KoZaw Mote Hin Gar

KoZaw Mote Hin Gar သိလိုတာတွေမေးလို့ရတယ်နော် $$$

18/09/2026

လူတွေက သင့်ကို မလေးစားတော့တာ ဒီအကျင့်တွေကြောင့်ပါ…

မိမိကိုယ်ကို အရမ်းနှိမ့်ချတတ်တာ၊
ခေါ်လိုက်တိုင်း ပါသွားတတ်တာ၊
အမြဲတမ်း အနစ်နာခံပေးတတ်တာ၊
“NO” လို့ မပြောရဲတာ၊
လူတိုင်းရဲ့ သဘောကျမှုကို ရချင်လွန်းတာ…

ဒီအရာတွေက တဖြည်းဖြည်းနဲ့ ကိုယ့်တန်ဖိုးကို ကိုယ်တိုင် လျှော့ချနေမိစေတတ်ပါတယ်။

ဘဝတစ်လျှောက် လူတွေနဲ့ ဆက်ဆံရာမှာ
ကိုယ့်တန်ဖိုးကို မဆုံးရှုံးဘဲ နေထိုင်နိုင်ဖို့ သိထားသင့်တဲ့ စည်းမျဉ်း ၂၅ ချက် ကို ပြောပြပေးမယ်။

၁။ သူတစ်ပါးရဲ့ ကိုယ်ရေးကိုယ်တာထဲ မဝင်ပါနဲ့။

မပြောချင်လို့ မပြောတဲ့ကိစ္စကို မမေးပါနဲ့။
မဖိတ်တဲ့နေရာကိုလည်း လိုက်ပြီး မေးမြန်းစုံစမ်းမနေပါနဲ့။

လူတစ်ယောက်ရဲ့ စည်းဘောင်ကို လေးစားတတ်တာကလည်း ကိုယ့်တန်ဖိုးတစ်ခုပါ။

၂။ စည်းရှိပါ။

ငွေ၊ ကား၊ ပစ္စည်းတွေကို လူတိုင်းအတွက် အလွယ်တကူ မငှားပေးပါနဲ့။
ငြင်းရခက်တဲ့အခြေအနေဆိုရင်လည်း ယဉ်ကျေးစွာ ငြင်းတတ်ပါစေ။

၃။ သာရေး၊ နာရေးမှာ ကိုယ်တတ်နိုင်
သလောက်ပဲ ပေးကမ်းတက်ပါ။

ကိုယ့်အနေထားကို ထိခိုက်အောင်ထိ မလိုအပ်ပါ ။
ပေးနိုင်သလောက် ပေးတာဟာ လုံလောက်ပါတယ်။

၄။ လူတိုင်းနဲ့ အရမ်းမရောပါနဲ့။

လူတိုင်းကို ရင်းနှီးစရာမလိုပါဘူး။
သစ္စာဖောက်ဖူးသူ၊ လှည့်စားဖူးသူတွေကို အထူးသတိထားပြီး အကွာအဝေးတစ်ခုထားပါ။

၅။ စကားကို ထိန်းပြောပါ။

စကားနည်းလေ အမှားနည်းလေပါပဲ။
ချီးမွမ်းသင့်ရင် ချီးမွမ်းပါ။
သူတစ်ပါးရဲ့ အားနည်းချက်ကို လိုက်မထောက်ပြပါနဲ့။

ပြောမထွက်ခင် ၃ စက္ကန့်လောက် စဉ်းစားတတ်တဲ့အကျင့် မွေးပါ။

၆။ လူများတဲ့နေရာမှာ ကိုယ့်လျှို့ဝှက် ချက် တွေကို မပြောပါနဲ့။

ကိုယ်ရေးကိုယ်တာ၊ ငွေရေးကြေးရေးနဲ့ အလုပ်အကြောင်းတွေကို လူတိုင်းရှေ့မှာ ပြောဖို့ မလိုပါဘူး။

