Shwe Taung Eain - Restaurant

Shwe Taung Eain - Restaurant Delivery Free Service

21/03/2023

ကြိုက်လွန်းလို့ မျက်ရည်ဝဲမိပါတယ်။
ငါ-ကျေနပ်ပါပြီ
**************
ဖတ်ကြည့်နော်
၁။ ငါအိပ်ရာထဲလဲခဲ့တဲ့အခါ

မိုးလင်းတဲ့အခါ ငယ်စဉ်ကလေ
မင်းတို့ရဲ့ မျက်နှာနုနုလေးကို အေးမှာဆိုးလို့
ငါ နေ့စဉ် ရေနွေးနဲ့ သစ်ပေးခဲ့ပေမယ့်
ငါ့ကိုတော့
ရေအေးနဲ့ သစ်ပေးရင်ပဲ
ငါ ကျေနပ်ပါပြီ။

၂။ အစာကျွေးတဲ့အခါ

ငယ်စဉ်ကလေ
မင်းတို့ ကြီးထွားရှင်သန်ဖို့
ဈေးကြီးတဲ့ အာဟာရမုန့်တွေ ငါဝင်အောင် ကျွေးခဲ့ပေမယ့်
ငါ့ကိုတော့
အစာကျေတဲ့ ဆန်ပြုတ်ကျဲလေး ကျွေးရင်ပဲ
ငါ ကျေနပ်ပါပြီ။

၃။ ငါအစားမဝင်တဲ့အခါ

ငယ်စဉ်ကလေ
ထမင်းတစ်ပန်းကန် စားကုန်ဖို့ အိမ်ရှေ့အိမ်နောက် လှည့်ပတ်ပြေးလွှားနဲ့ နာရီရှည်ကြာလို့ ငါ မညောင်းခဲ့ပေမယ့်
ငါ့ကိုတော့
မိနစ်ပိုင်းလောက် အားစိုက်ကျွေးရင်ပဲ
ငါ ကျေနပ်ပါပြီ။

၄။ ငါအိပ်မပျော်တဲ့အခါ

ငယ်စဉ်ကလေ
လေထိုးလို့၊ ဖျားလို့၊ ဝမ်းလျောလို့ ရောဂါစုံဖြစ်တတ်တဲ့
မင်းတို့တစ်တွေကို ပြုစုယုယရင်း တစ်လမအိပ်ရလို့လည်း
ငါ မညည်းညူခဲ့ပေမယ့်
ဝေဒနာကြောင့်
အိပ်မပျော်တဲ့ငါ့ကို
တစ်ရက် နှစ်ရက် သည်းခံကြည့်ပေးရင်ပဲ
ငါ-ကျေနပ်ပါပြီ။

၅။ ငါမထနိုင်တဲ့ အခါ

ငယ်စဉ်ကလေ
ရက်ပေါင်းများစွာ ချိုမိုင်မိုင် ဆိုပေးရင်း
လက်ကလေးတွေ သန်မာအောင် ကြိုးစားပေးခဲ့တဲ့ ငါ့ကို....
မင်းတို့ လက်ကလေးတွေကို
ခဏတာအသုံးချပြီး ထူပေးကြရင်ပဲ
ငါ-ကျေနပ်ပါပြီ။

၆။ ငါတွေ့ချင်တဲ့အခါ

ငယ်စဉ်ကလေ
လပေါင်များစွာ ခြေကို
ဖြောင့်ဆင်းပြီး သီချင်းဆိုပေးရင်း ခြေထောက်လေးတွေ သန်မာအောင် နှိပ်နယ်ပေးခဲ့တဲ့ ငါ့ဆီ.....
မင်းတို့ ခြေထောက်လေးတွေ အသုံးချပြီး ခဏလာတွေ့ရင်ပဲ
ငါ-ကျေနပ်ပါပြီ။

