PWE TAW WIN Nature's Restaurant

PWE TAW WIN Nature's Restaurant Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PWE TAW WIN Nature's Restaurant, Restaurant, Ayetharyar Main Road, Nyaungshwe.
(238)

29/05/2026
29/05/2026
ဒါနလေးမြောက်အောင် လာရောက်ယူဆောင်ပီးကုသိုလ်ပါဝင်ပေးပါကြအုံးရှင့်🙏🏻🙏🏻🙏🏻
26/03/2026

ဒါနလေးမြောက်အောင် လာရောက်ယူဆောင်ပီးကုသိုလ်ပါဝင်ပေးပါကြအုံးရှင့်🙏🏻🙏🏻🙏🏻

08/03/2026

-ကိုယ်လက် ညောင်းညာ ၊ အပူထုတ် အနှိပ်ခံသူများ သတိထားပါ !
(အသက်အန္တရာယ်ရှိသည်)

မင်္ဂလာပါ…… ဒေါက်တာရဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာအများစုက ညောင်းညာရင် အကြောပြေ အနှိပ်ခံ အနင်းခံရတာ သဘောကျ ကြပါတယ်။ အချို့ဆိုရင် ရိုးရိုးနင်းနှိပ်တဲ့အဆင့်မှာတင် မရပ်ဘဲ ပေါင်အရင်းကို ခြေဖဝါးနဲ့ အားကုန် ဖိထားပြီးမှ ဆတ်ခနဲ ဖိထားတဲ့ခြေဖဝါးကို ဖယ်ပစ်တဲ့နည်း (သူတို့အခေါ် အပူထုတ်တယ်ဆိုတဲ့နည်း) ကို သုံးလေ့ရှိကြပါတယ်။ ဒီနေ့တော့ ဒီအကျင့်လေးက သင့်အသက်အန္တရာယ်ကို ဘယ်လိုခြိမ်းခြောက်နေလဲဆိုတာ ဆေးပညာရှုထောင့်ကနေ ရှင်းပြပေးပါမယ်။

#ဘာကြောင့်အန္တရာယ်ရှိတာလဲ?
တကယ်တော့ ပေါင်အရင်းကိုဖိပြီး အပူထုတ်တယ်ဆိုတာ သွေးကြောထဲမှာ စီးဆင်းနေတဲ့ သွေးတွေကို ခေတ္တပိတ်ဖိထားပြီးမှ ဗြုန်းခနဲ အတားအဆီးကို ဖယ်လိုက်တာပဲဖြစ်ပါတယ်။ အဲဒီလို ဖယ်လိုက်တဲ့အခါ သွေးတွေက ဒလဟောအမြန်စီးသွားတော့ ပူခနဲ၊ နွေးခနဲ၊ ရှိန်းခနဲ ခံစားလိုက်ရတာကိုပဲ အနင်းခံသူက တကယ်အပူထွက်တယ်ထင်ပြီး ကောင်းတယ်ထင်ကြပါတယ်။

ဒါပေမယ့် တကယ်တမ်းမှာ အဲဒါက အန္တရာယ်အရမ်းကြီးပါတယ်။ အဓိက တရားခံကတော့ DVT (Deep Vein Thrombosis) လို့ခေါ်တဲ့ ခြေသလုံး အတွင်းပိုင်း သွေးကြောတွေထဲမှာ "သွေးခဲပိတ်ဆို့နေခြင်း" ကြောင့်ပဲ ဖြစ်ပါတယ်။

အသက်အရွယ်ကြီးသူတွေ၊ အထိုင်များသူတွေ၊ ခွဲစိတ်မှု တစ်ခုခုလုပ်ထားသူတွေ၊ သွေးတိုး ဆီးချိုရှိသူတွေနဲ့ ကိုဗစ် (COVID-19) အလွန် ကာလတွေမှာ လူတွေရဲ့ ခြေသလုံး အတွင်းပိုင်း သွေးကြောတွေထဲမှာ သွေးခဲလေးတွေ တိတ်တဆိတ် ဖြစ်ပေါ်နေတတ်ပါတယ်။

