Classic Rock Cafè

Classic Rock Cafè coffee shop

တကယ်လို့များ မကြာခင်မှာ မိုးကနှုတ်ဆက်တော့မယ်ဆိုရင်ဒါဟာ .....ငါတို့တွေ မနက်စောစောမှာ မြူငွေ့ငွေ့လေးနဲ့ ကော်ဖီသောက်ရတော့မဲ...
15/09/2025

တကယ်လို့များ မကြာခင်မှာ
မိုးကနှုတ်ဆက်တော့မယ်ဆိုရင်
ဒါဟာ .....
ငါတို့တွေ မနက်စောစောမှာ
မြူငွေ့ငွေ့လေးနဲ့
ကော်ဖီသောက်ရတော့မဲ့သဘောပါပဲ။

ဟုတ်တယ်မလား မိတ်ဆွေတို့??

 #အားတင်းထားပါ💪မဟုတ်သေးဘူးငါတို့‌တွေရဲ့ဇတ်လမ်းက ဒီလောက်နဲ့တော့မပြီးသေးဘူးနော်။မိုးကိုတော့ထားလိုက်ပါတော့ကွာ။မိုးတွင်းတွေဆ...
01/08/2024

#အားတင်းထားပါ💪

မဟုတ်သေးဘူး
ငါတို့‌တွေရဲ့ဇတ်လမ်းက
ဒီလောက်နဲ့တော့မပြီးသေးဘူးနော်။

မိုးကိုတော့ထားလိုက်ပါတော့ကွာ။
မိုးတွင်းတွေဆိုရင်တော့ ဆိုင်ကပိတ်တစ်ရက်ဖွင့်တစ်ရက်ဆိုတော့။

ဆောင်းရောက်ရင်တော့
ဆောင်းရဲ့အငွေ့အသက်နဲ့ကော်ဖီရနံ့ကိုလည်း
ငါတို့ဟာ ရှူရှိုက်ရအုံးမယ်။

တကယ်လို့ ဆောင်းကုန်လို့နွေရောက်ရင်လည်း
အမောပြေမဲ့ကော်ဖီအေးကိုလည်း သောက်ရအုံးမယ်လေ။

နောက်ပြီး
ခါးသီးလွန်းတဲ့ အဖြစ်အပျက်တွေကို ကော်ဖီခါးခါးနဲ့မျောချရမယ့် နေ့တွေကလဲရှိသေးတယ်လေ။

မြင်ယောင်ပါသေးတယ် ဆိုင်မှာလူစုံရင် ပြောစရာစကားတွေဟာ ဘယ်လောက်တောင်များသလဲဆိုတာတစ်နေ့ထဲတောင်ပြောလို့မကုန်ဘူးဆိုတာ။

မသိစိတ်ထဲရော သိစိတ်ထဲရော ငါတို့တွေဆက်ရန်ရှိသေးတယ်ဆိုတာ သေချာတယ်ကွာ။

အားတင်းထားပါ💪💪💪
အခက်အခဲတွေကို အကောင်းဆုံးရင်ဆိုင်ပြီးရင်
ပြန်လည်ဆုံတွေ့ကျပါစို့🤗

အားလုံးကိုသတိတရရှိလျှက်
Classic Rock Cafè

25/07/2024

ကျွန်တော်တို့မြို့လေးဟာ အစကတော့စစ်ဘေး အခုတော့ ရေဘေးပါထပ်ဖြစ်လာတော့ အတော်လေးကိုမှ ဒုက္ခရောက်နေရပါတယ် ။ တက်နိုင်တဲ့ မိတ်ဆွေများ ကူညီပေးကျပါအုံးလို့။ နီးစပ်ရာ နီးစပ်ရာ အဆင်ပြေသလိုကူညီပေးကျပါ လို့။
တစ်နေ့အေးချမ်းသွားတဲ့တစ်နေ့ ကော်ဖီပြန်တိုက်ပါ့မယ်လို့🙏🙏🙏

မှတ်ချက် ။ကူညီချင်တယ်ဆိုရင်တော့ စစ်ဘေးဒုက္ခသည်တွေကိုကူညီနေကျတဲ့ သူတွေရှိပါတယ် အများကြီးပါ သူတို့တွေလဲ စိတ်ရင်းနဲ့ကို ကူညီပေး‌နေကျတာပါ။သူတို့တွေဆီမှာကိုယ်တက်နိုင်သလောက် လှူလို့ရပါတယ်🙏🙏🙏

