The BUZZ Kitchen

The BUZZ Kitchen One of the best restaurants in North Dagon with outdoor area and indoor lounge room.

မိသားစုတွေ စုံစုံလင်လင်နဲ့ ထမင်းလက်ဆုံစားတဲ့အခါ ထမင်းမြိန်စေဖို့ ပူပူစပ်စပ် ချဉ်ချဉ်လေးနဲ့ အရသာရှိတဲ့ ဟင်းချိုပူပူလေးတစ်...
24/09/2026

မိသားစုတွေ စုံစုံလင်လင်နဲ့ ထမင်းလက်ဆုံစားတဲ့အခါ ထမင်းမြိန်စေဖို့ ပူပူစပ်စပ် ချဉ်ချဉ်လေးနဲ့ အရသာရှိတဲ့ ဟင်းချိုပူပူလေးတစ်ခွက်က မပါမဖြစ်ပဲနော်… 🍲✨

The BUZZ Kitchen (မြောက်ဒဂုံ) မှာ လာရောက်အားပေးကြတဲ့ မိသားစုတိုင်း အမြဲလက်မလွတ်တမ်း မှာယူလေ့ရှိကြတဲ့ Best Seller ဟင်းချို (၄) မျိုး ကတော့ —

🐟 ငါးခေါင်းချဉ်စပ်ဟင်းချို – ငါးခေါင်းအိအိ လတ်လတ်ဆတ်ဆတ်လေးနဲ့ အချဉ်၊ အစပ်၊ အချို မျှတပြီး သောက်လိုက်တိုင်း လန်းဆန်းသွားစေမယ့် အရသာ
🦐 ပုစွန်တုန်ရမ်းဟင်းချို – ပုစွန်အိအိလတ်လတ်ဆတ်ဆတ်နဲ့ ထိုင်းစတိုင် တုန်ရမ်းအရသာ စစ်စစ်
🍲 ဆိတ်ပဲဟင်းချို – ပဲနူးနူးလေးနဲ့ ဆိတ်သားရဲ့ အရသာတို့ ပေါင်းစပ်ထားတဲ့ ထမင်းမြိန် ဆိတ်ပဲ
🥣 ဆိတ်အူကြမ်းဟင်းချို – အနံ့အရသာပြည့်စုံပြီး သောက်ရတာ ဆိမ့်ဆိမ့်လေးနဲ့ သန့်ရှင်းတဲ့ ဆိတ်အူကြမ်းဟင်းရည်ပူပူ

ဒီနေ့ပဲ မိသားစု၊ မိတ်ဆွေတွေနဲ့အတူ လက်ဆုံစားရင်း အရသာရှိတဲ့ ဟင်းချိုပူပူလေးတွေ သောက်သုံးဖို့ The BUZZ Kitchen ကို အရောက်လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။ 🥰

The BUZZ Kitchen
၈၄၃၊ ဘုရင့်နောင် (ကျောင်းလမ်း)
လမ်းမကြီး(ပင်လုံလမ်းမကြီး အနီး) မြောက်ဒဂုံ
Reservation: 09 442 929 199

လတ်ဆတ်တဲ့ အရသာနဲ့ ချဉ်ငံစပ် ထိမိတဲ့ အသုပ်၊ အထောင်းတွေကိုမှ ကြိုက်နှစ်သက်တဲ့ foodies တွေအတွက် The BUZZ Kitchen ရဲ့ အထူးဟင...
22/09/2026

လတ်ဆတ်တဲ့ အရသာနဲ့ ချဉ်ငံစပ် ထိမိတဲ့ အသုပ်၊ အထောင်းတွေကိုမှ ကြိုက်နှစ်သက်တဲ့ foodies တွေအတွက် The BUZZ Kitchen ရဲ့ အထူးဟင်းလျာများ... ✨🥗

