27/07/2026
ဂျပန်စာလေ့လာနေသူတွေအတွက် 'Level' အလိုက် စိတ်ကြိုက်ဖတ်နိုင်မယ့် Free Website ကောင်းလေးတစ်ခု! 🇯🇵✨
🌸🌸🌸
ဂျပန်စာလေ့လာရင်း ဖတ်စာအုပ်တွေထဲမှာပဲ နစ်မွန်းနေပြီး ပျင်းလာပြီလား? စာဖတ်ရတာ ပိုပျော်ဖို့ကောင်းပြီး အဆင်ပြေမယ့် Website လေးတစ်ခုအကြောင်း Sharing လုပ်ပေးချင်ပါတယ်။
✅ အဲဒီ Website မှာ ဘာတွေလုပ်လို့ရလဲ?
မိမိရဲ့ဂျပန်စာအဆင့်နဲ့ ကိုက်ညီတဲ့ ပုံပြင်၊ ဝတ္ထုတိုပေါင်းစုံကို ဖရီး ရွေးချယ်ဖတ်ရှုနိုင်ပါတယ်။
🔹 Level အလိုက် ရွေးချယ်နိုင်ခြင်း (N5 - N2): Website ထဲက 'Free stories' ကို နှိပ်လိုက်ရုံနဲ့ မိမိတို့ လေ့လာနေတဲ့ JLPT အဆင့် (N5 ကနေ N2 အထိ) ကို ရွေးချယ်နိုင်ပါတယ်။
🔹 စိတ်ကြိုက် Topic များ: Adventure, Animals, Daily Life, Fantasy, Food, Hobbies, Romance, School, Sci-Fi, Social, Sport, Traditional, Transport, Travel, Work... စတဲ့ ကိုယ်စိတ်ဝင်စားတဲ့ ခေါင်းစဉ်မျိုးစုံထဲက ကြိုက်ရာရွေးပြီး ဖတ်လို့ရပါတယ်။
🔹 Furigana နဲ့ အင်္ဂလိပ်ဘာသာပြန်: Kanji တွေဖတ်ရတာ ခက်နေရင်လည်း Kanji အပေါ်မှာ Furigana (အသံထွက်) တပ်ပြီး ဖတ်လို့ရသလို၊ မလိုချင်ရင်လည်း ပိတ်ထားလို့ရပါတယ်။ 'Show Translation' ကို နှိပ်လိုက်တာနဲ့ အင်္ဂလိပ်ဘာသာပြန်တွေပါ ပေါ်လာမှာဖြစ်လို့ ဂျပန်စာနဲ့ အင်္ဂလိပ်စာ နှစ်ဘာသာလုံးကို တစ်ခါတည်း လေ့လာလို့ရပါတယ်။
🔹 ပုံလေးတွေက အရမ်းလှတယ်! : Personally အကြိုက်ဆုံးကတော့ မျက်စိပသာဒဖြစ်စေမယ့် အရည်အသွေးမြင့် ပုံလှလှလေးတွေနဲ့တွဲဖက်ထားလို့ စာဖတ်ရတာ လုံးဝ မပျင်းရတဲ့အချက်ပါပဲ။
ဂျပန်စာကို ပျော်ပျော်ရွှင်ရွှင်နဲ့ နားလည်အောင် ဖတ်ချင်သူတွေအတွက်တော့ ဒီ Website လေးက အကောင်းဆုံး လက်တွဲဖော်ဖြစ်လာမယ်ထင်ပါတယ်။
🔗 Website Link: shinobi-japanese…..com
#ဂျပန်စာလေ့လာမယ်