ZKz Food Production

ZKz Food Production If you are hungry, remember ZKz.

မကြာမီ သတင်းကျွတ်တော့မည် 😜
13/09/2022

မကြာမီ သတင်းကျွတ်တော့မည် 😜

"  တော်သလင်းလပြည့် ဂရုဓမ္မ { ကုရုဓမ္မ }အခါတော်နေ့ ဖြစ်ပေါ်လာပုံ "➖➖➖➖➖➖➖➖➖➖➖➖➖          *  ဂေါတမမြတ်စွာဘုရား နုစဉ်အခါက.....
09/09/2022

" တော်သလင်းလပြည့် ဂရုဓမ္မ { ကုရုဓမ္မ }
အခါတော်နေ့ ဖြစ်ပေါ်လာပုံ "
➖➖➖➖➖➖➖➖➖➖➖➖➖

* ဂေါတမမြတ်စွာဘုရား
နုစဉ်အခါက....
အိန္ဒိယနိုင်ငံ ကုရုတိုင်းမှာနေကြတဲ့
သူတွေဟာ လူတိုင်း ကိုယ်စီ
ငါးပါးသီလကို လုံခြုံအောင်
စောင့်ထိန်းကြတဲ့ အတွက်
သူတို့ တိုင်းပြည်မှာ
မိုးလေဝသ မှန်ကန်ပြီး ကပ်ကြီးသုံးပါးမှ
လွတ်မြောက်နေပါတယ်။

* ကုရုတိုင်းမှာ
မိုးလေဝသ ညီမျှစွာ ရွာသွန်းနေချိန်မှာ
ကာလိက် တိုင်းပြည်မှာတော့...
မိုးခေါင်ပြီး ကပ်ကြီးသုံးပါး ဆိုက်ရောက်လို့
လူရော တိရစ္ဆာန်တွေပါ
ဒုက္ခ ရောက်ကြရပါတယ်
ရှေးမင်းများ ထုံးစံအရ
မိုးရွာအောင် အလှူပေးပြီး
ဘုရင်ကိုယ်တိုင် ဥပုသ်ဆောင်ဝင်၍
ဥပုသ်သီလ စောင့်ပေမယ့်
မိုးကမရွာဘဲ နေပါတယ်...။

*ကုရုတိုင်းမှာ မိုးရွာနေတာ
အဉ္စနဝဏ္ဏ ဆင်တော်ကြီး ရှိလို့
ရွာတာပဲလို အယူ ရှိကြပြီး
ဆင်ကြီးကို ရရှိအောင်
ကိုယ်စားလှယ် လွှတ်ပြီး
ရွှေနဲ့ လဲပါလို့ တောင်းဆိုပါတယ်...။

* ဒီတော့...
ကုရု ဘုရင်က စာနာ ထောက်ထားပြီး
သင်တို့ တိုင်းပြည်မှာ...
မိုးရွာမယ် ဆိုလျှင်...
ငါ၏ဆင်တော်ကြီးကို ရွှေနဲ့မရောင်းဘဲ
အခမဲ့ မေတ္တာ လက်ဆောင်ပေးပါမယ်
ဆိုပြီး ပေးလိုက်ပါတယ်...။

* ဆင်ကြီး ရောက်တော့လည်း
ကာလိင်္ဂတိုင်းမှာ ...
မိုးက မရှာဘဲ
ခေါင်မြဲ ခေါင်နေပြန် ပါတယ်
ဒီတော့ မိုးမရွာတာ ဆင်နဲ့ ဘာမှ
မပတ်သက်ဘူး ❗

* သူတို့တိုင်းပြည်သား တွေ
ကျင့်သုံးတဲ့ #ကုရုဓမ္မ ကြောင့်သာ
ဖြစ်တယ်လို့သဘောပေါက်ပြီး
အဲဒီ တရားကို...
ရွှေပြားပေါ်မှာ ကူးယူခဲ့ရမယ် လို့
ကိုယ်စားလှယ်တော်ကြီး များကို
ထပ်မံ စေလွှတ်ပြန်ပါတယ်...။

ကုရုတိုင်းပြည်မှာ တစ်တိုင်းပြည်လုံး ငါးပါးသီလ မြဲကြတဲ့ အနက် .....