နေ့လယ်ခင်း စားမြိန်စေဖို့ပဲဖြစ်ဖြစ်၊ ညနေခင်း အပေါင်းအသင်းတွေနဲ့အတူ မြည်းစမ်းဖို့ပဲဖြစ်ဖြစ် လျှာလည်သွားစေမယ့် အရသာတွေ အဆင်သင့်ရှိနေပါပြီ။

🌶️ ကြက်ခြေထောက် အရိုးလွတ်ထောင်း – အရိုးလုံးဝမပါဘဲ အိအိဂျွတ်ဂျွတ်နဲ့ စပ်စပ်လေး ထောင်းထားလို့ တကိုက်စားတိုင်း အကြိုက်တွေ့စေမယ့် signature
🥗 ဝက် အူစုံသုတ် – သန့်ရှင်းလတ်ဆတ်စွာ ချက်ပြုတ်ထားတဲ့ အူစုံကို အချဉ်အရသာ အချိုးကျကျ နယ်ထားတဲ့ အသုပ်ကောင်းတပွဲ
🦐 ပဲကြာဆံသုတ် – သန့်ရှင်းတဲ့ ပင်လယ်စာ/ (ကြက်/ဝက်) တို့ကို ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်တို့နဲ့ ချဉ်ပြုံးပြုံး စပ်ပြုံးပြုံး အရသာစုံလင်တဲ့ ပဲကြာဆံသုတ်

လတ်ဆတ်မှုအပြည့်နဲ့ အရသာရှိတဲ့ အသုပ်၊ အထောင်းတွေ စုံစုံလင်လင် မြည်းစမ်းချင်တယ်ဆိုရင်တော့ The BUZZ Kitchen ကို အရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။ 🍃✨

The BUZZ Kitchen
၈၄၃၊ ဘုရင့်နောင် (ကျောင်းလမ်း)
လမ်းမကြီး(ပင်လုံလမ်းမကြီး အနီး) မြောက်ဒဂုံ
Reservation: 09 442 929 199

#အသုပ်အထောင်းစုံ #ကြက်ခြေထောက်အရိုးလွတ်ထောင်း #ဝက်အူစုံသုတ် #ပဲကြာဆံသုတ်

Bar တွေသွားလို့ Cocktail မှာတဲ့အခါ၊ ယောင်္ကျား ဆန်ဆန် ခပ်ပြင်းပြင်းလေး သောက်ချင်တယ်ဆို “မာတိနီ” ကိုပဲ ညွှန်းရမှာပဲ။ ၁၉ ရ...
21/09/2026

Bar တွေသွားလို့ Cocktail မှာတဲ့အခါ၊ ယောင်္ကျား ဆန်ဆန် ခပ်ပြင်းပြင်းလေး သောက်ချင်တယ်ဆို “မာတိနီ” ကိုပဲ ညွှန်းရမှာပဲ။

၁၉ ရာစုလောက်ထဲက အမေရိကန်မှာ စပေါ်ခဲ့တဲ့ မာတိနီဟာ James Bond ကားတွေမှာ Bond ရဲ့ Favorite drink အနေနဲ့ မကြာခဏ ထည့်သွင်းဖော်ပြခြင်းခံရပြီးနောက်ပိုင်းမှာ တစ်ခတ်ပြန်ဆန်းသစ်လာပြီး လူကြိုက်များလာတဲ့ drink လည်း ဖြစ်ပါတယ်။

Gin + dry vermouth + bitters + garnish လေးမျိုးပေါင်းစပ် ဖန်တီးရတဲ့ cocktail ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Gin အစား Vodka base နဲ့ဖျော်တဲ့ Vodka Martini လည်း ပေါ်လာတယ်။ လက်ရှိ Bar တော်တော်များများမှာ Gin to vermouth ratio က 6:1 နဲ့ စပ်ကြပေမယ့် ရှေးတုန်းက 5:1/3:1/2:1/ even 1:1 အထိ ရှိခဲ့တယ်။ vermouth နဲလာလေလေ Dry ဖြစ်လာလေလေဆိုပြီး သုံးနှုန်းတဲ့ drink ဖြစ်ပါတယ်။

