13/07/2021
ပုဇွန်ချဉ်လေးကို ဘယ်လို သုပ်စားမလဲ?
(1) ပုဇွန်ချဉ်ကို မိမိနှစ်သက်သလို အတုံးငယ်လေးတွေ လှီးပါ
(2)ကြက်သွန်နီ၊ကြက်သွန်ဖြူ၊နံနံပင် ပါးပါးလှီးရေဆေးပြီး ထည့်ပါ
(အစပ်ကြိုက်ရင် ငရုတ်သီးစိမ်းလေးလှီး၊ငရုတ်သီးမှုန့်လေး ထည့်နိုင်ပါတယ်ရှင့်)
(3)ဆီ၊ကြက်သားမှုန့် (သို့) အရသာမှုန့်ထည့်ပြီး နယ်ပါ
(ပုဇွန်ချဉ်က အငန်အရသာပါပြီးသားမို့လို့ ဆားထည့်ရန်မလိုပါနော်)
ပြီးရင်တော့ အရသာရှိတဲ့ ပုဇွန်ချဉ်သုပ်လေးကို သုံးဆောင်နိုင်ပါပြီရှင့်
ထမင်းပူပူလေးနဲ့ ပုဇွန်ချဉ်သုပ်လေး စားရတာကိုက ဘာနဲ့မှ မလဲနိုင်တဲ့ နတ်သုဒ္ဓါလေးပေါ့
မှတ်ချက် ။ ။ ငါးဖယ်ချဉ်လည်း အပေါ်က သုပ်နည်းအတိုင်း သုပ်စားနိုင်ပါတယ်
15 ကျပ်သားတစ်ထုပ်ကို 2200
09 254498557