အဲဒီလို သွေးခဲရှိနေတဲ့ ခြေသလုံးကို ညောင်းတယ်ဆိုပြီး အတင်းဖိနှိပ်၊ အပူထုတ်လိုက်တဲ့အခါ (Vigorous Massage လုပ်လိုက်တဲ့အခါ) အဲဒီ သွေးခဲလေးတွေဟာ သွေးကြောနံရံကနေ ကွာကျသွားပါတယ်။ ကွာကျသွားတဲ့ သွေးခဲလေးတွေက အရေးကြီးအင်္ဂါအစိတ်အပိုင်းကို ထောက်ပံ့တဲ့ သွေးကြောတစ်ခုခုမှာ ပိတ်ဆို့မိမယ်ဆိုရင် အသက်သေဆုံးတဲ့အထိ အန္တရာယ်အတော်ကြီးမားပါတယ်။ ဥပမာ-
* အဆုတ်ကိုရောက်သွားရင် (Pulmonary embolism) - သွေးခဲက အဆုတ်သွေးကြောတွေရဲ့ တစ်နေရာရာမှာ ပိတ်ဆို့သွားရင် ရုတ်တရက် အသက်ရှူကျပ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ မောပန်းနွမ်းနယ်ကာ အသက်ရှူမ၀၊ အသက်ရှူမရတော့ဘဲ ရုတ်တရက်သေဆုံးနိုင်ပါတယ်။

* ဦးနှောက်ကိုရောက်သွားရင် - ဦးနှောက်ကိုသွေးပို့တဲ့ သွေးကြောတစ်နေရာရာမှာ ပိတ်ဆို့ခဲ့ရင် လေဖြတ်တာနဲ့ အသက်သေဆုံးတာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။

-ဒါဆို ဘယ်လို အခြေအနေမျိုးမှာ လုံးဝ (လုံးဝ) အပူမထုတ်သင့်၊ မနှိပ်သင့်ဘူးလဲ?
သာမန် ကြွက်သားညောင်းညာတာကို ညင်ညင်သာသာ အကြောလျှော့တာ ပြဿနာမရှိပေမဲ့ အောက်ပါ လက္ခဏာတွေရှိနေရင် "အပူထုတ်ခြင်း၊ အပြင်းအထန် နှိပ်နယ်ခြင်း" ကို လုံးဝ ရှောင်ကြဉ်ရပါမယ်။
၁။ ခြေသလုံး (သို့မဟုတ်) ခြေထောက်တစ်ဖက်တည်း ရောင်ရမ်းနေခြင်း။
၂။ ခြေသလုံးမှာ နီရဲပြီး ပူနေခြင်း (အပူထွက်နေခြင်း)။
၃။ လမ်းလျှောက်လိုက်တာနဲ့ ခြေသလုံးက ဆွဲဆန့်ထားသလို အပြင်းအထန် နာကျင်နေခြင်း။
ဒီလို လက္ခဏာတွေဟာ အပူပိတ်တာမဟုတ်ဘဲ DVT သွေးခဲပိတ်တာ ဖြစ်ဖို့များတဲ့အတွက် အနှိပ်သည်နဲ့ ဘယ်တော့မှ မနှိပ်ဘဲ နီးစပ်ရာ ဆရာဝန်၊ ဆေးရုံကို အမြန်ဆုံး သွားရောက် ပြသရပါမယ်။

သင့်မိဘ၊ ဘိုးဘွားတွေနဲ့ သူငယ်ချင်းတွေထဲမှာ ညောင်းညာတဲ့အခါတိုင်း "အပူထုတ်" အနှိပ်ခံလေ့ရှိတဲ့သူတွေ ရှိရင် ဒီပိုစ့်လေးကို အခုပဲ Share လုပ်ပြီး သတိပေးလိုက်ပါဦးနော်။

သင့်အနေနဲ့ရော ဒီလို အပူထုတ် အနှိပ်ခံဖူးလား?

