Akariz Min Tea & Food Center

Akariz Min Tea & Food Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Akariz Min Tea & Food Center, Restaurant, No. (E/62), Yate Thar quarter, Yangon-Mandalay Highway, in front of Hlegu Municipal park, Hlegu township, Yangon.
(1)

လှည်းကူးမြို့နယ်အတွင်း ရေဘေးအန္တရာယ်ကြောင့် စားရေးသောက်တာအတွက် သွားလာဖို့ အခက်ခဲရှိနေတဲ့နေရာတွေကို တတ်အားသလောက် ထမင်းဗူး...
11/10/2023

လှည်းကူးမြို့နယ်အတွင်း ရေဘေးအန္တရာယ်ကြောင့် စားရေးသောက်တာအတွက် သွားလာဖို့ အခက်ခဲရှိနေတဲ့နေရာတွေကို တတ်အားသလောက် ထမင်းဗူးများသွားရောက်ဝေမျှပေးခဲ့ပါတယ်ခင်ဗျာ

နောက်ထပ်လည်းတတ်စွမ်းသလောက်ပါဝင်ကူညီပါဦးမယ်ခင်ဗျာ

အားလုံးဘေးအန္တရာယ်ကင်းရှင်းဖို့တောင်းဆုပြုပါတယ်ခင်ဗျာ
#လှည်းကူး #ဧကရာဇ်မင်း

11/10/2023

လှည်းကူးမှာ ဖုန်းအားသွင်းဖို့ အခက်ခဲရှိတဲ့သူတွေ အနေနဲ့ ဧကရာဇ်မင်းမှာ ဖုန်းအားလာရောက်သွင်းလို့ရပါတယ်ခင်ဗျာ

🏡 ဧကရာဇ်မင်း Tea & Food Center
📍 အမှတ် (င\၆၂) ၊ ရိပ်သာရပ်ကွက် ၊ ရန်ကုန်-မန္တလေး လမ်းဟောင်း ၊ လှည်းကူးဈေးနှင့် ဗိုလ်ချုပ်ပန်းခြံရှေ့ ၊ လှည်းကူးမြို့နယ်

21/07/2023

“အဟာရတွေအပြည့်ပါမဲ့ ဆိတ်စွပ်နဲ့ နံပြားလေးက မိုးအေးအေးနဲ့မနက်ခင်းလေးအတွက် ရှယ်မှရှယ်ပဲဗျို့”

♨️ ဧကရာဇ်မင်းဆိုင်မှာက စားစရာတွေ စုံတော့
🇮🇳 အိန္ဒိယ အစားအစာ ကောင်းကောင်းလေး စားချင်တာ ... ဘာစားရမှန်း မသိဘူး။
😋 အရသာလည်း ရှိပြီး အာဟာရလည်း ရှိတဲ့ Menu များရှာနေမလား ….

ဒါဆိုရင်တော့ "အိန္ဒိယစတိုင် ဆိတ်စွပ်ဟင်းလေး" ကို မှာလိုက်ပါတော့ဗျို့ ....

🥣 ပဲအနှစ်လေးနဲ့ နူးအိနေအောင် တည်ထားတဲ့ ဆိတ်စွပ်ဟင်းလေးကို ဖာလာ ကရဝေ နံ့ အစုံလင်နဲ့ဆိုတော့ အနံ့နဲ့တင်ရှယ်ပဲဗျို့မို့ မနက်ခင်း ၊ နေ့လည်ခင်း တနေကုန် ကြိုက်တဲ့အချိန် လာစားလို့ ရတယ်။

🌶 အနံ့အရသာ ကလည်း မွှေးမွှေးလေးနဲ့ သံပရာသီးလေး ညှစ် ၊ ရှောက်ရွက်လေး ခပ် ၊ ငရုတ်သီးမှုန့်လေး ဖြူးချလိုက်တော့ _____ 👉 “ချဉ်ချဉ် ငံငံ စပ်စပ်” အကြိုက်တွေ့မှာ သေချာပါတယ် 🥰

