NIEC Tachileik Campus

NIEC Tachileik Campus The Nelson International Education Center is an independent private international school branch located in Tachileik, Myanmar.

Welcome To NIEC Tachileik
A beautifully constructed and spacious school of NIEC provides the students a well-disciplined environment to engage themselves in a formal and an informal learning environment. It has the capacity to accommodate 500 students. Currently we have around 120 students including preschool and primary students. NIEC students enjoy their day with their teachers, who are well qu

alified and enjoy their day by proving them all the knowledge to enhance the physical, intellectual, emotional and social development of our students. The school has a separate sports complex where the students can play different games and engage themselves in physical activities. During the recess and lunch time, the students can enjoy their lunch in the cafeteria. Most of the students bring their lunch from home or they can buy hygienic food from the cafeteria. The facility has been provided to the teachers and staff also. The parents are always informed about the status of their child. They can contact the school and discuss about any issue whenever required. The Principal or the concerned teacher is always there for their assistance. The students of NIEC have to learn different subjects that includes English, Mathematics and Science as major subjects. The minor subjects include ICT, Myanmar, Music, Arts, Chinese and Thai languages. Moreover, they are encouraged to read books from the library and improve their reading skills. The school provides accommodation and transport to the teachers. They need to wear NIEC uniform on Mondays and Fridays.

"မေလ (၁) ရက်၊ အလုပ်သမားနေ့မှသည် ပျော်ရွှင်ဖွယ်နေ့ရက်များဆီသို့..." 🌸လောကကြီး ပိုမိုကောင်းမွန်လာစေရန် မိမိတို့ကျရာကဏ္ဍမှ ...
01/05/2026

"မေလ (၁) ရက်၊ အလုပ်သမားနေ့မှသည် ပျော်ရွှင်ဖွယ်နေ့ရက်များဆီသို့..." 🌸

လောကကြီး ပိုမိုကောင်းမွန်လာစေရန် မိမိတို့ကျရာကဏ္ဍမှ စွမ်းစွမ်းတမံ ကြိုးပမ်းနေကြသူများအားလုံးသည် "သူရဲကောင်းများ" ပင်ဖြစ်ပါသည်။ မေလ (၁) ရက်နေ့တွင် ကျရောက်သော အလုပ်သမားနေ့မှစ၍ အလုပ်ရှင်၊ အလုပ်သမား အားလုံး လက်တွဲညီညီဖြင့် ပိုမိုတောက်ပသော အနာဂတ်ကို ဖော်ဆောင်နိုင်ကြပါစေကြောင်းNIEC International School (Tachileik Campus)မှ အလုပ်သမားထုတစ်ရပ်လုံးကို လေးစားစွာ ဂုဏ်ပြုအပ်ပါသည်။



"ထူးကဲမင်္ဂလာ ကဆုန်လပြည့် ဗုဒ္ဓနေ့"ဘုရားလောင်းဗျာဒိတ်ခံခြင်း၊ ဖွားမြင်ခြင်း၊ ဗုဒ္ဓအဖြစ်သို့ ရောက်ရှိခြင်းနှင့် နိဗ္ဗာန်စ...
30/04/2026

"ထူးကဲမင်္ဂလာ ကဆုန်လပြည့် ဗုဒ္ဓနေ့"

ဘုရားလောင်းဗျာဒိတ်ခံခြင်း၊ ဖွားမြင်ခြင်း၊ ဗုဒ္ဓအဖြစ်သို့ ရောက်ရှိခြင်းနှင့် နိဗ္ဗာန်စံဝင်ခြင်းတည်းဟူသော ထူးခြားသည့် သမိုင်းမှတ်တိုင်များ စုံညီသည့် ဤနေ့မြတ်တွင် ဓမ္မမိတ်ဆွေများအားလုံး ကံကောင်းခြင်း မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြပါစေ။

မြန်မာပြည်သူ/သား အပေါင်းတို့သည်လည်း မကောင်းသော အညံ့ခပ်သိမ်း ပပျောက်ပြီး ကောင်းကျိုးလိုအင်ဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေကြောင်း NIEC International School (Tachileik Campus) မှ ဆုတောင်းပေးလိုက်ပါတယ်ရှင့်။🙏✨




23/04/2026

𝐖𝐚𝐭𝐜𝐡 𝐨𝐮𝐫 𝐚𝐦𝐚𝐳𝐢𝐧𝐠 𝐝𝐚𝐧𝐜𝐞 𝐩𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞 𝐭𝐨 𝐒𝐡𝐚𝐤𝐢𝐫𝐚’𝐬 "𝐙𝐨𝐨." 🌟

