Sandi's Art

Sandi's Art Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sandi's Art, Yangon.

ဒီကနေ့ ပိတ်ရက်ကလေးမှာတော့ မြန်မာထမင်းဟင်း ကောင်းကောင်းလေးကို အချိန်ပေးချက်စားဖြစ်ပါတယ်ရှင်။ကြက်သားဆီပြန်ကို စပ်စပ်ကလေးချ...
01/05/2026

ဒီကနေ့ ပိတ်ရက်ကလေးမှာတော့ မြန်မာထမင်းဟင်း ကောင်းကောင်းလေးကို အချိန်ပေးချက်စားဖြစ်ပါတယ်ရှင်။

ကြက်သားဆီပြန်ကို စပ်စပ်ကလေးချက်ပြီး ကန်စွန်းရွက်အကြမ်းကြော်လေးနဲ့မို့ ထမင်းမြိန်လှပါတယ်။ ဘေးနားကတော့ ကိုယ်တိုင်အချဉ်စိမ်ထားတဲ့ ပဲတီချဉ်ကလေးပဲ ဖြစ်ပါတယ်။

ကြက်ဆီပြန်လေးကိုတော့ မြန်မာအရသာလေးစားချင်တာမို့ မဆလာမထည့်ပဲ ရိုးရိုးကလေးပဲ ဆီသတ်ချက်ဖြစ်ပါတယ်။

ကြက်ပေါင် ၅ချောင်း
ကြက်သွန်နီ အနေတော် ၂လုံး
ကြက်သွန်ဖြူ ၅တက်
ဂျင်း လက်တစ်ဆစ်

ပထမဦးဆုံး ကြက်ပေါင်တွေကို အရာနက်နက်ပေးပြီးဆား၊နနွင်းနဲ့ သေချာနယ်ပြီး နှပ်ထားပါတယ်။

အသားနှပ်ထားတုန်းမှာ ဆီသတ်ဖို့ ကြက်သွန်ဖြူနီကိုလည်း ဂျင်းနဲ့ရောကြိတ်ထားပါတယ်။

ဆီသတ်ဖို့ရာ ဆီကို ဟင်းချက်ဇွန်း ၃ဇွန်းသုံးပါတယ်။
ဆီပူလာတဲ့ခါ ကြိတ်ထားတာတွေကို မီးအေးအေးလေးနဲ့ ဆီသတ်ပါမယ်ရှင်။

ရွှေရောင်ကလေးဝင်းလာတဲ့အခါမှာ နနွင်း အနည်းငယ်နဲ့ ငရုတ်အစိမ်းမှုန့် ထမင်းစားဇွန်း ၃ဇွန်းထည့်ပြီး အချိန်ခဏမွှေပေးပါတယ်ရှင်။

အရောင်ကလေးရဲလာတဲ့အခါမှာ ကြက်သားတွေကို ထည့်ပြီး ဆားလဖက်ရည်ဇွန်း ၁ဇွန်းနဲ့ အသားမှုန့်အနည်းငယ်ထည့်ပြီး သမအောင်ရောမွှေပေးပါတယ်။ စန္ဒီကတော့ ကြက်သားဟင်းမှာ ငံပြာရည်အနံ့စူးတာကို မကြိုက်တဲ့အတွက် ဆားပဲသုံးဖြစ်ပါတယ်ရှင့်။
ကြက်သားအပေါ်ယံကြောလေးတင်းလာပြီး ရေခမ်းတဲ့အချိန်ထိ မွှေပေးနေပါမယ်ရှင်။

ကြက်နဂိုရေ ခမ်းသွားတဲ့အခါမှာတော့ ရေနွေးကို အသားမြုပ်တဲ့ထိထည့်ပြီး ရေခမ်းတဲ့ထိချက်လိုက်ပါမယ်ရှင်။ မကြာခဏ အပေါ်အောက်နှံ့အောင်လေး မွှေပေးပါတယ်ရှင်။