၇။ အချစ်တစ်ခုတည်းနဲ့ ဘဝကို မတည် ဆောက်ပါနဲ့။

အချစ်က အရေးကြီးပါတယ်။
ဒါပေမယ့် ကိုယ့်ဘဝကို ကိုယ်တိုင်တည် ဆောက်နိုင်တဲ့ စွမ်းရည်နဲ့ ငွေကြေးတည်ငြိမ် မှုလည်း လိုအပ်ပါတယ်။

ကိုယ့်ဘဝကို အရင်တည်ဆောက်ပါ။
အခြားအရာတွေက နောက်ကလိုက်လာပါလိမ့်မယ်။

၈။ မတောင်းပဲ အကူအညီကို အမြဲမပေးပါနဲ့။

ကူညီတတ်တာက ကောင်းပါတယ်။
ဒါပေမယ့် ကိုယ်မေးမထားဘဲ အမြဲဝင်လုပ် ပေးနေရင် တစ်နေ့မှာ အဲဒါကို ကိုယ့်တာဝန် လို သတ်မှတ်ခံရနိုင်ပါတယ်။

၉။ ကိုယ့်အောင်မြင်မှုကို လူတိုင်းရှေ့ မကြွားပါနဲ့။

ပျော်ရွှင်မှု၊ အောင်မြင်မှုနဲ့ ကိုယ့်ဘဝအခြေ အနေကို လူတိုင်းကို သိအောင် ပြောပြစရာမလိုပါဘူး။

တိတ်တိတ်လေး တိုးတက်တာက ပိုလုံခြုံပါတယ်။

၁၀။ လူသစ်တွေနဲ့ တွေ့ဆုံရတဲ့အခါ အရမ်းမရောနှောပါနဲ့။

အစမှာ အရမ်းရင်းနှီးဖို့ မလိုပါဘူး။
လူတစ်ယောက်ကို အချိန်ယူပြီး သိလာအောင် လုပ်ပါ။

၁၁။ လူတိုင်းကို အကြံဉာဏ်မပေးပါနဲ့။

ကိုယ်ပြောတာ မှန်ရင်ကောင်းပေမယ့်၊ မှားသွားရင် အပြစ်က ကိုယ့်ဆီ ပြန်ရောက်လာနိုင်ပါတယ်။

သူငယ်ချင်းနဲ့ စီးပွားရေးပေါင်းလုပ်မယ်ဆိုရင်လည်း လူမှုရေးနဲ့ ငွေရေးကြေးရေးကို ခွဲခြားစဉ်းစားထားပါ။

၁၂။ လုပ်ဖော်ကိုင်ဖက်တိုင်းကို သူငယ်ချင်းစစ်လို့ မယူဆပါနဲ့။

အလုပ်နေရာမှာ ခင်မင်မှုရှိနိုင်ပေမယ့်အကျိုးစီးပွားနဲ့ ပြိုင်ဆိုင်မှုတွေ ပါလာနိုင်ပါတယ်။

၁၃။ ကြည့်မရတဲ့လူနဲ့တောင် ယဉ်ကျေးစွာ ဆက်ဆံတတ်ပါစေ။

ခေါ်ပြော၊ နှုတ်ဆက်၊ ပြုံးပြတာလောက်နဲ့ လုံလောက်ပါတယ်။

ယဉ်ကျေးမှုဆိုတာ ကိုယ်အားနည်း နေလို့မဟုတ်ပါဘူး။

၁၄။ အိမ်ထောင်ဖက်ရွေးတဲ့အခါ အဆင်းထက် အချင်းကိုကြည့်ပါ။

သူ့ရဲ့ အကျင့်စရိုက်၊ တာဝန်ယူမှု၊ မိဘများ၏ စရိုက်လက္ခဏာနဲ့ ဘဝတန်ဖိုးထားမှုတွေကို လေ့လာပါ။

၁၅။ အိမ်နီးချင်းနဲ့လည်း အကွာအဝေးရှိပါ စေ။

ကောင်းကောင်းမွန်မွန် ဆက်ဆံပါ။
ဒါပေမယ့် ကိုယ်ရေးကိုယ်တာကိစ္စတိုင်းကို ပြောဆိုနေဖို့ မလိုပါဘူး။