နံပြားနဲ့ကြိုက်တဲ့ သူကလည်း နံပြားနဲ့ကိုစိမ်စိမ်ပြီးစား ထမင်းနဲ့ ကြိုက်တဲ့ သူဆိုရင်လည်း ထမင်းလေးကိုဖျော်ပြီး စားလိုက်ရင်တော့ ဖြင့် အရသာတင်မဟုတ်ဘူး အဟာရနဲ့လည်း ပြည့်စုံနေမှာအမှန်ပါဗျာ

ကဲဒါဆိုရင်တော့ မနက်စောစောလေး အဟာရရှိရှိလေး တီးလို့ ရအောင် ဧကရာဇ်မင်းကို စောစောလေးလှည့်ခဲ့လိုက်တော့ဗျို့

🇲🇲 တိုင်းရင်းသားဒေသဆိုင်ရာအစားအစာများကို တစုတစည်းတည်း စားကြည့်ဖို့ လာမယ်ဆိုရင်

🚕 လှည်းကူးမြို့တွင်း ၂၀၀၀၀နှင့်အထက်မှာယူပါက delivery free နဲ့ပို့ဆောင်ပေးမှာဖြစ်ပါတယ်ဗျ ...
Delivery order ဖုန်းနံပတ် - 09880356651 , 09880356652 .
ဆိုင်ကို လာမယ်ဆိုရင်
🏡 ဧကရာဇ်မင်း Tea & Food Center
📍 အမှတ် (င\၆၂) ၊ ရိပ်သာရပ်ကွက် ၊ ရန်ကုန်-မန္တလေး လမ်းဟောင်း ၊ လှည်းကူးဈေးနှင့် ဗိုလ်ချုပ်ပန်းခြံရှေ့ ၊ လှည်းကူးမြို့နယ်
☎️ 09880356651 ၊ 09880356652
⏰6:00 AM to 7:00 PM ဖြစ်ပါတယ်နော်

#ဧကရာဇ်မင်း #ဆိတ်စွပ် #ဆိတ်စွပ်နံပြား #မနက်စာ #လက်ဖက်ရည်

လက်ရှိကုန်စျေးနှုန်းအခြေနေ များကြောင့် ( ၁၅/၇/၂၀၂၃ ) မှစပြီးဧကရာဇ်မင်းရဲ့ အချို့ menu များကို စျေးနှုန်းအနည်းငယ်ပြောင်းလ...
14/07/2023

လက်ရှိကုန်စျေးနှုန်းအခြေနေ များကြောင့် ( ၁၅/၇/၂၀၂၃ ) မှစပြီးဧကရာဇ်မင်းရဲ့ အချို့ menu များကို စျေးနှုန်းအနည်းငယ်ပြောင်းလည်းသွားမည့်အကြောင်း ချစ်ခင်ရတဲ့ စားသုံးသူများကို အသိပေးအကြောင်းကြားအပ်ပါသည်ခင်ဗျာ။

ဘာတွေပဲဘယ်လိုပြောင်းပြောင်း ဧကရာဇ်မင်းလက်ဖက်ရည်ကိုတော့ လက်ရှိစျေးနှုန်းအတိုင်းသာဆက်လက်ရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျာ

အမြဲတမ်း လာရောက်အားပေးကြတဲ့ စားသုံးသူတစ်ယောက်ချင်းစီကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားအပ်ပါတယ်ခင်ဗျာ

🇲🇲 တိုင်းရင်းသားဒေသဆိုင်ရာအစားအစာများကို တစုတစည်းတည်း စားကြည့်ဖို့ လာမယ်ဆိုရင်

🏡 ဧကရာဇ်မင်း Tea & Food Center
📍 အမှတ် (င\၆၂) ၊ ရိပ်သာရပ်ကွက် ၊ ရန်ကုန်-မန္တလေး လမ်းဟောင်း ၊ လှည်းကူးဈေးနှင့် ဗိုလ်ချုပ်ပန်းခြံရှေ့ ၊ လှည်းကူးမြို့နယ်
☎️ 09880356651 ၊ 09880356652
⏰6:00 AM to 8:00 PM