2025-2026 ပညာသင်နှစ်၏ Certificate Awarding And Graduation Ceremony ပွဲရက်မြတ်လေးတွင် Shakira ရဲ့ နာမည်ကြီး "Try Everything" (Zoo Song) ဖြင့် အားတက်သရော ကပြဖော်ဖြေခဲ့ကြသော NIEC (Tachileik Campus) မှကျောင်းသား၊ကျောင်းသူများရဲ့ Performance Video ကို တင်ဆက်ပေးလိုက်ပါတယ်ရှင့်။ 💃🕺

✨ယခုကဲ့သို့ စင်မြင့်ထက်တွင် ရဲဝံ့စွာ ဖျော်ဖြေနိုင်ခြင်းသည် ကလေးတို့၏ ကိုယ်တိုင်ယုံကြည်မှု (Self-confidence) နှင့် တီထွင်ဖန်တီးနိုင်စွမ်း (Creativity) ကို ဖော်ပြနေခြင်းပင် ဖြစ်ပါသည်။ ထူးခြားသော Talent များ ပိုင်ဆိုင်ထားသည့် ကျောင်းသား၊ ကျောင်းသူလေးများကိုလည်း NIEC (Tachileik Campus) မှ နှစ်စဉ် ဂုဏ်ယူစွာ မွေးထုတ်ပေးလျက်ရှိပါသည်။

🎥❤️ကျောင်းသား၊ကျောင်းသူများရဲ့ ချစ်စဖွယ် အကအလှလေးတွေကို ကြည့်ရှုအားပေးလိုက်ကြပါဦးရှင်။

We are thrilled to share the energetic performance of our NIEC (Tachileik Campus) students, dancing to Shakira’s "Try Everything" at the 2025-2026 Certificate Awarding and Graduation Ceremony! 💃🕺

At NIEC TCL, we believe in nurturing both academic excellence and creative talent. Seeing our students perform with such confidence and joy truly reflects their growth and self-belief.

Join us in cheering for our talented stars! 🎥❤️






21/04/2026

🖥 𝐋𝐢𝐭𝐭𝐥𝐞 𝐂𝐨𝐝𝐞𝐫𝐬 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐭𝐡𝐞 𝐅𝐮𝐭𝐮𝐫𝐞 𝐚𝐭 𝐍𝐈𝐄𝐂 𝐓𝐚𝐜𝐡𝐢𝐥𝐞𝐢𝐤 𝐂𝐚𝐦𝐩𝐮𝐬 ✨🌟

🙆‍♀️ NIEC ​တာချီလိတ်ကျောင်းခွဲမှ သားသားမီးမီးတို့ရဲ့ ICT အချိန်လေးမှာ အနာဂတ်အတွက် မရှိမဖြစ်လိုအပ်တဲ့ Coding ပညာရပ်ကို စိတ်ဝင်တစားနဲ့ လေ့လာသင်ယူနေကြပါတယ်။

အခုဆိုရင် ကျောင်းပိတ်ရက် နွေရာသီကာလမှာ ကလေးတို့ရဲ့ အချိန်တွေကို အကျိုးရှိရှိ အသုံးချနိုင်ဖို့အတွက် Summer Program မှာလည်း စိတ်လှုပ်ရှားစရာ Coding သင်ခန်းစာတွေကို ထည့်သွင်းပေးထားပါတယ်ရှင့်။ ကွန်ပျူတာပရိုဂရမ်တွေကို ကိုယ်တိုင်ဖန်တီးရင်း Logic ကျကျ တွေးခေါ်နိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်းနဲ့ တီထွင်ဖန်တီးနိုင်စွမ်း (Creative Thinking) တွေကို ဒီသင်ခန်းစာကနေတစ်ဆင့် ရရှိနိုင်မှာဖြစ်ပါတယ်။

နည်းပညာခေတ်မှာ ခြေလှမ်းသစ်တွေနဲ့ ရှေ့ဆက်နေကြတဲ့ ကလေးတွေရဲ့ တက်ကြွမှုကို မြင်တွေ့နိုင်ဖို့ Video လေးကို ကြည့်ပေးကြပါဦးရှင့်။ 🔹

🖥 Our bright young learners at the Tachileik Campus are diving deep into the world of Coding during their ICT lessons!