၇။ ငါမလှုပ်ရှားနိုင်တဲ့အခါ

ငယ်စဉ်ကလေ
နူးညံ့ပေ့ဆိုတဲ့အဝတ်အထည်တောင်နာမှာစိုးလို့ အသာအယာ ဝတ်ပေးခဲ့ပေမယ့်
အသိလွတ်တဲ့အချိန်အထိ
အဝတ်အစားတွေ ငါ့ကို ဂရုတစိုက်ဖုံးပေးရင်ပဲ
ငါ-ကျေနပ်ပါပြီ။

၈။ ငါထွက်သွားတဲ့အခါ

ထိုအချိန်မှာလေ
ငါ့သား ငါ့သမီး ငါ့မြေး မြစ် တို့ နောင်တအမွေ မရစေချင်လို့ ပြုစုခွင့်ရတုန်း ပြုစုနိုင်ကြဖို့.....
အခွင့်ပေးတာဝန် ကျေခဲ့ပါရစေ

မိခင် ဖခင်တိုင်းအား
ဤစာစုဖြင့် ပူဇော်ဦးညွတ်ပါသည်။🙏🙏🙏 #ဘဝရဲ့ခရီးသည်

တွဲဖက်ရွှေကျင်သာသနာပိုင်
ပါချုပ်ဆရာတော်ကြီး
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ။🙏🙏🙏
မူရင်း-Credit

15/03/2023
ဟယ်လို မဂ်လာ နံနက်ခင်းပါ😍😍ဒီနေ့ဟာဆိုရင်ဖြင့် မြန်မာ့ရိုးရာဓလေ့၁၂လရာသီပွဲတော်တွေထဲက တစ်ခုဖြစ်တဲ့နှစ်သစ်ကူး သကြန်နေ့ အကျရက...
14/04/2022

ဟယ်လို မဂ်လာ နံနက်ခင်းပါ😍😍

ဒီနေ့ဟာဆိုရင်ဖြင့် မြန်မာ့ရိုးရာဓလေ့

၁၂လရာသီပွဲတော်တွေထဲက တစ်ခုဖြစ်တဲ့

နှစ်သစ်ကူး သကြန်နေ့ အကျရက်ဖြစ်ပြီး

ရွှေတောင်အိမ် Customers များအနေနဲ့

အန္တရာယ်ကင်း၊ ဘေးကင်းကြ၍ ကောင်းမွန်သော

နေ့သစ်တွေကို ပိုင်ဆိုင်နိုင်စေရန်အတွက်

အရာသာရှိပြီး စျေးနှုန်းလဲသင့်တဲ့ "ရွှေတောင်အိမ်"

စားဖွယ်စုံမှ စုံလင်လှတဲ့ မီနူးတွေနဲ့အတူ စားသုံး၍

အဓိပါယ်ရှိတဲ့ နေ့သစ်တွေဆီ သွားရအောင်🏃‍♀️🏃

သကြန်တွင်းကာလမှာလဲ နံနက်၆နာရီမှ နေ့လည်

၁၂နာရီအထိ ဖွင့်လှစ်ပေးထားသေးတာမို့

ရွှေတောင်အိမ် Customers တို့အတွက်

အဆင်ပြေစေမယ်လို့ မျှော်လင့်ပါတယ် 😘😘

သင်္ကြန် ဆိုတဲ့စကားဟာ သင်္ကန္တ ဆိုတဲ့ ပါဠိဘာသာစကား သင်္ကြန္တ ဆိုတဲ့ သက္ကတဘာသာစကားတွေကနေ ဆင်းသက်လာတာ ဖြစ်ပြီး ပြောင်းရွှေ...
12/04/2022

သင်္ကြန် ဆိုတဲ့စကားဟာ သင်္ကန္တ ဆိုတဲ့ ပါဠိဘာသာစကား သင်္ကြန္တ ဆိုတဲ့ သက္ကတဘာသာစကားတွေကနေ ဆင်းသက်လာတာ ဖြစ်ပြီး ပြောင်းရွှေ့ခြင်းလို့ အဓိပ္ပာယ်ရပါတယ်။



