12/02/2022
အရိုးပြုတ်ရည် သောက်ရင် leaky gut ပျောက်ကင်းတယ်လို့ ဆရာမကြီးဒေါက်တာ ဒေါ်ခင်နွယ်ဝင်းက ပြောပါတယ်ရှင်
- အဆစ်အမြစ်နာနေသူ
- ဒူးနာနေသူ( အရိုးနုများပြန်ပြုပြင်ပေးတယ်)
- harshimoto ဖြစ်နေသူ
- ကျီးပေါင်းတက်နေသူ
- allergy ဖြစ်နေသူ
- autoimmune ဖြစ်ပြီး antibodies အရမ်းတက်နေသူ
- အစာလမ်းကြောင်းပြဿနာဖြစ်နေသူ
- ဦးနှောက်နဲ့ အာရုံကြောပြဿနာဖြစ်နေသူ
- သွေး ၊ ကြွက်သား ၊ကလီစာများပြဿနာဖြစ်နေသူ
- အရိုးပါးနေသူ
- အရိုးအဆစ်ရောင်ကိုင်းသူ
- leaky gut ဖြစ်နေသူ
- ဆံပင်၊ လက်သည်း၊ ခြေသည်းပြဿနာဖြစ်နေသူ
- နှာစေးချောင်းဆိုး ဖြစ်နေသူ
- fasting လုပ်နေသူ
- ကိုယ်ခံအားတက်လိုသူ
- ကီမိုသွင်းထားပြီး ဘာမှအစားမဝင်သူ
- ကီမိုသွင်းလိုက်လို့ အူကျန်းမာရေးပျက်သွားသူ
- Autism ကလေးများတိုက်ရန်
- ခန္ဓာကိုယ်ရောင်ကိုင်းနေသူများ သောက်ရန်
ဆရာမက အကြံပေးထားပါတယ်ရှင်
ကျွန်မတို့က ဆရာမကြီးပြောတဲ့အတိုင်း အရိုးပြုတ်အိုး slow cooker နဲ့ပြုတ်သောက်ကြပါတယ်
အဲ့ဒီမှာ ဦးစိုးလင့်ရဲ့အရိုးပြုတ်နည်းက အတော်ကောင်းလို့မျှဝေပေးလိုက်ပါတယ်ရှင်
ကျွန်မတို့အားလုံးက အရိုးပြုတ်ရည်ကို အပေါ်ကအဆီခတ်ပြစ် ( အဲ့ဒီအဆီကိုမစားပါနဲ့)
အရိုးကိုပြစ်လိုက်ပါတယ်
အမှန်က အဲ့ဒီအရိုးပြန်ယူ ပြန်ပြုတ်သောက်
နောက်ရက်လည်းပြန်ယူ ပြန်ပြုတ်သောက် နဲ့အရိုးက သစ်ရွက်လို ဖြစ်သွားမှ လွှင့်ပြစ်လိုက်ပါ ( ဆယ်ရက်လောက် ပြုတ်သောက်ဖို့ပြောပါတယ်ရှင် ရေပြန်ဖြည့်ရင်ရေနွေးပြန်ဖြည့်ဖို့အရေးကြီးပါတယ်ရှင်
တခါထက်တခါ ပိုသောက်ကောင်းပြီး မညှီတော့ပါတဲ့
အမဲရိုး၊ ဆိတ်ရိုး ၊ တောထဲမှာဆိုသားကောင်စားပြီးကျန်တဲ့အရိုးယူလာ သေချာဆေးပြီး ပြုတ်သောက် အလွန်ကောင်းဆိုဘဲ )
အဲ့ဒီမှာမှ
- collagen
- Glycine , Proline
-glucosamine & chondroitin sulfate( Move free မှာပါ)
- calcium & phosphorus
- Amino acid များဖြစ်တဲ့ glutamine ( အူလမ်းကြောင်းပြင်ရန်အဓိက လိုတဲ့ဓါတ်)
- ရိုးတွင်းခြင်ဆီ
- များ အရိုးပြုတ်ရည်ကနေ ရရှိမှာဖြစ်ပါတယ်ရှင်
ကျန်းမာရေးမိတ်ဆွေများအားလုံး စမ်းကြည့်ပါ
ပုံမှာပြထားတာက တိရိစ္ဆာန်အရိုးကိုရက်ပေါင်းများစွာ ပြုတ်ပြီး ရလာတဲ့ အရိုးပြုတ်ရည်ကို ကော်လိုလုပ်ပြီး ရေခဲသေတ္တာထဲ သိမ်းထားသောပုံ ပါရှင်
