Amazing Thiri

Amazing Thiri Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Amazing Thiri, Restaurant, Shadaw.

🤤🤤
01/05/2023

🤤🤤

🌿🌿ကန်စွန်းရွက်သုပ်😋အစစအရာရာချွေတာနေချိန်ဆီပြန်ဟင်းတွေမစားချင်ရင်အရမ်းစားလို့ကောင်းတဲ့အသုပ်လေး😋ကန်စွန်းရွက်ကိုရေနွေးဖျောည...
05/11/2022

🌿🌿ကန်စွန်းရွက်သုပ်😋
အစစအရာရာချွေတာနေချိန်
ဆီပြန်ဟင်းတွေမစားချင်ရင်
အရမ်းစားလို့ကောင်းတဲ့အသုပ်လေး😋
ကန်စွန်းရွက်ကိုရေနွေးဖျော
ညှပ်ထား
ငရုပ်သီးစိမ်း၊ကြက်သွန်ဖြူ
မျှင်ငပိကင်နည်းနည်း
ငရုပ်ကောင်းရောထောင်း
မန်ကျည်းမှည့်ရည်
သံပုရာသီးလေးညှစ်
သုပ်စားရှယ်ဘဲ..

Credit မူရင်းဝေမျှပေးသူ

🙆သဘော်သီးထောင်းနည်း😋🍁ပထမဦးဆုံး ကြက်သွန်ဖြူ/ ငရုတ်သီး/    မြေပဲဆံလေးကိုအရင်ထောင်း 🥰🍁အဲ့ပြီးရင် မွှေးမွှေး ငပိလေးရယ် သကြား...
06/10/2022

🙆သဘော်သီးထောင်းနည်း😋

🍁ပထမဦးဆုံး ကြက်သွန်ဖြူ/ ငရုတ်သီး/
မြေပဲဆံလေးကိုအရင်ထောင်း 🥰

🍁အဲ့ပြီးရင် မွှေးမွှေး ငပိလေးရယ် သကြားရယ်
ငံပြာရည်ရယ် သံပုရာသီးရယ်ထည့် 😍

🍁အရည်လေးကြိုက်ရင် ရေလေးနည်းနည်းထည့်
ပြီးရင် သဘော်သီး /ခါကြက်ဥ/ကန်စွန်းရွက် စသည့်
ကိုယ်ကြိုက်နှစ်သက်ရာလေးတွေထည့်ပြီး အရသာရှိရှိ
သုံးဆောင်နိုင်ပါပြီးရှင့်😋😘🙆

10/10/2021

ငါးသံပုရာပေါင်း
တစ်ပွဲမှ 5000ပါရှင့်

• မဆလာ တိုရှည်အိန္ဒိယ မနက်စာ အစားသောက်ဖြစ်တဲ့ ဒိုဆာလို့ခေါ်တဲ့ တိုရှည်လေးပါ။ တိုရှည်ကို ခရမ်းချဉ်သီး ချတ်တနီ၊ ပဲနှစ်တို့နှ...
27/09/2021

• မဆလာ တိုရှည်

အိန္ဒိယ မနက်စာ အစားသောက်ဖြစ်တဲ့ ဒိုဆာလို့ခေါ်တဲ့ တိုရှည်လေးပါ။ တိုရှည်ကို ခရမ်းချဉ်သီး ချတ်တနီ၊ ပဲနှစ်တို့နှင့် တွဲစားတာ များပါတယ်။
ခုလုပ်ထားတာကတော့မဆလာတိုရှည်လို့ ခေါ်တဲ့
အာလူးမဆလာချက်ကို တိုရှည်နဲ့လိပ်ပြီးစားတဲ့
လုပ်နည်းလေးပါ။ တိုရှည်ကို အရင်ကလည်း
အရမ်းကြိုက်ပါတယ်၊ ဒါကြောင့် တိုရှည်ဗန်းဝယ်ပြီး ကိုယ်တိုင်ပဲ လုပ်စားလိုက်တာ
အိမ်လုပ် တိုရှည်ကလည်း ကြွပ်ရွပြီး
အရမ်းစားကောင်းတာမို့ ချက်နည်းလေးပါ မျှဝေပေး
လိုက်တယ်နော်။