အနှိပ်ခံပြီးရင် ခန္ဓာကိုယ်မှာ ဘယ်လိုပြောင်းလဲမှုတွေ ခံစားရလဲဆိုတာ Comment မှာ ဝင်ရောက်ဆွေးနွေးပေးခဲ့ပါဦး။

အားလုံးပဲ ကျန်းမာကြပါစေ
ဒေါက်တာရဲ။


#ကျန်းမာရေးဗဟုသုတ #ဒေါက်တာရဲ #အပူထုတ်ခြင်း #နင်းနှိပ်ခြင်း

ဒါအရမ်းမှန်တယ်နော ချစ်ခင်ယူယမူ့ကိုတောင်းတပီး တပါးသူကိုယုံစားမိကြတာ အဓိကမိဘတွေသားသမီးအပေါ်ဆက်ဆံသုံးနူန်းတာတွေနဲ့တိုက်ရိုက...
02/03/2026

ဒါအရမ်းမှန်တယ်နော ချစ်ခင်ယူယမူ့ကိုတောင်းတပီး တပါးသူကိုယုံစားမိကြတာ အဓိကမိဘတွေသားသမီးအပေါ်ဆက်ဆံသုံးနူန်းတာတွေနဲ့တိုက်ရိုက်အချိူးကျတယ် ငါဒီလိုပဲနေတက်တယ်ဆိုပေမဲ့ သားသမီးပါအချစ်ခံအယုယခံချင်ကြတယ်လေ

ကိုယ့်မှာ.သမီးသာရှိရင် အသားကုန်ချစ်ပစ်...

အက်ဒါမှ
ယောကျ်ားတစ်ယောက်ရဲ့ နည်းနည်းလေး ဂရုစိုက်တာလောက်ကို အချစ်ရယ်လို့ ပုံပြီး ပစ်ကြွေမကျသွားမှာ...

ဘဝမှာ ငါ့မိဘထက် ချစ်နိုင်တဲ့သူရှိရင်ဆို ရဲရဲကြီးစိန်ခေါ်ရဲတဲ့ မိန်းကလေးကို
ဘယ်ယောကျ်ားကမှ ပါးစပ်က ချစ်ပါတယ်ပြောပြီး တကယ်တမ်းကျ ခဏခဏ ငိုအောင်မလုပ်ရဲဘူး...

သိပ်ချစ်ရတဲ့သမီး မပျော်ရတာ ခဏခဏငိုရတာ သိရင်
အချိန်မရွေး ပြန်သိမ်းသွားနိုင်တဲ့ တန်ဖိုစထားတတ်တဲ့ မိဘရှိတာ သိထားရင်....

ပိုင်ဆိုင်ထားတဲ့သူက ဆုံးရှုံးရမှာကို ကြောက်တဲ့စိတ်နဲ့ ပိုတန်ဖိုးထားတတ်လာလိမ့်မယ်...။

:Cr

27/01/2026

ကလေးတွေကို Boyfriend / Girlfriend / Crush အကြောင်းတွေ

မကြောက်ဘဲ၊ မတားမြစ်ဘဲ ဘယ်လိုသင်ပေးမလဲ??????

……………………………….

ဒီနေ့ခေတ်ကလေးတွေမှာ
cartoon၊ YouTube၊ TikTok၊ school friends၊ online games တွေကနေ
crush, boyfriend, girlfriend ဆိုတဲ့ စကားတွေကို
မိဘတွေထင်ထားတာထက် အရမ်းစောစော နဲ့ ကြားနေရပါပြီ။

ဒီလိုအချိန်မှာ
❌ “မကြားချင်ဘူး” ဆိုပြီး ပိတ်ပင်လိုက်ရင်
❌ “မပြောနဲ့” ဆိုပြီး တားလိုက်ရင်