As part of our Summer Program, we are empowering students to build their own digital instructions, helping them develop essential 21st-century skills such as logical thinking, problem-solving, and creative innovation. It is truly inspiring to watch our future tech leaders take their first steps into the digital world with such enthusiasm and curiosity. ✨⭐️

"Invest in your child’s future this Summer with NIEC!" 🚀

===========================================

​🏫 NIEC Tachileik Campus: No. Waka(Kha). 102 / Akha Branch. 7, Waine Kyawk Ward, Tachileik.
☎️ 09 453381125 / 09 453381087 (Viber)
🌎 https://www.facebook.com/niec.newcampus (Page Link)

🏫 NIEC Yankin Campus: No. 27, Dhamayon Street, Kanbae, Ward 13, Yankin Township, Yangon, Myanmar.
☎️ 09 4426 485 88 / 09 4426 485 99 / 09 944460022 (Call Only)
🌎 https://shorturl.at/QN8Fg (Page Link)

🏫 NIEC Thuwanna Campus: No. G4, Than Tu Mar Avenue, Thuwanna Housing, Ward 24, Thingangyun Tsp, Yangon.
☎️ 09 940 508 900 / 09 940 408 900
🌎 https://shorturl.at/QN8Fg (Page Link)





17/04/2026

💦 "𝐑𝐞𝐥𝐢𝐯𝐢𝐧𝐠 𝐭𝐡𝐞 𝐇𝐞𝐚𝐫𝐭𝐰𝐚𝐫𝐦𝐢𝐧𝐠 𝐓𝐡𝐢𝐧𝐠𝐲𝐚𝐧 𝐌𝐨𝐦𝐞𝐧𝐭𝐬 𝐚𝐭 𝐍𝐈𝐄𝐂 (𝐓𝐚𝐜𝐡𝐢𝐥𝐞𝐢𝐤)" ✨💦

သားသားမီးမီးလေးတွေရဲ့ ပျော်ရွှင်မှုက NIEC ရဲ့ အဓိကရည်မှန်းချက်ပါပဲ ✨
ကျောင်းဝန်းလေးထဲမှာ အတာရေပက်ရင်း၊ မုန့်လုံးရေပေါ်တွေ အတူတူစားရင်းနဲ့ မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို ပျော်ပျော်ပါးပါး သင်ယူခဲ့ကြတဲ့ အမှတ်တရ Throwback ဗီဒီယိုလေး ရောက်ရှိလို့လာပါပြီ။ 🌸🎊

ရိုးရာမုန့်လုံးရေပေါ်လေးတွေ အတူတူလုံးရင်း၊ ပျော်ပျော်ပါးပါး ဆင်နွှဲခဲ့ကြတဲ့ ဒီဗီဒီယိုလေးက မိသားစုစိတ်ဓာတ်တွေကို ပိုမိုခိုင်မာစေခဲ့ပါတယ်။ ဒီနှစ်သစ်မှာ သားသားမီးမီးလေးတွေနဲ့ မိသားစုဝင်အားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိကြပါစေကြောင်း NIEC (Tachileik) မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။ 🤝✨

We’re taking you back to a day filled with pure joy, water splashing, and endless laughter at our Tachileik Campus. 🌸🎊

From making traditional "Mont Lone Yay Paw" together to celebrating our beautiful heritage, this video captures the strong family-like bond we share. Wishing all our students and their families a safe, healthy, and prosperous Myanmar New Year! 🤝✨







✨ 𝐂𝐡𝐞𝐫𝐢𝐬𝐡𝐞𝐝 𝐓𝐡𝐢𝐧𝐠𝐲𝐚𝐧 𝐌𝐞𝐦𝐨𝐫𝐢𝐞𝐬 𝐚𝐭 𝐍𝐈𝐄𝐂 (𝐓𝐚𝐜𝐡𝐢𝐥𝐞𝐢𝐤 𝐂𝐚𝐦𝐩𝐮𝐬) ✨NIEC (Tachileik Campus) ၏ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်မှာ ...
17/04/2026

✨ 𝐂𝐡𝐞𝐫𝐢𝐬𝐡𝐞𝐝 𝐓𝐡𝐢𝐧𝐠𝐲𝐚𝐧 𝐌𝐞𝐦𝐨𝐫𝐢𝐞𝐬 𝐚𝐭 𝐍𝐈𝐄𝐂 (𝐓𝐚𝐜𝐡𝐢𝐥𝐞𝐢𝐤 𝐂𝐚𝐦𝐩𝐮𝐬) ✨

NIEC (Tachileik Campus) ၏ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်မှာ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများသာမက ချစ်စရာကောင်းတဲ့ သားသားမီးမီးလေးတွေပါ စုံစုံလင်လင်နဲ့ ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲခဲ့ကြတဲ့ အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင်။ 🌸🎊