တိုရှည် အတွက် ပါဝင်ပစ္စည်းများ
-------------------------------------
• ဆန် - နို့ဆီဘူး ၂လုံး
• မတ္ပဲ - နို့ဆီဘူး ၁လုံး
• ကုလားပဲ - နို့ဆီဘူး ၄ပုံ၁ပုံ
• ဇီရာ - လက်ဖက်ရည်ဇွန်း ၁ဇွန်း
• နံနံစေ့မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
• ဆား - လက်ဖက်ရည်ဇွန်း ၂ဇွန်း
• ရေ

တိုရှည် လုပ်ရန် ပြင်ဆင်နည်း
-----------------------------------
၁။ အရင်ဆုံး ဇလုံတစ်ခုထဲသို့ (ဆန်၊ မတ်ပဲ၊
ကုလားပဲ) တို့ကို ရောထည့်လိုက်ပြီး
ရေစင်အောင် ဆေးပြီး ၆နာရီကြာအောင် ရေစိမ်ထားပေးပါ။

၂။ ၆နာရီကြာစိမ်ပြီလျှင် (ဆန်၊ မတ်ပဲ၊ ကုလားပဲ) တို့ကို
ကြိတ်စက်ထဲ ထည့်ကြိတ်ပါမည်။

၃။ အရင်ဆုံး (ဆန်၊ မတ်ပဲ၊ ကုလားပဲ၊ ဇီရာ၊
နံနံစေ့မှုန့်) တစ်ဝက်ကို ကြိတ်စက်(Blender) ထဲထည့်ပြီး
ရေကို မြုပ်ရုံထည့်ကာ မုန့်ရည် ရသည်အထိ ကြိတ်ပေးပါ။

၃။ ထိုနည်းအတိုင်း ကျန်တစ်ဝက်ကို ထပ်ကြိတ်ပေးပါ။

၅။ တိုရှည်လုပ်ရန် မုန့်ရည်ရပြီဆိုလျှင်
ထိုမုန့်ရည်ကို အခန်းအပူချိန်နဲ့ အချဉ်ပေါက်အောင်
တစ်ညသိပ်ထားရပါမည်။

မှတ်ချက် ။ ။ အချဉ်ပေါက်အောင် တဆေး (Yeast)
(လက်ဖက်ရည်ဇွန်း တစ်ဝက်) ထည့်လျှင် ပိုကောင်းသည်။

၆။ မုန့်ရည်များကို တစ်ညသိပ်ပြီးလျှင်
တိုရှည် စလုပ်လို့ရပါပြီ။ တစ်ညသိပ်ပြီးမှ
ဆား(လက်ဖက်ရည်ဇွန်း ၂ဇွန်း) ထည့်ကာ ရောမွှေပေးပါ။

မှတ်ချက် ။ ။ မုန့်နှစ်ရည်သည် မပျစ်မကျဲ
အနေထားတွင် ရှိနေရမည်။

တိုရှည် လုပ်နည်း
----------------------
၁။ တိုရှည်ဗန်းကို ဆီအနည်းငယ်သုတ်ပြီး
ပူအောင် မီးအသင့်တင့်ဖြင့် တည်ထားပါ။

၂။ တိုရှည်ဗန်းပူလာမှ ယောက်ချိုဖြင့်
မုန့်ရည် ၁ဇွန်းကို ပုံတွင် ပြထားသည့်အတိုင်း
လောင်းချလိုက်ပါ။

၃။ ထို့နောက် ဇွန်းပြားဝိုင်းဖြင့် မုန့်ရည်များ
အဝိုင်းသဏ္ဌာန်ဘေးသို့ ပြန့်သွားအောင်
ဖြည်းဖြည်းခြင်း ဖြန့်လိုက်ပါ။