၁၆။ အဆက်အသွယ်ဖြတ်ရမယ့်လူကို တိတ် တိတ်လေး ဝေးကွာသွားပါစေ ။

အငြင်းပွားပြီး ရန်ဖြစ်ဖို့မလိုပါဘူး။
တချို့လူတွေကို ကိုယ့်ဘဝထဲကနေ ထွက်ခွာခွင့်ပေးလိုက်တာဟာ ကိုယ့်စိတ်ငြိမ်းချမ်းမှုကို ကာကွယ်တာပါ။

၁၇။ ကိုယ့်ပုံရိပ်နဲ့ စိတ်ခံစားချက်ကို ထိန်းပါ။

အပြင်ပန်းသပ်ရပ်ပါစေ။
စိတ်ဆိုးတိုင်း ထုတ်ဖော်မပြပါနဲ့။

စိတ်ကို ထိန်းနိုင်တဲ့လူက ကိုယ့်ဘဝကိုလည်း ပိုထိန်းချုပ်နိုင်ပါတယ်။

၁၈။ ကိုယ့်ကို မလေးစားတဲ့ ဆက်ဆံရေးကို အတင်းမဆွဲထားပါနဲ့။

တစ်ဖက်က ကိုယ့်ကို တန်ဖိုးမထားဘူးဆိုရင်
အကြောင်းပြချက်တွေ ရှာပြီး ဆက်တွဲနေဖို့ မလိုပါဘူး။

လေးစားမှုမရှိတဲ့နေရာမှာ ကိုယ့်တန်ဖိုးကို သက်သေပြနေဖို့လဲ မလိုပါဘူး။

၁၉။ ကိုယ့်အခြေအနေအမှန်ကို လူတိုင်းကို မပြောပါနဲ့။

ဝင်ငွေဘယ်လောက်ရလဲ မေးရင်လည်း “ပုံမှန်ပါပဲ” လို့ ဖြေလို့ရပါတယ်။

ကိုယ်သိသမျှကို အကုန်မပြောပါနဲ့။
ကြားသမျှကိုလည်း အကုန်မယုံပါနဲ့။

လူတိုင်းမှာ ကိုယ်ပိုင်မျက်နှာဖုံးရှိသလို၊
အခြေအနေအလိုက် ပြောင်းလဲတတ်တဲ့စိတ်တွေလည်း ရှိကြပါတယ်။

၂၀။ သနားတာနဲ့ ယုံကြည်တာကို မရောပါနဲ့။

လူတစ်ယောက်ကို သနားနိုင်ပါတယ်။
ဒါပေမယ့် သနားလို့ဆိုပြီး ကိုယ့်ဘဝထဲ အကန့်အသတ်မရှိ ဝင်ခွင့်ပေးဖို့ မလိုပါဘူး။

15/09/2026

2026ရဲ့ အကောင်းဆုံး Aiတွေအကုန်စုထားပေးပါတယ်။ အသုံးဝင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။

