For Pregnant Mommies

For Pregnant Mommies Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from For Pregnant Mommies, Restaurant, ဗိုလ်တေဇလမ်း, Sintgaing.

ကိုယ်ဝန်ဆောင်မေမေတို့အတွက်photo credit
09/02/2023

ကိုယ်ဝန်ဆောင်မေမေတို့အတွက်

photo credit

19/09/2022

▪️ဒီနေ့ ဖေဖေနဲ့မေမေ ရန်ဖြစ်ကြပါတယ် ။
▫️လူအတော်များများက ပြောကြတယ် ၊
▪️ဖေဖေနဲ့‌မေမေ ရန်ဖြစ်တဲ့အခါ သနားစရာ
အကောင်းဆုံးက ကလေးတွေပါတဲ့ ။
▫️အမှန်တော့ မဟုတ်ပါဘူး ။
▪️သနားစရာအကောင်းဆုံးက
မမေပေါ ။

▪️ဖေဖေက အပြင်သွားပြီး အပေါင်းအသင်းတွေနဲ့
အချိန်သွားဖြုန်းတယ် ။

🔴 မေမေ တစ်ယောက်တည်းကသာလျှင် တစ်ဖက်ကမျက်ရည်ကျရင်း တစ်ဖက်ကသားတို့
သမီးတို့ကို ထမင်းဟင်း ချက်ကျွေး ၊
အဝတ်အစားလျှော်ပေး ၊ သန့်ရှင်းရေးလုပ်ပေးပါတယ် ။

🔴 မေမေဟာ Superman မဟုတ်ပါဘူး ။
▪️လူတိုင်းမှာ ထွက်ပေါက်ရှိပေမယ့် မေမေ့မှာ
နောက်ဆုတ်စရာ လမ်းမရှိတာပါ ။
▫️လောကမှာရှိတဲ့ မေမေတွေ အကုန်လုံး လောကကြီးရဲ့ နွေးထွေးမှုကို ရရှိပါစေ ။
▪️သူတို့ဟာလည်း
တစ်ချိန်က မင်းသမီးလေး တစ်ယောက်ပါပဲ ။

Superwoman 💪💪💪
👉စိတ်သန်မာရတယ်👈
👉မျက်ရည်ခိုင်ရတယ်👈
👉လွတ်ရာပြေးမရ👈
👉သွားချင်ရာ / လုပ်ချင်းရာလုပ်မရ👈
👉ပေးဆပ်မှုများစွာပေးနိုင်တာ မေမေပါ👈

to original uploader

24/08/2022

ကိုယ်ဝန်ဆောင် မိခင်တစ်ယောက်ကို ပြုစုနည်းများ
=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=

၁။ သူမကို စိတ်မညစ်စေပါနဲ့

ကိုယ်ဝန်ဆောင် မိခင်တစ်ယောက်ရဲ့ စိတ်ဟာ သာမန်နဲ့ မတူပါဘူး စိတ်အားငယ်လိုက် စိတ်ဓာတ်ကျလိုက် ရုတ်တစ်ရက် ပျော်လိုက်နဲ့ ဖြစ်နေပါတယ်။ အဲလိုတွေ ဖြစ်နေတဲ့ အခါမှာ
သင်တို့ အနေဖြင့် သူမကို စိတ်ညစ်အောင် မလုပ်မိဖို့ လိုအပ်ပါတယ်။

၂။ သူစားချင်တဲ့ အစားအစာတွေ ကျွေးမယ်

ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုး စေမယ့် အစားအစာက လွဲလို့ အကုန္နီးပါ စားလို့ရပါတယ်။ ဒါကြောင့် သူစားချင်တဲ့ အစားအစာတွေကို သေချာ ကျွေးမွေးပေးစေလိုပါတယ်။

၃။ လမ်းလျောက်ခိုင်းမယ်

သူမနဲ့ အတူတူ ထမင်းစားပြီးချိန် ဖြင့်ဖြင့် အိပ်ယာဝင်ခါနီး ဖြစ်ဖြစ် လက္တြဲကာ လမ်းအတူတူ လျောက်ပေးပါ။ ပြီးတော့ သူမကိုယ် အားမငယ်ဖို့နဲ့ ကြောက်စရာတွေ မတွေးဖို့ တိုက်တွန်းလိုက်ပါ။

၄။ ဘုရားရှိခိုး တရားထိုင် စတာတွေ လုပ်

မိမိယုံကြည်ရာ ကိုးကွယ် ဘာသာအလိုက် ဘုရားရှိခိုး တရားထိုင် စတာတွေလုပ်ပြီး စိတ်တည်ငြိမ်စေပါတယ်။ ထိုသို့ လုပ်ခြင်းဟာ မိခင်လောင်း တစ်ယောက်ရဲ့ ကြောက်ရွှံမူတွေ စိတ်အားငယ်မူ တွေကိုလည်း
သက်သာစေနိုင်ပါတယ်။

၅။ ဆရာဝန်နှင့် တိုင်ပင်

ကိုယ်ဝန်စဆောင်ပြီ ဆိုကတည်း ဆရာဝန်နှင့် ပြသပါ။ လိုအပ်သော ဆေးပစ္စည်းတွေကို သုံးပါ။ တစ္ခုခု ဖြစ်ပြီ ဆိုရင်လည်း ဆရာဝန်ချက်ခြင်း အကြောင်းကြား ဖြစ်ပါစေ။

၆။ အိမ်အလုပ်တွေ မလုပ်ဖို့ တားပါ

မိခင်လောင်းတွေဟာ မိသားစု အတွက် အေရးပါတဲ့ သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ဟာ သူတို့ယူထားတဲ့ တာဝန်တွေ လစ်ဟင်းမှာကို စိုးရိမ်တဲ့ အတွက် အိမ်အလုပ်တွေ လုပ်ကြပါတယ်။ ဒါကြောင့် မလုပ်ဖြစ်အောင် တားပါ 😷😷

#ကိုယ်ဝန်ဆောင်ကျန်းမာရေး
: #

👶သားသား၊ မီးမီးလေးတွေ ဗိုက်ထဲကနေ ကန်တာနဲ့ ပတ်သက်လို့ စိတ်၀င်စားစရာ အချက် ၇ ချက်"ကလေးက ကန်တယ်" ဆိုတဲ့ စကားလေးဟာ ကိုယ်၀န်ဆ...
06/08/2022

👶သားသား၊ မီးမီးလေးတွေ ဗိုက်ထဲကနေ ကန်တာနဲ့ ပတ်သက်လို့ စိတ်၀င်စားစရာ အချက် ၇ ချက်

"ကလေးက ကန်တယ်" ဆိုတဲ့ စကားလေးဟာ ကိုယ်၀န်ဆောင်ကာလမှာ မိခင်လောင်းတို့ ကြည်ကြည်နူးနူးနဲ့ ပြောတတ်တဲ့ စကားလေးပါပဲ။ အထူးသဖြင့် သားဦး၊ သမီးဦးလေးလွယ်ထားရတဲ့ ဖေဖေ၊ မေမေ တို့အတွက်ဆိုရင် ကလေးကန်တဲ့ အချိန်လေးတွေက ပိုပြီးပျော်ရွှင်ကြည်နူးတတ်တဲ့ အချိန်လေးတွေဖြစ်လို့နေတတ်ပါတယ်။ ဆရာ၀န်က ကလေးဘယ်နှစ်ခါကန်တယ် ဆိုတာကို ရေတွက်ထားဖို့ ပြောထားမှာပေါ့ မဟုတ်ဘူးလား။ ကလေးက ဗိုက်ထဲကနေ ကန်တယ်ဆိုတာ သူရဲ့ဖွံ့ဖြိုးတိုးတက်လာမှု ကို ပြသတဲ့ လက္ခဏာတရပ်ပါပဲ။ ဒါပေမဲ့ ဒီလိုဗိုက်ထဲက သားသားမီးမီးလေးက မေမေ့ဗိုက်ကိုကန်တာနဲ့ပတ်သက်လို့ နောက်ထပ် စိတ်၀င်စားစရာ အချက်လေးတွေရှိနေပါသေးတယ်။

(၁) ကျန်းကျန်းမာမာ ဖွံ့ဖြိုးလာနေကြောင်းဖော်ပြ
အပေါ်မှာ ပြောခဲ့သလိုပါပဲ ကလေးက ဗိုက်ထဲကနေကန်တယ်ဆိုကတော့ သူကောင်းကောင်းမွန်မွန်နဲ့ ကျန်းကျန်းမာမာ ကြီးထွား၊ ဖွံ့ဖြိုးလာနေကြောင်းဖော်ပြတာဖြစ်လို့ ဖေဖေမေမေတို့တွက် ၀မ်းသာစရာပဲဖြစ်ပါတယ်။ ကလေးက သားအိမ်ထဲမှာ အနေအထားပြောင်းခြင်း၊ လှည့်ခြင်းတို့ကို လှုပ်ရှားမှုအမျိုးမျိုးလုပ်တဲ့အခါ မိခင်က ကန်တယ်လို့ ခံစားရတာပဲ ဖြစ်ပါတယ်။

(၂) ပတ်၀န်းကျင်ပြောင်းလဲမှုကိုတုံ့ပြန်
ပတ်၀န်းကျင်မှာ အနေအထားအပြောင်းအလဲ တစ်ခုခုရှိတဲ့ အခါမျိုးမှာ ကလေးက အဲ့ဒီအပြောင်းအလဲကို တုံ့ပြန်တဲ့အနေနဲ့ သူ့ရဲ့့့ခြေ၊လက်လေးတွေကိုဆန့်တာ၊ ဒါမှမဟုတ် လှုပ်ရှားတာတို့လုပ်တတ်ပါတယ်။ ကလေးကန်တာဆိုတာ သူပုံမှန်ကြီးထွားဖွံ့ဖြိုးလျက်ရှိကြောင်း ဖော်ပြတာပဲ ဖြစ်လို့ စိုးရိမ်ဖို့မလိုပါဘူး။