#ဧကရာဇ်မင်း #မနက်စာ #လက်ဖက်ရည် #လှည်းကူး

ဘဝတူတွေရှိကြလားဗျို့😁ဧကရာဇ်မင်းမှာတော့ အဲ့တော့မဖြစ်စေရဘူးနော် နံနံပင်ကို သက်သက်ထားထားပေးမှာမို့လို့😁     #ဧကရာဇ်မင်း  #လ...
10/07/2023

ဘဝတူတွေရှိကြလားဗျို့😁
ဧကရာဇ်မင်းမှာတော့ အဲ့တော့မဖြစ်စေရဘူးနော် နံနံပင်ကို သက်သက်ထားထားပေးမှာမို့လို့😁

#ဧကရာဇ်မင်း #လက်ဖက်ရည် #လှည်းကူး

“ရန်ကုန်ကနေခရီးနှင်ရင်း မနက်စာအတွက်အားဖြည့်ဖို့ဆို လှည်းကူးက ဧကရာဇ်မင်းမှာ တစ်ထောက်နားဖို့ ဝင်လာလှည့်ပါဗျို့” ပဲခူး တစ်က...
08/07/2023

“ရန်ကုန်ကနေခရီးနှင်ရင်း မနက်စာအတွက်အားဖြည့်ဖို့ဆို လှည်းကူးက ဧကရာဇ်မင်းမှာ တစ်ထောက်နားဖို့ ဝင်လာလှည့်ပါဗျို့”

ပဲခူး တစ်ကြောဖက်သွားရင်း မနက်စာလည်းစားရင်း တစ်ထောက်လည်းနားဖို့ အတွက်ဆို ဧကရာဇ်မင်းကကြိုဆိုလျက်ပါဗျာ

မနက်စာအတွက်ကို တိုင်းရင်းသားဒေသအစုံက အစားစာလေးတွေဖြစ်မဲ့

- ရှမ်းပြည်တောင်ပေါ်ဒေသရဲ့ ရှမ်းခေါက်ဆွဲ/ တိုဟူးနွေး/ ငါးထမင်းနယ်/အာလူးထမင်းနယ်/ ကြက်ပေါင်းဆီချက်ခေါက်ဆွဲ/ ကော်ရည်ခေါက်ဆွဲ

- မန်းလေးဒေသရဲ့ လူတိုင်းကြိုက်တဲ့ နန်းကြီးသုပ်/ နန်းပြားသုပ်/ နန်းလတ်သုပ်/ ခိုတောင်မုန့်တီ/ ခိုတောင်ထမင်းသုပ်/ မန်းလေးထမင်းသုပ်

- ပြည်မြို့ရဲ့ နာမည်ကြီးဖြစ်တဲ့ ပြည်ပလာတာသုပ်/ ပြည်ထမင်းသုပ်တွေအပြင် တခြားဒေသစာတွေဖြစ်တဲ့ ကွေ့တီယို/ ရွှေတောင်ခေါကဆွဲ/ မုန့်ဟင်းခါးတွေလည်းရမှာပါဗျာ

အဲ့ဒါတွေအပြင်ကို indian စာကြိုက်တဲ့သူတွေအတွက်လည်း ပူရီ/ချာပါတီ/ပလာတာ/ကီးမား/နံပြား/ဆိတ်စွပ်နံပြားတွေလည်း သုံးဆောင်လို့ရပါတယ်ဗျို့

လက်ဆောင်ပေးဖို့ မုန့်အနေနဲ့ဝယ်သွားချင်တယ်ဆိုရင်လည်း ဧကရာဇ်မင်းမှကိုယ်တိုင်လုပ်တဲ့ ကြက်သားမုန့် / ပဲမုန့် / ကြက်ဘောင်ဆင်တို့ကိုလည်း လက်ဆောင်အဖြစ်ဝယ်သွားလို့ ရပါသေးတယ်ခင်ဗျာ

အစားသောက်တွေကြီးပဲလားဆိုတော့လည်း မိတ်ဆွေများအေးဆေးသက်သာစွာထိုင်ရစေဖို့အတွက် အဲကွန်းခန်းလည်းရှိသလို လွတ်လွတ်လပ်လပ်ဆေးလိပ်သောက်ရင်းထိုင်လို့ရမဲ့ နေရာမှာလည်း ပန်းကန်တွေတပ်ပေးထားတာဆိုတော့ အေးအေးလူလူနဲ့ သက်တောင့်သက်သာသုံးဆောင်ရုံပါပဲခင်ဗျာ