၎။ ပြီးမှ ဆီ(စားပွဲဇွန်း ၁ဇွန်း) အပေါ်မှ ဖြူးပေးပါ။

၅။ ပုံတွင် ပါသည့်အတိုင်း ယောက်မဖြင့်
ဆီများ တိုရှည် အနှံ့ပြန့်အောင်လုပ်ပေးပါ။

၆။ တိုရှည် အရောင်ပြောင်းလာပြီး
ဘေးသားများကြွပ်ရွလာလျှင် အာလူး မဆလာချက်
(စားပွဲဇွန်း ၂ဇွန်း) ကိုထည့်ပြီး ပုံတွင် ပါသည့်အတိုင်း
တိုရှည်ကို တစ်ဖက်စီ လိပ်လိုက်ပါ။

၇။ မဆလာ တိုရှည်ကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

အာလူး မဆလာချက်တွင် ပါဝင်ပစ္စည်းများ
------------------------------------------------
• အာလူး - ၈လုံး
(နူးအောင်ပြုတ်ပြီး အခွံနွှာ၍ အတုံးသေးများ တုံးပေးထားပါ)
• ကြက်သွန်နီ - ၁လုံး (နုပ်နုပ်စဉ်းပါ)
• ပဲခြမ်းဝါ - လက်ဖက်ရည်ဇွန်း၁ဇွန်းခွဲ
(နူးအောင်ပြုတ်ထားပါ)
• မုန်ညင်းစေ့ - လက်ဖက်ရည်ဇွန်း ၁ဇွန်း
• မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဝက်
• နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
• ငရုတ်သီးစိမ်း - ၄တောင့်
• ငရုတ်သီးနီခြောက် - ၅တောင့်
• ကရဝေးရွက် - ၆ရွက်
• ဆား - လက်ဖက်ရည်ဇွန်း ၂ဇွန်း
• ခနောကြက်သားမှုန့် - လက်ဖက်ရည်ဇွန်းတစ်ဝက်

ချက်ပြုတ်နည်း
-------------------
၁။ ဒယ်အိုးထဲ ဆီ(စားပွဲဇွန်း ၃ဇွန်း) ထည့်ကာ
ဆီပူလာလျှင် (ကြက်သွန်နီ၊ မုန်ညင်းစေ့၊ နနွင်းမှုန့်၊
မဆလာ၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးနီခြောက်၊
ကရဝေးရွက်) ရောမွှေလိုက်ပါ။

၂။ ထို့နောက် အာလူး၊ ပဲခြမ်းဝါ၊ ဆား၊
ခနောကြက်သားမှုန့်တို့ကို ထည့်ကာသမအောင်ရောမွှေလိုက်ပါ။

၃။ အာလူးပြဲအောင်အထိရေထည့်ပြီးတည်ထားပေးပါ။

၎။ ရေခန်းသွားလျှင် အာလူးမဆလာချက်ကို ရပါပြီ။

Crd.wutyee

🥘ပဲပြားချဉ်စပ် ချက်နည်း 🥘 (တစ်ခါလောက် သားသတ်လွတ် ခံတွင်းတွေ့ ချဉ်စပ်လေး ချက်စားလိုက်ပါဦးနော်)  👇👇ပါဝင်ပစ္စည်းများပဲပြား  ...
25/09/2021