(၃) မိခင်လောင်းကဘယ်ဘက်စောင်းအိပ်ရင် ကလေးကန်တဲ့ အကြိမ်ရေပိုများ
မိခင်လောင်းက အိပ်တဲံအခါဘယ်ဘက်စောင်းအိပ်တတ်ရင် ကလေးကန်တာကိုခံစားရတဲ့အကြိမ်ရေပိုများနိုင်ပါတယ်။ ကိုယ်၀န်ဆောင်စဉ်ကာလမှာ ဘယ်ဘက်စောင်းအိပ်တဲ့အခါ သန္ဓေသားလောင်းဆီသွေးထောက်ပံ့ပေးမှုကို မြှင့်တင်ပေးရာကျပါတယ်။ ရလဒ်အနေနဲ့ ကလေးကလှုပ်ရှားမှုပိုများပြီး ကန်တယ်လို့ ခံစားရတဲ့ အကြိမ်ရေ ပိုများနိုင်တာပဲ ဖြစ်ပါတယ်။

(၄) အစားစားပြီးစမှာ ပိုကန်လေ့ရှိ
မိခင်လောင်းအနေနဲ့ ကိုယ်အစားစားပြီးတဲ့အချိန်မှာဆိုရင် ကလေးက အကြိမ်ရေများများပိုကန်တတ်တာကို ခံစားမိမယ်ထင်ပါတယ်။ ပုံမှန်ကျန်းမာတဲ့ကလေးတစ်ယောက်ဟာ တစ်ရက်ကို ၁၅ကြိမ်ကနေ အကြိမ်၂၀ လောက်ထိကန်တတ်ပါတယ်။

(၅) ရင်သွေးလေးစတင်ပြီး ကန်လာမယ့်အချိန်
ကိုယ်၀န်ဆောင်ကာလတစ်လျှောက် ဘယ်အချိန်မှာ ကလေးက စပြီးကန်တတ်သလဲဆိုတာကိုလည်း သိချင်ကြမယ်ထင်ပါတယ်။ အချက်အလက်တွေအရပြောရရင်တော့ ကလေးတွေက ကိုယ်၀န်၉ပတ်ပြည့်ပြီးနောက်ပိုင်း မကြာမီမှာပဲ စပြီး ကန်တတ်ကြပါတယ်။ ဒါပေမဲ့ အစောပိုင်းကန်တာတွေကိုတော့ အာလ်ထရာဆောင်းရိုက်စဉ်မှာပဲ တွေ့ရှိနိုင်ပါသေးတယ်။ သန္ဓေသားလေးက အရမ်းနုနယ်သေးတာကြောင့် မိခင်လောင်းအနေနဲ့ သူတို့ရဲ့လှုပ်ရှားမှုကို သိရှိနိုင်ဖို့နဲ့ ခွဲခြားနိုင်ဖို့ မဖြစ်နိုင်သေးပါဘူး။ မိခင်အများစုဟာ ကိုယ်၀န်နုစဉ်မှာဆိုရင် ဗိုက်ထဲမှာု တလှပ်လှပ်ဖြစ်တဲ့ခံစားမှုမျိုးကိုသာ ခံစားရတတ်လေ့ရှိပါတယ်။ ကိုယ်၀န်၂၄ပတ်ကျော်လာပြီးတဲ့နောက်မှာတော့ ကလေးကန်တယ်ဆိုတဲ့ ခံစားမှုမျိုးကိုမကြာခဏရလာတတ်ပါပြီ။ သားဦး၊ သမီးဦးမဟုတ်ဘဲ ဒုတိယအကြိမ်ကိုယ်၀န်ဆောင်တဲ့မေမေတွေကတော့ ကိုယ်၀န်၁၃ပတ်ကျော်လာပြီးမကြာမီမှာပဲ ကလေးကန်တဲ့ခံစားမှုမျိုးကို ရလာတတ်ပါတယ်။

(၆) ကန်တဲ့အကြိမ်ရေလျော့သွားရင်ဂရုပြုဖို့လို
ကိုယ်၀န်၂၈ပတ်နောက်ပိုင်းရောက်တဲ့အခါ ဆရာ၀န်က ကလေးကန်တဲ့အကြိမ်ရေကို မပြတ်မှတ်သားဖို့ မှာကြားကောင်းမှာကြားနိုင်ပါတယ်။ သင့်အနေနဲ့ ကလေးကန်တဲ့ အကြိမ်ရေကို ၁၀ ကြိမ်အထိ လိုက်လံရေတွက်မှတ်သားထားဖို့ လိုနိုင်ပါတယ်။ ဒါပေမဲ့ သန္ဓေသားလှုပ်ရှားမှု အကြိမ်ရေလျော့ကျလာတယ်ဆိုရင်တော့ ဂရုစိုက်ဖို့လိုမှာပဲဖြစ်ပါတယ်။ ဒါဟာသန္ဓေသားအနေနဲ့ အောက်ဆီဂျင်လုံလုံလောက်လောက်မရလို့ဖြစ်နိုင်သလို သကြားဓာတ်လျော့ကျလို့လည်းဖြစ်နိုင်ပါတယ်။ တကယ်လို့ မိခင်အစားစားပြီး ၁နာရီကျော်ကြာတဲ့အထိ ကလေးကလှုပ်ရှားမှုမရှိဘူးဆိုရင် ဒါဟာစိုးရိမ်ဖို့ကောင်းပါတယ်။ တကယ်လို့ သန္ဓေသားလှုပ်ရှားတယ်လို့ မခံစားရဘူးဆိုရင်ရေအေးတစ်ခွက်သောက်တာ၊ ဒါမှမဟုတ် လမ်းလျှောက်တာမျိုးတွေလုပ်ကြည့်လို့ရပါတယ်။
တကယ်လို့ ကလေးကန်တဲ့အကြိမ်ရေ သိသိသာသာလျော့နည်းလာတာ၊ ဒါမှမဟုတ်လှုပ်ရှားမှုလျော့နည်းလာတာမျိုးကြုံနေရရင်တော့ ဆရာ၀န်နဲ့အမြန်ဆုံးသွားပြသင့်ပါတယ်။ ကလေးရဲ့ နှလုံးခုန်နှုန်းနဲ့ လှုပ်ရှားမှုလျော့နည်းသွားရတဲ့အကြောင်းရင်းတွေကို လိုအပ်တဲ့ ကိရိယာတွေနဲ့ စစ်ဆေးစမ်းသပ်ပြီးနောက်မှာ ဆရာ၀န်က လိုအပ်တဲ့ကုသမှု၊ ဆောင်ရွက်မှုတွေလုပ်ဆောင်သွားမှာပါ။

(၇) ကိုယ်၀န်၃၆ပတ်နောက်ပိုင်းကန်တဲ့အကြိမ်ရေလျော့ကျသွားတာ စိုးရိမ်စရာမဟုတ်
ကိုယ်၀န် ၃၆ ပတ်နောက်ပိုင်းရောက်လာတဲ့အခါမှာတော့ ရင်သွေးက မိခင်ရဲ့သားအိမ်ထဲမှာ မိနစ် ၄၀ ကနေ ၅၀ လောက်အထိ ကြာအောင် အနားယူနေတတ်ပါတယ်။ နောက်ပိုင်းကိုယ်၀န် ၃၆ ပတ်နောက်ပိုင်းမှာ ကလေးက ကြီးထွားလာတဲ့အတွက် မကြာခဏ လူးလှိမ့်တာမျိုးလုပ်မှာ မဟုတ်တော့ပါဘူး။ သင့်အနေနဲ့ နံရိုးအောက်နားလောက်မှာ ကလေးကန်တဲ့ ခံစားချက်မျိုးကို သတိပြုမိမှာပဲ ဖြစ်ပါတယ်။

ကဲ..ဒါတွေကတော့ ကိုယ့်ရင်သွေးလေးဗိုက်ထဲကနေ ကန်တာနဲ့ ပတ်သက်လို့ စိတ်၀င်စားဖွယ်အချက်လေးတွေကိုဖော်ပြပေးခဲ့တာပါ။မေမေတို့လည်း ကိုယ့်ရင်သွေးလေးဘယ်အချိန်ကန်လဲ၊ ဘယ်နှစ်ခါကန်လဲ ရေတွက်ရင်း ပျော်ရွှင်ကြည်နူးနိုင်ကြပါစေနော်။

💜 ခေါင်းကိုက်တယ် ဆိုတာ လူတိုင်းခံစားဖူးတဲ့ ဝေဒနာ တစ်ခုပါဘဲ.. ဒါပေမယ့် ကိုယ်ဝန်ဆောင်တွေမှာ ခေါင်းကိုက်တဲ့ အခါ တချို့ အရေး...
24/07/2022

💜 ခေါင်းကိုက်တယ် ဆိုတာ လူတိုင်းခံစားဖူးတဲ့ ဝေဒနာ တစ်ခုပါဘဲ..
ဒါပေမယ့် ကိုယ်ဝန်ဆောင်တွေမှာ ခေါင်းကိုက်တဲ့ အခါ တချို့ အရေးကြီး တဲ့ ကုသမှုတွေ ခံယူစရာ လိုတဲ့ အခြေအနေမျိုးတွေရှိတာမို့ ဘယ်လို အခါမျိုးမှာ စိတ်ပူစရာမလိုဘဲ ..ဘယ်လို အခါမျိုးမှာတော့ ဆရာဝန်/ OG ပြသင့်သလဲဆိုတာ သုံးသပ်ဆင်ခြင်နိုင်ဖို့ ..ရေးပေးလိုက်ပါတယ်..😊🥰

ကိုယ်ဝန်ဆောင် ခေါင်းကိုက်ခြင်း
💜💜💜💜💜💜💜💜💜💜

ကိုယ်ဝန်ဆောင်စဉ် ခေါင်းကိုက်ခြင်းဝေဒနာခံစားရခြင်းသည် အဖြစ်များသော ရောဂါ လက္ခဏာတစ်ခုဖြစ်ပါသည်။