ကဲဒါဆိုရင်တော့ ရန်ကုန်ကထွက်ရင်း တစ်ထောက်နားဖို့ဆို ဧကရာဇ်မင်းကို ဝင်ရောက်ခဲ့ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာ

🇲🇲 တိုင်းရင်းသားဒေသဆိုင်ရာအစားအစာများကို တစုတစည်းတည်း စားကြည့်ဖို့ လာမယ်ဆိုရင်

🏡 ဧကရာဇ်မင်း Tea & Food Center
📍 အမှတ် (င\၆၂) ၊ ရိပ်သာရပ်ကွက် ၊ ရန်ကုန်-မန္တလေး လမ်းဟောင်း ၊ လှည်းကူးဈေးနှင့် ဗိုလ်ချုပ်ပန်းခြံရှေ့ ၊ လှည်းကူးမြို့နယ်
☎️ 09880356651 ၊ 09880356652
⏰6:00 AM to 8:00 PM

#ဧကရာဇ်မင်း #မနက်စာ #လက်ဖက်ရည် #လှည်းကူး #ရန်ကုန်-ပဲခူး #ရှမ်းခေါက်ဆွဲ #တိုဟူးနွေး #နန်းကြီးသုပ် #နန်းပြားသုပ် #နန်းလတ်သုပ် #ရွှေတောင်ခေါက်ဆွဲ #ခိုတောင်မုန့်တီ #ပူရီ #ပလာတာ #ဆိတ်စွပ်နံပြား

“စောစောလာမှ သေချာမဲ့ ဧကရာဇ်မင်းရဲ့ အုန်းနို့နဲ့ပဲအရသာစိမ့်စိမ့်လေးနဲ့ ရွှေတောင်ခေါက်ဆွဲ” အရသာလေးသေချာကျသွားအောင်ပဲဟင်းရည...
05/07/2023

“စောစောလာမှ သေချာမဲ့ ဧကရာဇ်မင်းရဲ့ အုန်းနို့နဲ့ပဲအရသာစိမ့်စိမ့်လေးနဲ့ ရွှေတောင်ခေါက်ဆွဲ”

အရသာလေးသေချာကျသွားအောင်ပဲဟင်းရည်အနှစ်လေးကို သေချာလေးချက်ပြုတ်ထားတာဆိုတော့ မကုန်ခင်စောစောလေးလာစားမှရဖို့သေချာမှာနော့်

နူးညံ့နေအောင်ပြုတ်ထားတဲ့ခေါက်ဆွဲဖက်လေး ကို ပဲဟင်းအနှစ်ရည်စိမ့်စိမ့်လေးရယ်, ဘဲဥခြမ်းလေးရယ် မုန့်ကြွပ်လေးရယ်နဲ့ ရောပြီးစားရတဲ့ အရသာလေးက နူးညံ့ပြီးစိမ့်နေရောပဲ အဲ့ဒါကိုမှ ရွှေတောင်ခေါက်ဆွဲရဲ့ မပါမဖြစ် အုန့်နို့ နှစ်လေးကို များများကြိုက်တဲ့သူအတွက်ရောနည်းနည်းကြိုက်တဲ့သူအတွက်ပါ အဆင်ပြေအောင်အုန်းနို့နှစ်လေးကို ဘေးကနေသက်သက်လေးပေးထားတာဆိုတော့ အဆင်ကိုမှပြေလို့ပဲ။

ကဲဒါဆိုရင်တော့ ရွှေတောင်ခေါက်ဆွဲကြိုက်တဲ့ သူတွေအနေနဲ့ အရသာရှိရှိလေးစားရအောင် စောစောလေးမကုန်ခင် ဧကရာဇ်မင်းကို အရောက်လာခဲ့ကြပါဗျို့