၁။ သင်္ကြန်ဆင်းသက်လာပုံ

(က) သင်္ကြန်ဟာ ဟိန္ဒူဘာသာကနေ ဆင်းသက်လာတယ်လို့ဆိုကြပြါတယ်။ သိကြားမင်းနဲ့ ဗြဟ္မာမင်းတို့ အငြင်းပွားရာမှာ သိကြားမင်းအနိုင်ရခဲ့ပြီး ဗြဟ္မာမင်းကြီး၏ ဦးခေါင်းကို ရခဲ့ပါတယ်။ တန်ဖိုးကြီးလှတေဲ့ ဗြဟ္မာမင်းဦးခေါင်းကို ပင်လယ်ထဲပစ်ချရင် ရေခန်း၊ မြေကြီးထဲထားလျှင် မီးလောင်၊ လေထဲသို့ ပစ်လျှင်လဲ သတ္တဝါအားလုံး မီးလောင်ကြမှာ ဖြစ်တာကြောင့် သိကြားမင်းက ကိုင်ထားရပါတယ်။ နောက်ပိုင်မှာ တန်ခိုးကြီးတဲ့ နတ်မင်းကြီးတွေကို တစ်နှစ်လျှင်တစ်ပါး ဦးခေါင်းကို ထိန်းသိမ်းဖို့ မိန့်ကြားခဲ့ကာ ဦးခေါင်းကို နတ်မင်းကြီးတစ်ပါးလက်မှ အခြားနတ်မင်းကြီးတစ်ပါးလက်ထဲသို့ ကူးပြောင်းချိန်ကို ပုဏ္ဏားတို့က တွက်ချက်ပြီး ထိုအကူးအပြောင်းကာလကို သင်္ကန္တ လို့ခေါ်ဆိုခဲ့ကြပါတယ်။ ထိုကာလမှာ သိကြားမင်းဟာ ကောင်းမှုထွန်းကားဖို့နဲ့ ဗုဒ္ဓသာသနာပြန့်ပွားဖို့ အတွက် လူ့ပြည်ဆင်းလေ့ရှိကာ မှတ်တမ်းများကိုလည်း မှတ်လေ့ရှိပြီး ကောင်းသူများကို ရွှေပေလွှာတွင်ရေးမှတ်ပြီး မကောင်းသူများကို ခွေးသားရေပုရပိုက်မှာ ရေးမှတ်တယ် လို့ ဆိုကြပါတယ်။



(ခ) ဒါပေမဲ့ သင်္ကြန်ဟာ ဗုဒ္ဓဝင်ကျမ်းတွေက ဆင်းသက်လာတယ် လို့လည်း ဆိုကြပြန်ပါတယ်

ဗေဒင်ပညာရပ်များအရ ကမ္ဘာကြီးက နေကိုလှည့်ပတ်ခြင်းကို မိသာရာသီကနေ စကြည့်ရင် မေထုန်… မိန်ရာသီကို ရောက်တဲ့အခါ သူရိယသိဒ္ဓန္တကျမ်းအရ ၃၆၅ ရက် ၆ နာရီ ၁၂ မိနစ် ၃၇ စက္ကန့်ပြည့်ပါတယ်။ တနင်္ဂနွေ ရဝိဖုဋဂြိုလ်စင်မှ မိဿရာသီအစ သုညအင်္ဿကို ဝင်တယ်လို့ သတ်မှတ်ကာ နှစ်ဟောင်းကနေ နှစ်သစ်ကိုကူးပြောင်းတယ်လို့ မှတ်ယူခဲ့ကြပါတယ်။ သို့သော် နှစ်သစ်ကို အမှန်တကယ်ကူးပြောင်းတဲ့အချိန်က နောက်ထပ် ၂ ရက် ၄ နာရီ ၄ မိနစ်နှင့် ၄၀ စက္ကန့်ကြာမှဖြစ်တယ် လို့ဆိုပြီး ထိုသို့ နေသွားရာလမ်းကို ၁၂ ရာသီခွင်နှင့် ညှိုနှိုင်းတွက်ချက်ကာ လပြက္ခဒိန်သုံး မြန်မာတို့အတွက် တန်ကူးလတွင် သင်္ကြန်ကျရောက်ပါတယ်။ ဗုဒ္ဓဝင် ကျမ်းဂန်များအရ ထိုကာလဟာ ဘုရားရှင်ရဲ့ မယ်တော်ဘက်က အမျိုးများရှိတဲ့ ဒေဝဒဟပြည်နေ မင်းသား မင်းသမီးများ ရေကစားကြတဲ့ ကာလဖြစ်တယ် လို့လည်း ဆိုကြပြန်ပါတယ်။