🥘ပဲပြားချဉ်စပ် ချက်နည်း 🥘
(တစ်ခါလောက် သားသတ်လွတ် ခံတွင်းတွေ့ ချဉ်စပ်လေး ချက်စားလိုက်ပါဦးနော်) 👇👇
ပါဝင်ပစ္စည်းများ
ပဲပြား - ၄ တုံး ( လက် ၂ ဆစ်ခန့်အရွယ်တုံးပါ)
ကြက်သွန်နီ - ၃ လုံး( ပုံမှန်အရွယ်)
ကြက်သွန်ဖြူ - ၇ တက်(နုပ်နုပ်စဉ်းပါ)
ခရမ်းချဉ်သီး - ၂ လုံး( ခပ်နုပ်နုပ်စဉ်းပါ)
ပန်းငရုတ်ပွ - ၁ လုံး( လက်မအရွယ်မျှ လှီးပါ)
ဂျုံမှုန်. - အနည်းငယ်
ငရုတ်သီးစိမ်း - ၆ တောင့်( အစပ်ကြိုက်ပါက ထပ်ထည့်ပါ )
ပဲငံပြာရည် - အနည်းငယ် (ဇွန်းနဲ့ချိန်ထည့်ပါ)
ပာင်းခတ်မှုန်. - အနည်းငယ်
ငရုတ်ဆီ - အနည်းငယ်
သံပုရာသီး - တစ်ခြမ်း
ငရုတ်ကောင်းစေ့ - ၈ လုံးခန့် (လှော်ပြီးထောင်းထားပါ)
ကြက်သွန်မြိတ် / နံနံပင် - ၃ ပင်စီ (အနေတော် လှီး/ညှပ် ထားပါ)
🔺ဆီကို ပဲပြားမြုပ်အောင် ထည့်ပြီး အပူပေးထားပါ
🔺ပဲပြားတုံးလေးတွေကိုဂျုံမှုန်.အနည်းငယ်ဖြူးပြီးဆီပူပူမှာ ကြော်ပြီး အဝါရောင်သန်းချိန်မှာ..ဆယ်ယူဆီစစ်ထားပါ။
🔺ဒယ်အိုးကို အပူပေးပြီး လှီးထားတဲ့ ကြက်သွန်နီ / ဖြူတို.ကိုဆီသတ်ပြီးအနံ့မွှေးလာလျှင်လှီးထားသော ခရမ်းချဉ်သီး၊ ပန်းငရုတ်ပွသီး ၊ ငရုတ်သီးစိမ်းတို.ထည့်ပါ။
‌🔺အ‌ပေါ်ကအနှစ်ရပြီးဆိုလျှင် ကျက်ရုံမျှ‌ ကြော်ထားတဲ့ ပဲပြားတို့ကို ပဲငံပြာရည်အကြည်၊ ပာင်းခတ်မှုန်.၊ ငရုတ်ဆီတို.ထည့်ပြီး အရသာစိမ့်ဝင်အောင် ဖြည်းဖြည်း မွှေပေးပါ ။
ထို.နောက်..သံပုရာရည်အနည်းငယ်ညှစ်ပြီးငရုတ်ကောင်းမှုန်.ထည့်ပါ။
🔺နောက်ဆုံးကျက်ခါနီးရင် ကြက်သွန်မြိတ်လေး/ နံနံပင် လေး ထည့်လိုက်ရင်...မွှေပျံ.ပြီး ချဉ်စပ်လေးနဲ့စားကောင်းတဲ့ ပဲပြားချဉ်စပ် ဟင်းလေးရပါပြီ....။
Guide_For_All_Foodies ❤️
Credit Burmese Guide 🇲🇲
(Unicode)
🥘ပဲပြားချဉ်စပ် ချက်နည်း 🥘
(တစ်ခါလောက် သားသတ်လွတ် ခံတွင်းတွေ့ ချဉ်စပ်လေး ချက်စားလိုက်ပါဦးနော်) 👇👇
ပါဝင်ပစ္စည်းများ
ပဲပြား - ၄ တုံး ( လက် ၂ ဆစ်ခန့်အရွယ်တုံးပါ)
ကြက်သွန်နီ - ၃ လုံး( ပုံမှန်အရွယ်)
ကြက်သွန်ဖြူ - ၇ တက်(နုပ်နုပ်စဉ်းပါ)
ခရမ်းချဉ်သီး - ၂ လုံး( ခပ်နုပ်နုပ်စဉ်းပါ)
ပန်းငရုတ်ပွ - ၁ လုံး( လက်မအရွယ်မျှ လှီးပါ)
ဂျုံမှုန်. - အနည်းငယ်
ငရုတ်သီးစိမ်း - ၆ တောင့်( အစပ်ကြိုက်ပါက ထပ်ထည့်ပါ )
ပဲငံပြာရည် - အနည်းငယ် (ဇွန်းနဲ့ချိန်ထည့်ပါ)
ပာင်းခတ်မှုန်. - အနည်းငယ်
ငရုတ်ဆီ - အနည်းငယ်
သံပုရာသီး - တစ်ခြမ်း
ငရုတ်ကောင်းစေ့ - ၈ လုံးခန့် (လှော်ပြီးထောင်းထားပါ)
ကြက်သွန်မြိတ် / နံနံပင် - ၃ ပင်စီ (အနေတော် လှီး/ညှပ် ထားပါ)
🔺ဆီကို ပဲပြားမြုပ်အောင် ထည့်ပြီး အပူပေးထားပါ
🔺ပဲပြားတုံးလေးတွေကိုဂျုံမှုန်.အနည်းငယ်ဖြူးပြီးဆီပူပူမှာ ကြော်ပြီး အဝါရောင်သန်းချိန်မှာ..ဆယ်ယူဆီစစ်ထားပါ။
🔺ဒယ်အိုးကို အပူပေးပြီး လှီးထားတဲ့ ကြက်သွန်နီ / ဖြူတို.ကိုဆီသတ်ပြီးအနံ့မွှေးလာလျှင်လှီးထားသော ခရမ်းချဉ်သီး၊ ပန်းငရုတ်ပွသီး ၊ ငရုတ်သီးစိမ်းတို.ထည့်ပါ။
‌🔺အ‌ပေါ်ကအနှစ်ရပြီးဆိုလျှင် ကျက်ရုံမျှ‌ ကြော်ထားတဲ့ ပဲပြားတို့ကို ပဲငံပြာရည်အကြည်၊ ပာင်းခတ်မှုန်.၊ ငရုတ်ဆီတို.ထည့်ပြီး အရသာစိမ့်ဝင်အောင် ဖြည်းဖြည်း မွှေပေးပါ ။
ထို.နောက်..သံပုရာရည်အနည်းငယ်ညှစ်ပြီးငရုတ်ကောင်းမှုန်.ထည့်ပါ။
🔺နောက်ဆုံးကျက်ခါနီးရင် ကြက်သွန်မြိတ်လေး/ နံနံပင် လေး ထည့်လိုက်ရင်...မွှေပျံ.ပြီး ချဉ်စပ်လေးနဲ့စားကောင်းတဲ့ ပဲပြားချဉ်စပ် ဟင်းလေးရပါပြီ....။
Credit မူရင်းရေးသားသူ
Credit photo