ကလေးတွေဟာ
မိဘမသိဘဲ လျှို့ဝှက်သွားတတ်ပါတယ်။

အဲ့ဒီလို အခြေအနေက
ကလေးအတွက်
ပိုပြီး အန္တရာယ်ဖြစ်စေနိုင်တာပါ



🌱 Crush ဆိုတာ ဘာလဲ

ကလေးကို ပထမဆုံး သင်ပေးရမယ့်အချက်က
Crush ဆိုတာ ခံစားချက်တခုပဲ ဖြစ်တယ်ဆိုတာပါ။

“Crush ဆိုတာ
တစ်ယောက်ယောက်ကို ကြိုက်သလို
သဘောကျသလို ခံစားရတာပါ
ပျော်သလို၊ ရှက်သလို ဖြစ်တာပါ
ဒါက လူတိုင်းမှာ ဖြစ်တတ်တဲ့ သဘာဝပါ”

ဒီလို လက်ခံပေးလိုက်တဲ့အခါ
ကလေးဟာ
👉 “ဒီအကြောင်းကို မေမေ့ကို ပြောလို့ရတယ်”
ဆိုတဲ့ ယုံကြည်မှုကို ရလာပါတယ်။



🌱 ငယ်ရွယ်ချိန်မှာ ဒီလိုအကြောင်းတွေကြားရင်

မိဘတွေ အမှားလုပ်မိတတ်တာ

မိဘတချို့က
“ဒီအသက်နဲ့ ဘာ crush တာလဲ”
“မပြောနဲ့”
“မတွေးနဲ့”

ဆိုပြီး တိုက်ရိုက်ပိတ်ပင်တတ်ကြပါတယ်။

ဒါပေမယ့်
ခံစားချက်ကို မပိတ်နိုင်ပါဘူး ❌
ပိတ်နိုင်တာက အပြုအမူ ပဲ ဖြစ်ပါတယ်။

အဲ့ဒီကြောင့်
👉 ခံစားချက်ကို လက်ခံပေးပြီး
👉 အပြုအမူကို လမ်းညွှန်ပေးနိုင်ဖို့က

အရေးကြီးဆုံးအချက် ဖြစ်ပါတယ်။



🌱 ဒီအသက်အရွယ်မှာ ကလေးကို သင်ပေးရမယ့်အဓိကအချက်

“ဒီအသက်အရွယ်မှာ
crush ဆိုတာ ခံစားချက်ပဲဖြစ်ပါတယ်
dating လုပ်ဖို့
boyfriend / girlfriend ဖြစ်ဖို့
မဟုတ်သေးဘူး”

✔️ ဒီအသက်အရွယ်မှာ လက်ခံလို့ရတဲ့အရာတွေ
• သူငယ်ချင်းအဖြစ် ပြောဆိုတာ
• အဖွဲ့လိုက် ကစားတာ


❌ ဒီအသက်အရွယ်မှာ မသင့်တော်တဲ့အရာတွေ
• Secret chat / secret call
• လက်ကိုင်ခြင်း
• ဖက်ခြင်း
• Online မှာ boyfriend / girlfriend လို့ ခေါ်ခြင်း
• မိဘမသိဘဲ ဆက်သွယ်ခြင်းစတာတွေ လုပ်လို့မရပါဘူး



🌱 Like နဲ့ Love ကွာခြားချက်

ကလေးနားလည်လွယ်အောင်
ရိုးရိုးလေး သင်ပေးပါ—

• Like / Crush = feelings
• Love = responsibility, respect, and maturity (for adults)

“Love needs a grown-up brain.”

ဒီစကားက
ကလေးကို စဉ်းစားတတ်စေပါတယ်။



🌱 Online Crush & Online Relationship

(အရမ်းအရေးကြီးပါတယ်)

ဒီခေတ်မှာ
online ကနေ crush, relationship စတင်တာ
အရမ်းများလာပါတယ်။

ကလေးကို ဒီလို ရှင်းပြထားပါ—

“Online မှာ
boyfriend / girlfriend မရှိရဘူး
private chat မလုပ်ရဘူး
မိဘမသိဘဲ စကားမပြောရဘူး
ဓာတ်ပုံ၊ video မပို့ရဘူး”

ကလေးကို သင်ပေးထားသင့်တဲ့ စကားက

တဖက်လူကို ….

