M & M "Follow Me"

M & M "Follow Me" Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from M & M "Follow Me", Yangon.

ရန်ကုန်ရဲ့ မိုးက ကားလမ်းတွေ ပိတ်
07/09/2026

ရန်ကုန်ရဲ့ မိုးက ကားလမ်းတွေ ပိတ်

30/08/2026

👍👍👍 ကိုယ်ကြိုက်ရင် ဘယ်အချိန်ဖြစ်ဖြစ် ကောင်း

လေဆိပ်မှာ ပစ္စည်းအသိမ်းမခံရအောင်နဲ့ အိတ်ပြန်မဖွင့်ရအောင် Hand Carry သယ်ဆောင်သူများ မဖြစ်မနေ သိထားရမည့် အချက်များ(၁) အလေး...
13/08/2026

လေဆိပ်မှာ
ပစ္စည်းအသိမ်းမခံရအောင်နဲ့
အိတ်ပြန်မဖွင့်ရအောင် Hand Carry သယ်ဆောင်
သူများ မဖြစ်မနေ သိထားရမည့် အချက်များ

(၁) အလေးချိန်နှင့် အရွယ်အစား သတ်မှတ်ချက်
ခွင့်ပြုအလေးချိန်မှာ ပုံမှန်အားဖြင့် 5kg မှ 7kg အထိ သယ်ဆောင်ခွင့်ပြုပါတယ်။
လေယာဉ်ပေါ်ရှိ ခေါင်းပေါ်အကန့် (Overhead Bin) သို့မဟုတ် ရှေ့ထိုင်ခုံအောက်တွင် လွယ်ကူစွာ ဝင်ဆံ့သည့် အရွယ်အစားဖြစ်ရပါမယ်။

(၂) အရည်/ခရင်မ် သယ်ဆောင်ခြင်းဆိုင်ရာ 100ml Rule
သွားတိုက်ဆေး၊ ရေမွှေး၊ Lotion၊ ဂျယ်လ် စသည့် အရည် သို့မဟုတ် ခရင်မ်အမျိုးအစားအားလုံး ဗူးတစ်ခုလျှင် 100ml ထက် မပိုရပါ။
ဗူးထဲတွင် အရည်နည်းနည်းလေးပဲ ကျန်တော့လျှင်ပင် ဗူးခွံပေါ်တွင် 150ml/200ml စသဖြင့် ရေးထားပါက လုံခြုံရေးမှ သိမ်းဆည်းပါလိမ့်မည်။
လုံခြုံရေးစစ်ဆေးသူများသည် ဗူးထဲရှိ အရည်ပမာဏထက် ဗူးခွံပေါ်တွင် ရေးထားသော ပမာဏစာသား ကိုသာ ကြည့်ရှုစစ်ဆေးခြင်း ဖြစ်ပါသည်။

(၃) Electronic ပစ္စည်းများ သယ်ဆောင်ခြင်း
Laptop၊ Tablet၊ ကင်မရာ နှင့် ဖုန်းများ ကို Check-in အိတ်ထဲ မထည့်ဘဲ လက်ဆွဲအိတ် (Hand Carry) ထဲတွင်သာ သယ်ဆောင်ရပါမည်။
လုံခြုံရေးစစ်ဆေးသည့်ဂိတ် (Security Check) ရောက်ပါက ဗန်းထဲသို့ သီးသန့်ထည့်ပြရပါမည်။

(၄) Power Bank နှင့် Battery စည်းမျဉ်းများ
10,000 mAh အောက်ဖြစ်ပါက အေးဆေး လွတ်လပ်စွာ သယ်ဆောင်နိုင်ပါသည်။
20,000 mAh 32,000 mAh ကြား ဖြစ်ပါက တစ်ဦးလျှင် အများဆုံး (၂) လုံး အထိသာ ခွင့်ပြုလေ့ရှိပါသည်။
32,000 mAh အထက် ဖြစ်ပါက သယ်ဆောင်ခွင့် မပြုပါ။
Power Bank ပေါ်ရှိ စာသား သို့မဟုတ် ပမာဏ (mAh) ရေးထားသည့် စာသားမှာ ပွတ်တိုက်မိ၍ ပျက်နေပါက သိမ်းဆည်းခံရနိုင်ပါသည်။
အချို့လေဆိပ်များတွင် CCC Mark ပါဝင်သော Power Bank များကိုသာ လက်ခံလေ့ရှိပါသည်။

