောက်လျှင် ပြည်သူမှာ ကျိန်ဆဲရုံကလွဲ၍ ဘာများတတ်နိုင်ပါမည်နည်း။

သက်ဦးဆံပိုင် ဘုရင်ခေတ်တွင် ဆိုးယုတ်သူတို့အား ပြည်သူတွေ ကျိန်ဆဲကြသည်။ ကျိန်စာတိုက်ကြသည်။ ရက်ရက်စက်စက် ကျိန်ဆဲကြသည်။ ငါးရာ့ငါးဆယ် နိပါတ်တော်၊ ဂန္ဓတိန္ဒုကဇာတ်တွင် အထင်အရှား တွေ့နိုင်သည်။

ကပိလတိုင်း၊ ဥတ္တရပဉ္စာလပြည်ရှိ ပဉ္စာလမင်းကို ပြည်သူတို့ မည်သို့ ကျိန်ဆဲကြသနည်း။

ပဉ္စာလမင်းသည် ရုပ်ဖျက်ပြီး ပရောဟိတ်ပုဏ္ဏားနှင့်အတူ တိုင်းပြည်အတွင်းလှည့်သည်။ လှည့်ချင်သော ကြောင့်မဟုတ် နတ်၏ တိုက်တွန်းနှိုးဆော်ချက်ကြောင့်ဖြစ်သည်။

လူအိုကျိန်စာ

ရွာငယ်တစ်ခုသို့အရောက်တွင် လူအိုတစ်ယောက်သည် ဆူးစူးသောကြောင့် ဆူးကို ထိုင်နုတ်ရင်း ကျိန်ဆဲလိုက်သည်မှာ

“ငါသည် ဤဆူးစူးကာ ဆင်းရဲခြင်းဝေဒနာကို ခံစားရသကဲ့သို့ စစ်မြေပြင်၌ မင်းယုတ်သည် မြားစူးကာ ဆင်းရဲ ဝေဒနာကို ခံစားရပါစေ”

ပဉ္စာလမင်းက ပုဏ္ဏားကြီးကို အဘယ်ကြောင့် သူ့ကို ကျိန်ဆဲရသနည်း ဆိုခြင်းကို သွားမေးခိုင်းသည်။

“လူအိုကြီး … ကိုယ့်ဘာသာကိုယ် အမြင်အားနည်းသဖြင့် ဆူးစူးတာ အဘယ်ကြောင့် မင်းကြီးကို ကျိန်ဆဲရသနည်း။ မင်းကြီးမှာ ဘာအပြစ်ရှိသနည်း”

“အိုပုဏ္ဏား … သင်တို့ဘုရင်ကား တိုင်းပြည်ကို မစောင့်ရှောက်။ မတရား အခွန်အတုတ်ဖြင့် နှိပ်စက်သည်။ သူခိုး ဓားပြတို့ကလည်း လုယက်ကြသည်။ မတရားအုပ်စိုးနေသော မင်းနိုင်ငံတွင် မတရားအနိုင်ကျင့်နေသူ တွေ များပြားလှသည်။ ဘေးရန်ကြောက်သဖြင့် လူတွေ တောတွင်းသွားကာ ပုန်းအောင်းနေကြရသည်။ အိမ်ကို အတားအဆီးအဖြစ် ဆူးတွေချကာ ပိတ်ထားခဲ့ရသည်။ ထိုဆူးများကြောင့် ငါ့ကိုစူးပြီ။ သင်တို့ မင်းသာ ကောင်းနေလျှင် ပုန်းစရာမလို၊ ဆူးကာစရာအကြောင်းမရှိ။ မတရားမင်းကြောင့် ငါ့ကို စူးဆူးရ သဖြင့် သင်တို့မင်းတွင် အပြစ်ရှိသည်” ဟု ဆိုလေသည်။