ခန္ဓာကိုယ်တွင် ထုတ်လုပ်နေသော ကိုယ်ဝန်ဆောင်ဟိုမုန်းများကြောင့်လဲ ခေါင်းကိုက်ခြင်း ခံစားရတတ်ပါသည်။ သို့သော် ထိုအကြောင်းကြောင့် ခေါင်းကိုက်ခြင်းမှာ ဆိုးရွားလေ့မရှိဘဲ သာမန် အကိုက်အခဲပျောက်ဆေးအပျော့စားဖြစ်သော Paracetamol (ပါရာစီတမော့ 500mg – 1000mg) သောက်လျှင် သက်သာသွားလေ့ရှိပါသည်။

ကိုယ်ဝန်ဆောင်စဉ် ခေါင်းကိုက်ခြင်းဖြစ်စေနိုင်သည့် အခြားအကြောင်းများမှာ –

(၁) ပင်ပန်းလွန်းခြင်း ၊ အိပ်ရေးမဝခြင်း။
(၂) Stress / သောကများခြင်း
(၃) ကိုယ်ခန္ဓာ၌ ရေဓါတ်ခန်းခြောက်ခြင်း
(၄) ဆီးလမ်းကြောင်း (သို့မဟုတ်) ဝမ်းလမ်းကြောင်းပိုးဝင်ခြင်း
(၅) ကိုယ်ဝန်ဆောင်သွေးတိုးရောဂါဖြစ်ခြင်း
(၆) ကိုယ်ဝန်အဆိပ်တက်ရောဂါဖြစ်ခြင်း
(၇) Migraine (သို့မဟုတ်) ခေါင်းတခြမ်းကိုက်ခြင်းတို့ ဖြစ်ပါသည်။

🤔. ကိုယ်ဝန်ဆောင်နေစဉ် ခေါင်းကိုက်လျှင် ဘယ်လိုကုသမှုမျိုးကို အိမ်မှာလုပ်ဆောင် နိုင်ပါသလဲ?

💜 – အနားယူပါ။
– အိပ်ရေးဝအောင်အိပ်ပါ။
– ကျန်းမာသော အစားအစာများကို စားပါ။
– Stress ကျစေသော Yoga (ယောဂ) ၊ Mindfulness (အသက်ရှုသွင်း၊ ရှုထုတ်မှတ်ခြင်း) တို့ကို လုပ်ဆောင်ပါ။
– ရေကိုတစ်နေ့လျှင် (၂)လီတာခန့်သောက်ပါ။
– အပျော့စား အကိုက်အခဲပျောက်ဆေးဖြစ်သော ပါရာစီတမော (Paracetamol) 500 mg အား (သို့မဟုတ်) 1000 mg အား သောက်ပြီးအနားယူလိုက်ပါ။

အထက်ပါ လုပ်ဆောင်ချက်များဖြင့် သက်သာသွားလျှင် စိတ်ပူပန်စရာမလိုပါ။

🤔. ကိုယ်ဝန်ဆောင်ခေါင်းကိုက်ခြင်း ဝေဒနာကို ဘယ်လိုအခါမျိုးမှာ ဆရာဝန်နှင့် ပြသရန် လိုအပ်ပါသလဲ?

💜. (၁) အထက်ပါလုပ်ဆောင်ချက်များနှင့် မသက်သာလျှင် ဆရာဝန်နှင့် ပြသပါ။

(၂) ဖျားခြင်း ၊ ဆီးကျင်ခြင်း ၊ ဝမ်းသွားခြင်း၊ ကျောအောင့်နာခြင်း၊ ဗိုက်နာခြင်းများရှိလျှင် ပိုးသတ်ဆေးနှင့် ကုသရန်လိုအပ်နိုင်ပါသဖြင့် ဆရာဝန်နှင့်ပြသပါ။

(၃) အန်ချင်ခြင်း၊ မျက်စိကြည့်၍မကောင်းခြင်း၊ အပြင်တွင် တကယ်မရှိသော အလင်းရောင်များကို မြင်မိခြင်း၊ မျက်စိရှေ့ (သို့မဟုတ်) ဘေးတွင်မီးအဖွင့်/အပိတ် လုပ်လိုက် သလို လင်းကနဲ လက်ကနဲဖြစ်သွားခြင်း၊ ညာဘက်ဗိုက်အပေါ်ပိုင်းအောင့်ခြင်းတို့ဖြစ်ပါက ကိုယ်ဝန် ဆောင်သွေးတိုးရောဂါ (သို့မဟုတ်) ကိုယ်ဝန်အဆိပ်တက်ရောဂါတို့ ဖြစ်နိုင်ချေရှိသောကြောင့် သားဖွားမီးယပ်အထူးကုနှင့် အမြန်ဆုံးပြသရန်လိုအပ်ပါသည်။

Migraines / ခေါင်းတခြမ်းကိုက်ခြင်း
********************************
Migraines ကို ခေါင်းတခြမ်းကိုက်ခြင်းဟုဆိုသော်လည်း၊ တခြမ်းထက်ပိုမိုသော ခေါင်းကိုက် ခြင်းလည်း ဖြစ်နိုင်ပါသည်။
Migraines ဆိုသည်မှာ အဖြစ်များသော ခေါင်းကိုက်ရောဂါတစ်ခု ဖြစ်ပါသည်။ အချို့သော အမျိုးသမီးများတွင် ကိုယ်ဝန်မဆောင်မီအချိန်ကတည်းက ရှိနှင့်နေသော ခေါင်းကိုက်ခြင်းတစ်မျိုး ဖြစ်ပါသည်။

Migraines ၏ ရောဂါလက္ခဏာများမှာ –

– ဆိုးရွားစွာခေါင်းကိုက်ခြင်း ၊ ခေါင်းထဲတွင် စည်းချက်ညီညီ ထုနေသလိုခံစားရခြင်း။
– အန်ချင်ခြင်း ။
– အရမ်းလင်းသော မီးရောင်ကို ကြည့်မိရာမှ “စ”တင်ခြင်း ။
– မျက်စိရှေ့တွင် မီးရောင်များ ဖြတ်ကနဲ လင်းသွားသလို ခံစားရခြင်းမှ “စ”တင်ခြင်းတို့ ဖြစ်ပါသည်။

ရောဂါလက္ခဏာများမှာ ကိုယ်ဝန်ဆောင်သွေးတိုးရောဂါနှင့် ကိုယ်ဝန်အဆိပ်တက်ရောဂါ လက္ခဏာများနှင့် အလွန်တူသောကြောင့် ဤရောဂါလက္ခများရှိပါက သားဖွားမီးယပ်အထူးကုနှင့် အမြန်ဆုံးပြသဆွေးနွေးသင့်ပါသည်။

ထို့အပြင် ကိုယ်ဝန်မဆောင်မီကတည်းက Migraines ရောဂါရှိသော အမျိုးသမီးများသည် ရောဂါမရှိသော အမျိုးသမီးများနှင့်ယှဉ်လျှင် ကိုယ်ဝန်ဆောင်သွေးတိုးရောဂါ၊ ကိုယ်ဝန်ဆိပ်တက် ရောဂါတို့ဖြစ်နိုင်ချေ အနည်းငယ်ပိုများပါသည်။

သို့ပေမယ့် Migraines ရောဂါ တစ်ခုတည်းကတော့ မိခင်ရော၊ သန္ဓေသားကိုပါ စိုးရိမ်စရာ အန္တရာယ်ပေးလေ့မရှိပါဘူး။

⚠️👉အရေးအကြီးဆုံးလိုက်နာရမည့်အချက်များ
📍📍📍📍📍📍📍📍📍📍📍📍📍📍📍

(၁) Paracetamol (ပါရာစီတမော) 1000 mg ထိ သောက်လို့မှမသက်သာလျှင် ဆေးထပ် မသောက်ပါနှင့်။ ဆရာဝန်နှင့်ပြသ စစ်ဆေးသင့်ပါတယ်၊
(၂) အခြားသော အကိုက်အခဲပျောက်ဆေးများကို နားလည်တတ်ကျွမ်းသော ဆရာဝန်နှင့် မတိုင်ပင်ဘဲ သောက်သုံးခြင်းမှ ရှောင်ကျဉ်ပါ။ အချို့သော အကိုက်အခဲပျောက်ဆေးများမှာ ကိုယ်ဝန်နုသန္ဓေသားကိုသာမက ကိုယ်ဝန်ရင့်သန္ဓေသားကိုပင် အန္တရာယ်ပေးနိုင်ပါသည်။

အားလုံးဘဲ ကျန်းမာချမ်းသာပြီး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးနိုင်ကြပါစေ....🙏😊🥰

Helping Hands, Caring Heart
ဒေါက်တာမျိုးနန္ဒာ
သားဖွားနှင့် မီးယပ်/ အမျိုးသမီးရောဂါအထူးကု ( UK)

(က) ကိုယ်ဝန်ဆောင်၏ပြောင်းလဲမှုများ******************************ပထမ ၁၃ ပတ်************-ပင်ပန်းလွယ်၊ နုံးလွယ်ခြင်း-၂ ပေါင...
23/07/2022

(က) ကိုယ်ဝန်ဆောင်၏ပြောင်းလဲမှုများ
******************************

ပထမ ၁၃ ပတ်
************
-ပင်ပန်းလွယ်၊ နုံးလွယ်ခြင်း
-၂ ပေါင် ၃ ပေါင်တက်ခြင်း
-ရင်တုန်ခြင်း
-အသက်ရှူနှုန်း အနည်းငယ်ပိုမြန်ခြင်း
-ရင်သားကြီးပြီး ထိရင်ပိုနာခြင်း
-အန်ချင်ပြီး အစားပျက်ခြင်း
-သားအိမ်က ဆီးအိတ်ကို ဖိမိ၍ ဆီး အကြိမ်ရည် ပိုသွားခြင်း
-ဝမ်းချုပ်ခြင်း
-ပျော်လွယ်၊ ဝမ်းနည်းလွယ်ခြင်း