ဦးစိုးလင့်ကို ချီးကျူးပါတယ်ရှင်
ဦးစိုးလင့် က ခြောက်လ တရက်မပြတ်သောက်တော့ အူကျန်းမာရေးကောင်းလာတယ်ပြောပါတယ်ရှင် ခုလည်းအမြဲသောက်ပါတယ်တဲ့ ရှင်
ဆရာမကြီးကိုအမြဲကျေးဇူးတင် ကန်တော့ပါတယ်တဲ့ရှင်
ပြောပြပေးတာလည်းကျေးဇူးအထူးပါရှင်
ဆရာမကြီးဒေါက်တာဒေါ်ခင်နွယ်ဝင်းရေးတဲ့ အရိုးပြုတ်နည်းနဲ့ သူ့ရဲ့အကျိုးကျေးဇူးကိုတော့ အောက်မှာဖတ်ကြည့်ပါနော်
အရိုးပြုတ်ရည်ဟာ ရောဂါတွေသက်သာလာစေဖို့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။
အစာလမ်းကြောင်းဟာ ကျန်းမာရေးအတွက် အဓိကအရေးကြီးတဲ့အကြောင်းတခု ဖြစ်တယ်ဆိုတာ သိလာကြပါပြီ။
ရောဂါတော်တော်များများ ဖြစ်ကြတာကလည်း အစာလမ်းကြောင်းမှာရှိနေတဲ့ပိုးတွေ မမျှတမှုကြောင့်ဖြစ်ပါတယ် သကြားတွေအများကြီးစားကြပြီး အကျိုးပြုပိုးတွေ နည်းနေခြင်းဖြစ်ပါတယ်။ အစာလမ်းကြောင်းပြဿနာတွေ အဆစ်တွေနာနေသူတွေ (ကျီးပေါင်းတက်နေသူတွေ)အတွက် အရိုးပြုတ်ရည်ဟာ အင်မတန် သင့်တော်ပါတယ်။
ရောဂါအတော်များများဟာ အူလမ်းကြောင်းမလုံခြင်း leaky gut ကြောင့် ဖြစ်လေ့ရှိကြပါတယ်။အထူးသဖြင့် allergies, autoimmune diseases တွေဖြစ်ပါတယ်။အရိုးပြုတ်ရည်မှာပါနေတဲ့ collagen ခေါ် ပရိုတိန်းဓာတ်တမျိုးဟာ အူနံရံကို ပြန်ပြီးပြုပြင်ပေးနိုင်စွမ်း ရှိလို့ဖြစ်ပါတယ်။အရိုးပြုပ်ရည်မှာ ပါတဲ့ အဟာရတွေဟာ ခန္ဓာကိုယ်ကနေ အလွယ်တကူ စုပ်ယူနိုင်ပြီး ရောဂါများ သက်သာစေနိုင်ရန် အသုံးချနိုင်ပါတယ်။
အရိုးပြုတ်ရည်မှာ ပါနေတဲ့အဓိကအဟာရများကတော့ -
၁. Calcium, phosphorus နှင့်အခြားသတ္ထုဓါတ်များ
၂. Glucosamine နှင့် chondroitin sulfate အရိုးအဆစ်တွေအတွက် အဓိကသဘာဝဓာတ်များ(Move Free မှာပါနေတဲ့များ သဘာဝဓါတ်များ)
၃.အရိုးမှာ ပါဝင်နေတဲ့ ပရိုတင်း collagen
၄.ရိုးတွင်းချဉ်ဆီ
၅.ခန္ဓာကိုယ်ကလိုအပ်တဲ့ amino acid များဖြစ်ကြတဲ့ glutamine (အူလမ်းကြောင်းပြန်ပြင်ရမှာ အဓိကလိုအပ်တဲ့ဓာတ်)၊Proline နဲ့ Glycine တို့ဖြစ်ပါတယ်။
ဂလူတမင်း(Glutamine)ဆိုတာ အသားဓါတ်ဖြစ်တဲ့ ပရိုတိန်းဓါတ်ကို ခန္ဓာကိုယ်ထဲမှာ အစာခြေပြီးထွက်လာတဲ့ Amino Acid ဖြစ်ပါတယ်။ခန္ဓာကိုယ် ကျန်းမာရေးအတွက် အလွန်ရေးကြီးတဲ့ဓါက်တမျိုးဖြစ်ပါတယ်။အစာမှစွမ်းအင်သို့ ကူးပြောင်းပြီး ကြီးထွားအောင်ပြုတဲ့ ဓါတုဖြစ်စဉ် တိုင်းလိုလိုမှာ ပါနေလို့ဖြစ်ပါတယ်။ဒီဓါတ်ဟာ ခန္ဓာကိုယ်အတွင်းရှိ သွေး ဦးဏှောက် ကလီစာ(Organs)နဲ့ကြွက်သားတွေမှာ အတော်များများ ပါဝင်နေပါတယ်။