ဒီနေရာမှာသတိထားရမှာကတော့ ကြက်သားထဲကရေတွေအရင်ထွက်သွားပြီးမှ အပြင်ရေကိုထထည့်ရမှာဖြစ်ပါတယ်ရှင်။
မဟုတ်ရင် ကြက်ညှီနံ့ရှိတတ်ပါတယ်။

ရေလေးလည်းခမ်း ဆီလည်း ပြန်လာတဲ့အခါ သေချာလေးရောမွှေပြီးတော့ အရသာလိုသလိုချိန်ပြီး ချလို့ရပါပြီရှင်။

ကန်စွန်းရွက်ကိုတော့ ဆီပြန်ဟင်းနဲ့ စားမှာဖြစ်တဲ့အတွက် ဆား၊ အသားမှုန့်လေးနဲ့ပဲ အကြမ်းလေးကြော်ပြီး အပေါ်ကန ကြက်သွန်ဖြူအစိမ်းတစ်ပြားရိုက် တင်လိုက်ပါတယ်ရှင်။
သိပ်ကိုမှ ခံတွင်းရှင်းပြီး ကြက်သားဟင်းအနှစ်နဲ့ နယ်ပြီး မြှုပ်စားတဲ့အခါမှာ အင်မတန်မှ လိုက်ဖက်လှပါတယ်။

ဟင်း ၂မျိုးကိုမှ ကြာချိန် ၁နာရီပါပဲရှင့်။
အားလုံးပဲ ထမင်းစားမြိန်ကြပါစေရှင်။

Welcome back 👏👏👏 Sandi’s Art page လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။Covid ကာလနဲ့ အလွန်ကာလတွေမှာ ဒီ page လေးဟာဆိုရင်ဖြင့် S...
28/04/2026

Welcome back 👏👏👏 Sandi’s Art page လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။

Covid ကာလနဲ့ အလွန်ကာလတွေမှာ ဒီ page လေးဟာဆိုရင်ဖြင့် Snacks တွေရောင်းခဲ့ပြီး ဟင်းချက်နည်းလေးတွေ ရံဖန်ရံခါ တင်လေ့ရှိခဲ့ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် နှစ်အကြာကြီးပျောက်သွားခဲ့ပြီးနောက်မှာတော့ စန္ဒီပြန်လာခဲ့ပါပြီ။

အခုတော့ ဝမ်းနည်းစွာနဲ့ပဲ Snacks လေးတွေ ရောင်းဖြစ်တော့မှာ မဟုတ်ပါဘူး။ အားပေးခဲ့ကြသူတိုင်းကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်း တစ်ပါတည်းပြောလိုပါတယ်။

အဲ့အစား တစ်ယောက်တည်းချက်ပြုတ်စားနေရသူတွေ၊ နိုင်ငံခြားမှာ ကျောင်းတစ်ဖက်၊ ရုံးတစ်ဖက်နဲ့ရုန်းကန်နေရတဲ့သူတွေအတွက် လွယ်လွယ်နဲ့ ချက်လို့ရမယ့်အစားအသောက်ချက်နည်းလေးတွေ တင်ပေးသွားမှာဖြစ်ပါတယ်။

ဒီချက်နည်းတွေဟာ အချိန်ကုန်သက်သာပြီး တစ်ကိုယ်ရည်စာအရသာရှိရှိစားနိုင်ဖို့ရည်ရွယ်တာဖြစ်တဲ့အတွက် သမားရိုးကျနည်းလမ်းများဆီကနေ သွေဖယ်နေတာမျိုးတွေလည်း ရှိနိုင်တာမို့ မှားယွင်းနေတာမျိုးတွေရှိလာခဲ့ရင်လည်း ခွင့်လွှတ်ပေးကြဖို့ ကြိုတင်မေတ္တာရပ်ခံထားပါရစေ။

စေတနာအမှားများနဲ့ လိုအပ်ချက်များကိုလည်း ထောက်ပြပေးကြပါဦးရှင်။

ကျေးဇူးတင်ပါတယ် 🙏

ဒီတစ်ခါ Sandi တို့လို chubby တွေ အငတ်မခံပဲနဲ့ ဆယ်ရက်မှာ ၈ပေါင်ကျသွားတဲ့နည်းကို share ပေးချင်လို့ပါ။ထမင်းနဲ့ဆီကြော် လုံးဝ...
30/09/2021