ဒုတိယ ၁၃ ပတ်
*************
-ညောင်းတာ နုံးတာသက်သာမည်။
-၉-၁၀ ပေါင်ထိ တက်နိုင်သည်။
-ကလေးအတွက် စိတ်ပူပြီး အာရုံစူးစိုက်မှု အားနည်းသည်။
-ဆံပင်ထူကောင်းထူလာမည်။
-ချို ချဉ် စပ် နှင့် အဆီများသော အစာများကို ချဉ်ခြင်းတက်နိုင်သည်။
-အချို့အစာများကို အရသာမတွေ့ခြင်း အနံ့မခံနိုင်ခြင်းများဖြစ်နိုင်သည်။

တတိယ ၁၃ ပတ်
**************
-ပင်ပန်းခြင်း, နုံးခြင်း
-မီးဖွားဖို့ အတွက် စိတ်ပူပန်ခြင်း
-၁၁ ပေါင်လောက်ထိတက်နိုင်ခြင်း
-ခါးနာခြင်း
-လဲလျောင်းရာတွင် သက်တောင့်သက်သာ မရှိ၍ အိပ်မပျော်ခြင်း
-သားအိမ်က အပေါ်ကို ကြီးလာပြီး အဆုတ်ကို ဖိ၍ အသက်ရှူရခက်ခဲခြင်း
-ဝမ်းပိုချုပ်လာခြင်း

(ခ) ဆောင်ရန် ရှောင်ရန်
*******************
(၁) အစား

၂ ယောက်စာ အာဟာရပြည့်အောင်စားဖို့ အလွန်အရေးကြီးသည်။ စားသမျှတွင် ကျက်အောင်ချက်စားခြင်းနှင့် သန့်ရှင်းလတ်ဆတ်မှုကို ဦးစားပေးပါ။ အာဟာရပြည့်အောင်စားမှ ကျဉ်ခြင်း ထုံခြင်း ဝေဒနာများကင်းဝေးပြီး ကျန်းမာသော ကလေး မွေးနိုင်မည်။ ပင်ပန်းနွမ်းနယ်ခြင်း သက်သာမည်။ အားဆေးသောက်လျှင် ဖောလစ်, သံဓာတ်, အိုင်အိုဒင်း, ဗိုက်တာမင် ဘီ 1, ဗိုက်တာမင်ဒီတို့ပါသော အားဆေး သောက်ပါ။

(၂) အသောက်

နေ့စဉ် ရေအနည်းဆုံး စုစုပေါင်း ၂ လီတာ သောက်ပါ။ ကော်ဖီလွန်ကဲစွာ သောက်ခြင်းကို ရှောင်ပါ။ ဝမ်းချုပ်ခြင်းသက်သာမည်။ ကေဖင်းပါသော အချိုရည်များရှောင်ရှားပါ။ မိခင်နှင့် ကလေးကျန်းမာရေး နှစ်မျိုးလုံးအတွက် ကောင်းသည်။

(၃) အအိပ်

အိပ်ရေးဝအောင်အိပ်ပါ။ မွေ့ရာနှင့်အိပ်လျှင် တင်းမာသော မွေ့ရာက ခါးနာခြင်းအတွက် ပိုသင့်လျော်ပါသည်။ အိပ်လျှင် ဗယ်ဘက် တစောင်းအိပ်ပါ။ ခြေထောက် ဖောခြင်း သက်သာမည်။ ပက်လက်အိပ်လျှင် ကြီးထွားနေသော သားအိမ်က သွေးပြန်ကြောမကြီးကို ဖိမိနိုင်၍ ခြေထောက်ပိုဖောနိ်ုင်သည်။

(၄) ကိုယ်နှင့် စိတ်လေ့ကျင့်ခန်း

လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း ရေကူးခြင်းများကို ကိုယ်ဝန် ၆-၇ လအထိ လုပ်နိုင်လျှင် လုပ်ပါ။ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများတွင် လမ်းလျှောက်ခြင်းက ကိုယ်ဝန်ဆောင် အတွက် အကောင်းဆုံးဖြစ်သည်။ ခါးနာ သက်သာပါမည်။

တရားထိုင်ခြင်း၊ Yoga ဆော့ခြင်း၊ သီချင်းနားထောင်ခြင်းက အာရုံစူးစိုက်မှု အားကောင်းစေပြီး စိုးရိမ်မှု စိတ်ဖိစီးမှု နည်းကာ စိတ်အေးချမ်းစေသည်။

*အလေးမခြင်း ရှောင်ရှားပါ။

(၅) မတ်တပ်ရပ်ခြင်း

ကိုယ်ဝန်ရင့်လာသည်နှင့် အမျှ အလုပ်တွင်၊ ဘတ်စ်ကားထဲတွင် ကြာရှည်စွာ မတ်တပ်ရပ်ခြင်း ရှောင်ရှားပါ။ ခါးနာခြင်းနှင့် ခြေထောက်ဖောခြင်း သက်သာမည်။ ခြေထောက်ဖောလျှင် တစ်နေ့ကို အနည်းဆုံး နာရီဝက်မှ တစ်နာရီကြာအောင် ခြေထောက်ကို ခုံပေါ် မြှောက်တင်၍ ထိုင်ပါ။
(ဘတ်စ်ကားစီးသူများ ကိုယ်ဝန်ဆောင်ကို နေရာပေးပါ)

(၆) ရေချိုးခြင်း

မနက်, ည အဆင်ပြေသလို ရေပုံမှန်ချိုးပါ။ ညနေ ရေချိုးခြင်းကြောင့် ကိုယ်ဝန်ထိခိုက်နိုင်သည်ဟု ဆိုကြသည်က မမှန်ပါ။

(၇) ခရီးထွက်ခြင်း

ကိုယ်ဝန် ၃၂ ပတ်ကျော်လျှင် ခရီးရှည်/ခရီးကြမ်း/ ခရီးဝေးမသွားတာ စိတ်ချရသည်။ လေယာဉ်ပျံနှင့် ကားအကြာကြီး စီးလျှင် ခြေထောက် သွေးခဲတတ်သည်။ အရင်က လမစေ့ဘဲမွေးဖူးလျှင်၊ သွေးပေါင်တက်ဖူးလျှင်၊ သွေးဆင်းဖူးလျှင်၊ ခက်ခဲစွာ မီးဖွားခဲ့ရလျှင် လက်ရှိကိုယ်ဝန်မှာ အရေးပေါ်မီးဖွားဖို့လိုလျှင် အခက်အခဲရှိနိုင်၍ ခရီးရှည်မသွားတာ ကောင်းသည်။ ၃၄ ပတ်ကျော်လျှင် လေကြောင်းလိုင်းအများစုက ဗိုက်ကြီးသည်မတင်ပါ။

(၈) ဆေးသောက်ခြင်း

မလိုအပ်ဘဲ ဆေးမသောက်ပါနှင့်။ ဖျားလျှင် ခေါင်းကိုက်လျှင် ဗိုက်အောင့်လျှင် ဝမ်းလျှောလျှင် သွေးဆင်းလျှင် နေမကောင်းဘူးထင်လျှင် ဆရာဝန်ပြပါ။ သွားကိုက်လျှင် သွားဆရာဝန်ဆီ အမြန်သွားသင့်ပါသည်။ ကိုယ့်ဘာသာဆေးမသောက်ပါနှင့်။ ဆေးသောက်ဖို့ ဆရာဝန်၏ အကြံပြုခံရတိုင်း ကိုယ်ဝန်ရှိစဉ် သောက်လို့ရလား သတိပေးပါ။ ဆေးလိပ်နှင့် အရက်ရှောင်ရှားပါ။ ဆေးလိပ်သောက်သူနှင့် ဝေးဝေးနေပါ။

(၉) အမျိုးသားနှင့် အတူနေခြင်း

ပြဿနာမရှိသော ကိုယ်ဝန်တွင် အမျိုးသားနှင့် အတူနေခြင်းကို ဆေးပညာအရ တားမြစ်ထားခြင်းမရှိပါ။ ကိုယ်ဝန်တွင် ကျန်းမာရေးပြဿနာတစ်ခုခုရှိလျှင် မိမိပြနေသော ဆရာဝန်ကို သီးသန့်မေးပါ။

(၁၀) အိမ်မွေးတိရစ္ဆာန်

ခွေး ကြောင် စသော အိမ်မွေး တိရစ္ဆာန်များနှင့် လက်ပွန်းတတီး မနေပါနှင့်။ ကြောင်၏ မစင်မှ ရောဂါပိုးအချို့က လက်မှတဆင့် ပါးစပ်ထဲရောက်လျှင် ကိုယ်ဝန်ပျက်ကျခြင်း, ကလေး ကိုယ်အဂါင်္ထိခိုက်ခြင်းတို့ ဖြစ်နိုင်ပါသည်။

crd

ဗိုက်ထဲက ကလေးလှုပ်ခြင်း"""""""""""""""""""""""""ဗိုက်ထဲက ကလေးစလှုပ်လျှင် မိခင်တို့ စိတ်လှုပ်ရှားပျော်ရွှင်ကြသည်။ မလှုပ်လ...
23/07/2022

ဗိုက်ထဲက ကလေးလှုပ်ခြင်း
"""""""""""""""""""""""""
ဗိုက်ထဲက ကလေးစလှုပ်လျှင် မိခင်တို့ စိတ်လှုပ်ရှားပျော်ရွှင်ကြသည်။ မလှုပ်လျှင် စိုးရိမ်ကြသည်။

