08/04/2023
☕️ ထိုင်နေကျ ကော်ဖီ ဆိုင်အညွှန်း လေး ဖြစ်ပါတယ်ခင်ဗျ။🤎
▶️▶️▶️ Le Café français ◀️◀️◀️
🤎🤎🤎
အပါတ်တိုင်း များသောအားဖြင့် စနေနေ့ ဆိုလျှင်
Le Café français ဆိိုင်တွင် ကျွန်တော့် အကြိုက် Hot Americano တခွက်ကို သကြားတစ်ဇွန်း ခွဲ ခန့်
ကိုယ်တိုင်ကိုယ် ကျ မွှေ သောက်လေ့ ရှိပြီးဒါဟာ
အမြဲ ငြီးငွေ့ဖွယ် ကောင်းလှသည်ဟု မထင်မှတ်မိပါ။အဘယ်ကြောင့်ဆိုသော် တော်သင့်ရုံတိတ်ဆိတ် လှပြီး တေးသွား လေးများ ပျံံ့လွင့်ချင်စရာ ကောင်း
သောကြောင့်ဖြစ်မည်ထင်သည်။တိတ်ဆိတ်မှုဆို
သည်မှာလည်း ကိုယ်ကြိုက်နှစ်သက်သော နေရာနှင့်
အချိန်အခါလည်းဖြစ်ကောင်း ဖြစ်နိုင်သည်။စကားသံ များ သိပ်မရှိ ထိုဆိုင်တွင် လာရောက်စားသောက် သူ ပုံမှန်မျှသာ ရှိ သည်။ လူများလျှင်သဘောမတွေ့လှပေ။ဓါတ်ပုံရိုက်သူများနှင့်လည်း ကင်းဝေးနေတတ် ပြီး အေးဆေးနားနေ နိုင်သောနေရာ လည်း ဖြစ်သည်။အိမ်တွင် space မရှိ သော သူများနှင့် အေးဆေးနားချင်သောသူများနှင့်
ကိုက်ညီ သော ဆိုင် တဆိုင် ဖြစ်သည်။အားလပ်ရက် Sat & Sun နေ့များ ၌ ယခုလို ဆိုင်တွင်လာ၍
အချိန်ဖြုန်းရသည်ကို ကြိုက်နှစ်သက်မိသည်။
ဆေးလိပ် နှင့် ကော်ဖီ ကို နှစ်ခြိုက်သူဟုပြော၍လည်းရသည်။စိမ်းစိုသော သစ်ပင်များနှင့်
ဤဆိုင်လေးမှာ ဆွဲ ဆောင်မှုတခု အဖြစ်လည်းရှိ
နေပြန်သည်။ကိုယ် ကြိုက်နှစ်သက်မိသော ဆိုင်ဖြစ်
၍လား မသိပါ။ စာအုပ်တအုပ် ကော်ဖီနှင့်ဆေးလိပ်
တို့နှင့်အတူ အေးဆေး လွပ်လပ်စွာဖြင့် ခံစားသက်
ဝင်မှု ပြုနိုင်သည်။Stress များလှ သော လောကကြီးထဲ ၌ ယခုလိုဖြေလျော့ ခြင်းမှာ လည်း အမှန်
တကယ် လိုအပ်လှပေသည်။ တခါတရံ စားသုံးသူများလာရောက်စားသုံးနေသည်ကို တွေ့ရတတ်
သည်။ထိုမှာ လည်း ဆူညံသွားခြင်း မရှိ။ အစားအသောက်များ မှာလည်း မဆိုးလှပေ Menu ထဲတွင် Pizza 🍕 , Burger Bun နှင့် အခြား အစားအသောက်များမှာ လည်း သန့်ရှင်းပြီး ခံတွင်းတွေ့လှသည်။
စကားလက်ဆုံကျရန်နေရာ ၊ Coffee Date ရန်
နေရာ ၊ laptop 💻 တလုံးနှင့် အလုပ်ရှုပ်နေရန်
နေရာ နှင့် နားနေနိုင်ရန် နေရာ တခု အရသာ ခံစား
လို ပါက ဤဆိုင်သည် တောင်ကြီးမြို့ တွင် စားသုံး
ကြည့်သင့်သော ဆိုင်များထဲ မှ တစ်ဆိုင် အပါ
အဝင် ဖြစ်ပေလိမ့်မည်။တောင််ကြီးမြို့ပေါ်ရှိ ကော်ဖီ ဆိုင် တွေ ထဲ က တစ်ဆိုင်ဖြစ်ပြီး ထို ဆိုင်
မှာ တပါတ်လျှင် Sunday တရက်မှာ ဤဆိုင်ပိတ်
ရက်ဖြစ်သည်။
လွပ်လပ်စွာ Share နိုင်ပါတယ်ဗျ။
Le Café Français - Taunggyi