15/11/2022
မင်္ဂလာပါရှင့် သဲတို့ရေ 😘😘 Cloud 9ရဲ့ page လေး ငြိမ်သက်နေတာကြာပြီမို့ ပါ။
Covid တွေ ဖြစ်လို့ အလုပ်နားထားတဲ့အချိန်မှာ ဒီ Page လေးနဲ့ ဂျပန်ဖက်ထုပ်နဲ့ တခြားစားဖွယ်ရာတွေ ရောင်းခဲ့တာ ကုသိုလ်လဲရ ဝမ်းလဲဝ အေးချမ်းခဲ့ပါတယ်။
2022 နှစ် နှောင်းပိုင်းကစလို့ ပါဝင်ပစ္စည်းတွေ စျေးအဆမတန် တက်လာပြီး အစကတည်းက အမြတ်များများနဲ့ စီးပွားဖြစ်အောင် ရောင်းတာမဟုတ်တဲ့ ကျမအတွက် ဘယ်လိုမှ တွက်ခြေမကိုက်တော့ဘူး ။ဒါကြောင့်မရောင်းပဲနား လိုက်တာ ခုထိပါပဲ ။
လွမ်းတယ် ဖက်ထုပ်လေးရေ