ကိုယ်ဝန်သက် ၁၈ ပတ်မှ ၂၅ ပတ်အတွင်း ကလေးလှုပ်ခြင်းကို စခံစားရသည်။ ပထမဆုံးကိုယ်ဝန်တွင် ၂၅ ပတ်နီးမှ ကလေးလှုပ်တာ သတိထားမိနိုင်သည်။ ဒုတိယ၊ တတိယအကြိမ်ကိုယ်ဝန်ဖြစ်လျှင် အတွေ့အကြုံရှိသော မေမေက ၁၈ ပတ်ဝန်းကျင်တွင် ကလေးလှုပ်တာ စသိသည်။

မိခင်အများစုက ကလေးအိပ်ချိန်နှင့် နိုးချိန်ပါ ကောင်းကောင်းခွဲခြားနိုင်သည်။

ဗိုက်ထဲက ကလေးလှုပ်ခြင်း အရေးပါပုံ
""""""""""""""""""""""""""""""""""""
၂၈ ပတ် ကျော်လျှင် ကလေးလှုပ်ခြင်းကို အကြိမ်ရေမှတ်ခြင်းက ရိုးရှင်း၍ အသုံးဝင်သည်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်တွင် သွေးတိုး၊ ဆီးချို၊ အချင်းပုံမမှန်ခြင်း စသည့်ပြဿနာရှိသူများအတွက် ကလေး လှုပ်ရှားမှု လျော့နည်းလွန်းခြင်းက ကလေး နေမကောင်းကြောင်းပြသည့် အစောဆုံး လက္ခဏာ ဖြစ်နိုင်သည်။ သို့သော် ပုံမှန်ကျန်းမာနေသော မိခင်များ ကလေးလှုပ်ခြင်း အကြိမ်ရည် မှတ်ခြင်းဖြင့် စိုးရိမ်မှု မလွန်ကဲစေလိုပါ။

ကလေးလှုပ်ခြင်း သိသာစွာ လျော့နည်းသွားပါက ဗိုက်အပ်ထားသောOG နှင့် နောက်တစ်ရက်ထိ မစောင့်ဘဲ ဆက်သွယ်သင့်သည်။ OG က စိုးရိမ်လျှင် ကလေးတွင် ပြဿနာရှိမရှိ ချက်ချင်း စစ်ဆေးလိမ့်မည်။

ဗိုက်ထဲက ကလေးလှုပ်ခြင်း မှတ်သားပုံ
""""""""""""""""""""""""""""""""""""
တစ်နေ့တာ၏ ကလေးလှုပ်ရှားမှု အများဆုံးဖြစ်လေ့ရှိသော အချိန်ကို ရွေး၍ မိခင်အနားယူပါ။ ထို့နောက် ထိုင်လျက် (သို့မဟုတ်) ဘယ်ဘက် တစောင်းလှဲ၍ ကလေး ကန်ခြင်း၊ လှိမ့်ခြင်း၊ တွန်းခြင်း၊ တိုးခြင်းစသည့် လှုပ်ရှားမှုများကို အကြိမ် မှတ်သားပြီး ၁၀ ချက်လှုပ်ဖို့ ဘယ်လောက်ကြာလည်းတွက်ခြင်းဖြစ်သည်။ အိမ်ထဲ သွားသွားလာလာနှင့်လည်း မှတ်နိုင်သည်။ ကလေးအိပ်ပျော်နေချိန် မမှတ်ပါနှင့်။

၂ နာရီအတွင်း အနည်းဆုံး ၁၀ ကြိမ်လှုပ်လျှင် ပုံမှန်ဖြစ်ပါသည်။ စမှတ်ချိန်မှ ၂ နာရီ မပြည့်ခင် ၁၀ ကြိမ်ပြည့်သွားလျှင် ကလေးက ကျန်းမာနေကြောင်း ပြသည်။

နေနေမိုးဆွေ (Child Health Myanmar
Page)
Pictures- credits to Google
Reference- American Pregnancy Organization

🤰ကိုယ့်အနားမှာ စိတ်အပြောင်းအလဲမြန်ပြီး ဆတ်ဆတ်ထိမခံဖြစ်တတ်တဲ့ မဗိုက်လေးတွေမြင်ရင် အပြစ်မမြင်ပါနဲ့၊ နားလည်ပေးလိုက်ပါနော်.....
21/07/2022

🤰ကိုယ့်အနားမှာ စိတ်အပြောင်းအလဲမြန်ပြီး ဆတ်ဆတ်ထိမခံဖြစ်တတ်တဲ့ မဗိုက်လေးတွေမြင်ရင် အပြစ်မမြင်ပါနဲ့၊ နားလည်ပေးလိုက်ပါနော်...

အမျိုးသမီးတွေ တစ်လတစ်ကြိမ် period လာခါနီး PMS ဖြစ်သလိုပဲ အရမ်း sensitive ဖြစ်ပြီး mood swings တွေဖြစ်တာဟာ ကိုယ်ဝန်ဆောင်မေမေတွေမှာလည်း ဖြစ်ကြတာ သဘာဝပါပဲ...

😍အခုပဲဗိုက်ထဲကကလေးလေးအကြောင်းတွေးပြီး ရီနေပြုံးနေလိုက်၊ ဟာသမြင်ပြီးရယ်နေရာကနေ ချက်ချင်းဗိုက်တွေထဆာလိုက်ဖြစ်တာလည်း ပုံမှန်ပါပဲ .....

😭ဟော ခနနေတော့ ငူငူငိုင်ငိုင်ဖြစ်လိုက်၊ ဝဝဖိုင့်ဖိုင့်ကိုယ့်ခန္တာကိုယ်ကြီးကိုယ်ကြည့်ပြီး စိတ်ဓာတ်ကျလိုက်၊ ရုတ်တရက် ကိစ္စသေးသေးလေးကို ဒေါသတွေထွက်လိုက်၊ ငိုလိုက်ယိုလိုက်နဲ့ ဖြစ်လာရင် ဆန်းဆန်းတင့်တယ် မပြောပါနဲ့နော်....

ကိုယ်ဝန်ဆောင်မေမေတွေရဲ့စိတ်က အလိုလိုနေရင်းကို အားငယ်ပြီးနုနယ်နေတဲ့အချိန်ပါ။ ကျမဆို ကိုယ်စားချင်တာတွေ မရမကရှာပြီးစားလိုက်မှ ပြန်ကောင်းသွားသလိုလိုရှိပေမဲ့ မကြာပါဘူး အနားမှာရှိတဲ့ အမျိုးသားကို ပြဿနာရှာအော်ငေါက်မိပြန်ရော...

တစ်ခါတစ်လေလည်း ငိုရင်းရေခဲမုန့်ခပ်စားလိုက်နဲ့ စိတ်ခံစားချက်ကတော့ roller coaster လို လုံးဝ ချက်ချင်းတက်လိုက်ကျလိုက်ပဲ ... ကိုယ့်ဟာကိုယ် "ငါများရူးသွားပြီလား?" လို့တောင်တွေးဖူးတယ် ...

တစ်ချို့ဖေဖေတွေကတော့ထင်ကြမယ်... မေမေဗိုက်လေးတွေက ဂရုစိုက်ခံချင်လို့များ သပ်သပ်ပြဿနာရှာ၊ ရစ်နေတာလားပေါ့?

ဒါလည်းမဟုတ်ရပါဘူး... ကိုယ်ဝန်ဆောင်ချိန် mood swings ဖြစ်တယ်ဆိုတာ ပုံမှန်ပဲဖြစ်ပြီးတော့ ဖြစ်ရတဲ့အကြောင်းရင်းတွေကလည်းအများကြီးပါပဲ။ သားဦးမေမေတွေဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ တအားစိတ်လှုပ်ရှားတတ်ကြတယ်၊ စိုးရိမ်တတ်ကြတယ်၊ တစ်ခါတစ်လေအတွေးလွန်ပြီးကြောက်တတ်ကြတယ်။

🤰ဗိုက်ထဲက ကလေးလေးကျန်းမာရဲ့လား? ကလေးမှလှုပ်သေးရဲ့လား?
🤰ကလေးမွေးရင် နာများနာမလားမသိဘူး?
🤰ကလေးရှိလာပြီဆိုတော့ ငွေရေးကြေးရေးဒီထက်ပိုအဆင်ပြေအောင် ဘာလုပ်ရမလဲ?
🤰ငါအမေတစ်ယောက်ဖြစ်ဖို့ အဆင်သင့်မဖြစ်သေးမှာစိုးရိမ်လိုက်တာ..
🤰ကလေးအတွက်ပြင်ဆင်တာတွေက မပြည့်စုံလောက်သေးဘူးထင်တယ်...