ဒီတစ်ခါ Sandi တို့လို chubby တွေ အငတ်မခံပဲနဲ့ ဆယ်ရက်မှာ ၈ပေါင်ကျသွားတဲ့နည်းကို share ပေးချင်လို့ပါ။

ထမင်းနဲ့ဆီကြော် လုံးဝမစားပါဘူး။
အအေးတွေ၊ အချိုတွေမစားပါဘူး။

Healthy Meal ဖြစ်အောင် အသီး၊ အရွက်တွေကိုပဲ အိမ်မှာလုပ်စားပါတယ်။
အလုပ်လေး ပိုရှုပ်တယ်ဆိုပေမယ့် တအားလည်းအချိန်မကြာပါဘူးနော်။
လေ့ကျင့်ခန်းလည်းတွဲလုပ်ရင်ပိုကျမယ်ထင်တာပဲ။
Sandi ကတော့ ငပျင်းမို့လို့ မလုပ်ပါဘူး 😂

Professional meal planner မဟုတ်လို့ google က မြင်တာလေးတွေနဲ့ သင့်တော်သလိုစားပီး ကျသွားလို့ Share ပေးတာပါ။

ကြက်သားဆို ရင်ပုံပဲ သုံးပါတယ်။
ဆီကို ပိစိလေးပဲသုံးပါတယ်။
အရသာအတွက်​ ဆားတစ်​မျိုးပဲသုံးပါတယ်​။
မနက်စာဆို ကြက်ဥပြုတ် ၂လုံး အကာပဲစားပါတယ်။
တခါတလေ ပေါင်မုန့်ကြမ်းနဲ့ရေနဲ။
တစ်နေ့ကို ရေ ၅လီတာသောက်ပါတယ်။
စိတ်ပါရင် Detox water ပါလုပ်သောက်ဖြစ်ပါတယ်

ပုံအောက်မှာ စာလေးတွေရေးပေးထားတယ်နော်။
ပိုက်ဆံလည်းအများကြီး မကုန်ဘူး ဟီး။

၃၀၀၀ မ​ကျော်​မယ့်​ ခံတွင်းမြိန်​စာ 🍵အရသာ ချိုချဉ်​ငံစပ်​ ထိထိမိမိ မြန်​မာခံတွင်းအကြိုက်​စားချင်​ပီဆို ဒါ​လေး ချက်​စာြး...
27/09/2021

၃၀၀၀ မ​ကျော်​မယ့်​ ခံတွင်းမြိန်​စာ 🍵

အရသာ ချိုချဉ်​ငံစပ်​ ထိထိမိမိ မြန်​မာခံတွင်းအကြိုက်​စားချင်​ပီဆို ဒါ​လေး ချက်​စားကြည့်​ဖို့ တိုက်​တွန်းပါတယ်​။
Sandi ​ပြောသွားမှာက လူ ၃​ယောက်​စာပါ။

ကြက်​သား ၁၅၀၀ဖိုး
ဥနီ ၁လုံး ၃၀၀
ငရုတ်​သီး၊ နံနံပင်​၊ ကြက်​သွန်​နီ၊ သံပုရာသီး၂၀၀

ပထမဆုံး ကြက်​ကို ​ရေဆင်​​အောင်​​ဆေးပီး ဆားထည့်​ ပြုတ်​ပါမယ်​။
၅မိနစ်တည်​ပီးရင်​ အဲ့​ရေကိုသွန်​ပစ်​ပါ။(အသည်းပါရင်​ မဲသွားတတ်​ပီး၊ အမြှပ်​​တွေပါသွား​အောင်​ပါ)