Glutamine ဟာ အူနံရံကျန်းမာရေးအတွက်ဖြစ်ပါတယ်။အူနံရံမပေါက်ပျက်ဘူးဆိုရင် ခန္ဓာကိုယ်ခုခံအား ကောင်းလာမှာဖြစ်ပါတယ်။
ဦးနှောက်နဲ့အာရုံကြောတွက်အလွန်ကောင်းပါတယ်။
ကြွက်သား တည်ဆောက်ရာမှာ အဓိက ပါဝင်တာမို့ အသက်ကြီးလာတဲ့အခါ ကြွက်သားတွေ လျော့ပါးလာတတ်တာကြောင့် ကြွက်သားထု ပြန်လည်အားကောင်းလာရအောင် အထောက်အကူပေးပါတယ်။အထူးသဖြင့် အသက်ကြီးလာတာနဲ့အမျှ ယောက်ျားမိန်းမတိုင်းလိုလိုဟာ အရိုးပါးလာတတ်ကြပါတယ်။အရိုးကို ထောက်ကူပေးနေတာ ကြွက်သားစုများ ဖြစ်တာကြောင့် ကြွက်သား အားကောင်းလာရင် အရိုးလွယ်လွယ်ကူကူ ကျိုးခြင်းမှလည်း ကာကွယ်နိုင်မှာဖြစ်ပါတယ်။ အထူးသင့်တော်တာကတော့ အရိုးပါးနေသူများ အတွက် ဖြစ်ပါတယ်။
အရိုးအဆစ်များ ချို့ယွင်းနေသူများအတွက်လည်း အလွန်သင့်တော်ပါတယ်။အရိုး အရိုးနုတွေကို ပြန်လည်ပြုပြင် ပေးနိုင်စွမ်းလည်း ရှိပါတယ်။
ကင်ဆာဖြစ်သည့်အခါ ဓါတ်ကင်ခြင်း chemotherapy ကီမိုဆေးပေးခြင်းကြောင့် အူနံရံကလာပ်စည်းတွေ ပျက်စီးသွားတာကိုလည်း ပြုပြင်နိုင်စွမ်းရှိပါတယ်။
အရိုးပြုတ်ရည်၏အကျိုးအာနိသင်များ
၁.အရိုးအဆစ်ရောင်အမ်းခြင်းမှ သက်သာစေခြင်း။
၂.နှာစေးချောင်းဆိုးကို ဖြစ်စေတတ်တဲ့ virus ပိုးများကိုတားမြစ်စေနိုင်ခြင်း။ခန္ဓာကိုယ်ခုခံအား ကောင်းစေပါတယ်။
၃.ခန္ဓာကိုယ်တွင်း ယောင်ကိုင်းခြင်းမှ သက်သာစေပါတယ်။
၄.အရိုးတွေကိုခိုင်ခံ့ကျန်းမာစေပါတယ်။
၅.ဆံပင်နဲ့လက်သည်းခြေသည်း ကျန်းမာရေးတွက်လည်း ကောင်းပါတယ်။
၆.ဦးဏှောက်နှင့်အာရုံကြော အတွက်လည်း အလွန်ကောင်းပါတယ်။Autism ကလေး တွေကိုလည်း တိုက်ကြည့်စေချင်ပါတယ်။
အရိုးပြုတ်ရည်လုပ်နည်း
၁.အမဲရိုး ၃-၄ ပေါင် အဆစ်ရိုး ချဉ်ဆီရိုး(ကြက်ရိုးဆိတ်ရိုးနှင့်အစားထိုးနိုင်ပါသည်)
၂.ရင်ရိုးများ short ribs
၃.ပန်းသီးရှာလကာရည် ခွက်တဝက်ထဲ့ဖို့ အရေးကြီးပါတယ်။အရိုးမှာရှိတဲ့ အာနိသင်ဓာတ်တွေကို ဟင်းချိုထဲရောက်အောင်လုပ်ပေးမှာဖြစ်ပါတယ်။
၄.ရေ ၄လီတာ (ရေသန့်ဗူးတဗူး တလီတာ)
၅.တရုတ်နံနံသုံးချောင်း
၆.ဥနီသုံးချောင်း
၇.ကြက်သွန်နီ ၃ ဥ လေးစိတ်စိတ်ပါ
၈.ဆား (ဆားပန်းရောင်)
