23/07/2026
ဒီနေ့ အမတစ်ယောက် အားပေးမှုနဲ့ ခေါက်ဆွဲကြော် ကြာဆန်ကြော် ထမင်းကြော် စုစုပေါင်း ၄၇ ပွဲ ကြော်ရတယ် ကြော်တာတော့ ရှေ့ရက်ကဆိုလည်းကြာဆန်ကြော်ချည်း ၈၅ပွဲ၊ ခေါက်ဆွဲကြော် ၉၅ပွဲ စသဖြင့်တော့ ကြော်နေရပါတယ်လေ မှတ်မိတာရှိမမှတ်မိတာရှိ မနိုင်ရင်တော့ မလုပ်ပေးဖြစ်ဘူးပေါ့ထားပါ
ဒီနေ့မှကြော်ရင်းအတွေးလေးတခု ဝင်လာလို့ ချရေးကြည့်တာပါ ဆိုင်ရောင်းလာတဲ့ သက်တမ်းနောက်၆ ရက်ဆို ၁၄ နှစ်ပြည့်ပီပေါ့နော တခါမှ promotion လည်းမလုပ်ဖူးခဲ့ဘူး
Food blogger ဘာ၊ညာ လည်း ခေါ်မရိုက်ဖူး (အဲ့တာက ခေါ်ရိုက်ရတာလား သူ့ဘာသူ လာစားကြပီး review ပေးကြတာလားလည်း သိတော့မသိဘူးရှင့်)
အမြဲ လာအားပေးနေကြတဲ့ customers တွေ ရှိနေလို့လည်း ဒီလောက်နှစ်ကြာ ရပ်တည်လာနိုင်တာပေါ့နော သို့ပေမဲ့ လာအားပေးကြသူတွေဆိုလည်း ရိုက်ပီးတင်တာ ၊review ပေးတာတွေ မရှိသလောက်ပါပဲ မရှိဘူးလားလို့ မတွေ့ဖူးဘူး တကယ်။ ဒါမဲ့ တဆင့်စကား တဆင့်နားနဲ့ လာကြ အားပေးကြတာကို ကျေးဇူး အရမ်းတင်ရပါတယ် ။ကိုယ်ကလည်း မလှမပ ရုပ်ကြီးနဲ့သာ ယွနေပုံ သွားနေပုံ Fb ပေါ် တက်တက်တင် တာ၊
ဆိုင်နဲ့ပက်သတ်ပီး တင်ဖို့ရာ အားစိုက်ထုတ်မှုကနည်းတယ်ရှင့်ခုဆို ဘာကြော်ငြာမှမတင်ဖြစ် တာ တနှစ်ေကျာ်ရှိသွားပီ။
ဆိုင်မှာ ဧည့်သည်အပြည့် ပြည့်နေချိန်လေး ဓါတ်ပုံ မှတ်တမ်းယူရဖို့ သတိလည်းမရသလို အချိန်ကလည်းရှိမနေဘူး ဘာလို့ဆို ကြော်တာ ချက်တာ ကိုယ်တိုင်ပဲ ဆိုတော့ တချို့ဆို စားပီးလို့သာပြန်သွား မြင်ကို မမြင်လိုက်ရတာမျိုး ကိုယ်တွေရဲ့အားနည်းချက်ပေါ့လေ
Media ပိုင်းနဲ့ပက်သတ်ပီး အားနည်းပေမဲ့ ကိုယ် ရောင်းတဲ့ menu အစားအသောက်နဲ့ ပက်သတ်ရင်တော့ အမြဲ မေလျှာ့ပဲ သန့်ရှင်းမှု ၊အရသာ ပိုင်းကို အမြဲ သတိထား ၊စေတနာထား လုပ်ပါတယ်နော
တယောက်နှစ်ေယာက်စ အပြစ်တင်စကားကလွဲရင် အမြဲ အဆင်ေပြတယ်ကြားရလို့လည်း ကျေနပ်မိတယ်
ကိုယ်ကသာ အားမစိုက်တာ ခုတလော ကိုးရီးယား ဧည့်သည်တချို့ နဲ့ ခပ်ကြဲကြဲ ရောက်ရောက်လာတတ်တဲ့ နိုင်ငံခြားသား တချို့ဆို ကိုယ့်ဆိုင်ပုံ ၊သူတို့ဘာသာ ရိုက်သွားတဲ့အစားအသောက်ပုံလေးတွေ လာလာပြပီး မှာစားကြတယ် အဲလိုတော့လည်း ကြည်နူးမိတယ်ပေါ့
နောက်ပိုင်း အချိန်ရရင် ရသလိုToday special menu အသစ်ကလေးတွေလည်း ထပ်ထည့်မယ်တော့ စဉ်းစားထားပါတယ်ရှင့် အမြဲ မပြတ် အားပေးကြတဲ့ မိတ်ဟောင်း မိတ်သစ် Loyal customers များကိုလည်း ၁၄ နှစ်ပြည့်ခါနီး
မှ ကျေးဇူးတင်ကြောင်း မှတ်တမ်းလေးပါရှင့်
Menu လေးတွေတော့ page ထဲ ဝင်ကြည့်ေပးပါရှင့်