၂။ သင်္ကြန်နှင့် သိကြားမင်း

သင်္ကြန်မှာ သိကြားမင်းလူ့ပြည်ကို ဆင်းလေ့ရှိကြောင်း အယူအဆကို စတင်ဖော်ထုတ်သူက ပုဏ္ဏားပညာရှိ စန္ဒရှိန်ကိုး ဖြစ်ပါတယ်။ သိကြားမင်းစီး၍ ဆင်းလာသည်ဟူသော အရုပ်တွေဟာလည်း သင်္ကြန်ကျသည့်နေ့အပေါ်မူတည်လို့ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး အချို့က သက္ကရာဇ်ကိုတည်ကာ ၂ ကိုနှုတ်ပြီး ၁၂ ဖြင့်စား၍ ရသော အကြွင်းပေါ်မူတည်ကာ အရုပ်တွေကို သတ်မှတ်ကြောင်း သင်္ကြန်လက်ရိုးကျမ်းကို ကိုးကားလျက် ဆိုကြပြန်ပါတယ်။



၃။ အတာရေပက်ဖြန်းခြင်းအစနှင့် သင်္ကြန်စာ

သင်္ကြန်အတာရေ ပက်ဖြန်းခြင်းကို ဥပေါသထမင်းကြီးရဲ့ ခေါင်းဆေးမင်္ဂလာပြုခြင်းက စတယ်လို့ ပြောကြလေ့ရှိကာ ထိုခေတ်က ဘုရင်တွေဟာ တစ်နှစ်တစ်ခါ ခေါင်းဆေးမင်္ဂလာကို ကျင်းပပြုလုပ်လေ့ရှိကြပါတယ်။ သင်္ကြန်အကျနေ့မှာ သိကြားမင်းဟာ နတ်ပြည်မှ လူ့ပြည့်သို့ ဆင်းသက်လာပြီး ထိုဆင်းဆက်လာချိန်ကို သိစေရန် သင်္ကြန်အမြောက်ကိုဖောက်ကြတဲ့အခါ လူတွေက အတာအိုးထဲမှာ ရေထည့်ပြီး သပြေခက်နဲ့ မြေကြီးကိုရေဖြန်းကာ ပူဇော်ကြပါတယ်။ ထိုအခါ အန္ဒိယမျိုးနွယ် ဗြဟ္မဏပုဏ္ဏများက နောင်လမည့်နှစ်အတွက် ဟောကိန်းဖြစ်တဲ့ သင်္ကြန်စာကို ရွတ်ဖတ် ကြေညာပါတော့တယ်။



၄။ သင်္ကြန်နှင့် မြန်မာ့ရာဇဝင်

မြန်မာ့သမိုင်း မှန်နန်းရာဇဝင် ပဥ္စမအတွဲအရ သင်္ကြန်ဟာ ပုဂံခေတ် နရသီပဟပတေ့မင်း (ခ) တရုတ်ပြေးမင်း (ခ) မင်းခွေးချေး လက်ထက်မှ စတင်ခဲ့ပါတယ်။