အတာရေစင်နဲ့ တစ်ဦးကိုတစ်ဦး အေးမြစွာ ပက်ဖျန်းရင်း၊ ရိုးရာမုန့်လုံးရေပေါ်တွေကို အတူတူလုံး၊ အတူတူစားကြရင်းနဲ့ ကလေးငယ်လေးတွေရဲ့ ပျော်ရွှင်ရယ်မောသံတွေက NIEC Tachileik ကျောင်းဝန်းတစ်ခုလုံးကို သက်ဝင်လှုပ်ရှားစေခဲ့ပါတယ်။ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းရင်း ဆရာ၊ ဝန်ထမ်း၊ ကျောင်းသားနဲ့ မိဘများကြားမှာလည်း နွေးထွေးတဲ့ မိသားစုစိတ်ဓာတ်တွေကို ပိုမိုခိုင်မာစေခဲ့တဲ့ အမှတ်တရနေ့လေးပဲ ဖြစ်ပါတယ်။ 🤝🌊

ဒီနှစ်သစ်မှာ NIEC (Tachileik) မိသားစုဝင်များအားလုံးနှင့် သားသားမီးမီးလေးတွေ အားလုံး ဘေးကင်းလုံခြုံပြီး ပျော်ရွှင်စရာနှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။ ✨🏮

Looking back at our traditional Water Festival celebrations at NIEC (Tachileik Campus), which were made so special by the participation of our dedicated staff, teachers, and our lovely little students. 💦🧒

The campus was filled with pure joy and laughter as the children joined in the water splashing and the making of traditional snacks like "Mont Lone Yay Paw." These memories are a wonderful reminder of how we passed on our beautiful traditions to the next generation while strengthening the warm, family-like bond between our staff, teachers, students, and parents. 🤝✨

Wishing all our NIEC (Tachileik) family members and our precious students a safe, healthy, and incredibly happy Myanmar New Year. 🌸🎊




🌸 အတာကူးတဲ့ တန်ခူးလ 🌸အတာကူးတဲ့ တန်ခူးလမှာ ချစ်ခင်ရတဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ အေးအေးချမ်းချမ်း ဖြတ်ကျော်နိုင်ကြပါစေ...
13/04/2026

🌸 အတာကူးတဲ့ တန်ခူးလ 🌸

အတာကူးတဲ့ တန်ခူးလမှာ ချစ်ခင်ရတဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ အေးအေးချမ်းချမ်း ဖြတ်ကျော်နိုင်ကြပါစေ။ ✨

နှစ်ဟောင်းက အညစ်အကြေးတွေကို အတာရေစင်နဲ့ ဆေးကြောသန့်စင်ရင်း ကျရောက်လာမယ့် နှစ်သစ်မှာ စိတ်သစ်၊ လူသစ်၊ အခွင့်အလမ်းသစ်တွေနဲ့အတူ မိမိတို့ရဲ့ ဘဝခရီးလမ်းကို အဓိပ္ပာယ်ရှိရှိ ပျော်ရွှင်စွာ ဖြတ်ကျော်နိုင်ကြပါစေကြောင်း NIEC International School (Tachileik Campus) မိသားစုမှ နှစ်သစ်ဆုမွန်ကောင်း တောင်းပေးအပ်ပါတယ်ရှင်။ ✨🙏

May the New Year be filled with happiness, health, and success for all our students and families. Let's celebrate a fresh start with hope and positivity. 🌿🌟



𝐂𝐞𝐥𝐞𝐛𝐫𝐚𝐭𝐢𝐧𝐠 𝐎𝐮𝐫 𝐏𝐫𝐢𝐦𝐚𝐫𝐲 & 𝐒𝐞𝐜𝐨𝐧𝐝𝐚𝐫𝐲 𝐀𝐜𝐡𝐢𝐞𝐯𝐞𝐫𝐬 𝐚𝐭 𝐍𝐈𝐄𝐂 𝐓𝐚𝐜𝐡𝐢𝐥𝐞𝐢𝐤 🌟 ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း ပညာရေးခရီးလမ်းတစ်လျှောက် ကြ...
02/04/2026