မာတိနီအတွက် temperature ဟာ အရေးကြီးပြီး drink ရော glass ရောဟာ အေးနေရပါမယ်။ ဖြည်းဖြည်းချင်းပျော်ကျဖို့ ရေခဲနဲနဲပါရပါမယ်။ shot တွေလို တစ်ကျိုင့်ထဲသောက်ရတဲ့ drink မဟုတ်ပါ။ ဖြည်းဖြည်းချင်း sip ရတဲ့ cocktail ဖြစ်ပါတယ်။

The BUZZ Kitchen ရောက်တဲ့အခါ စားစရာတွေမှာပြီး မစားသေးခင် before food as aperitif အနေနဲ့ သောက်ရမယ့် cocktail ဖြစ်ပါတယ်။

ကဲ …. The BUZZ Kitchen မှာ ညစာ မစားမှီ Gentleman တို့ အတွက် cocktail တစ်ခွက်တော့ recommend ပေးလိုက်တာပဲ ဖြစ်ပါတယ်။

The BUZZ Kitchen
၈၄၃၊ ဘုရင့်နောင် (ကျောင်းလမ်း)
လမ်းမကြီး(ပင်လုံလမ်းမကြီး အနီး) မြောက်ဒဂုံ
Reservation: 09 442 929 199

www.thebuzzkitchen.com

မုန့်ဟင်းခါးကလဲစားချင်အချိုမှုန့်တွေသုံးတာများလို့ သွေးတိုးမှာလဲ ကြောက်ရမသန့်ရှင်းရင်လဲ ကျန်းမာရေးထိခိုက်မှာကြောက်ရလို့T...
18/09/2026

မုန့်ဟင်းခါးကလဲစားချင်
အချိုမှုန့်တွေသုံးတာများလို့ သွေးတိုးမှာလဲ ကြောက်ရ
မသန့်ရှင်းရင်လဲ ကျန်းမာရေးထိခိုက်မှာကြောက်ရလို့
The BUZZ Kitchen က မုန့်ဟင်းခါးပဲ စားတယ် 😋

နံနက် ၇ နာရီမှစပြီး သုံးဆောင်နိုင်ပါပြီ 🙏🏻☺️

The BUZZ Kitchen
၈၄၃၊ ဘုရင့်နောင် (ကျောင်းလမ်း)
လမ်းမကြီး(ပင်လုံလမ်းမကြီး အနီး) မြောက်ဒဂုံ
Reservation: 09 442 929 199

Website: https://www.thebuzzkitchen.com
Menu: https://www.thebuzzkitchen.com/menu

ပိတ်ရက်မှာ မိသားစုတွေတူတူ breakfast, lunch or dinner စားဖို့ဆို The BUZZ Kitchen က အကောင်းဆုံးရွေးခြယ်မှုပါပဲ…The BUZZ K...
13/09/2026

ပိတ်ရက်မှာ မိသားစုတွေတူတူ breakfast, lunch or dinner စားဖို့ဆို The BUZZ Kitchen က အကောင်းဆုံးရွေးခြယ်မှုပါပဲ…

The BUZZ Kitchen
၈၄၃၊ ဘုရင့်နောင် (ကျောင်းလမ်း)
လမ်းမကြီး(ပင်လုံလမ်းမကြီး အနီး) မြောက်ဒဂုံ
Reservation: 09 442 929 199

Website: www.thebuzzkitchen.com
Menu: https://www.thebuzzkitchen.com/menu

1980s နှစ်များထဲက The BUZZ Kitchen The BUZZ Kitchen၈၄၃၊ ဘုရင့်နောင် (ကျောင်းလမ်း) လမ်းမကြီး(ပင်လုံလမ်းမကြီး အနီး) မြောက်...
11/09/2026