ကြက်​သွန်​ဖြူဆီသတ်​ထဲကို ဆယ်​ထားတဲ့အသား​တွေကိုထည့်​ပါမယ်​။
ဆီအနည်းငယ်​ပဲသုံးပါ။
အရသာမှုန့်​နဲ့ဆား၊ ​ရေအနည်းငယ်​ထည့်​ပီး ခဏလုံးထားပါမယ်​။
ပီးရင်​ ငပိစိမ်းစားကို ​ရေနဲ့​ဖျော်​ပီးထည့်​ပါ။
ကြက်​သွန်​နီ ​လေးစိပ်​ထိုးထည့်​ပါ။
ကိုယ်​​သောက်​နိုင်​မယ့်​ ​ရေပမာဏထည့်​ပီး ၁၀မိနစ်​လောက်​တည်​ပါ။

နောက်​ဆုံး အရသာကြိုက်​ပီဆိုရင်
မုန်​လာဥနီ၊ မှို၊ အစရှိတဲ့ ကြိုက်​တာထည့်​လို့ရပါပီ။
နူးပီဆို ငရုတ်​သီးစိမ်းခွဲခမ်း​လေးခပ်​၊ နံနံပင်​အုပ်​ပီး သံပုရာသီးညှစ်​စားလို့ရပါပီ။

မိုး​အေး​အေးမှာ ရှူးရှဲရှဲနဲ့ ထမင်းနဲ့ တကယ်​လိုက်​ဖက်​တဲ့ဟင်းတစ်​ခွက်​ဖြစ်​လို့ အိမ်​မှာ အမယ်​အစုံရှိ​နေတယ်ဆိုရင်​ဖြင့်​ ချက်​စားကြည့်​ဖို့ ​ပြောလိုက်​ချင်​ပါတယ်​။

(Professional မဟုတ်​တဲ့ အိမ်​ချက်​ပါ၊ နည်းနာ​တွေကွဲ​နေမယ်​ဆိုရင်​ နားလည်​​ပေးကြပါဦးရှင့်​)

Tampura အစုံ 💛​အ​ကြော်​​လည်းစားချင်​တယ်​ ဆီလည်းသန့်​တာ​လေးမှဆိုတဲ့သူ​တွေအတွက်​ အိမ်​လုပ်​အ​ကြော်​နည်း​လေးကို တင်​​ပေး...
19/09/2021

Tampura အစုံ 💛

အ​ကြော်​​လည်းစားချင်​တယ်​ ဆီလည်းသန့်​တာ​လေးမှဆိုတဲ့သူ​တွေအတွက်​ အိမ်​လုပ်​အ​ကြော်​နည်း​လေးကို တင်​​ပေးလိုက်​ပါတယ်​။

Sandi က အပိုင်း (၃) ပိုင်းခွဲပီး​ပြော​ပေးသွားပါမယ်​​နော်​။

၁) ပထမတစ်​ပိုင်းက ​ဈေးဝယ်​ဖို့ပါ။
ကိုယ်​​ကြော်​ချင်​တဲ့ အသီးအရွက်​၊ ငါးပိစိ၊ ပုစွန်​ ဘာညာဝယ်​ထား​ပေါ့​နော်​။
နည်းနည်းစီဝယ်​ထားရင်ရပါတယ်​။
ရွှေလိပ်​ပြာအ​ကြော်​မှုန့်​၊ ​မွှေးဆန်​မှုန့်​၊ ပဲအစိမ်းမှုန့်​။
နံနံပင်​၊ ငရုတ်​သီးစိမ်း၊ ခရမ်းချဉ်​သီး။

၂) ပီးရင်​ အ​ကြော်​မုန့်​နှစ်​နှပ်​ဖို့ပါ။

အ​ကြော်​မှုန့်​ တစ်​ထုပ်​၊ ဆန်​အစိမ်းမှုန့်​တစ်​ဝက်​၊ ပဲအစိမ်းမှုန့်​ ၂ဇွန်း။
ဂျင်းကို​ထောင်းပီး အရည်​ညှစ်​ထည့်​ပါမယ်​။
ဆား၊ အရွက်​မှုန့်​၊ ပဲငံပြာရည်​ တစ်​ဇွန်း၊​ရေကို နည်းနည်းစီထည့်​ပီး ပြစ်​ပြစ်​​လေးအ​နေအထား​ရောက်​တဲ့ထိ​မွှေ​ပေးပါ။
လက်​နှစ်​လိုက်​ရင်​ လက်​မှာ အနှစ်​ကပ်​ပါလာတဲ့အ​နေအထား​ရောက်​ရင်​ ရပါပီ။
တ်​နာရီ​လောက်​နှပ်​ထားပါ။