အကျီစားသန်တဲ့ နရသီဟပတေ့မင်းမှာ ငယ်ရွယ်လှပပြီး မာန်မာနကြီးသူ မိဖုရားငယ် စောလုံ ဆိုတာရှိခဲ့ပြီး စောလုံဟာ နရသီဟပတေ့မင်းရဲ့ ချစ်ခင်ကြင်နာမှုကို အခံရဆုံးလဲဖြစ်ပါတယ်။ နှစ်စဉ် ပုဂံမှာ နွေရာသီရောက်တိုင်း ရေဖျန်းကစားတဲ့ ရေသဘင်ပွဲတော် ပြုလုပ်လေ့ရှိပြီး နန်းတော်ကနေ မြစ်ဆိပ်အထိ အကာအရံများ ကာရံကာ မြစ်ဆိပ်၌ တဲထိုးကာ ရေကစားလေ့ရှိကြပါတယ်။ ရှင်ဘုရင်ဟာ မောင်းမများပါမကျန် အစုံအလင်နဲ့ ပွဲတော်ကိုကျင်းပလေ့ရှိပြီး မိဖုရားစောလုံကိုလဲ ဖိတ်ခေါ်ခဲ့ပါတယ်။

နရသီဟပတေ့မင်းဟာ မောင်းမတစ်ယောက်ကို မိဖုရားစောလုံရဲ့ ခေါင်းက ဆံစပါမကျန် ရွဲစိုအောင်လောင်းရန် တိတ်တဆိတ် မိန့်ကြားခဲ့ပါတယ်။ ဝိုင်းဝန်းကျီစားပက်လိုက်တဲ့ ရေဒဏ်ကြောင့် မိဖုရားစောလုံဟာ အရှက်ကြီးစွာရခဲ့ပြီး ဒယိမ်းဒယိုင် ဖြစ်သွားတာကို နရသီဟပတေ့မင်းက မောင်းမများရှေ့မှာ ရယ်မောခဲ့ပါတယ်။ ဒါကို စောလုံက မကျေနပ်တာကြောင့် ဘုရင် ပွဲတော်တည်မယ့် ပွဲတော်စာမှာ အဆိပ်ခတ်လုပ်ကြံခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမဲ့ နရသီဟပတေ့မင်းဟာ လုပ်ကြံကြောင်းသိခဲ့ပြီး မိဖုရားစောလုံကို ကွပ်မျက်ပစ်ခဲ့ပါတယ်။



၅။ သင်္ကြန်ရဲ့အဓိပ္ပာယ် နဲ့ ပိတောက်ပန်း

နှစ်ဟောင်းကုန်ပြီး နှစ်သစ်ကူးပြောင်းချိန်မှာ မကောင်းတဲ့ အညစ်အကြေးတွေကို ဆေးကြောကြတယ် ဆိုတဲ့ အယူအဆနဲ့ သင်္ကြန်ရေကို ပက်ဖြန်းကာ နှစ်စဉ်သင်္ကြန်ပွဲတော်ကို ကျင်းပကြသလို မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးနဲ့ အစည်ကားဆုံးပွဲတော် တစ်ခုလည်း ဖြစ်ပါတယ်။ သင်္ကြန်ရောက်တိုင်း တစ်နှစ်တစ်ခါ အချိန်အခါသင့် ပွင့်လေ့ရှိတဲ့ ပိတောက်ပန်းတွေကြောင့် “တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက်လို့” ရှေးစကားပုံရှိခဲ့ခြင်း ဖြစ်ပါတယ်။



၆။ ယနေ့ခေတ်သင်္ကြန်

ယနေ့ခေတ်မှာတော့ သင်္ကြန်ကို မဏ္ဍပ်အကြီးအသေးမျိုးစုံမှာ ရေပိုက်တေါ ရေသေနက်တွေ ရေဖလား စတာတွေနဲ့ အမျိုးမျိုးကစားကြပြီး မြူးမြူးကြွကြွ ခေတ်ပေါ်သံစဉ်များနဲ့ မြန်မာသံစဉ်တွေကို တွဲဖက် သီဆိုဖျော်ဖြေကာ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိနေပြီး နိုင်ငံခြားသားတွေလည်း အထူးစိတ်ဝင်တစား ပါဝင်ဆင်နွှဲကြတာကို တွေ့လာရပါတယ်။