အမယ်အိုကျိန်စာ

အမယ်အိုတစ်ယောက်ကလည်း သစ်ပင်ပေါ်မှ ပြုတ်ကျသောကြောင့်

“မင်းဆိုးဘုရင် သေနိုင်ခဲလှသည်။ မြန်မြန်သေပါစေတော်” ဟု ကျိန်ဆဲသည်။

အဘယ်ကြောင့် ကျိန်ဆဲရသနည်း။ အိုကြီးအိုမ ရှာဖွေကျွေးမည့်သူမရှိ။ သမီးတွေကလည်း ပြေးနေ လွှားနေရသောကြောင့် လင်ကောင်းသားကောင်းမရနိုင်။ အခွန်အတုတ်ကြီးကာ သူခိုးဓားပြသောင်းကျန်း သည်ကို အပြစ်တင်ပြီး ကျိန်ဆဲသည်။

လယ်သမားကျိန်စာ

လယ်သမားတစ်ယောက်ကလည်း သူ့နွားထွန်သွားစူးသဖြင့်

“ငါ၏နွား ထွန်းသွားစူးကာ လဲသကဲ့သို့ ပဉ္စာလမင်းသည် စစ်မြေပြင်၌ လှံတံထိုးမိကာ လဲပါစေ” ကျိန်ဆဲ သည်။

အဘယ်ကြောင့် ကျိန်ဆဲရသနည်း မယားကိုစိတ်မချ၊ ယုတ်မာသူတွေများ ထမင်းလာအပို့တွင် ဖျက်စီး ပြီလော စိတ်မဖြောင့်။ မယားလာရာလမ်းကို လှမ်းကြည့်နေရသဖြင့် နွားကိုဂရုမစိုက်နိုင်။ ထွန်စူးရသည်။

နို့သမားကျိန်စာ

နွားကို နို့ညှစ်သူကလည်း နွားနို့အိုးမှောက်သဖြင့်

“ငါ၏ နွားနို့အိုးလိမ့်သကဲ့သို့ ပဉ္စာလမင်းသည် သန်လျက်ဖြင့် အခုတ်ခံရပြီး လူးလိမ့်သေပါစေ” ဟု ကျိန်ဆဲသည်။

အဘယ်ကြောင့် ကျိန်ဆဲရသနည်း။ မင်းချင်းတွေက နွားထံမကြာခဏလာကာ နို့တွေကို အနိုင်အထက် ညှစ်ကြသည်။ မင်းချင်းတွေကြောင့် နွားမသည် ရိုင်းလာပြီး ကန်ကြောက်သဖြင့် နို့အိုးမှောက်ရသည်။

သူငယ်ကျိန်စာ

နွားငယ်ကို သတ်ကာ အရေခွံကို ယူကြသူများကြောင့် နွားမကြီးတစ်ကောင်မှာ မစားနိုင် မသောက်နိုင် ဖြစ်ကာ လွမ်းဆွတ်နေလေသည်။ ရွာနေ လူငယ်တို့က နွားမကြီးအဖြစ်ကို ကြည့်ကာ ကျိန်ဆဲပြန်သည်

“နွားမကြီးသည် သားနှင့်ကင်းကွာ ငိုရသကဲ့သို့ ပဉ္စာလမင်းသည် သားသမီးများနှင့် ကင်းကွာ ငိုမြည်တမ်း ရပါစေ။ ပိန်ချုံးခြောက်ကပ်ပါစေ” ဟု ကျိန်ဆဲကြသည်။

အဘယ်ကြောင့်နည်း။ မင်းချင်းတွေက သန်လျက်အိမ်၊ ဓားအိမ်လုပ်ရန်ဆိုကာ နွားငယ်ကိုသတ်ပြီး သားရေကို ယူဆောင်သွားကြသောကြောင့်ဖြစ်သည်။

ဖားကျိန်စာ

မင်းဆိုးမင်းညစ်ကို လူတွေသာမက ဖားတွေကပါ ကျိန်ဆဲကြသည်။ ကန်တစ်ကန်တွင် ဖားတို့သည် ကျီး၊ လင်းတတို့၏ ထိုးဆိတ်စားသောက်ခြင်းကို ခံရသဖြင့်