ChatGPT — မိမိသိချင်တာမှန်သမျှ မေးမြန်းနိုင်ပြီး အဖြေတွေကို ချက်ချင်း ရယူနိုင်ပါတယ်။
Canva AI — ဒီဇိုင်းပညာ မရှိရင်တောင် ပရော်ဖက်ရှင်နယ်ဆန်တဲ့ post တွေကို ဖန်တီးနိုင်ပါတယ်။
Perplexity — ခိုင်လုံတဲ့ အကိုးအကား အထောက်အထားတွေနဲ့ အချက်အလက်တွေကို ရှာဖွေပေးနိုင်ပါတယ်။
ElevenLabs — စာသားတွေကို လူပြောတဲ့အတိုင်း သဘာဝကျကျ အသံပြောင်းလဲပေးနိုင်ပါတယ်။
Gamma — ခေါင်းစဉ်တစ်ခု ပေးလိုက်ရုံနဲ့ presentation slide တွေကို အလိုအလျောက် တည်ဆောက်ပေးပါတယ်။
NotebookLM — စာရွက်စာတမ်းတွေ တင်ပေးထားရင် AI က အနှစ်ချုပ်ပြီး ပြန်လည်ရှင်းပြပေးပါတယ်။
၀၂ — မျက်နှာမပြဘဲ Content ဖန်တီးသူများ (Faceless Creators)အတွက်
CapCut — စာတန်းထိုးတွေနဲ့ viral ဖြစ်မယ့် ဗီဒီယို template တွေကို အလွယ်တကူ သုံးနိုင်ပါတယ်။
HeyGen — မိမိကိုယ်စား စကားပြောပေးမယ့် AI Avatar တွေကို ဖန်တီးပေးနိုင်ပါတယ်။
Kling AI — စာသားပေးလိုက်ရုံနဲ့ ရုပ်ရှင်အဆင့်မီ ဗီဒီယို clip တွေ ထုတ်ပေးပါတယ်။
Opus Clip — ဗီဒီယိုအရှည်ကြီးတွေထဲက viral ဖြစ်မယ့် အပိုင်းတွေကို အလိုအလျောက် ဖြတ်ပေးပါတယ်။
Pictory — ဇာတ်ညွှန်းပေးလိုက်ရုံနဲ့ ဗီဒီယိုတစ်ခုလုံးကို အလိုအလျောက် ဖန်တီးပေးပါတယ်။
၀၃ — အွန်လိုင်းအရောင်းအဝယ်နှင့် လုပ်ငန်းခွင်အတွက်
Photoroom — ဖုန်းထဲမှာတင် အဆင့်မြင့် ကုန်ပစ္စည်းဓာတ်ပုံ စတူဒီယိုတစ်ခု ရှိနေသလိုမျိုး အသုံးချနိုင်ပါတယ်။
Remove bg — ဓာတ်ပုံတွေရဲ့ နောက်ခံ background တွေကို ချက်ချင်း သန့်စင်ပေးပါတယ်။
AdCreative AI — အရောင်းတက်စေမယ့် ကြော်ငြာဒီဇိုင်းတွေကို အလိုအလျောက် ဖန်တီးပေးပါတယ်။
Tidio AI — ဝယ်သူတွေကို ၂၄ နာရီပတ်လုံး မနားတမ်း ပြန်ဖြေပေးမယ့် AI Chatbot ဖြစ်ပါတယ်။
Shopify — ကိုယ်ပိုင်ဆိုင်တစ်ခုလုံးကို ဖုန်းထဲကနေ စနစ်တကျ စီမံခန့်ခွဲနိုင်ပါတယ်။
၀၄ — Freelance လုပ်ကိုင်သူများအတွက်
Claude — အလုပ်အပ်စာ၊ အစီရင်ခံစာနဲ့ အီးမေးလ်တွေကို စက္ကန့်ပိုင်းအတွင်း ရေးပေးနိုင်ပါတယ်။
Descript — စာသားတွေကို ပြင်လိုက်ရုံနဲ့ အသံနဲ့ ဗီဒီယိုကိုပါ အလွယ်တကူ edit လုပ်နိုင်ပါတယ်။
Miro AI — လုပ်ငန်းခွင် ပူးပေါင်းဆောင်ရွက်မှုတွေအတွက် visual board တွေ ဖန်တီးနိုင်ပါတယ်။
၀၅ — ကျောင်းသား ကျောင်းသူများအတွက်
Perplexity — စာတမ်းပြုစုရာမှာ ခိုင်လုံတဲ့ အကိုးအကားတွေနဲ့ အချက်အလက်တွေကို အမြန်ရှာဖွေနိုင်ပါတယ်။
NotebookLM — သင်ခန်းစာ PDF တွေကို နားလည်လွယ်တဲ့ အနှစ်ချုပ်တွေ ပြောင်းပေးပါတယ်။
Otter ai — ဆရာမတွေ သင်ကြားနေတဲ့ အသံတွေကို စာသားအဖြစ် အလိုအလျောက် ပြောင်းပေးပါတယ်။