ဒီလိုအတွေးတွေများပြီး အပြောင်းအလဲတွေအတွက် စိုးရိမ်ပူပန်မှူတွေများပြီးတော့ mood swings ဖြစ်ကြတာ သဘာဝပါပဲနော်။

Mood swings ဖြစ်ရတဲ့တစ်ခြားအကြောင်းရင်းတွေကတော့ -

1. ဟော်မုန်းအပြောင်းအလဲကြောင့်။

အကြီးမားဆုံးတရားခံကတော့ ကိုယ်ဝန်ဆောင်မေမေတွေမှာဟော်မုန်းရုတ်တရက်မြင့်တက်လာတာကြောင့်ပဲဖြစ်ပါတယ်။ ကိုယ်ဝန်အစောပိုင်းအချိန်တွေမှာ အီစထရိုဂျင်နဲ့ ဂရိုဂျက်စတီရုန်းဟော်မုန်းတွေရဲ့ လွှမ်းမိုးမှုကအတော်ကြီးပါတယ်။ ဒီဟော်မုန်းတွေက လူတစ်ယောက်ရဲ့ စိတ်အခြေအနေကို ကိုင်တွယ်တဲ့နေရာမှာ အဓိကပါပဲ။ ဒါကြောင့် စိုးရိမ်စိတ်၊ ဒေါသထွက်စိတ်၊ စိတ်ဓာတ်ကျခြင်း၊ ဝမ်းနည်းခြင်းတွေ အလိုလိုဖြစ်လာတာဖြစ်ပါတယ်။

2. အိပ်ရေးပျက်ပြီး ပင်ပန်းနွမ်းနယ်တာကြောင့်။

ကံမကောင်းစွာနဲ့ အိပ်ရေးပျက်တာက ကိုယ်ဝန်ဆောင်ချိန်တစ်လျှောက်လုံးမှာကြုံရတတ်ပါတယ်။ ကိုယ်ဝန်လရင့်လာလေလေ ကိုယ်အလေးချိန်ကတက်လာလေလေ၊ ဝမ်းဗိုက်ကကြီးလာလေလေမို့ လမ်းလျှောက်ရတာလည်း လေးလံပြီး ပုံမှန်ထက်ပိုပင်ပန်းနေတတ်ပါတယ်။ မွေးခါနီးလေ လှုပ်ရှားရခက်၊ အိပ်ယာပေါ်မှာ ဟိုဖက်နဲ့ဒီဖက်တောင် ပြောင်းဖို့ အချိန်ယူပြီးဂရုစိုက်ရပါတယ်။ ညဖက်လည်း ဆီးခနခန ထသွားရတော့ မေမေဗိုက်လေးတွေမှာ အိပ်ရေးတွေပျက်ပြီး ပင်ပန်းနွမ်းနယ်နေတတ်တဲ့အတွက် စိတ်အလိုမကျဖြစ်တတ်ပါတယ်။

3. မူးဝေ၊ ပျို့အန် morning sickness ကြောင့်။

တစ်ချို့မေမေတွေမှာ ကိုယ်ဝန်စရှိတာနဲ့ ပျို့အန်ပြီး ဘာမှမစားနိုင်တဲ့ ဝေဒနာကိုခံစားရလေ့ရှိပါတယ်။ ကိုယ်ဝန် ၃ လလောက်မှာ တစ်ချို့ကအလိုလိုသက်သာသွားပေမဲ့ ကိုယ်ဝန်ဆောင်မေမေတစ်ချို့ကတော့ လရင့်တဲ့ထိ ဒီဝေဒနာကိုခံစားရပါတယ်။

4. ခန္တာကိုယ်အပြောင်းအလဲတွေကြောင့်။

လပိုင်းလေးအတွင်းမှာတင် ကိုယ့်ရဲ့ခန္တာကိုယ်က ပေါင်ချိန်တွေအများကြီးတက်သွားပြီး မျက်နှာတွေ လက်တွေ ခြေထောက်တွေ ဖောလာတဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကလည်း မေမေဗိုက်လေးတွေကို mood swing ဖြစ်စေပါတယ်။ ကလေးမွေးပြီးရင် အရင်လိုပြန်ဖြစ်ပါ့မလား? ဆက်ဝနေမလား? စတဲ့အတွေးတွေနဲ့ စိတ်ဖိစီးတတ်ကြပါတယ်။

5. စိတ်ဖိစီးမှုနဲ့ ပူပင်သောကတွေကြောင့်။

သားဦးမေမေတွေဆိုရင် ပိုပြီးစိတ်ပူပန်သောကများတတ်ကြပါတယ်။ ခွဲမွေးတဲ့အတွေ့အကြုံ၊ ရိုးရိုးမွေးတဲ့အတွေ့အကြုံတွေကို ကြိုတွေးပြီး စိတ်ပူပင်နေတတ်ကြပါတယ်။ ကလေးလှုပ်သေးရဲ့လား? ကလေးအတွက်ပြင်ဆင်ထားတာတွေက ပြည့်စုံပါ့မလား? ခွဲမွေး/ ရိုးရိုးမွေးတာ သူများပြောသလို အရမ်းနာမှာလား? ကလေးနဲ့ပတ်သက်ပြီးအတွေ့အကြုံမရှိလို့ ကလေးမွေးပြီး ကောင်းကောင်းမထိန်းတတ်ရင် ဘယ်လိုလုပ်မလဲ? စသဖြင့်တွေးပူလေ့ရှိကြပါတယ်။

ကိုယ်ဝန်ဆောင်မေမေတွေ mood swings ဖြစ်လာတဲ့အခါ စိတ်ဖိစီးမှုကို ဘယ်လိုကိုင်တွယ်ကြမလဲ?

❤️ ခင်ပွန်း၊ မိသားစုရဲ့နားလည်ဖေးမမှုသည် နံပတ်(၁) အရေးအကြီးဆုံးဖြစ်ပါတယ်။ ခင်ပွန်းက နွေးနွေးထွေးထွေးဆက်ဆံသင့်ပြီး၊ ကိုယ်ဝန်ဆောင်မေမေကို ခါတိုင်းထက် နားလည်မှု ၂ဆပိုပေးလိုက်ပါနော်။ မိသားစုကလည်း အိမ်အလုပ်တွေ ကူညီပေး၊ ဂရုစိုက်ပေးသင့်ပါတယ်။

❤️ကိုယ်ကြုံတွေ့နေရတာတွေက တစ်ယောက်တည်းမဟုတ်ဘူး၊ ပြီးတော့ဒါဟာ ကိုယ်ဝန်ဆောင်ချိန်ကြုံတွေ့ရတဲ့ သဘာဝဖြစ်စဉ်ဆိုတာ အမြဲအမှတ်ရပါ။

❤️အိပ်ရေးဝဝအိပ်ပေးပါ။ ဗိုက်ကြီးပူလာလေလေ လှုပ်ရှားဖို့မလွယ် အပေါ့ခနခနသွားရ၊ အိပ်ပျော်ဖို့ခက်လာပေမဲ့ အနားယူဖို့အရမ်းအရေးကြီးပါတယ်။

❤️ကောင်းကောင်းစားပါ။ ကျမဆိုမွေးခါနီးထိကို စားချင်တာတွေစားမဆုံး စားပါတယ်။ အစားကောင်းကောင်းစားရရင် စိတ်ကအလိုလိုပျော်လာပါတယ်။

❤️အမျိုးသားနဲ့အတူတူ အချိန်ကုန်ဆုံးကြည်နူးပါ။ ကလေးလေးမထွက်လာခင် သူနဲ့ကိုယ်ရဲ့အချိန်လေးတွေ တန်ဖိုးရှိလို့ ရုပ်ရှင်တူတူကြည့်တာ၊ ဟင်းတူတူချက်စားတာမျိုးလေးတွေ လုပ်ပါနော်။

❤️လမ်းဖြေးဖြေးမှန်မှန်လေးလျှောက်ပြီး ကိုယ်လက်လှုပ်ရှားလုပ်ပါ။ ညဖက်ပိုအိပ်ပျော်စေပြီး စိတ်ဖိစီးမှုလျော့စေပါတယ်။ ကိုယ်ဝန်ဆောင် Yoga လေ့ကျင့်ခန်းလေးတွေလည်း လုပ်နိုင်ပါတယ်။

❤️တအားအပင်ပန်းခံ၊ စိတ်ဖိစီးမခံပါနဲ့။ မေမေကအမေကောင်းတစ်ယောက်ဖြစ်ဖို့ကြိုးစားနေတာဖြစ်လို့ အစစအရာရာအဆင်ပြေဖို့ပဲတွေးထားပါနော်။

တစ်ကယ်လို့ mood swing အဆင့်တင်မဟုတ်ပဲ တအားအခြေအနေဆိုးလာတယ်ဆိုရင်

ဥပမာ -

✅အမြဲစိုးရိမ်ပူပန်မှုတွေများပြီး တအားစိတ်ဆိုးဒေါသထွက်မယ်။

✅အိပ်ပျော်ဖို့အထိပါ စိတ်အနှောက်အယှက်ဖြစ်လာမယ်။

✅ဘယ်အရာကိုမှအာရုံမစိုက်နိုင်တော့ဘူး။

✅ရေတိုမှတ်ဉာဏ်အထိမေ့လျော့လာတယ်ဆိုရင်တော့ Depression အဆင့်ထိရောက်မှာစိုးတဲ့အတွက် ကျွမ်းကျင်ဆရာဝန်တွေနဲ့တိုင်ပင်သင့်ပါတယ်နော်။

မေမေဗိုက်လေးတို့ အားလုံး ကျန်းမာပျော်ရွှင်ကြပါစေ 💖

မေမေမြဘုန်းဆင့်

ကိုယ့်ကိုယ်ကို ဂရုစိုက်တာက ဗိုက်ထဲက ကလေးကို ဂရုစိုက်တာနဲ့ အတူတူပါပဲ(၁) ဖောလစ်အက်ဆစ်၊ သံဓါတ် စတဲ့ ဗီတာမင်ဆေးဝါးတွေ နေ့စဥ်...
18/07/2022

ကိုယ့်ကိုယ်ကို ဂရုစိုက်တာက ဗိုက်ထဲက ကလေးကို ဂရုစိုက်တာနဲ့ အတူတူပါပဲ

(၁) ဖောလစ်အက်ဆစ်၊ သံဓါတ် စတဲ့ ဗီတာမင်ဆေးဝါးတွေ နေ့စဥ်မှန်မှန်သောက်ပါ။

(၂) နေ့တိုင်းလေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။

(၃) ကလေးမွေးမယ့် အစီအစဥ်တွေ ရေးထားပါ။

(၄) ကိုယ်ဝန်ဆောင်အကြောင်း၊ ကလေးအကြောင်း လေ့လာပါ။ စာဖတ်ပါ။

(၅) နေထိုင်မှု ပုံစံပြောင်းပါ (ဓါတုပစ္စည်းတွေပါတဲ့ အိမ်သန့်ရှင်းရေး ပစ္စည်းတွေ၊ ပစ္စည်းအလေးမတာတွေ ရှောင်ပါ)