အခုရေးနေတဲ့အချိန် ဂွ ရော တောင်ကုတ်မှာပါ ရေးတက်နေပါတယ်။

22/04/2024

ကော်ဖီဆိုင်လေးက တကယ်တော့ outdoor ဆန်တယ်လို့ပြောလို့ရတာပေါ့နော်။
Outdoor ဆန်တော့ လွတ်လပ်တယ်လို့ ခံစားမိတယ်။
အပင်ရပ်တော့ရှိပါတယ်။ အဲ....အဲယားကွန်တော့ မရှိပါဘူး‌ဗျာ။
တစ်ဝိုင်းနဲ့တစ်ဝိုင်းကလဲ ခပ်လှမ်းလှမ်းမှာ။
ဆိုင်ကိုလာကျတဲ့ဧည့်သည်တွေထဲမှာလည်း အသက်အရွယ် အလိုက် လူကြီး လူလတ် လူငယ် အစုံပါပဲ။
တချို့ကလဲ လူမှုရေးစီပွားရေ အစုံပါပဲ ပြောကျဆွေးနွေးကျ ။
ဂီတာလေးတစ်လက်နဲ့ လာကျတဲ့လူငယ်လေးတစ်ချို့လဲ ရှိပါတယ်။
တစ်ချို့လဲ အမှတ်တရ ဓါတ်ပုံလေးရိုက်ကျနဲ့။

တစ်ခုကလဲ ဆိုင်မှာက menu ကလဲ များများစားစားမရဘူးဗျ။ခေတ်ကာလကလည်း မကောင်း ဆိုတော့ရှိတာလေးပဲ ရောင်းရတာပေါ့။ဧည့်သည်တွေလဲ အားနာရပါတယ်။ ကုန်ဈေးနှုန်းတွေကလဲ တကယ်ကိုကြီးပါတယ်။
အေးဗျာ အေးအေးချမ်းချမ်းဖြစ်တဲ့တစ်နေ့တော့
ကော်ဖီဆိုင်လေးကို သေချာလေးပြန်ရောင်းပါအုံးမယ်။အခုတော့ အဆင်ပြေသလိုပဲ သောက်ကျပါအုံးလို့ မေတ္တရပ်ခံပါတယ်ဗျာ။

အားလုံးကိုကျေးဇူးပါ🙏။

အချိန်က မနက်ပိုင်းပဲရှိသေးတယ်ရာသီဥတုကလဲ အရင်နဲ့မတူပိုပြီးတော့မှ ပူပြင်းလှတယ်။
20/04/2024

အချိန်က မနက်ပိုင်းပဲရှိသေးတယ်
ရာသီဥတုကလဲ အရင်နဲ့မတူ
ပိုပြီးတော့မှ ပူပြင်းလှတယ်။

ဒီနေ့ကတော့ ကော်ဖီဆိုင်ရောင်းလာတဲ့ သက်တမ်းလေး တစ်လျှောက်မှာ ကော်ဖီရောင်းရတာ စိတ်ချမ်းသာတဲ့နေ့တွေထဲကတစ်နေ့ပါပဲ🤗။ဘာလဲဆိုတော...
09/04/2024

ဒီနေ့ကတော့ ကော်ဖီဆိုင်ရောင်းလာတဲ့ သက်တမ်းလေး တစ်လျှောက်မှာ ကော်ဖီရောင်းရတာ စိတ်ချမ်းသာတဲ့နေ့တွေထဲကတစ်နေ့ပါပဲ🤗။

ဘာလဲဆိုတော့ ဧည့်သည်ကောင်လေးက ကျွန်တော့ဆီက ဂီတာငှားပြီး သူ့ကောင်မလေးကို ဂီတာတီးပြီးသီချင်းတွေဆိုပြနေတာ။
သူဆိုနေတာလေးတွေကလဲ အချစ်သီချင်းအေးအေးလေးတွေဗျာ။ကောင်းမလေးကလဲ ဘေးနားမှာ ထိုင်နားထောင်နေတာပေါ့ဗျာ။

ကျုပ်ကတော့ သူတို့နဲ့ခပ်လှမ်းလှမ်းဝိုင်းမှာ ကိုယ့်ကော်ဖီလေးကိုယ်သောက်ပြီးထိုင်းဖီလ်းးနေတာ။