🇲🇲 တိုင်းရင်းသားဒေသဆိုင်ရာအစားအစာများကို တစုတစည်းတည်း စားကြည့်ဖို့ လာမယ်ဆိုရင်

🏡 ဧကရာဇ်မင်း Tea & Food Center
📍 အမှတ် (င\၆၂) ၊ ရိပ်သာရပ်ကွက် ၊ ရန်ကုန်-မန္တလေး လမ်းဟောင်း ၊ လှည်းကူးဈေးနှင့် ဗိုလ်ချုပ်ပန်းခြံရှေ့ ၊ လှည်းကူးမြို့နယ်
☎️ 09880356651 ၊ 09880356652
⏰6:00 AM to 8:00 PM

#ဧကရာဇ်မင်း #ရွှေတောင်ခေါက်ဆွဲ #မနက်စာ #လက်ဖက်ရည် #လှည်းကူး

လူကျသွားတဲ့ အချိန် ခဏလေးစောင့်လိုက်ရရင် ခွင့်လွတ်😁 #ဧကရာဇ်မင်း  #လှည်းကူး  #ဟာသ    #လက်ဖက်ရည်
03/07/2023

လူကျသွားတဲ့ အချိန် ခဏလေးစောင့်လိုက်ရရင် ခွင့်လွတ်😁

#ဧကရာဇ်မင်း #လှည်းကူး #ဟာသ #လက်ဖက်ရည်

“တောင်ပေါ်ဒေသရဲ့ မနက်ခင်းတွေကို ပြန်တမ်းတမိစေမဲ့ ဧကရာဇ်မင်းရဲ့ အားလူးထမင်းနဲ့ ငါးထမင်း” ရှမ်းဆန်စီးစီးလေးကို အားလူးဟင်း ...
01/07/2023

“တောင်ပေါ်ဒေသရဲ့ မနက်ခင်းတွေကို ပြန်တမ်းတမိစေမဲ့ ဧကရာဇ်မင်းရဲ့ အားလူးထမင်းနဲ့ ငါးထမင်း”

ရှမ်းဆန်စီးစီးလေးကို အားလူးဟင်း ငါးဟင်းလေးနဲ့ စီးပိုင်နေအောင် နယ်ထားတာလေးက စားလိုက်ရင်းစီးစီးပိုင်ပိုင်နဲ့ ကို မြေပြန့်ဒေသကထမင်းသုပ်တွေ စားရတဲ့ အရသာနဲ့ ဘယ်လိုမှမတူညီပါဘူးဗျို့

အဲ့ဒါလေးကိုမှ တောင်ပေါ်ဒေသရဲ့ ဒေသစာလေးဖြစ်တဲ့ ပဲပုတ်ကြော်လေးရယ် မြေပဲကြော်လေးရယ် ဂျူးမြစ်လေးရယ်နဲ့ တွဲစားရတာလေးက တောင်ပေါ်ဒေသရဲ့ အငွေ့သက်တွေကို ပြန်တမ်းတမိမှာ အမှန်ပါပဲဗျာ

ကဲဒါဆိုရင်တော့ တောင်ပေါ်ဒေသရဲ့ အငွေ့သက်တွေကို မြည်းစမ်းခံစားဖို့ ဧကရာဇ်မင်းကို လာခဲ့ကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ

🇲🇲 မြန်မာနိုင်ငံအနှံ့မှာ ရှိတဲ့ နာမည်ကျော် တိုင်းရင်းသားအစားအစာများကို တစုတစည်းတည်း စားကြည့်ဖို့ လာမယ်ဆိုရင်

🏡 ဧကရာဇ်မင်း Tea & Food Center
📍 အမှတ် (င\၆၂) ၊ ရိပ်သာရပ်ကွက် ၊ ရန်ကုန်-မန္တလေး လမ်းဟောင်း ၊ လှည်းကူးဈေးနှင့် ဗိုလ်ချုပ်ပန်းခြံရှေ့ ၊ လှည်းကူးမြို့နယ်
☎️ 09880356651 ၊ 09880356652
⏰6:00 AM to 8:00 PM