1️⃣ ဘုရင်ရယ်

2️⃣ မယ်တော်ကြီးရယ်

3️⃣ မိဖုရားကြီးရယ်

4️⃣ အိမ်ရှေ့မင်းရယ်

5️⃣ ပုရောဟိတ်ကြီးရယ်

6️⃣ မြေတိုင်းအမတ်ရယ်

7️⃣ ရထားထိန်းရယ်

8️⃣ လယ်ပိုင်ရှင်ကြီးရယ်

9️⃣ တင်းခြင်အမတ်ရယ်

🔟 တံခါးမှုးရယ်

(11) ပြည့်တန်ဆာမရယ်

* အဲဒီပုဂ္ဂိုလ်(၁၁)ဦးဟာ...
ငါးပါးသီလကို
ထူးထူးခြားခြားစောင့်ကြတဲ့ အတွက်...
သူတို့ထံ မှ ငါးပါးသီလ ကို...
ရွှေပြားပေါ်မှာ ရေးပြီး
တောင်းလာခဲ့တယ်...။

* #ကုရုဓမ္မ ခေါ်တဲ့ ငါးပါးသီလကို
ရှင်ဘုရင်က စပြီး တစ်တိုင်းပြည်လုံး
ကျင့်သုံးကြတဲ့ အခါမှာ...
မိုးတွေ ရွာသွန်းပြီး

ကာလိင်္ဂ တစ်တိုင်းလုံး...
ကပ်ကြီးသုံးပါး ဘေးမှ လွတ်ကင်းပြီး
သာယာဝပြောတဲ့ နိုင်ငံ ဖြစ်လာပါတယ်...။

* #ဂရုဓမ္မ ဇာတ်တော်ပေါ်ပေါက် လာရခြင်းမှာ...မိုးတွင်းကာလမှာ ဖြစ်၍ #တော်သလင်းလပြည့်နေ့ ကို #ဂရုဓမ္မအခါတော်နေ့( #ငါးပါး_သီလ ) အခါတော်နေ့ အဖြစ်ကျင်းပရခြင်း ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ် ။

{ မာဂဓီ~သာစည် } ၏ အခါတော်နေ့များ စာအုပ်မှ မူရင်းရေးသားပူဇော်သူကို ပေးပါသည်။

💛❤️Friday Special 💛❤️ZKz Food Production လက်ရာ Takoyaki ကို စားဖူးသူ ကာကာလေးတွေကတော့ တခါစားပီးတာနဲ့ အမြဲမှာစားတတ်ကြတာမလိ...
09/09/2022

💛❤️Friday Special 💛❤️

ZKz Food Production လက်ရာ Takoyaki ကို စားဖူးသူ ကာကာလေးတွေကတော့ တခါစားပီးတာနဲ့ အမြဲမှာစားတတ်ကြတာမလို့ အထူးတလည်ပြောရာမလိုတော့ပေမဲ့ Japanese Street Food အရသာစစ်စစ်လေးကို ခံစားချင်သူ ကာကာ အသစ်လေးများအတွက် အရသာကို လဲ မူလပထမ အရသာ
🐙 ရေဘဝဲ အပြင်
🐓 ကြက်သား
🐷 ဝက်သား
🥩အမဲသား
🍤 ပုစွန်
🧀 Cheese ဆိုပီး ရွေးချယ်စရာအရသာစုံ ရရှိသုံးဆောင်နိုင်ပါကြောင်း သတင်းကောင်းပါးပါ
​ရစေရှင့် 🧡