Quizlet AI — မိမိရဲ့ မှတ်သားနိုင်စွမ်းပေါ် မူတည်ပြီး flashcards တွေနဲ့ လေ့ကျင့်ပေးပါတယ်။
Grammarly AI — သဒ္ဒါပြင်ပေးရုံတင်မကဘဲ စာရေးသားမှုပုံစံကိုပါ မြှင့်တင်ပေးပါတယ်။
Wolfram Alpha — သင်္ချာနဲ့ သိပ္ပံပုစ္ဆာတွေအတွက် အဖြေတွေကို ချက်ချင်း တွက်ချက်ထုတ်ပေးပါတယ်။
Side Hustler အတွက်
Gumroad — Digital ထုတ်ကုန်တွေကို ၁၀ မိနစ်အတွင်း လွယ်လွယ်ကူကူ တင်ရောင်းနိုင်ပါတယ်။
Stan.store — ဖုန်းထဲမှာတင် ကိုယ်ပိုင် store မျက်နှာစာတစ်ခု အပြီးအစီး တည်ဆောက်နိုင်ပါတယ်။
Beacons AI — Follower တွေကနေတစ်ဆင့် တိုက်ရိုက်ဝင်ငွေရှာနိုင်တဲ့ Link in Bio တစ်ခု ဖန်တီးနိုင်ပါတယ်။
Buffer — တစ်လစာ content တွေကို တစ်ထိုင်တည်းနဲ့ ကြိုတင် schedule လုပ်ထားနိုင်ပါတယ်။
၀၇ — YouTubers များအတွက်
LumaFusion — ဗီဒီယိုကို timeline နဲ့ အသေးစိတ် edit လုပ်နိုင်မယ့် pro app ဖြစ်ပါတယ်။
TubeBuddy — SEO နဲ့ keyword တွေအပြင် thumbnail တွေကိုပါ စမ်းသပ်ပေးပါတယ်။
VidIQ — နေ့စဉ် ကိုယ့်နယ်ပယ်ထဲမှာ ခေတ်စားနေတဲ့ အကြောင်းအရာတွေကို ရှာဖွေပေးပါတယ်။
YouTube Create — YouTube အတွက် တိုက်ရိုက်ထုတ်လုပ်ထားတဲ့ အမြန် edit လုပ်နိုင်မယ့် app ဖြစ်ပါတယ်။
၀၈ — လုပ်ငန်းရှင်ငယ်များအတွက်
Notion AI — လုပ်ငန်းလည်ပတ်မှု၊ အလုပ်တာဝန်နဲ့ အဖွဲ့လိုက်လုပ်ဆောင်မှုတွေကို ခြေရာခံပေးပါတယ်။
Mailchimp — အီးမေးလ်ကတစ်ဆင့် စျေးကွက်ရှာဖွေရေးကို အလိုအလျောက် လုပ်ဆောင်ပေးပါတယ်။
Calendly — အလုပ်ချိန်းဆိုမှုတွေကို အပြန်အလှန်ပြောနေစရာမလိုဘဲ စနစ်တကျ စီစဉ်ပေးပါတယ်။
Wave — အခမဲ့ AI စာရင်းကိုင်နဲ့ invoice စနစ်ကို ဖုန်းထဲမှာတင် သုံးနိုင်ပါတယ်။
၀၉ — Digital Marketers များအတွက်
Semrush — SEO ရှာဖွေမှုနဲ့ ပြိုင်ဘက်တွေကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။
Klavio — အရောင်းရလဒ်ကောင်းမယ့် email နဲ့ SMS စနစ်တွေကို အလိုအလျောက် လုပ်ပေးပါတယ်။
Metricool — Social Media အားလုံးရဲ့ analytics အချက်အလက်တွေကို တစ်နေရာတည်းမှာ ကြည့်နိုင်ပါတယ်။
Surfer SEO — Google ranking တက်လာစေဖို့ content တွေကို AI နဲ့ အကောင်းဆုံးဖြစ်အောင် ပြင်ပေးပါတယ်။
၁၀ — ဆရာများနှင့် သင်တန်းဆရာများအတွက်
Kajabi — ကိုယ်ပိုင်သင်တန်းတွေကို ဖုန်းထဲကနေ တည်ဆောက်ပြီး တိုက်ရိုက်ရောင်းချနိုင်ပါတယ်။
Typeform — မေးခွန်းပုံစံတွေနဲ့ အကဲဖြတ်လွှာတွေကို လှလှပပ ဖန်တီးနိုင်ပါတယ်။
Canva AI — ကျောင်းသားတွေအတွက် လက်ကမ်းစာစောင်နဲ့ သင်ခန်းစာ slide တွေကို လွယ်ကူစွာ ဖန်တီးနိုင်ပါတယ်။

