12/08/2022
မင်္ဂလာပါနော် အမျိုးတို့ရေ …
Love u all ..❤️
# မြေအိုးငါးခြောက်ချက် ( ငါးခြောက်အညာချက် )
# 🍅🍅🍅🌶🌶🌶🥵🥵
အခု မင်မင်က မတွေ့တာကြာပီဖြစ်တဲ့ အမျိုးတွေအတွက် ချက်ရတာ အရမ်းလွယ်ကူပီး အင်မတန်ထမင်းမြိန်စေတဲ့ ငါးခြောက်အညာချက်နည်းလေး မျှဝေပေးမယ်နော် ။ မင်မင်ကတော့ ဒီဟင်းနဲ့ဆို ထမင်း၂ပန်းကန် အသာလေးပဲ 😁😁😋😋😋
ပါဝင်ပစ္စည်းများ …
- ငါးရံ့ခြောက် ( ငါးခြောက်ကို အတုံးလေးတွေတုံးပီး ရေသေချာဆေးထားပါ )
- ခရမ်းချဉ်သီး ( ခရမ်းချဉ်သီးကို ပါးပါးလှီးထားပါ )
- ငရုတ်သီးစိမ်း ( ငရုတ်သီးစိမ်းကို ဆားအနဲငယ်ထည့်ပီး ထောင်းထားပါ )
- နံနံပင်
- နနွင်း ၊ အရောင်တင်မှုန့် အနည်းငယ်
- ဆား ၊ ဟင်းခတ်မှုန့်
- ဆီ အနည်းငယ်တို့ပါဝင်ပါတယ် ။
ပြုလုပ်ပုံကတော့ ..
ပါဝင်ပစ္စည်းများ အားလုံးကို ချက်မယ့်မြေအိုးထဲ အားလုံးထည့် ရောသမနယ်ပီး မီးအေးအေးနဲ့ လုံးပီးချက်ပေးရပါမယ်နော် ( အဓိက ကတော့ မြေအိုးနဲ့ချက်မှာဖြစ်တဲ့အတွက် မီးအေးအေးလေး စိတ်ရှည်ရှည် ချက်ရပါမယ်နော် ) ။
သင်ဆရာ မြင်ဆရာ ကြားဆရာများ အားလုံးကို ဂါရဝ ပြုပါတယ်ရှင့် 🙏🏻🙏🏻🙏🏻
အမှားပါခဲ့သည်ရှိသော် ခွှင့်လွတ်ပေးကြပါလို့…😊😊