ပီးရင်​ အသီးအရွက်​​တွေ ကို​ဆေး​ကြောပီး လှီးထားပါ။
အကြီကြီး​တွေထက်​ ​သေး​သေး​လေး တစ်​ကိုက်​စာ၊ နှစ်​ကိုက်​စာ​လေး​တွေဆို ပိုပီး Crispy ဖြစ်​ပါတယ်​။
အသီးအရွက်​​တွေ၊ ငါး​တွေကို ​ရေစင်​​အောင်​စစ်​ထားပါ။

၃) ​နောက်​ဆုံး အချဉ်​​ဖျော်​ဖို့ပါ။

ခရမ်းချဉ်​သီး ၂လုံးကို ပါးပါးလှီးပီး အိုးကင်းပူတိုက်​ပီး ​ကြေ​အောင်​​မွှေပါ။ ​ရေထည့်​စရာမလိုပါဘူး။
ဂျင်းအနည်းငယ်​၊ ငရုတ်​သီးစမ်းနဲ့ ကြက်​သွန်​ဖြူကို ညက်​​နေ​အောင်​​ထောင်းပါမယ်​။
မန်​ကျဉ်းသီးမှည့်​အနည်းငယ်​စိမ်​ထားပါမယ်​။
နံနံပင်​လှီးထားပါမယ်​။

ခရမ်းချဉ်​သီး​တွေ​ကြေပီဆိုရင်​ အချဉ်​​ဖျော်​မယ့်​ခွက်​ထဲကို ​ထောင်းထားတဲ့ဟာ​လေး​တွေထည့်​ပါမယ်​။
ပဲ ငံပြာရည်​အကြည်​၊ ဆား၊ အချိုမှုန့်​ ကြိုက်​နှစ်​သက်​သ​လောက်​ထည့်​ပါ။ မန်​ကျည်းရည်​လည်း အချဉ်​ကြိုက်​သ​လောက်​ထည့်​ပါ။
ကိုယ်​ကြိုက်​တဲ့အရသာရပီဆို နံနံပင်​​လေးအုပ်​ပီး အချဉ်​​ကောင်း​ကောင်း​လေးရပါပီ။

အ​ကြော်​​ကြော်​တဲ့အခါ ဆီကို Medium heat မှာ မုန့်​သားရဲ​နေသည်​အထိ ​ကြော်​​ပေးရမှာဖြစ်​ပါတယ်​။
မဟုတ်​ရင်​ ​ပျော့သွားတတ်​ပါတယ်​​နော်​။

Sandi အ​နေနဲ့ recommend ​ပေးချင်​တဲ့ အသီး​တွေက ဖရုံသီး၊ ​ဂေါ်ရခါးသီး၊ ခရမ်းသီး၊ ဘူးသီး၊ အာလူး၊ ကြက်​သွန်​နီ။
(စား​နေကြမဟုတ်​တဲ့အသီး​တွေက ပိုစား​ကောင်းတယ်​​နော်​)
အိုးကပ်​ချက်​တဲ့ငါးအ​သေး​လေး၊ ပုစွန်​ပိစိ​လေး နဲ့ ကြက်​သားလွှာ​ကြော်​စားလည်း​ကောင်းပါတယ်​။

အိမ်​မှာ ၅​ယောက်​​လောက်​အဝစားဖို့အတွက်​ဆို ၄၀၀၀ အပြင်​ပိုမကုန်​ပါဘူး​နော်​။ အိမ်မှာလုပ်​စားကြည့်​ကြဖို့ တိုက်​တွန်းပါတယ်​ရှင့်​။
အဆုံးထိဖတ်​​ပေးလို့​ကျေးဇူးတင်​ပါတယ်​။ 💛