“မေမေ မသိဘဲ စကားပြောခွင့်မရှိပါဘူး”

“I’m not allowed to have a boyfriend / girlfriend.”

ဆိုငြင်းတတ်ဖို့ပါ ….

ဒီစကားလေးတွေက
ကလေးကို ကာကွယ်ပေးနိုင်ပါတယ်။



🌱 Crush ရှိတယ်လို့ ကလေးက ပြောလာရင်

မိဘ ဘယ်လိုတုံ့ပြန်မလဲ

ကလေးက
“crush ရှိတယ်”
လို့ ပြောလာရင်—

❌ မအော်ပါနဲ့
❌ အပြစ်မတင်ပါနဲ့

ဒီလိုပြောပေးပါ—

“မေမေကို ယုံကြည်ပြီး ပြောလို့ ကျေးဇူးတင်ပါတယ်
မေမေ နားလည်တယ်
အတူတူ စည်းမျဉ်းလေးတွေထားပြီး သွားကြမယ်”

ဒီလိုတုံ့ပြန်မှုက
ကလေးကို လျှို့ဝှက်ပီး မလုပ်အောင်
ကာကွယ်ပေးပါတယ်။



🌱 မိဘနဲ့ အမြဲပြောနိုင်တဲ့ ပတ်ဝန်းကျင်

အရေးကြီးဆုံးက
မိဘနဲ့ ပြောလို့ရတယ်ဆိုတဲ့ ယုံကြည်မှု ပါ။

ကလေးကို မကြာခဏ ဒီလိုပြောပေးပါ—

“Crush ဖြစ်တာ မမှားဘူး
မေမေ့ကို ပြောလို့ရတယ်
မေမေက အမြဲ ကာကွယ်ပေးမယ်”



ကလေးကို ကာကွယ်ချင်ရင်
❌ တားမြစ်ခြင်းမဟုတ်ပါ
❌ ကြောက်အောင်လုပ်ခြင်းမဟုတ်ပါ

👉 နားလည်အောင် သင်ပေးခြင်း
👉 မိဘနဲ့ စကားပြောနိုင်အောင် အမြဲလမ်းဖွင့်ထားခြင်း

ဒီနှစ်ချက်က
ကလေးအတွက် အကောင်းဆုံး ကာကွယ်မှု ဖြစ်ပါတယ်။

Little Leo world

Jan26,2026

7:44pm

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

❗️❗️သဇင့်အရင်ပေ့ချ်လေးက hack ခံထားရတာမို့
တင်တာလေးနှစ်သက်သဘောကျတယ် ဆို မန့်က channel လေးတွေ ကို joinခဲ့ပေးနော် 😍😍။ ❗️❗️

တခြားသူတွေသိအောင် Share မယ် ဆိုလဲ မူရင်းပို့စ်လေးပဲ shareပေးနော်

ပြန်ကူးတင်ခြင်းခွင့်မပြုပါဘူးရှင့်

✅TikTok channel

https://www.tiktok.com/?_t=ZS-8xDYhq1uqi9&_r=1

✅YouTube channel

https://youtube.com/channel/UCChw0D0cn0qkTfOd9hbLgDA

✅Telegram

https://t.me/littleleoworld

✅ Facebook

https://www.facebook.com/profile.php?id=100094012569898&mibextid=LQQJ4d

Address

Ayetharyar Main Road
Nyaungshwe
081

Opening Hours

Monday 10:00 - 21:00
Tuesday 10:00 - 21:00
Wednesday 10:00 - 21:00
Thursday 10:00 - 21:00
Friday 10:00 - 21:00
Saturday 10:00 - 21:00
Sunday 10:00 - 21:00

Telephone

095213367

Website

Alerts

Be the first to know and let us send you an email when PWE TAW WIN Nature's Restaurant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category