𝐂𝐞𝐥𝐞𝐛𝐫𝐚𝐭𝐢𝐧𝐠 𝐎𝐮𝐫 𝐏𝐫𝐢𝐦𝐚𝐫𝐲 & 𝐒𝐞𝐜𝐨𝐧𝐝𝐚𝐫𝐲 𝐀𝐜𝐡𝐢𝐞𝐯𝐞𝐫𝐬 𝐚𝐭 𝐍𝐈𝐄𝐂 𝐓𝐚𝐜𝐡𝐢𝐥𝐞𝐢𝐤 🌟

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း ပညာရေးခရီးလမ်းတစ်လျှောက် ကြိုးစားအားထုတ်ခဲ့ကြသော NIEC Tachileik မှ Primary & Secondary ကျောင်းသား၊ ကျောင်းသူလေးများကို ဂုဏ်ပြုသည့် ဤအခမ်းအနားကို NIEC Tachileik New Campus တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်ရှင်။ 🎓🏫

ဒီအခမ်းအနားလေးမှာ ထူးချွန်ကျောင်းသားလေးတွေအတွက် Outstanding ဆုတံဆိပ်တွေ၊ ဂုဏ်ပြုဆုလက်မှတ်တွေအပြင် အမှတ်အများဆုံး ရရှိခဲ့ကြတဲ့ A* ဆုရှင်လေးတွေကိုလည်း ခမ်းနားထည်ဝါစွာ ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ ဆုပေးပွဲအစီအစဉ်များအကြား ကလေးငယ်လေးများ၏ ချစ်စရာကောင်းပြီး သွက်လက်လှသော ဖျော်ဖြေတင်ဆက်မှုများကလည်း တက်ရောက်လာကြသည့် မိဘအုပ်ထိန်းသူများနှင့် ဆရာ၊ ဆရာမများအားလုံးကို ကြည်နူးပီတိဖြစ်စေခဲ့ရပါတယ်။ ✨💃

ယခုကဲ့သို့ အောင်မြင်မှုမှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ဖို့အတွက် အဖက်ဖက်က ပံ့ပိုးကူညီပေးခဲ့ကြတဲ့ မိဘအုပ်ထိန်းသူတစ်ဦးချင်းစီတိုင်းကို NIEC မှ အထူးပင် ကျေးဇူးတင်ရှိပါတယ်။ 🏆🌟
ကလေးတို့ရဲ့ အရည်အချင်းတွေကို အကောင်းဆုံးဖြစ်အောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ ဆရာ၊ ဆရာမများနဲ့ အခမ်းအနား အစအဆုံး အဆင်ပြေအောင် ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြတဲ့ NIEC အဖွဲ့သားများအားလုံးကိုလည်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်ရှင်။ ✨🤝

Well done to all our brilliant students for your outstanding accomplishments! 🌟
Your dedication and hard work have truly paid off, and we are so proud of each of you.

As you reach this important milestone, remember that it’s only the beginning of many more successes to come.Keep striving and shining brightly!




01/04/2026

✨ 𝐂𝐞𝐥𝐞𝐛𝐫𝐚𝐭𝐢𝐧𝐠 𝐎𝐮𝐫 𝐏𝐫𝐢𝐦𝐚𝐫𝐲 & 𝐒𝐞𝐜𝐨𝐧𝐝𝐚𝐫𝐲 𝐒𝐭𝐚𝐫𝐬 𝐚𝐭 𝐍𝐈𝐄𝐂 𝐓𝐚𝐜𝐡𝐢𝐥𝐞𝐢𝐤 𝐆𝐫𝐚𝐝𝐮𝐚𝐭𝐢𝐨𝐧 & 𝐀𝐰𝐚𝐫𝐝𝐬 𝐂𝐞𝐫𝐞𝐦𝐨𝐧𝐲 ✨

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း ပညာရေးလမ်းကြောင်းတစ်လျှောက် ကြိုးစားအားထုတ်ကာ ထူးချွန်တိုးတက်လာခဲ့ကြသော NIEC Tachileik မှ ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုသော Graduation & Awards Ceremony ကို NIEC Tachileik New Campus တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်ရှင်။

အခမ်းအနားအတွင်း ထူးချွန်သော ကျောင်းသား၊ ကျောင်းသူများ အတွက် Outstanding Awards များ၊ Certificates များနှင့် အမှတ်အများဆုံးဖြင့် A* ရရှိခဲ့ကြသော ကျောင်းသားများကိုလည်း ဂုဏ်ယူစွာ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

ကလေးတို့ရဲ့ အရည်အချင်းတွေကို အကောင်းဆုံးဖြစ်အောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ ဆရာ၊ ဆရာမများနဲ့ အခမ်းအနား အစအဆုံး အဆင်ပြေအောင် ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြတဲ့ NIEC အဖွဲ့သားများအားလုံးကိုလည်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်ရှင်။ ✨🤝

🌟 Congratulations to our amazing students on your incredible achievements! 🎓✨

Your commitment, perseverance, and passion for learning have truly brought you to this proud moment. We are so delighted and proud of every single one of you. This milestone is not the end, but the beginning of an exciting journey filled with new opportunities and growth.