PW - ဆိုင်ဖွင့်သည်။

အရာသာရှိပြီး ဝါးလိုက်ရင် 😍 ကျွတ်ကျွတ်ရွရွနဲ့လျာပေါ်မှာစွဲကျန်နေစေတဲ့ "ရွှေတောင်အိမ် စားဖွယ်စုံမှ " အခေါက်အသားကင် ထမင်းပေ...
06/04/2022

အရာသာရှိပြီး ဝါးလိုက်ရင် 😍 ကျွတ်ကျွတ်ရွရွနဲ့

လျာပေါ်မှာစွဲကျန်နေစေတဲ့ "ရွှေတောင်အိမ်

စားဖွယ်စုံမှ " အခေါက်အသားကင် ထမင်းပေါင်း"

Customers လူကြီး၊လူငယ်မရွေး စားရ

နှစ်သက်တဲ့ အပြင် "ရွေတောင်အိမ်" မှာ

ဘယ်အချိန်လာစားလာစား မပြောင်းလဲတဲ့ အရသာ

ပိုမိုကောင်းမွန်တဲ့ ပြင်ဆင်မှုတွေနဲ့ ကြိုဆိုနေမှာမို့

အားပေးသူ Customer တိုင်းတွက် စိတ်ကျေနပ်မှု

တစ်ခု ဖြစ်စေမှာ အသေအချာပါ😘😘

မနက်၆နာရီမှ ည၈နာရီအထိ ဖွင့်လှစ်ထားတာမို့

Customers တို့စိတ်ကြိုက် ဆိုင်ကို လာရောက်လို့ဘဲစား

စား ဖုန်းဆက်လို့ဘဲမှာမှာ Delivery ဝန်ဆောင်မှု

Free ဖြင့် ရောင်းချလို့ ပေးနေပါတယ် 😘

တီးရှော့လေးထိုင်ရကြိုက်မယ့် ဘော်ဒါလေးတို့ ဘော်ဒါကြီးတို့အတွက် စည်းဝါးလိုက်မယ့်ဆိုင်ဆို "ရွှေတောင်အိမ်" - လက်ဖက်ရည်ဆိုင်က...
06/03/2022

တီးရှော့လေးထိုင်ရကြိုက်မယ့်
ဘော်ဒါလေးတို့ ဘော်ဒါကြီးတို့အတွက် စည်းဝါးလိုက်မယ့်ဆိုင်ဆို "ရွှေတောင်အိမ်" - လက်ဖက်ရည်ဆိုင်ကို ရွေးစေလိုတယ်ဗျို့..!

ကြီးငယ်ရွယ်မရွေး တွေ့ဆုံနေကြကျ "ရွှေတောင်အိမ်" - လက်ဖက်ရည်ဆိုင်လေးက ....

ရောင်းတန်းဝင် အရသာထူး
အစားကြူးတဲ့သူဆို ထိုင်ရာမထ တနေ့လုံးတောင် အားပေးချင်သွားအောင် မိုးလင်းကတည်းက ညမိုးချုပ်ထိကို ဆွဲချင်စရာ Menu စုံစွာရတာဗျ...!

အရသာကလည်း တသက်မပြောင်းဘူး ဘယ်စားမှာပဲစားချင်ချင် ဖြည့်ဆည်းပေးလိုက်ချင်တာစေတနာ.. စေတနာ..!

လက်ဖက်ရည်သမားတွေ ရှယ်ကြိုက်ဆို
ကျရည်ကို သေချာနှပ်လို့ ကျဆိမ့်/ပေါ့ဆိမ့်/စီလုံ ကြိုက်တာရဖို့ ဖျော်စပ်ပေးနိုင်တာမို့..!