၉.Fresh Parsley(နံနံပင်အစားထိုးနိုင်သည်)
ပြုပ်နည်း
ရှေးဦးစွာအရိုးတွေကို သန့်စင်သွားစေရန် ရေထဲမှာ ရှာလကာရည်ထည့်ပြီး ဆေးပစ်ပါ။
ပြီးရင်ရေနဲ့ တစ်ခါထပ်ဆေးပါ။
အရိုးတွေကိုအိုးထဲထည့်ပါ။
ပန်းသီးရှာလကာရည်နှင့် ရေထည့်ပါ။
တနာရီခန့်စိမ်ထားရင် အရိုးထဲမှကိုယ်လိုချင်တဲ့ အကျိုးပြုမယ့်ဓာတ်တွေအားလုံး စိမ့်ထွက်လာပါလိမ့်မယ်။
အရိုးမြုပ်တဲ့အထိ ရေထည့်ဖို့လိုရင် ထပ်ထည့်နိုင်ပါတယ်။
အထက်ဖေါ်ပြပါဟင်းသီးဟင်းရွက်တွေကိုထည့်ပြီး ဆူအောင်တည်ပါ။
အပေါ်ကို ဝေ့တက်လာတဲ့ အမြုပ်မဲမဲတွေကို ဇွန်းနဲ့ဖယ်ပစ်ပါ။ မသန့်ရှင်းတဲ့အရာတွေမို့ပါ။
ဆူလာရင် မီးကိုလျှော့ချလိုက်ပြီး မီးအေးအေးနဲ့ တည်ထားလိုက်ပါ။ကြာလေကောင်းလေဖြစ်ပါတယ်။
အရိုးထဲကဓာတ်မျိုးစုံဟာ တဖြေးဖြေးနဲ့ စိမ့်ထွက်လာမှာဖြစ်ပါတယ်။ တချို့ဆိုရင် ၂၄နာရီလောက်တောင် မီးဖြေးဖြေးလေးနဲ့ ပစ်ထားလိုက်ကြပါတယ်။
ချခါနီး ၁၀မိနစ်အလိုလောက်မှာ နံနံပင်ထည့်လို့ရပါပြီ။ မွှေးပီးအရသာလဲရှိ အာနိသင်တွေလည်း အပြည့်ဖြစ်ပါတယ်။
အအေးခံထားပါ။
အရိုးတွေနဲ့ဟင်းရွက်တွေကို ဇာကာနဲ့စစ်ချလိုက်ပါ။
ထွက်လာတဲ့ချဥ်ဆီတွေကို အရိုးပြုတ်ရည်ထဲ ပြန်ထည့်ပေးပါ။
ဆားအပေါ့အငံမြည်းခတ်ပြီးရင် ရပါပြီ။
Slow Cooker ရှိသူများအတွက်
အလွန်သင့်တော်ပါတယ်။
ပစ်ထားလိုက်လို့ ရလို့ပါ။
ရေခဲသေတ္တာထဲမှာ ထည့်ထားရင် ငါးရက် တစ်ပတ်နေပါတယ်။freezer နဲ့ဆို ၆လ နေပါတယ်။
နေ့လည်စာမစားခင် (၈အောင်စ) တဖန်ခွက် သောက်ပါတယ်။ပရိုတင်းဓာတ်တွေမို့ အလွန်ကောင်းပြီး ဗိုက်လည်း
သိပ်မဆာတော့ပါ။နေ့လယ်စာမစားခင် ပန်းသီးရှာလကာရည် ထပ်သောက်ပါတယ်။အစာကျေလွယ်တာကို သတိပြုမိပါတယ်။နေလို့လည်းအလွန်ကောင်းပါတယ်။ထမင်းစားရင်းနဲ့ ထုံးစံတိုင်း အရွက်ရည်တခွက်ပေါ့။
အရိုးပြုတ်ရည်ဟာ ဦးဏှောက်နဲ့အာရုံကြော
ရောဂါဖြစ်နေသူများအတွက် အလွန်သင့်တော်ပါတယ်။အဖေအမေ အဖိုးအဖွား အကုန်လုံးကိုတိုက်ပါ။ဗီတာမင်တွေဝယ်သောက်ရန် မတတ်နိုင်သူများ အရိုးပြုတ်ရည်ကို
သောက်ကြပါ။ကျန်းမာရေးကောင်း
လာပါလိမ့်မယ်။
ကျန်းမာရေးမိတ်ဆွေများအားလုံးကျန်းမာ ချမ်းသာ ဘေးကင်းကြပါစေရှင်
ဆရာမကြီးဒေါက်တာဒေါ်ခင်နွယ်ဝင်းလည်း ကျန်းမာ ချမ်းသာ ဘေးကင်းပြီးတရားထူးတရားမြတ် လျင်မြန်စွာရရှိပါစေရှင်
ရေးသားသူ- Than Than Nwe