1980s နှစ်များထဲက The BUZZ Kitchen

The BUZZ Kitchen
၈၄၃၊ ဘုရင့်နောင် (ကျောင်းလမ်း)
လမ်းမကြီး(ပင်လုံလမ်းမကြီး အနီး) မြောက်ဒဂုံ
ကြိုးဖုန်း: 09 442 929 199

www.thebuzzkitchen.com

08/09/2026

သည်အတိုင်းပဲသောက်သောက်၊ ဆမ်းပြီးပဲ တွဲစားစား အရသာတကယ့်ကိုကောင်းတဲ့ ကြက်သောက်ဆမ်း 😋

The BUZZ Kitchen မှာ Lunch/Dinner သုံးဆောင်တဲ့အခါ ထည့်မှာရမယ့် ဟင်းပွဲတစ်ခု 😋

ကြက်သောက်ဆမ်း

31/08/2026

Wow! အရမ်းပဲကောင်းတဲ့ ထမင်းကြော်ပဲ!
The BUZZ Kitchen ရောက်ရင် အမြဲစားဖြစ်တာကတော့ “တောကြော်” လို့ခေါ်တဲ့ The BUZZ ထမင်းကြော် ပါပဲ။ ဆီမပါသလောက်နဲနဲနဲ့ ကြော်ထားတဲ့ ထမင်းကို Crispy ဖြစ်တဲ့ ကြက်ကြော်နဲ့ တွဲစပ်ဖန်တီးထားတဲ့အရသာက တကယ့်ကိုစားကောင်းပါတယ်..
ဖန်တီးပုံကတော့ ထမင်းကြော်ကို စပြီးကြော်ကတည်းက ကန်စွန်းရွက်၊ ငါးနီတူခြောက်လေးတွေထည့်ကြော်ထားပြီး၊ ကြက်ဥကြော်၊ မြေပဲ၊ ကြက်ကြော် စတဲ့အမယ်တွေနဲ့ ရံလိုက်တဲ့အခါ စားလို့တကယ်ကောင်းတဲ့ မလေးရှား စတိုင် The BUZZ ထမင်းကြော် (တောကြော်) ကိုရရှိပါတယ်။ ဗိုက်ကလည်းဆာ ဘာစားရင်ကောင်းမလဲ စဉ်းစားနေရင်တော့ The BUZZ ရဲ့ နာမည်ကြီး “တောကြော်” ကိုလာရောက်သုံးဆောင်ကြည့်ပါဦးနော်…

The BUZZ Kitchen
843, Bayint Naung Road, 36th Ward,
North Dagon, 09 442 929 199

www.thebuzzkitchen.com

29/08/2026

ဝက်သုံးထပ်သား ကြိုးချည်ပေါင်း 😋 တကယ့်ကို အရသာရှယ်ကြီးပါ...

Jiangsu-style braised pork belly (Hong Shao Rou) is a sweet-and-savory, tender dish featuring pork belly caramelized in rock sugar and slowly braised in soy sauce, Shaoxing wine, and aromatics like star anise, ginger, and garlic. It is characterized by its glossy, deep-red color achieved through caramelization and dark soy sauce, with the sauce naturally thickening to coat the pork. Try original style braised pork belly at our restaurant!

The BUZZ Kitchen
843, Bayint Naung Road, 36th Ward,
North Dagon, 09 442 929 199

27/08/2026

ဗိုက်ဆာလာပြီဆို The BUZZ Kitchen ကိုပဲ သတိရ....
The BUZZ Kitchen
၈၄၃၊ ဘုရင့်နောင် (ကျောင်းလမ်း)
လမ်းမကြီး(ပင်လုံလမ်းမကြီး အနီး) မြောက်ဒဂုံ
Reservation: 09 442 929 199

Address

No. 843, Bayint Naung Road, 36 Ward, North Dagon Township
Yangon
11181

Opening Hours

Monday 06:30 - 22:00
Tuesday 06:30 - 22:00
Wednesday 06:30 - 22:00
Thursday 06:30 - 22:00
Friday 06:30 - 22:00
Saturday 06:30 - 22:00
Sunday 06:30 - 22:00

Telephone

+959442929199

Alerts

Be the first to know and let us send you an email when The BUZZ Kitchen posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The BUZZ Kitchen:

Shortcuts

Share

Category