ပုစွန်ထုပ်တွေဈေးပေါတုန်း ဒီလိုလေးလုပ်စားကြမယ်နော်👇😋😍🦐🌶🦞Seafood အချဉ်ရည်ဖျော်နည်း 🤎🌶🦐သံပုရာငရုတ်သီးနီသံပုရာသီး ၂လုံး ရယ်...
25/09/2021

ပုစွန်ထုပ်တွေဈေးပေါတုန်း ဒီလိုလေးလုပ်စားကြမယ်နော်👇😋😍🦐🌶🦞
Seafood အချဉ်ရည်ဖျော်နည်း 🤎🌶🦐
သံပုရာငရုတ်သီးနီ
သံပုရာသီး ၂လုံး ရယ်၊
ငရုတ်သီးစိမ်းတောင့် ၁၅ တောင့်ရယ်၊
ဆား လက်ဖက်ရည်တစ်ဇွန်းနဲ့ ကြံသကာ လက်ဖက်ရည် ၂ဇွန်းစာပဲ လိုပါတယ်။ ငရုတ်သီးစိမ်း၊ဆားနဲ့ ကြံသကာကို ငရုတ်ဆုံထဲ ထည့်ကြေအောင်ထောင်းပြီး နောက်ဆုံးမှ သံပုရာသီးညှစ်ရုံပါပဲနော်။
ပုစွန်ကိုပြုတ်ပြီး အချဉ်နဲ့တို့စားယုံဘဲ ရှယ်မှရှယ်.

Credit Phyu Thin Ko
Credit Thai photo See

Address

Shadaw

Website

Alerts

Be the first to know and let us send you an email when Amazing Thiri posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category