“ငါတို့အား ကျီး လင်းတတို့ ထိုးဆိတ်စားသကဲ့သို့ ပဉ္စာလမင်းနှင့် သားသမီးတို့သည် စစ်မြေပြင်တွင် ကျီး လင်းတတို့ ထိုးဆိတ်စားသောက်ခြင်း ခံရပါစေ”

အဘယ်ကြောင့် ဖားတွေက ကျိန်ဆဲရသနည်း။ တိုင်းပြည်တွင် ပူဇော် ကျွေးမွေးမည်သူတွေ မရှိဖြစ်လာ သည်။ အကယ်၍ ကျီးတွေ လင်းတတွေသည် ဘုရားကျောင်းကန်များတွင် ကျွေးမွေးသူတွေများလျှင် ရေကန်ထဲက ဖားတွေကို ရန်လာပြီး ရှာရန်အကြောင်းမရှိ။ မင်းညစ်ကြောင့် ဘုရားကျောင်းကန်လည်း လူသူခေါင်းပါးရကာ အစားအစာတွေရှားလာသည်။

အားလုံး၏ အပြစ်သည် ပဉ္စာလမင်းတွင် ရှိသည်။ အဘယ်ကြောင့်ဆိုသော သူတက်လာသောကြောင့် ဖြစ်သည်။ သူတက်လာပြီး မတရားစိုးမိုးအုပ်ချုပ်သောကြောင့်ဖြစ်သည်။

မင်းဆိုးမင်းညစ်ကြောင့် လူသာမက တိရစ္ဆာန်တွေပါ ဒုက္ခရောက်ကြရသည်။
အရင်းစစ်လိုက်လျှင် အမြစ်မြေကဆိုသကဲ့သို့ သူ့ကြောင့် အားလုံးသော ပြည်သူအပေါင်းမှာ ဆင်းရဲဒုက္ခ ရောက်ကြရသည်။ စိတ်ဆင်းရဲခြင်း၊ ကိုယ်ဆင်းရဲခြင်း ဝေဒနာများ ခံစားနေကြရသည်။

ကျိန်ဆဲသမျှသော အကြောင်းအားလုံးသည် အုပ်ချုပ်သူ မင်းဆိုးမင်းညစ်နှင့် သူ့အဖော်အပေါင်းတို့ကြောင့် စိုးရိမ်ပူပန်မှုဖြစ်ကာ ဒုက္ခဝေဒနာများကို ခံစားရခြင်းတွင် အဖြေဖြစ်နေသည်။

အရင်းစစ်လိုက်သော်

မင်းကြောင့်

အမြစ်လှန်လိုက်သော်

ဒင်းကြောင့်

အကြောင်းရှာသော်

နင့်ကြောင့်

အပြစ်ရှာသော် … သူ့ကြောင့် …. သူ့ကြောင့်

အဖြေရှာလိုက်တိုင်း မည်သူ့ကြောင့်ဆိုသည်မှာ အရှင်းသားပေါ်နေသည်။

ဘုရားရှင်လက်ထက်ကလည်း ပဉ္စာလမင်းကြောင့် တိုင်းပြည်တွင်းရှိ ပြည်သူအပေါင်းသည် ကျိန်ဆဲ ကြဖူးကြောင်း ဟောကြားထားခဲ့သည့် တရားတော်ကို အကျယ်ဖတ်ကြည့်ကြစေလိုပါသည်။

(ရည်ညွှန်း - ငါးရာ့ငါးဆယ် နိပါတ်တော်၊ တိံသနိပါတ်၊ ဂန္ဓတိန္ဒုကဇာတ်)

တင်ညွန့်

၁.၁၁.၂၀၂၁

"မစ္ဆရိယ" (စိတ်) ဆိုသည်မှာ ....မစ္ဆရိယ ဆိုတာကို ကျွန်တော် အရင်တုံးက ထင်ခဲ့တာ မလိုစိတ်၊ နှမြောတွန့်တို၊ မပေးမကမ်းချင်တဲ့စ...
19/10/2021

"မစ္ဆရိယ" (စိတ်) ဆိုသည်မှာ ....