အေးဗျာ သူတို့လေးတွေ အခုလိုကော်ဖီဆိုင်လေးမှာအေး‌အေးဆေးဆေးထိုင်ပြီး သူ့ကောင်မလေးကို သူဘယ်လောက်ချစ်တဲ့အကြောင်းတွေ သီဆိုပြနေတာလေးက ကြည်နူးရပါတယ်ဗျာ။

ကောင်လေးကိုလေးစားမိတာကတော့ တခြားလူတွေလဲရှိနေတဲ့အချိန်မှာ မရှက်မကြောက်ပဲ ကိုယ့်ကောင်မလေးကို သီချင်းဆိုပြရဲတဲ့ သတ္တိလေးပါ💪။

ဒါနဲ့ အဲ့ကောင်လေးနဲ့ကောင်းမလေးတွေကဘယ်သူလဲကျန်တော်လဲမသိပါဘူး။အားလုံးကတော့ ကျွန်တော်တို့ရဲ့ဧည့်သည်ပါပဲဗျာ။

အောက်ကပုံလေးကတော့ကျွန်တော်ကော်ဖီသောက်နေတဲ့နေရာလေးပါ😊။

အားလုံးပဲကျန်းမာချမ်းသာကျပါစေ🙏။

မနက်ဖြန်   Super sunday(၂၄.၃.၂၀၂၄)မှာ ကျွန်တော်တို့ဆိုင်လေးပြန်ဖွင့်ပါပြီခင်ဗျာ။
23/03/2024

မနက်ဖြန် Super sunday(၂၄.၃.၂၀၂၄)မှာ ကျွန်တော်တို့ဆိုင်လေးပြန်ဖွင့်ပါပြီခင်ဗျာ။

ကော်ဖီဆိုင်လေးကို မနက်ဖြန် 9.3.2024 စနေနေ့မှစပြီး ခဏ ပိတ်ထားပါတယ်ခင်ဗျာ။အားပေးကျတဲ့ မိတ်ဆွေများအားလုံးကျေးဇူးပါ🙏မကြာခင်မ...
08/03/2024

ကော်ဖီဆိုင်လေးကို မနက်ဖြန် 9.3.2024 စနေနေ့မှစပြီး ခဏ ပိတ်ထားပါတယ်ခင်ဗျာ။

အားပေးကျတဲ့ မိတ်ဆွေများအားလုံးကျေးဇူးပါ🙏

မကြာခင်မှာ ပြန်လည်တွေ့ကျပါအုံးမည်။

04/02/2024

Bluetooth speaker လေးလက်ဆောင်ရပါတယ်😊

မနက်ဖြန် ဆိုင်မှာ အဆွေးသီချင်းအေးအေးလေးတွေပဲဖွင့်မှာပါ။
အဆွေးဓါတ်ခံရှိသူများ တိုက်ဆိုင်ခဲ့ရင်လဲ သီခံပေးပါလို့။
ဒါမှမဟုတ် ကော်ဖီခါးခါးနဲ့ ဆွေးချင်ရင်လဲ ဆွေးလို့ရပါတယ်လို့ ။
😊😊😊

 #အခုမှပဲ🙂ကော်ဖီရအောင် ဖန်တီပေးတဲ့ ကျွန်တော်မိတ်ဆွေကြီးကျေးဇူးပါ🙏။
15/01/2024

#အခုမှပဲ🙂

ကော်ဖီရအောင် ဖန်တီပေးတဲ့ ကျွန်တော်မိတ်ဆွေကြီးကျေးဇူးပါ🙏။

ကျွန်တော်တို့‌တွေ  ပြန်လည်ဆုံတွေ့ဖို့ ဖြစ်လာပြီပေါ့။အနေအထားကတော့ 🙂ကော်ဖီနှစ်သက်သူများ မနက်ဖြန် ဆိုင်ဖွင့်ပါပြီခင်ဗျာ။
15/01/2024

ကျွန်တော်တို့‌တွေ ပြန်လည်ဆုံတွေ့ဖို့ ဖြစ်လာပြီပေါ့။
အနေအထားကတော့ 🙂
ကော်ဖီနှစ်သက်သူများ မနက်ဖြန် ဆိုင်ဖွင့်ပါပြီခင်ဗျာ။

Address

11111 Gyeiktaw Main Street, Ngapali
Ngapali Beach

Telephone

+959250829399

Website

Alerts

Be the first to know and let us send you an email when Classic Rock Cafè posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category