29/07/2026
ယနေ့ ဂျူလိုင် (၂၉) ရက်နေ့တွင် ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံသော ဓမ္မစကြာအခါတော်နေ့ (ဝါဆိုလပြည့်နေ့ ) ဖြစ်ပါတယ်။
ဝါဆိုလပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့အတွက် အလွန်ထူးခြားဆန်းကြယ်ပြီး ဘာသာရေးအရ အဓိပ္ပာယ်ပြည့်ဝတဲ့ နေ့ထူးနေ့မြတ်တစ်နေ့ ဖြစ်ပါတယ် ။
ဂေါတမြတ်စွာဘုရားလောင်း ပဋိသန္ဓေတည်သောနေ့ ✨ တောထွက်တော်မူသောနေ့ ✨ တရားဦး ဓမ္မစကြာတရားဒေသနာတော်ကို စတင်ဟောကြားတော်မူသောနေ့ ✨ ပဉ္စ၀ဂီ (၅) ပါးအား တရားဟောတော်မူသောနေ့ ✨ တန်ခိုးပြာဋိဟာ ပြတော်မူသောနေ့ ✨ သံဃာရတနာများ စတင်ပေါ်ပေါက်သောနေ့
ဒီနေ့လို မင်္ဂလာရှိလှတဲ့ နေ့ထူးနေ့မြတ်မှာ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော တရားဓမ္မအဆုံးအမများကို နှလုံးသွင်းပြီး၊ ဥပုသ်သီလ ဆောက်တည်ခြင်း၊ ဓမ္မစကြာတရားဒေသနာတော်များ ရွတ်ဖတ်ပူဇော်ခြင်းနှင့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းတို့ဖြင့် ကုသိုလ်ယူကြစို့။
ဝါဆိုလပြည့်နေ့တွင် တရားဒေသနာတော်များကို နာယူဆင်ခြင်၍ သီလ၊ ဘာဝနာ ကုသိုလ်ကောင်းမှုများ တိုးပွားအောင် အားထုတ်နိုင်ကြပါစေ။ ဝါတွင်းသုံးလပတ်လုံးလည်း စိတ်၏အေးချမ်းခြင်း၊ စီးပွားဥစ္စာ တိုးတက်ခြင်းတို့ဖြင့် ပြည့်စုံကြပါစေ။ 🙏 🙏✨
ယနေ့ပြုသမျှ ပုညကုသိုလ်အပေါင်းတို့ကြောင့် တိုင်းသူပြည်သား အပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ OldTown မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်လိုက်ပါတယ် 🙏 🙏✨
#ဝါဆိုလပြည့်နေ့
#ဓမ္မစကြာအခါတော်နေ့
#မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