မစ္ဆရိယ ဆိုတာကို ကျွန်တော် အရင်တုံးက ထင်ခဲ့တာ မလိုစိတ်၊ နှမြောတွန့်တို၊ မပေးမကမ်းချင်တဲ့စိတ်လို့ လူကြီးတွေက အတိုချုပ်လွယ်လွယ် ပြောပြတာကိုပဲသိခဲ့ရတယ်။ နောက်ပိုင်း အကျယ်တဝင့်ထပ် သိချင်လို့ စာတွေရှာဖတ်လေ့လာ သေချာသိတဲ့လူတွေကိုမေးကြည့်တော့ မစ္ဆရိယဆိုတာ အလွန်တရာမှ ကြာက်ဖို့ကောင်းတယ်ဆိုတာ သိခဲ့ရတယ်၊ နှမြောတာချည်းပဲ မဟုတ်ဘူး ကိုယ်ကြီးပွားသလို သူများကို မကြီးပွားစေချင်.ဘူး၊ ကိုယ်အောင်မြင်သလို သူများ မအောင်မြင်စေချင်ဘူး၊ နောက်တစ်မျိုးက ကိုယ့်အရည်အခြင်းမျိုး သူများကို မရစေချင်တာ၊ ကိုယ့် အခြေအနေမျိုး သူများကို မရစေချင်တာ၊ ကိုယ်နဲ့ လာယှဉ်ပြိုင်လာမယ်ဆိုရင်တောင် ကိုယ့်အရည်အသွေးမျိုးကို ကိုယ်ပဲပိုင်ဆိုင်ထားချင်တယ်၊ ဒေါသစိတ်တွေနဲ့ပါယှဉ်တွဲလျက်ရှိနေတာကို မစ္ဆရိယ လို့ပြောတာတဲ့။

အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph. D)
အဘိဓမ္မာမြတ်ဒေသနာ- "စိတ်၏အညစ်အကြေးများ" ဆိုတဲ့တရားစာပေထဲမှာတော့ မစ္ဆရိယ ၅-မျိုးရှိတယ်လို့ရေးသားဖေါ်ပြထားတယ်။

(၁) အာဝါသမစ်ဆရိယ တဲ့၊

ကိုယ့်နေတဲ့ နေရာမှာ သူများလာနေရင် မကြိုက်တာ၊ ကိုယ့်အဆောက်အအုံထဲ သူများလာရင် မကြိုက်တာ။ 'အာဝါသမစ္ဆရိယ' ဆိုတာ အိမ်မှာတင် မစ္ဆရိယဖြစ်တာ မဟုတ်ဘူး၊ ဥပမာ မီးရထားနဲ့ သွားတာတောင် ပေါင်ကား ထိုင်သေးတယ်၊ အနားနားမှာ ဒိပြင်လူ လာထိုင်မှာ စိုးလို့၊ အထုပ်လေး တင်ထားမယ်၊ မထိုင်စေချင်ဘူး၊ နေရာ မပေးချင်ဘူး၊ အဲဒါမျိုး ပြောတာ အာဝါသမစ္ဆရိယဆိုတာ။

(၂) 'ကုလမစ်ဆရိယ'

ကိုယ်နဲ့ပေါင်းသင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို လာပြီးတော့ မိတ်ဆွေဖွဲ့ရင် မကြိုက်တာ၊ ကိုယ့်သူငယ်ချင်းက ကိုယ့်ထက်သူ့ကိုပိုပြီး ခင်မင်ရင်းနှီးသွားမှာ ကုလမစ္ဆရိယ၊ ဘုန်းကြီးတွေကျတော့ ကိုယ့်ဒကာ, ဒကာမကို သူများ ဒကာ, ဒကာမဖြစ်မှာ မကြိုက်တာ ကုလမစ္ဆရိယပဲ။

(၃) 'လာဘမစ်ဆရိယ'

ကိုယ်ရတာမျိုး သူများ မရစေချင်တာ လာဘမစ္ဆရိယ။

(၄) 'ဝဏ္ဏမစ္ဆရိယ' ဆိုတာ

ကျော်ကြားမှုနဲ့ ပတ်သက်လာလို့ရှိရင် ကိုယ်ပဲ ကျော်ကြားချင်တယ်၊ သူများ မကျော်ကြားစေချင်ဘူး။