(၆) ကိုယ်အလေးချိန်ကို နေ့တိုင်း ချိန်ပါ။

(၇) သက်တောင့်သက်သာဖြစ်မယ့် ဖိနပ်ကိုသာ စီးပါ။

(၈) ဖောလိတ်ကြွယ်ဝတဲ့ အစားအ‌သောက်တွေ နေ့တိုင်းပါအောင်စားပါ။

(၉) ကယ်ဆီယမ်ကြွယ်ဝတဲ့ အစားအသောက်တွေ နေ့တိုင်းစားပါ။

(၁၀) ငါးစားပါ (မာကျူရီပါတဲ့ ငါးကိုတော့ ရှောင်ပါ)

(၁၁) အမျှင်ဓါတ်ပါတဲ့ အစားအသောက်တွေကို စားပါ။

(၁၂) ဟင်းသီးဟင်းရွက် များများစားပါ။

(၁၃) တစ်ရက်ကို ငါးကြိမ် ခြောက်ကြိမ်အထိ စားနိုင်ပါတယ်။

(၁၄) အလွန်အမင်း မစားပါနဲ့။

(၁၅) ကော်ဖီ၊ လက်ဖက်ရည်သောက်တာ ကန့်သတ်ပါ။

(၁၆) ရေများများသောက်ဖို့ မမေ့ပါနဲ့။

(၁၇) အရက် လုံးဝ မသောက်ရ။

(၁၈) ကိုယ်ဝန်သက်တမ်းရင့်လာရင် ခရီးသွားတာ သတိထားပါ။

(၁၉) ကြောင်ကို မကိုင်ပါနဲ့။

(၂၀) အန္တရာယ်မရှိတဲ့ တစ်ခုခုစားချင်တဲ့စိတ်ရှိရင် စားပေးပါ။

(၂၁) ဆရာဝန်နဲ့ အမြဲပြပါ။ မသိတာရှိရင် မေးပါ။

(၂၂) ဆေးလိပ်လုံးဝ မသောက်ရ။ သူများဆေးလိပ်ငွေ့ကိုလည်း ဝေးဝေးရှောင်ပါ။

(၂၃) အိပ်ရေးဝဝ အိပ်ပါ။

(၂၄) ကားစီးတဲ့အခါ အသက်ကယ်ထိုင်ခုံခါးပတ် ပတ်ထားပေးပါ။

(၂၅) ဆရာဝန်ညွှန်ကြားမထားတဲ့ ဆေးတွေကို လုံးဝ မသောက်ရ။

(၂၆) သွားကျန်းမာရေးအတွက် သွားနဲ့ခံတွင်း ဆရာဝန်နဲ့ ပြသပါ။

(၂၇) ကိုယ်ဝန်ဆောင်တွေအတွက် ဖွင့်ပေးတဲ့ သင်တန်းတွေ တက်ပါ။

(၂၈) ဘဝတူ ကလေးအမေတွေရဲ့ စကားသံတွေ အတွေ့အကြုံတွေကို နားထောင်ပါ။

(၂၉) ဘယ်မှာမွေးမလဲဆိုတာ ဆုံးဖြတ်ပါ။

(၃၀) ယောဂကျင့်ပါ။

(၃၁) လေ့ကျင့်ခန်းလုပ်ပါ။ အလွန်အကျွံမလုပ်ရ။

#ကိုယ်ဝန်ဆောင်
#ကျန်းမာရေး

"ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မေမေအစပ်စားရင်ဘာဖြစ်မလဲ?               မိဘ/ဖိုး/ဖွားတွေနဲ့ အတူတူနေရတဲ့ သားဦးမေမေတွေအနေနဲ့ ကိုယ...
13/07/2022

"ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မေမေအစပ်စားရင်ဘာဖြစ်မလဲ?
မိဘ/ဖိုး/ဖွားတွေနဲ့ အတူတူနေရတဲ့ သားဦးမေမေ
တွေအနေနဲ့ ကိုယ်ဝန်ဆောင်တာနဲ့ "ဟိုဟာမစားနဲ့ ဟိုလိုမလုပ်နဲ့"/ကလေးမွေးပြီးတဲ့အခါ "ကလေးကဘာဖြစ်ပြန်ပြီ။
အမေက အစားမရှောင်တာကို""ကလေးက အီးစိမ်းနေတယ်။အမေဘာတွေ စားထားလဲ"စသဖြင့် မျိုးစုံ တားမြစ်
ခံရတတ်ပါတယ်။လူကြီးတွေက ရှေးရိုးစွဲမို့ မိခင်ရော/ကလေးပါ တစ်ခုခုဖြစ်မှာ စိုးရိမ်ကြတဲ့အတွက်ပါ။ဒါပေမဲ့
ဒီနေ့ခေတ်မှာတော့ ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မေမေတွေဟာ
အာဟာရပြည့်အောင် အစုံစားဖို့လိုအပ်တယ်ဆိုတာ ဆရာဝန်တွေက ပုံစံမျိုးစုံနဲ့ ပညာပေးလာကြပြီဖြစ်ပါတယ်။
ကျွန်မတို့လျှာဟာ အရသာမျိုးစုံကို သိနေတဲ့အတွက်
ချို/ချဉ်/ငံ/ဖန်/စပ်/ခါး ကိုယ်ကြိုက်တဲ့အရသာလေးတွေ
ပိုစားဖြစ်ကြပါတယ်။ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးနို့တိုက်
ချိန်မှာ အစပ်မစားရဘူးလို့ မေမေတော်တော်များများက
သတိပေးခံရပြီး မနေနိုင်လို့ စားမိတိုင်း မေမေတွေမှာ
ကလေးဘာဖြစ်သွားမလဲ စိတ်ပူရင်း မလုံမလဲဖြစ်နေရပါ
တယ်။
ဆရာဝန်တွေက ကိုယ်ဝန်ဆောင်စဉ်နဲ့ နို့တိုက်နေစဉ်
အစပ်စားတာဟာ ကလေးကို လုံးဝမထိခိုက်နိုင်ပါဘူးလို့
၁၀၀% ထောက်ခံထားကြပါတယ်။မိခင်ကအစပ်စားလို့
ကလေးဘာဖြစ်သွားတယ်ဆိုတဲ့ ဆေးပညာအထောက်အထား မရှိသေးပါဘူးတဲ့။ဘာဖြစ်လို့လဲဆိုတော့ မေမေတွေစားလိုက်တဲ့အစာတွေဟာ ချက်ချင်းနို့အုံထဲတန်း
ရောက်သွားတာမျိုးမဟုတ်ဘဲ ခန္ဓာကိုယ်ထဲက Organ
တွေက သူတို့တာဝန်အတိုင်း အဆင့်ဆင့်အစာချက်လုပ်
ဆောင်ပြီးမှ အဲဒီအာဟာရတွေ သွေးထဲရောက်ပြီး သွေးက
တဆင့် မိခင်နို့အနေနဲ့ ကလေးဆီရောက်သွားတာဖြစ်ပါ
တယ်။
တချို့ဆရာဝန်တွေက အစပ်စားဖို့တားမြစ်တယ်ဆို
တာ ကလေးအတွက်မဟုတ်ဘဲ မိခင်အတွက်ဖြစ်ပါတယ်။
မေမေက အစပ်အများကြီးစားရင်
(၁)ရင်ပူတာ/ဗိုက်နာတာ
(၂)လေပွ/လေအောင့်တာ
(၃)ရေဓာတ်ခမ်းခြောက်တာ တွေကြောင့် အော့အန်/မူးဝေ
ဝမ်းလျှောတာတွေ ဖြစ်လာတတ်ပါတယ်။ဒါကြောင့် ကိုယ်
ဝန်ရင့်တဲ့ နောက်ဆုံးသုံးလမှာတော့ အစပ်လျှော့စားသင့်
ပါတယ်။
ကိုယ်ဝန်ဆောင်တဲ့အချိန်မေမေက အရသာအစုံစားထားရင် ကလေးက ဖြည့်စွက်စာကျွေးတဲ့အချိန်တွေမှာ
အစာအားလုံးစားတတ်သူ/အစာကျွေးရလွယ်သူ ဖြစ်လာ
ပါလိမ့်မယ်။
ကိုယ်ဝန်ဆောင်ချိန်နဲ့နို့တိုက်ချိန်မှာ ဆရာဝန်တွေက
(၁)သားစိမ်း/ငါးစိမ်း
(၂)အရက်သေစာ
(၃)မာကျူရီမြင့်တဲ့ငါးတွေ
(၄)ကဖိန်းဓာတ်ပါတဲ့အစာတွေကို အတတ်နိုင်ဆုံးရှောင်ဖို့
အကြံပြုထားကြပါတယ်။
မာကျူရီမြင့်တဲ့ငါးတွေစားရင် ခန္ဓာကိုယ်ထဲက ဗဟိုနာ့ဗ်ကြောရဲ့ လုပ်ဆောင်ချက်တွေ ကမောက်ကမဖြစ်သွားပြီး
ကလေးက
(၁)Motar skill နောက်ကျတာ
(၂)ဦးနှောက်ဖွံ့ဖြိုးမှုနှေးတာ
(၃)စကားပြောနောက်ကျတာ မျိုးဖြစ်လာနိုင်ပါတယ်။
ဒါကြောင့်မေမေတွေအနေနဲ့ ကိုယ်ဝန်ဆောင်ချိန်နဲနို့
တိုက်ချိန်တွေမှာ စပ်တဲ့အစားအစာတွေကိုပုံမှန်အတိုင်း
စားနိုင်ပြီး တခြား အာဟာရပြည့်စေတဲ့အစာအုပ်စုဝင်သုံး
ခုစလုံးကိုလည်း မျှတအောင်စားဖို့လိုအပ်ပါတယ်။တချို့
လူကြီးတွေက ကလေးလေပွမှာစိုးလို့ ပဲအမျိုးမျိုး/အာလူးမစားခိုင်းတာမျိုးရှိတတ်ပါတယ်။တကယ်လို့မေမေက
အသားကို ကလေးသံထမှာစိုးလို့ မစားရဲ/အရွက်စိမ်းကို
ကလေးအီးစိမ်းမှာစိုးလို့ မစားရဲ/ပဲနဲ့အာလူးကို ကလေး
လေနာမှာစိုးလို့ မစားရဲဖြစ်နေမယ်ဆိုရင်တော့ မေမေရဲ့
သွေးထဲမှာ ကလေးကြီးထွားဖွံ့ဖြိုးဖို့/ဉာဏ်ကောင်းဖို့လိုအပ်
တဲ့ အသားဓာတ်/ဗီတာမင်နဲ့သတ္တုဓာတ်တွေ ချို့တဲ့လာပြီး
ကလေးက အာဟာရမပြည့်တာ/ဝိတ်မတက်တာ/ကိုယ်ခံ
အားနည်းပြီး ခဏခဏဖျားတာမျိုးဖြစ်လာနိုင်ပါတယ်ရှင်။
(Ref:https/www.healthline.com)
ညနေမိုး(ကလေး)
-Kalay

