27/01/2022
"ရွှေရောင်ဝင်းတဲ့သဲစံအိမ်"
P'Minရဲ့ဇာတ်ကာတွေထဲမှာအရမ်းကောင်းတဲ့ဇာတ်ကာင်းတစ်ကားပါ😇😇
အပိုင်း (၁)
https://www.facebook.com/groups/465002138569455/permalink/470336054702730/
အပိုင်း ( ၂)
https://m.facebook.com/groups/465002138569455/permalink/471190447950624/
အပိုင်း( ၃)
https://m.facebook.com/groups/465002138569455/permalink/471764004559935/
အပိုင်း( ၄)
https://m.facebook.com/groups/465002138569455/permalink/473483584387977/
အပိုင်း( ၅)
https://m.facebook.com/groups/465002138569455/permalink/476052407464428/
အပိုင်း( ၆)
https://m.facebook.com/groups/465002138569455/permalink/477815033954832/
#ဆက်ရန်
ဇာတ်လမ်းအကျဉ်း
Main Cast
ဖွတ်ကျမန်း ဖိနစ်နမ်/ဖွတ်ကျမန်း စဝမ်ဝုန်းအဖြစ် Min Peechaya
ဖာရဒါး ဖတ်ရဖီး စဝမ်ဝုန်း/ချိုင်းကလန်းအဖြစ် Vee Veraparb
ကွယ်လွန်သူဖခင်၏ဆန္ဒအရ ရွှေရောင်ဝင်းတဲ့သဲစံအိမ်တွင် နေထိုင်ရန် ဖွတ်ကျမန်း(Min)သို့ စေလွှတ်ခဲ့သည်။
ထိုနေရာ၌ ဖွတ်ကျမန်း(Min)၏ ဒုတိယဝမ်းကွဲတော်စပ်သူ စဝမ်ဝုန်းသည် ဖွတ်ကျမန်း (Min)နေထိုင်မှုကို ချက်ချင်းပင်မကြိုဆိုသလိုခံစားရသည်။
ဖွတ်ကျမန်း(Min)၏အဒေါ် ဖန်းနရိုင်းစဝမ်ဝုန်းနှင့်သူမ၏အငယ်ဆုံးသမီး ယင်လေ့(က်) တို့သည်ဖွတ်ကျမန်း(Min)ကိုမုန်းတီးနေကြပြီး အကြီးဆုံးသမီး ဖြစ်သူ ယင်ယိုင် သူမအပေါ်အေးစက်နေကြသည်။
ရွှေရောင်ဝင်းတဲ့သဲစံအိမ်တွင် ဖွတ်ကျမန်း (Min)အား ဆွေမျိုးကဲ့သူမရှုမြင်ဘဲ ကျွန်ကဲ့သို့ပင် အမိန့်ပေးခိုင်းစေသည်။ဖွတ်ကျမန်း(Min)သည် ဝမ်းနည်းပြီး အိမ်ကိုလွမ်းသော်လည်း ဖခင်၏ဆန္ဒအရ ပညာရေးပြီးမြောက်စေလိုသောကြောင့် သည်းခံပြီးနေပါသည်။
တစ်နေ့တွင်ရွှေရောင်ဝင်းတဲ့သဲစံအိမ် ခြံဝန်းတွင်တွေးတောနေရင် ဖွတ်ကျမန်း (Min)သည်တစ္ဆေဟုထင်ရသောအစေခံတစ်ဦးကြောင့်ထိတ်လန့်သွားသည်။သူမဘဝအတွက်ပြေးရင်းခရီးထွက်ရင်ချိုင်းကလန်း(Vee)၏ဖမ်းဆီးခြင်းကိုခံရသည်။
ချိုင်းကလန်း(Vee)သည် စိတ်ခံစားချက်များစွာမပြတတ်သော်လည်း တင်းမာသောသူတစ်ယောက်ဖြစ်သော်လည်း ဖွတ်ကျမန်း (Min)ကို ချက်ချင်းစာနာပြီးဆွေမျိုးနှင့်ထိုက်တန်သောလေးစားမှုရရှိရန် တွန်းလှန်ခဲ့သည်။သူသည် သူ့ကိုယ်သူ အုပ်ထိန်းသူအဖြစ်သတ်မှတ်ကာ ဇွဲလုံလနှင့်သည်းခံခြင်းဆိုင်ရာအရည်အချင်းများကို သင်ကြားပေးရန်ကြိုးစားသည်။
ချိုင်းကလန်း(Vee)အဖိုးဆုံးသွားပြီးနောက် ဖွတ်ကျမန်း (Min)သည် ရွှေရောင်ဝင်းတဲ့သဲစံအိမ်မိသားစုမှာ ပါဝင်ကြောင်း သိပါတယ် ချိုင်းကလန်းသည် ဖွတ်ကျမန်းအားဂရုစိုက်မှုကြောင့် သူ့အမေနှင့် ယင်လေ့(က်)သည် ဖွတ်ကျမန်း (Min)အားပို၍ပင်မုန်းတီးလာခဲ့သည်။
ချိုင်းကလန်း(Vee)နှင့်ဖွတ်ကျမန်း(Min)တို့လက်ထပ်ခဲ့ကြပေမဲ့ ချိုင်းကလန်း(Vee)က သူမကိုချစ်တယ်လို့တစ်ခါမပြောဖူးသောကြောင့် ချိုင်းကလန်း (Vee)က သူမကိုအချစ်နှင့်လက်ထပ်ခဲ့တာကိုသူမမသေချာဖြစ်နေခဲ့သည်။
ဒါဆို ချိုင်းကလန်း(Vee)သည် သူ့အမေနှင့်ညီမကို ဖွတ်ကျမန်းအားသူ့ဇနီးအဖြစ်လက်ခံပြီးဖွတ်ကျမန်း(Min)လက်ထပ်ရခြင်းက ချစ်ခြင်းကြောင့်လားဒါမှမဟုတ် ရွှေရောင်ဝင်းတဲ့သဲစံအိမ်ကြောင့်လက်ထပ်ရခြင်းရဲ့အက်အခဲကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာကို Drama Worldမှ တင်ဆက်မဲ့~~~ရွှေရောင်ဝင်းတဲ့သဲစံအိမ်~~~ဇာတ်ကားကို ရင်ခုန်စွာကြည့်ရှုလိူက်ကြရအောင်
Review by Thant Kyi Phyu Soe.
Translated by Zu Zu Cherry
AllDramaWorldမှဘာသာပြန်တင်ဆက်သည်။
#ရွှေရောင်ဝင်းတဲ့သဲစံအိမ်