(၅) Check-in အိတ်ထဲ မထည့်ဘဲ Hand Carry ထဲသာ ထည့်ရမည့် အရေးကြီးပစ္စည်းများ
တန်ဖိုးကြီးပစ္စည်းများ ဖြစ်တဲ့ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများ။
အရေးကြီးစာရွက်စာတမ်းများ ဖြစ်တဲ့ ပတ်စပို့ (Passport)၊ ဗီဇာ၊ စာချုပ်စာတမ်းများနှင့် အခြား အရေးကြီး စာရွက်စာတမ်းများ။
ပုံမှန်သောက်သုံးနေရသော နေ့စဉ်သောက်ဆေးများ။
ကတ်ကြေး၊ ဓား၊ လက်သည်းညှပ်၊ ဝက်အူလှည့် စသည့် ချွန်ထက်သော ပစ္စည်းများ ကို Hand Carry ထဲ လုံးဝ (လုံးဝ) မထည့်ရပါ။ Check-in Baggage (အပ်နှံအိတ်) ထဲတွင်သာ ထည့်ရပါမည်။

Ko Leo Vlog မှ အကြံပြုချက်
အိတ်အပြင်ဘက်တွင် နာမည်၊ ဖုန်းနံပါတ်နှင့် လိပ်စာပါသော Tag လေးများ ချိတ်ထားပါ (မှားယွင်းခြင်း၊ ပျောက်ဆုံးခြင်းတွင် ပြန်ရှာရ လွယ်ကူစေပါသည်။)
မထွက်ခွာမီ အိမ်ရှိ Weight ချိန်စက် ဖြင့် အိတ်အလေးချိန်ကို ကြိုတင်စစ်ဆေးပါ။
အိတ်မအပ်မီ မိမိအိတ်၏ ပုံစံ၊ အရောင်နှင့် တံဆိပ်တို့ကို ဖုန်းဖြင့် ဓာတ်ပုံရိုက်ထားပါ။

"ခရီးသွားမိတ်ဆွေများအားလုံး
အဆင်ပြေကြပါစေ"

03/08/2026

သဘာဝ 🌿🌿🌿⛰⛰⛰

27/07/2026

ကံစမ်းမဲ ခေတ်.....

YGN က လူတွေက ဘယ်နေရာရောက်ရောက် သူတို့ သိခဲ့တဲ့ အကောင်းဆုံးကိုပဲ ရွေးကျတာ          ဒါပေမယ့် တချို့အရာတွေက အခြေအနေနဲ့ အချိ...
06/06/2026

YGN က လူတွေက ဘယ်နေရာရောက်ရောက် သူတို့ သိခဲ့တဲ့ အကောင်းဆုံးကိုပဲ ရွေးကျတာ
ဒါပေမယ့် တချို့အရာတွေက အခြေအနေနဲ့ အချိန်အခါပေါ် မူတည်ပြီး ပြောင်းလဲနေရတာ.....

ထားခဲ့တဲ့ သူမကတောင် ပြန်လာရင် လာအုံးမယ်....
31/05/2026

ထားခဲ့တဲ့ သူမကတောင် ပြန်လာရင် လာအုံးမယ်....

29/05/2026

စက်မှု(၁)လမ်းအတိုင်း ကမ္ဘာအေးဘုရားလမ်းဘက်မှ

ဆရာစံလမ်းဘက်သို့ လမ်းပြန်ဖွင့်ထားတယ်လို့ သိရလို့

သွားကြည့်ခဲ့....

ဒီနေ့တော့ " ရိုးရိုးလေး " မှာ သွားစားခဲ့တာလေးမော်လမြိုင် အသုတ်လေး စားကောင်း
28/05/2026

ဒီနေ့တော့ " ရိုးရိုးလေး " မှာ သွားစားခဲ့တာလေး
မော်လမြိုင် အသုတ်လေး စားကောင်း

အေးပါကွာ....
25/05/2026

အေးပါကွာ....

Address

Yangon

Telephone

+959799059714

Website

Alerts

Be the first to know and let us send you an email when M & M "Follow Me" posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share