08/09/2021
ဝက်သုံးထပ်သားမုန့်ညှင်းချဥ်ကြော်
တယောက်နဲ့တယောက် ဟင်းချက်နည်းကြော်နည်းတွေမတူကြပါဘူးနော်
ဒါလေးကတော့ ညီမကြော်နေကျ လွယ်လွယ်ကူကူကြော်နည်းလေးမျှဝေပေးပါမယ်
**လိုအပ်တဲ့ပစ္စည်း**
ဝက်သုံးထပ်သား ၃၀သါး
မုန့်ညှင်းချဥ်ချိုချဥ် ၅၀သါး
ခရမ်းချဉ်သီးမာမာရဲရဲလေး ၄လုံး
ကြက်သွန်နီ ၁၅ကျပ်သား (အလုံးအကြီးသေးဖြစ်မှာစိုးလို့နော်)ကြိုက်ရင်ပိုထည့်လို့ရ
ကြက်သွန်ဖြူ ၅မွှာ
ကြက်သွန်မှိတ်
ခရုဆီ ဟင်းချက်ဇွန်း တဇွန်း
ပဲငံပြာရည်အကြည် ဟင်းချက်ဇွန်းတဇွန်း
ဝက်သားနှပ်တဲ့ချိန်ထည့်ဖို့ ရှောက်ကော ပါ့ကော မုန့်နည်းနည်းစီ
ချက်နည်းကိုပုံလေးတွေမှာကြည့်ပေးနော်
👎🏻👇🏻👇🏻👇🏻