နေ့စဉ်ရက်ဆက် ကီးကိုက်ချင်စရာလေးမို့ ...
မိတ်ဆွေတွေ တွေ့ဆုံဖို့ပဲ ချိန်းချိန်း/ အလုပ်ကိစ္စပဲ ပြောဆိုတိုင်ပင်ဦးမလား...
"ရွှေတောင်အိမ်"မှာတွေ့မယ်ဗျာဆို နှစ်ခါမပြောရဘဲ
ချက်ချင်းသွားမယ်မလား....?

အေးအေးဆေးဆေးလေးနဲ့ တစ်ယောက်တည်း လာထိုင်လည်း Quality Time ဖြစ်အောင်
ပတ်ဝန်းကျင်သန့်လေးမှာ ဖန်တီးပေးထားလို့ ...
လာမယ်ဆို အလှမ်းမဝေးမယ့်

"ရွှေတောင်အိမ်"ဆိုင်လေးက သေချာလေးပြင်ဆင်လို့ ဘော်ဒါတို့ကို စောင့်ကြိုနေပါ့မယ်ဗျ..!

ချောကလက်နှင့် အဝါနု ရောစပ်လို့ ပနံသင့်မယ့် အပြင်အဆင်တွေနဲ့ "ရွှေတောင်အိမ်"...
အဝေးကကြည့်တောင် ထင်းကနဲမို့ ရှာတွေ့ဖို့ သေချာပါတယ်ဗျို့ ..!
- ရန်ကင်း၊ ရန်ရှင်းလမ်း နှင့် ရန်အေးလမ်းထောင့်
- 09402751718

မနက်စာအဖြစ်ဘဲ စားစားနေ့လည်စာအဖြစ်ဘဲ စားစားအဆာပြေဘဲ စားစား ကြိုက်သလိုစားမပြောင်းလဲတဲ့ အရသာနဲ့ လူကြိုက်များတဲ့" ကီးမား " 😍
03/03/2022

မနက်စာအဖြစ်ဘဲ စားစား

နေ့လည်စာအဖြစ်ဘဲ စားစား

အဆာပြေဘဲ စားစား ကြိုက်သလိုစား

မပြောင်းလဲတဲ့ အရသာနဲ့ လူကြိုက်များတဲ့

" ကီးမား " 😍

အရသာ ထူးကဲ ပြည့်စုံပြီး လျာပေါ်မှာစွဲနေစေတဲ့  ရွှေတောင်အိမ် "မုန့်ဟင်းခါး" 😍ရွှေတောင်အိမ် ရဲ့ Customer ကြိုက်အများဆုံး န...
28/02/2022

အရသာ ထူးကဲ ပြည့်စုံပြီး လျာပေါ်မှာ
စွဲနေစေတဲ့ ရွှေတောင်အိမ် "မုန့်ဟင်းခါး" 😍

ရွှေတောင်အိမ် ရဲ့ Customer ကြိုက်အများဆုံး နဲ့ ကြိုတင် Oder မှာယူရတဲအထိ ရောင်းအား
အကောင်းဆုံး မနက်စာ မီနူးလေးဖြစ်ပါတယ်😍

ရွှေတောင်အိမ် "မုန့်ဟင်းခါး " ကို
- ပဲကြော်
- ဘူးသီးကြော်
- အီကြာကွေး
- ငါးဖယ်
- အိုးဘဲဥ
စိတ်ကြိုက် နှစ်သက်ရာနှင့် တွဲဖက်
သုံးဆောင်လို့ ရတော့ မိတ်ဆွေအနေဖြင့် စိတ်ကြိုက်ဖြစ်စေမယ်ဆိုတာ အသေအချာပါ။

Address

Yan Shin Road, Yan Aye Street
Yangon

Telephone

+959402751718

Website

Alerts

Be the first to know and let us send you an email when Shwe Taung Eain - Restaurant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category