#ဧကရာဇ်မင်း #ငါးထမင်း #အာလူးထမင်း #မနက်စာ #လက်ဖက်ရည်

28/06/2023

“ပူစပ်စပ်ပြင်းရှရှ အရသာလေးနဲ့ မြေအိုးရဲ့ ရနံ့သင်းသင်းလေးက အုံ့မှိုင်းမှိုင်း မိုးရာသီလေးနဲ့ဆိုရင် အလိုက်ဖက်ဆုံးပါပဲဗျို့”

🍲ထမင်းလေးကို မြေအိုးမှာနပ်နေအောင်တည်ထားပြီးတော့မြန်မာလူမျိုးတွေရဲ့ခံတွင်းတွေ့စေမဲ့ ထိုင်းစတိုင် ချဉ်စပ်အရသာလေးကိုမှ စိမ့်စိမ့်လေးဖြစ်နေအောင် အုန်းနို့လေးနဲ့ ရောထားတဲ့အတွက် အရသာတွေကတော့ အစပ်ဟက်ကိုတည့်နေမှာအမှန်ပါပဲဗျာ။ မစားခင် အဖုံးဖွင့်လိုက်တာနဲ့ကို မြေအိုးနံ့သင်းသင်းလေးနဲ့ ဟင်းရဲ့ရနံ့လေးတွေက အနံံ့နဲ့တင်ကို အရမ်းကိုစားချင်နေမိမှာပါခင်ဗျာ။

အဲ့ဒါကိုမှထမင်းလေးနဲ့ ဟင်းကိုနှံံ့နေအောင်မွှေပြီးတော့ တစ်လုပ်ချင်းတစ်လုပ်ချင်းစားကြည့်လိုက်မယ်ဆိုရင် အလုတ်တိုင်းမှာကို အရသာကထိမိနေမှာအမှန်ပါပဲဗျာ။

😋ကဲပြောရင်းနဲ့ စားချင်သွားပြီဆိုရင်တော့ ဧကရာဇ်မင်းကိုအခုပဲလှမ်းလာခဲ့လိုက်ပါတော့ဗျာ။

ဧကရာဇ်မင်းရဲ့မြေအိုးထမင်းအနေနဲ့ ရနိုင်တဲ့ အရသာတွေဆိုရင်တော့

- ဝက်လက်ပေါင်းမြေအိုးထမင်း
- သုံးထပ်သားမြေအိုးထမင်း
- နံရိုးမြေအိုးထမင်း
- အသားကင်မြေအိုးထမင်း
- မကာအိုဝက်ခေါက်ကင်မြေအိုးထမင်း
- ကြက်တုံးယိုးဒယားချက်မြေအိုးထမင်း
- ဘဲကင်မြေအိုးထမင်း

📞 09880356651 , 09880356652

ဆိုင်မှာလာရောက်စားသုံးချင်တယ်ဆိုရင်တော့

🏡 ဧကရာဇ်မင်း Tea & Food Center
📍 အမှတ် (င\၆၂) ၊ ရိပ်သာရပ်ကွက် ၊ ရန်ကုန်-မန္တလေး လမ်းဟောင်း ၊ လှည်းကူးဈေးနှင့် ဗိုလ်ချုပ်ပန်းခြံရှေ့ ၊ လှည်းကူးမြို့နယ်


#လှည်းကူး #လက်ဖက်ရည် #နေ့လည်စာ #မြေအိုးထမင်း #ဧကရာဇ်မင်း

မှာခါနီးဆို ကြုံရပြီ😂 #ဧကရာဇ်မင်း  #ဟာသ    #လက်ဖက်ရည်
26/06/2023

မှာခါနီးဆို ကြုံရပြီ😂

#ဧကရာဇ်မင်း #ဟာသ #လက်ဖက်ရည်

Address

No. (E/62), Yate Thar Quarter, Yangon-Mandalay Highway, In Front Of Hlegu Municipal Park, Hlegu Township
Yangon
130104

Opening Hours

Monday 06:00 - 20:00
Tuesday 06:00 - 18:00
Wednesday 06:00 - 20:00
Thursday 06:00 - 20:00
Friday 06:00 - 20:00
Saturday 06:00 - 20:00
Sunday 06:00 - 20:00

Telephone

+959880356651

Website

Alerts

Be the first to know and let us send you an email when Akariz Min Tea & Food Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Akariz Min Tea & Food Center:

Share

Category