01/09/2026
27/08/2026

ဆေးလိပ်လဲမသောက် အရက်လဲမသောက်
ကွမ်းလဲမစားတော့ လူကြီးလူကောင်မှတ်လို့
အထင်တွေကြီးမိတယ်ပေါ့
ကြည်လိုက်တော့မှ ဗီဇ က
$ဖုတ် လိုင်းသက်သက်ဖြစ်နေတာ😡

နေ့‌ရော ညပါ ရွတ်ဖက်ပူဇော်ကြပါရှင့်နေ့စဉ် မပြက်ရွက်ဖက်ပူဇော်ကြပါရှင့်မကောင်းသောဘေးတွေ့က အလိုလိုရှောင်ဖယ်သွားစေပါတယ် ကောင်...
24/08/2026

နေ့‌ရော ညပါ ရွတ်ဖက်ပူဇော်ကြပါရှင့်
နေ့စဉ် မပြက်ရွက်ဖက်ပူဇော်ကြပါရှင့်
မကောင်းသောဘေးတွေ့က အလိုလိုရှောင်ဖယ်သွားစေပါတယ် ကောင်းတာလုပ်ရင် ကောင်းကျိုးပြုတာ လောကနိယာမပါ....

25.08.2026

22/08/2026

လောကကြီးမှာ လူတွေနဲ့ဆက်ဆံတဲ့အခါ
အားနည်းချင်ယောင်ဆောင်ပေးရတယ် ။

ပြီးတော့ ကိုယ့်ကိုယ် မနာလိုတဲ့သူတွေ
လဲကျစေချင်တဲ့လူတွေ နာကျင်စေချင်တဲ့
လူတွေအတွက် အားနည်းချင်ယောင်ဆောင်
ပေးလိုက်တာက မင်းကိုမင်းပြန်ပြီးကာကွယ်တဲ့အကာအကွယ်တစ်မျိုးပဲ ။

လူတွေဟာ မင်းအားနည်းနေတယ်ဆိုတဲ့
အသံကြားရင် လူတန်းစားနှစ်မျိုးကို
အကောင်းပတ်ကတိ အတိုင်း မင်းမြင်ရတယ်

ပထမလူတန်းစားကတော့ မင်းကို
နှလုံးသား အစစ်နဲ့ဝေမျှပေးမှာ
ကူညီပေးမှာ ။ မင်းဖြစ်နေတဲ့ပြဿနာတွေကို
နားတွေထောင်ပေးမယ် သူတို့ဖြေရှင်းပေးလို့
ရသမျှကို ဖြေရှင်းပေးမယ် မင်းရဲ့ဒုက္ခတွေ
အခက်အခဲတွေကိုလည်း မင်းနဲ့အတူ
အ​ဖြေထုတ်ပေးလိမ့်မယ် ။ သူတို့နိုင်တဲ့ဝန်နဲ့
အကုန်ဖြေရှင်းကူကြမှာပဲ ။

ဒုတိယ လူတစ်မျိုးကတော့ မင်းအားနည်းနေ
ပြီဆိုတာ သိလေလေ မင်းကို ပိုပြီးတော့
လဲကျစေချင်တယ် ကျရှုံးစေချင်တယ်
မင်းပိုခက်ခဲလာဖို့ကိုလိုလားတယ် ။
တိုက်ရိုက်ကြီး မတိုက်ခိုက်ရင်တောင်မှ
သွယ်ဝှိုက်သော နည်းနဲ့ တိုက်ခိုက်ကြတာပဲ
မင်းရဲ့အားနည်းချက်ကို ချနင်းကြတာပဲ
မင်းအဆင်မပြေဖို့ကို ပိုပြီးတော့လိုလားကြတာပဲ။