(Sandi ကိုယ်​ပိုင်​ recipes ​တွေမို့ professional ​တွေနဲ့ နည်းတူချင်​မှ တူမှာပါရှင့်​)

ဒီ page ​လေးကို ပြန်​ run ပါမယ်​။မုန့်​​ရောင်းဖို့​တော့မဟုတ်​ပါဘူး။ဒီကာလမှာ ပိုက်​ဆံ​ချွေတာပီး​ငွေနည်းနည်းနဲ့ အာသာြေ...
18/09/2021

ဒီ page ​လေးကို ပြန်​ run ပါမယ်​။
မုန့်​​ရောင်းဖို့​တော့မဟုတ်​ပါဘူး။

ဒီကာလမှာ ပိုက်​ဆံ​ချွေတာပီး
ငွေနည်းနည်းနဲ့ အာသာ​ပြေ ဘယ်​လိုစားကြမလဲဆိုတဲ့ မုန့်​​လေး​တွေ၊ ဟင်းချက်​နည်း​လေး​တွေ တင်​​ပေးသွားမှာပါ။

အပြင်​စာ​တွေကို အိမ်​မှာလုပ်​စားလို့ရ​အောင်​လည်း ​ပြောပြ​ပေးသွားမှာပါ။
အားလုံးပဲ ​စောင့်​ကြည့်​​ပေးကြပါဦး​နော်​ 💛

ချို့တဲ့တဲ့ သူ​တွေကို မုန့်​​ဝေမယ့်​ June 25 မတိုင်​ခင်​ ဒီကြားထဲမှာ admin ၂ရက်​ပဲ မုန့်​​ရောင်းဖြစ်​ပါမယ်​​နော်​။June ...
19/06/2021

ချို့တဲ့တဲ့ သူ​တွေကို မုန့်​​ဝေမယ့်​ June 25 မတိုင်​ခင်​ ဒီကြားထဲမှာ admin ၂ရက်​ပဲ မုန့်​​ရောင်းဖြစ်​ပါမယ်​​နော်​။

June 22- Tuesday နဲ့ June 24 - Thursday ၂ရက်​ပဲ ဖြစ်​ပါတယ်​။

အဲ့ ၂ရက်​​ရောင်းပီးရင်​​တော့ ရထားတဲ့ အမြတ်​ ကို မုန့်​​လေး​တွေလိုက်​​ဝေ​ပေးမှာဖြစ်​ပါတယ်​။

ဒီ ၂ရက်​မှာ ရရှိနိုင်​မယ့်​ မုန့်​​လေး​တွေကိုလည်း ပုံ​အောက်​မှာ ​ဈေးနဲ့​ရေး​ပေးထားပါတယ်​​နော်​။
Discount ကာလပီးသွားပီမို့ ​ဈေး​တွေက​တော့ ပုံမှန်​ပါပဲရှင့်​ .❤

ဒီကာလမှာ ​ဈေး​ရောင်းရတဲ့အတွက်​လည်း အားနာပါတယ်​​နော်​။
လုပ်​အားစိုက်​ပီး အမြတ်​အကုန်​လုံးကို လှူ​နေတာမို့်​ newfeed မှာတက်​လာရင်​ စိတ်​မကွက်​ကြပါနဲ့​နော်​။

မှာမစားဖြစ်​ရင်​လည်း ရှဲ​ပေးသွားကြပါဦးရှင့်​၊ Admin အတွက်​ အရမ်းအ​ထောက်​အကူဖြစ်​မှာမို့ပါ 🙏🙏

ဒါ​လေးက ​ပေါင်​ကြီးကို မကိုက်​ချင်​ဘူး 🍗☝လူကြားထဲမို့၊ ရုံးမှာမို့ ဆိုတဲ့ အချစ်​က​လေး​တွေအတွက်​ ရင်​ပုံနဲ့​ပေါင်​ရင်းအသ...
16/06/2021