❤️Toping ကို လဲ ဂျပန် ငါးခြောက်မှုန့် ရေညှိုမှုန့် သာမက တစ်ထုတ်ကို ၃၀၀၀-၄၀၀၀ ဈေးခုန်တက်နေတဲ့ Mayonnaises များများလေးစမ်းပေးထားတဲ့အပြင် Tako Sauce ကလဲ မင်မင်တို့ Production ကနေ ကိုယ်တိုင်ဖျော်စပ်ထားတာလေးကို စမ်းပေးထားတာမလို့ အရသာလေးကို တခါလောက်မြည်းစမ်းကြည့်ဖို့ ဖိတ်ခေါ်ပါတယ်ရှင့်

💵 မည်သည့်အရသာကို ဝယ်ယူယူ Tako
ဗူးသေး ၅ လုံးပါ တဗူး ကို 1500 ks
ဗူးကြီး ၈ လုံးပါတဗူးကို 2500 ks ဖြင့်

📲 09973093283 ကို ဖုန်းလေးတချက်ဆက်
လိုက်ရုံနဲ့ ကျောက်မြောင်းအတွင်း ဆို့ ပို့ခ free ပို့ဆောင်ပေးသလို တာမွေတဝိုက်ကို လဲ deli ခ ၅၀၀-၁၀၀၀ ယူပီး တဗူးကအစ ပို့ဆောင်ပေးနေတာမလို့ လွယ်ကူလျင်မြန်စွာ သုံးဆောင်လို့ရနေပါပီနော်

🏘 သူငယ်ချင်းနဲ့ တူတူစားမလား? ချစ်ရသူလေးကို စားကောင်းတာလေးလိုက်ကျွေးရင်း Date ချင်သေးတာလား? အဲလို့ စိတ်ကူးလေးရှိသူတွေတွက်လဲ အမှတ် ၈၁ မြေညီ စိတ္တသုခလမ်း ကျားကွက်သစ် ကျောက်မြောင်း မှာ ZKz Food Production ဆိုင်လေး ရှိနေတာမလို့ ဆိုင်မှာ အေးဆေးထိုင်စား ရင်း Date လို့ရပါသေးတယ်နော် !!!

(၇)ရက်လုံး ဆိုင်မှာ ရရှိနိုင်မယ့် မနက်စာMenu for breakfast (7days a week).ZKz Food ProductionFri 9/9/22
09/09/2022

(၇)ရက်လုံး ဆိုင်မှာ ရရှိနိုင်မယ့် မနက်စာ

Menu for breakfast (7days a week).

ZKz Food Production
Fri 9/9/22

မင်မင့် လို ပဲ ကာကာတွေ စကားဆို မြေဝယ်မကျနားထောင်ပီးသား 😝😝😝
07/09/2022

မင်မင့် လို ပဲ ကာကာတွေ စကားဆို မြေဝယ်မကျနားထောင်ပီးသား 😝😝😝

ဒီမင်မင်တော့ ကျောင်းတုန်းက ရန်စတွေ မရှိလို့တော်သေး 🤪
05/09/2022

ဒီမင်မင်တော့ ကျောင်းတုန်းက ရန်စတွေ မရှိလို့တော်သေး 🤪

**  စားသုံးရန်မသင့်သော အစားအသောက်များနှင့် ပတ်သက်၍ အများပြည်သူသိရှိရန် FDA (Myanmar) မှ သတိပေးကြေညာချက်ထုတ်ပြန်  **Credi...
30/08/2022

** စားသုံးရန်မသင့်သော အစားအသောက်များနှင့် ပတ်သက်၍ အများပြည်သူသိရှိရန် FDA (Myanmar) မှ သတိပေးကြေညာချက်ထုတ်ပြန် **

Credit : Food and Drug Administration, Myanmar

Address

Yangon

Website

Alerts

Be the first to know and let us send you an email when ZKz Food Production posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category