ကိုယ်ဝန်‌ဆောင်ချိန်တွင်း မာလကာသီးစားခြင်း အကျိုးကျေးဇူးမာလကာသီးက အရသာရှိတဲ့ အသီးဖြစ်သလို အစာလည်းကြေလွယ်တယ်။ ကိုယ်ဝန်ဆောင...
06/07/2022

ကိုယ်ဝန်‌ဆောင်ချိန်တွင်း မာလကာသီးစားခြင်း အကျိုးကျေးဇူး

မာလကာသီးက အရသာရှိတဲ့ အသီးဖြစ်သလို အစာလည်းကြေလွယ်တယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ချလက်ချစားလို့ရတဲ့ အသီးပါ။ ကလေးအတွက်ရော ကိုယ်ဝန်ဆောင်အတွက်ပါ အာဟာရတွေ အများကြီးရှိပါတယ်။

ကိုယ်ခံစွမ်းအား

မာလကာသီးမှာ ဗီတာမင်စီ ကြွယ်ဝစွာပါလို့ ကိုယ်ခံစွမ်းအားအတွက် ကောင်းပါတယ်။ မိခင်ခန္ဓာကိုယ် ဇီဝဖြစ်စဥ်နဲ့ ကိုယ်ခံစွမ်းအား ကောင်းမွန်စေပြီး ကလေးဆီရောက်လာနိုင်တဲ့ ရောဂါပိုးအမျိုးမျိုးကို ခုခံပေးကာကွယ်ပေးပါတယ်။

သွေးပေါင်ချိန်

ကိုယ်ဝန်ရှိချိန်တွင်းမှာ သွေးပေါင်ချိန် မြင့်တက်နိုင်ချေများတယ်။ မာလကာသီးမှာ ပိုတက်ဆီယမ်ဓါတ်ကြွယ်ဝစွာပါလို့ သွေးပေါင်ချိန်ထိန်းညှိ့ပေးတယ်။ သွေးပေါင်ချိန် မြင့်တက်သွားတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးတယ်။ ကိုယ်ဝန်ပျက်ကျတာနဲ့ လမစေ့ဘဲမွေးတဲ့အန္တရာယ်တွေ လျှော့နည်းစေတယ်။

သွေးတွင်းသကြားဓါတ်

မာလကာသီးမှာ အမျှင်ဓါတ်များစွာပါလို့ သွေးတွင်းသကြားဓါတ်ပမာဏကို ထိန်းညှိပေးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့ ဆီးချိုပြဿနာကိုလည်း ထိန်းပေးထားနိုင်ပါတယ်။

ဝမ်းချုပ်ခြင်းနဲ့ လိပ်ခေါင်း

ကိုယ်ဝန်ဆောင်ဟော်မုန်းကြောင့် ဝမ်းချုပ်ခြင်းနဲ့ လိပ်ခေါင်းရောဂါ ဖြစ်တတ်ကြပါတယ်။ မာလကာသီးမှာ အမျှင်ဓါတ်ကြွယ်ဝစွာပါလို့ ဒီလိုအခြေအနေတွေ မရောက်အောင် ကာကွယ်ပေးပါတယ်။ ဝမ်းမှန်စေပါတယ်။

အစာခြေစနစ်

မာလကာသီးက အစာခြေစနစ်ကို ကျန်းမာစေပါတယ်။ ရင်ပူတာ၊ ပျို့အန်တာနဲ့ တခြားအစာခြေပြဿနာတွေကို ကာကွယ်ပေးပါတယ်။

ကင်ဆာရောဂါ

မာလကာသီးမှာ lycopene၊ ဗီတာမင် စီ တို့ပါဝင်တာကြောင့် ကင်ဆာရောဂါဖြစ်ပွားတာကို တားဆီးပေးတယ်။

အမြင်အာရုံ

ဗီတာမင်အေ ကြွယ်ဝစွာပါလို့ ကလေးရဲ့အမြင်အာရုံဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုတယ်။

အာရုံကြော

ဖောလစ်အက်ဆစ်နဲ့ ဗီတာမင်B9 ပါဝင်လို့ သန္ဓေသားလေး ဦးနှောက်နဲ့ အာရုံကြောဖွံ့ဖြိုးတိုးတက်မှုအတွက် ကောင်းပါတယ်။

ပိုးမွှားနဲ့ ရောဂါ

မာလကာသီးမှာ ဗီတာမင် C၊ E၊ carotenoids, isoflavonoids နဲ့ polyphenols ပါဝင်တာကြောင့် ရောဂါပိုးမွှားတွေရဲ့ အန္တရာယ်ကနေ ခုခံကာကွယ်ပေးတယ်။

စိတ်ဖိစီးမှု

ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်ဖိစီးမှုတွေများတယ်။ မာလကာသီးက အာရုံကြောနဲ့ ကြွက်သားတွေကို ပြေလျှော့စေတယ်။ စိတ်ဖိစီးမှုတွေ သက်သာစေတယ်။

#မာလကာသီး #ကိုယ်ဝန်ဆောင်

04/07/2022

မွေးကင်းစကလေး (၆) လ အရွယ်ထိ

❌ သနပ်ခါး၊ ပေါင်ဒါမလူးပေးပါနဲ့။
❌ ခေါင်း မရိတ်ပေးပါနဲ့။
❌ ဖြည့်စွက်စာ မကျွေးပါနဲ့။
❌ ဆရာဝန် ခွင့်ပြုချက်မရှိဘဲ ဘာဆေးမှ မတိုက်ပါနဲ့။ တိုင်းရင်းဆေးတွေလည်း မတိုက်ပါနဲ့။
❌ ရေမတိုက်ပါနဲ့။

ဒီအချက်တွေကို မလုပ်ဖို့ မြန်မာနိုင်ငံကဘဲ တားမြစ်ထားတာ မဟုတ်ဘူးနော်။
ဖွံ့ဖြိုးပြီးနိုင်ငံတွေလည်း ကလေးကို ဒါတွေမလုပ်ဖို့ တားမြစ်ထားတယ်။

အဲ့ဒါကြောင့် ရှေးအယူအဆတွေကို ဖျောက်ဖျက်ကြပါတော့။
ပြီးတော့ ကလေးက ခုမှ လသားဘဲရှိသေးတယ် လက်ကြိုက်နေပြီလို့ မပြောကြပါနဲ့။
ကလေးက နွေးထွေးတဲ့ အမေဗိုက်ထဲက လူ့လောကကို အခုမှရောက်လာတာပါ။

သူကြောက်နေမယ်။
သူချမ်းနေမယ်။
ဗိုက်ထဲကလို အမေရင်ခွင်မှာဘဲ နေချင်သေးမှာပေါ့။
သနားစရာကလေးငယ်ကို လက်ကြိုက်မှာစိုးလို့ မပွေ့ မချီဘဲ ထားတဲ့ မေမေဖေဖေတို့ရေ...ကလေးကို ပွေ့ချီပြီး ရင်ခွင်ထဲ ခနခန ထည့်ပေးပါ။ အသားချင်း ထိတွေ့ပေးပါ။ ရင်ငွေ့ပေးပါ။

အသားချင်း ထိတွေ့စေတာဟာ
♥️ ကလေးရဲ့ နှလုံးခုန်သံမှန်စေတယ်။
♥️ ကလေးရဲ့ အသက်ရှူနှုန်းမှန်စေတယ်။
♥️ ကလေးရဲ့ သွေးဖိအားမှန်စေတယ်။
♥️ အဆုံးထိပြောရရင် သေပြီဆိုတဲ့ ကလေးတောင် မိဘနဲ့ အသားချင်းထိတွေ့ပေးလို့ ပြန်ရှင်လာတယ် ဆိုပြီး နာမည်ကြီး စာအုပ်တစ်ခုမှာ ဖတ်လိုက်ရတယ်။

မေမေဖေဖေရဲ့ရင်ငွေ့ဟာ ကလေးအတွက်ဘယ်လောက်တောင် တန်ခိုးကြီးတယ်ဆိုတာ သိထားပေးပါနော်။

ကိုယ့်ကလေးကို တစ်ကယ်ချစ်ရင် ဉာဏ်ပညာနဲ့ ပြုစု စောင့်ရှောက်ပါ။
ရှေးရိုးစွဲ လက်သုံးစကားတွေကို ကိုယ့်အသိဉာဏ်နဲ့ ဆင်ခြင်ပါနော်။
ကလေး ဘာမှ မဖြစ်ခင် ကြိုတင် ကာကွယ်။
ဖြစ်လာရင် ဒီမေမေနဲ့ ကလေးဘဲ ခံရမှာ။😒

စေတနာဖြင့်
မာမီမိုင် (Hkawn Mai)
Tokyo, Japan

Address

ဗိုလ်တေဇလမ်း
Sintgaing

Website

Alerts

Be the first to know and let us send you an email when For Pregnant Mommies posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category