ဒါ​လေးက ​ပေါင်​ကြီးကို မကိုက်​ချင်​ဘူး 🍗☝
လူကြားထဲမို့၊ ရုံးမှာမို့ ဆိုတဲ့ အချစ်​က​လေး​တွေအတွက်​ ရင်​ပုံနဲ့​ပေါင်​ရင်းအသားကို လွှာ​ပေးထားတာပါ။

Honey Chicken Slice ​လေး​တွေပါ​နော်​။
Slice ဆိုလို့ ပါးပါး​လေး​တွေမထင်​ပါနဲ့ ပုံမှာပဲ ကြည့်​ပါ။ အထူကြီး​တွေလှီး​ပေးထားတာပါ​နော်​ 💁💁 portion လည်းအများကြီးပါ။

ခြောက်​ကပ်​ပီး မာ​နေမှာကို စိတ်​မပူပါနဲ့။
ပုံကြည့်​တာနဲ့တင်​ အရသာချိုစပ်​​လေးကို ခံစားကြည့်​လို့ရပါတယ်​​နော်​ ဟီး 😋😋
3500mmk only

အသစ်​​ရောင်း​ပေးမယ့်​ Chicken & Pork Set ​လေးပါ 🍗☝ထမင်းတစ်​ဘူး 🍚ကြက်​ဥလိပ်​တစ်​ဘူးHoney chicken 🍗Spicy Pork နဲ့Mashed ...
15/06/2021

အသစ်​​ရောင်း​ပေးမယ့်​ Chicken & Pork Set ​လေးပါ 🍗☝

ထမင်းတစ်​ဘူး 🍚
ကြက်​ဥလိပ်​တစ်​ဘူး
Honey chicken 🍗
Spicy Pork နဲ့
Mashed Potato အပါ (၅) မျိုးလုံးကိုမှ 🍱
၈၀၀၀ကျပ်​နဲ့ ​ရောင်းချ​ပေးသွားမှာပါ 👏👏👏

တစ်​ခုချင်းဝယ်​စားရင်​ ၉၅၀၀ ကျသင့်​မှာဖြစ်​ပါတယ်​။
Set လိုက်​ဆိုရင်​​တော့ ၁၅၀၀ကျပ်​တိတိ save ဖြစ်​သွားမှာပါ​နော်​။

Set ထဲမှာပါတဲ့ ဝက်​သားက တစ်​ပွဲစားအတိုင်းကို​လျှော့မထည့်​ထားပါဘူး​နော်
အကန့်​​​လေးထဲ အပြည့်​ ဖိထည့်​​ပေးမှာပါရှင့်​ ❤
ဆလပ်​ရွက်​ကိုလည်း အိတ်​နဲ့ သီးသန့်​ထည့်​​ပေးဦးမှာမို့ ဒီထက်​ တန်​တာ မရှိ​တော့ဘူး​နော်

မှာစားကြပါဦး 💁💁

Sunday အတွက်​ ​အော်​ဒါတင်​လို့ရပါပီ 👏👏မနက်​ဖြန်​ည ၈နာရီ​နောက်​ဆုံးထားပီးမှာ​ပေးပါ​နော်​။Sunday အထိပဲ ​ဈေး​လျှော့ထားတာပါ...
11/06/2021

Sunday အတွက်​ ​အော်​ဒါတင်​လို့ရပါပီ 👏👏

မနက်​ဖြန်​ည ၈နာရီ​နောက်​ဆုံးထားပီးမှာ​ပေးပါ​နော်​။

Sunday အထိပဲ ​ဈေး​လျှော့ထားတာပါ​နော်​...အဲ့​နောက်​ပိုင်း ပုံမှန်​​ဈေးပြန်​ဖြစ်​ပါပီရှင့်​။

လျှော့​ဈေးအမီ​လေး တဖြတ်​ မှာလိုက်​ကြပါဦးရှင့်​ ❤❤❤

Address

Yangon

Telephone

+959799574495

Website

Alerts

Be the first to know and let us send you an email when Sandi's Art posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share