အဲ့တာကြောင့် ကိုယ့်ဘဝထဲကလူတွေကို
ခွဲခြားစစ်ထုတ်ချင်ရင် ဘာမှမခက်ခဲဘူး
အားနည်းချင်ယောင်ဆောင်လိုက်
မင်းဒုက္ခရောက်ရင်
မင်းဆီမှာ ကျန်နေမယ့် လူနဲ့
မင်းဆီကနေ ထွက်ခွာသွားမယ့်လူကို
မင်းခန့်မှန်းလို့ရတယ် ။

တချို့လူတွေက မင်းအဆင်ပြေတာကို
အရမ်းလိုလားကြတာမဟုတ်ဘူး
မကောင်းတတ်လို့သာ ခပ်နီးနီးပေါင်းနေကြတာ
မင်းခက်ခဲတယ်လို့ ကြားရင် တိုးတိုးတိတ်တိတ်
ဝမ်းသာနေကြတာပဲ ။

အဲ့ဒါကြောင့် ကိုယ့်နားကလူတွေရဲ့
ပုံစံအမှန်ကိုသိချင်ရင်
တစ်ခါတလေ ကိုယ်အဆင်မပြေ
ကြောင်းကို ပုံကြီးချဲ့ပြရတယ် ။

ကိုယ်အားနည်းနေကြောင်း
အဆင်မပြေကြောင်းကို
တမင်ထုတ်ပြောရတယ် ။

Thedream

#အားနည်းချင်ယောင်ဆောင်ခြင်း

30/07/2026

တကယ့် အရှိတရားမှာ 'ငါ' ဆိုတာ မရှိပါဘူး။ ငါဆိုတာ မရှိရင် 'ငါ့အတိတ်' ဆိုတာလည်း မရှိသလို၊ 'ငါ့အနာဂတ်'၊ 'ငါ့ပိုင်ဆိုင်မှု' ဆိုတာတွေလည်း တကယ်တော့ မရှိပါဘူး။

ဒါကို သေချာ မျက်မှောက်ပြုနိုင်ရင် အရင်က လုပ်ခဲ့တာတွေအတွက် နောင်တရပြီး မပူပန်တော့ဘူး။ ရှေ့ဆက် ဘာဖြစ်မလဲဆိုတာအတွက်လည်း မပူပန်တော့ဘူး။ ပျက်စီး ဆုံးရှုံးသွားမှာတွေ အတွက်လည်း သောက မရောက်တော့ပါဘူး။ အဲဒီလို ငါဆိုတဲ့ အစွဲမပါဘဲ ပစ္စုပ္ပန်တည့်တည့်မှာ ပူပန်မှုကင်းကင်းနဲ့ နေထိုင်ခြင်းကသာ အနာဂတ်အတွက် အကောင်းဆုံးနဲ့ အလုံခြုံဆုံး လမ်းကြောင်းပါပဲ။

ဒီနေ့ အေးအေးဆေးဆေး နေရင်း ငါမရှိတဲ့အတွက် ပူပန်စရာတွေ အားလုံး လွတ်ကျသွားတဲ့ သက်သာမှုကို ခဏလောက် အကဲခတ်ကြည့်ပါဦး။

Address

Room 3 Bogyoke Lan, Makarhokham Qtr
Tachileik
06271

Opening Hours

Monday 06:00 - 09:00
Tuesday 06:00 - 09:00
Wednesday 06:00 - 09:00
Thursday 06:00 - 09:00
Friday 06:00 - 09:00
Saturday 06:00 - 09:00
Sunday 06:00 - 09:00

Telephone

+959425511456

Alerts

Be the first to know and let us send you an email when KoZaw Mote Hin Gar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KoZaw Mote Hin Gar:

Shortcuts

Share