Keep believing in yourselves, continue to explore and learn, and always shine with confidence wherever you go. Wishing you all the very best for a future filled with success, happiness, and even greater accomplishments ahead! 🌈🌟




✨ 𝐍𝐈𝐄𝐂 𝐓𝐚𝐜𝐡𝐢𝐥𝐞𝐢𝐤 𝐒𝐮𝐦𝐦𝐞𝐫 𝐂𝐥𝐚𝐬𝐬 မှာ တက်နေသော ကလေးငယ်တွေရဲ့ ပြုံးပျော်နေသော 𝐌𝐨𝐦𝐞𝐧𝐭 လေးများ  ✨NIEC Tachileik Campus မှ Summe...
30/03/2026

✨ 𝐍𝐈𝐄𝐂 𝐓𝐚𝐜𝐡𝐢𝐥𝐞𝐢𝐤 𝐒𝐮𝐦𝐦𝐞𝐫 𝐂𝐥𝐚𝐬𝐬 မှာ တက်နေသော ကလေးငယ်တွေရဲ့ ပြုံးပျော်နေသော 𝐌𝐨𝐦𝐞𝐧𝐭 လေးများ ✨

NIEC Tachileik Campus မှ Summer Class လေးကတော့ အတန်းလေးတွေ စတင်ဖွင့်လှစ်နေပြီဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူလေးများကလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ အားတက်သရော ကြိုးစားအားထုတ်လျက် ရှိနေပါတယ်ရှင်။

ကလေးများရဲ့ အားလပ်ချိန် နွေရာသီကာလလေးမှာ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ပြီး နိုင်ငံတကာသင်ရိုးများနှင့် သင်ကြားပေးနေသည့် NIEC Tachileik Campus မှာဆိုရင်ဖြင့် -
✅ English Language
✅ International Mathematics
✅ International Science
✅ Taekwondo စတဲ့ ဘာသာရပ်တွေကို ဝါရင့် ဆရာ၊ ဆရာမကြီးများက သင်ကြားပေးမှာဖြစ်သည့်အပြင်

🤔 Thinking Skills, Creativity, Confidence နဲ့ Communication များ တိုးတက်လာစေဖို့အတွက် ထပ်ဆောင်းဘာသာရပ်များလည်း ဖြည့်စွက်သင်ကြားပေးလျက် ရှိပါတယ်ရှင့်။ 💡🧠

ပျော်ရွှင်စွာ သင်ယူရင်း၊ မိမိတို့၏ Skills များ တိုးတက်စေဖို့ နွေရာသီ သင်တန်းလေးမှာ ကျောင်းသား၊ ကျောင်းသူလေးများက သူငယ်ချင်းများနှင့်အတူ တက်ရောက်နေကြတဲ့ ပုံရိပ်လေးများကို ဖမ်းယူရင်း အမှတ်တရ သိမ်းဆည်းထားလိုက်ရပါတယ်ရှင့်။ ကျောင်းသား၊ ကျောင်းသူလေးများရဲ့ ငယ်ဘဝအမှတ်တရများစွာထဲမှ အမြဲအမှတ်ရနေမည့် ကျောင်းသားဘဝ ပုံရိပ်လေးများကို မှတ်တမ်းတင် ဂုဏ်ပြုတင်ဆက်လိုက်ပါရစေရှင့်။ 🌟🎓

====================================

📍 NIEC Tachileik Campus
No. Waka(Kha).102 / Akha Branch.7,
Waine Kyawk Ward, Tachileik
📞 09 453 381 125 / 09 453 381 087 (Viber)





Address

No . Waka(kha). 102/Arkar Branch. 7/Waine Kyawk Ward/Tachileik
Tachilek

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00
Saturday 09:00 - 16:00

Telephone

+959453381087

Alerts

Be the first to know and let us send you an email when NIEC Tachileik Campus posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to NIEC Tachileik Campus:

Share