(၅) 'ဓမ်မမစ်ဆရိယ'

ဆိုတာ ကိုယ်သိတဲ့တရားကို သူများ မပေးချင်ဘူး၊ ကိုယ်သိတဲ့ ဗဟုသုတတွေ သူများကို မဖြန့်ဝေချင်ဘူး၊
သူတစ်ယောက်တည်းပဲ တကယ့်ကို ဂုရုကြီး လုပ်ချင်တယ်ပေါ့လေ၊ တစ်လောကလုံးရဲ့ ဂုရုကြီး၊သူပဲ သိတယ်၊ ကျန်တဲ့လူတွေ မသိရဘူး၊ အဲဒါမျိုး လုပ်ချင်တာ၊အဲဒါ ဓမ္မမစ္ဆရိယ လို့ ခေါ်တယ်။

ဒီစိတ်တွေက ကျွန်တော်တို့ လူတွေနဲ့ ပတ်သက်ပြီး လှုပ်ရှား သွားလာ လုပ်ကိုင်နေသရွေ့တော့ ရာနှုံးပြည့် ကင်းနိုင်ဦးမယ်မထင်မိပါ ဒါပေမယ့်လည်း မကောင်းဘူးဆိုတာ သိထားဖို့လိုအပ်တယ်လေ၊ ကျွန်တော်ကတော့ စာတွေများများဖက်လို့ အသိအညံ့ ဗဟုသုတတွေ ကြွယ်ဝလာလေလေ ကိုယ့်ကိုကိုသတိပိုထားပြီးနေတက်လေလေပဲဗျ။
သူငယ်ချင်းတို့လဲ ဘဝမှာ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ ဘယ်အခြေအနေ ဘယ်လိုအနေထားမှာပဲရှိနေနေ စိတ်ကို အသိ၊ သတိ နဲ့ မနေတက်ရင် ရေရှည်မှာရော ရေတိုမှာပါ စိတ်အေးချမ်းရမှာ မဟုတ်ဘူးနော်။

တန်ဖိုးရှိတဲ့လူသားတွေအဖြစ်နဲ့ တစ်ဦးပေါ်တစ်ဦး စိတ်ထားပြည့်ပြည့်ဝဝထားပြီး ငြိမ်းချမ်းစွာ ရှင်သန်နိုင်ကြပါစေ။ 🙏🏼

love,
Khant ( ခန့်ထည်ရွှေကိုယ် )

📍Haifa, Israel 🇮🇱

Crd #
Nweni Ni
Hmawbi

တပတ်အတွင်းရပါမည်4ထုပ်တသောင်း
19/10/2021

တပတ်အတွင်းရပါမည်

4ထုပ်တသောင်း

ဒီဂျယ်လီ ပရုတ်ဆီလေးက တကယ် ကောင်းတာအမြတ်အစွန်းထက် သူ့ကောင်းနေတာလေးကို သုံးဆောင်ခံစားစေချင်လို့ပါမူးဝေ ဇတ်ကြောတတ် စိတ်မကြည...
27/08/2021

ဒီဂျယ်လီ ပရုတ်ဆီလေးက တကယ် ကောင်းတာ

အမြတ်အစွန်းထက် သူ့ကောင်းနေတာလေးကို

သုံးဆောင်ခံစားစေချင်လို့ပါ

မူးဝေ ဇတ်ကြောတတ် စိတ်မကြည်လင်ရခြင်းများ

ကင်းစင်စေချင်လို့ပါ

ဘူးပိစိလေး နဲ့ အစွမ်းထက်ပြီး
သွားလေရာ ဆောင်ယူ သုံးနိုင်တာ

2000ပါရှင့်

Address

၈၂၂ ရတနာသင်္ဂီလမ်း ၃၃ရပ်ကွက် မြောက်ဒဂုံ
Yangon

Telephone

09443699965

Website

Alerts

Be the first to know and let us send you an email when Million Dollar Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Million Dollar Online Shop:

Share