ParPu Taste

ParPu Taste ParPu guarantees ParPu’s taste.

၁၃၈၄-၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန် နှစ်သစ်ကူး မင်္ဂလာအခါသမယတွင် ကောင်းခြင်းမင်္ဂလာအဖြာဖြာနှင့် စိတ်ချမ်းသာ ကိုယ်ကျ...
17/04/2023

၁၃၈၄-၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန် နှစ်သစ်ကူး မင်္ဂလာအခါသမယတွင် ကောင်းခြင်းမင်္ဂလာအဖြာဖြာနှင့် စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ParPu Taste

ကဲ Bye Bye 2022 ကို ဘယ်လို ဖြတ်သန်းကြမလဲ။ Parpu မှာတော့ 31.12.2022 နေ့ တစ်ရက်ထဲ ရနိုင်မယ့် Promotion တွေရှိပါတယ်နော်။ဒါတ...
30/12/2022

ကဲ Bye Bye 2022 ကို ဘယ်လို ဖြတ်သန်းကြမလဲ။

Parpu မှာတော့ 31.12.2022 နေ့ တစ်ရက်ထဲ ရနိုင်မယ့် Promotion တွေရှိပါတယ်နော်။

ဒါတွေကတော့ …

🍺 Beer Buy 5 Get 1 နဲ့

မည်သည့် ဟင်းပွဲမဆို ၃၀၀၀၀ ဖိုးပြည့်တာနဲ့ ၁၀% တောင်လျှော့ပေးအုံးမှာ ဆိုတော့ အရမ်းတန်နေပြီနော်…🥰

အဲတော့ 2023 ကို ပါပုက ဟင်းပွဲလေးတွေ မှာစားရင်းအတူ ဖြတ်သန်း ဖို့ အကြံ ပြုပါရစေရှင့် 😘

ParPu Taste မှာ Oct လအတွင်း သုံးဆောင်မှုအတွက် AYA Pay ကို သုံးပြီး.. 10% Discount ရယူလိုက်ပါ ရှင့်.. 😊ParPu Taste restau...
20/10/2022

ParPu Taste မှာ Oct လအတွင်း သုံးဆောင်မှုအတွက် AYA Pay ကို သုံးပြီး.. 10% Discount ရယူလိုက်ပါ ရှင့်.. 😊

ParPu Taste restaurant
ZayarThiri
09666075000

🚨TODAY SPECIAL 🚨ဒီနေ့ Parpu မိတ်ဆက်ပေးချင်တဲ့ ဟင်းပွဲလေးတွေကတော့ အဲ မိတ်မဆက်ပေးခင် ပြောပြချင်တာလေးရှိတယ်ရှင့် Parpu ရဲ့ ...
14/07/2022

🚨TODAY SPECIAL 🚨

ဒီနေ့ Parpu မိတ်ဆက်ပေးချင်တဲ့ ဟင်းပွဲလေးတွေကတော့ အဲ မိတ်မဆက်ပေးခင် ပြောပြချင်တာလေးရှိတယ်ရှင့် Parpu ရဲ့ ကာကာတွေကတော့ သိပြီသားပါရှင့် Parpu မှာ တစ်နေ့နဲ့ တစ်နေ့ အတူတဲ့ အသစ်အသစ် ဟင်းပွဲတွေနဲ့ Today Special Menu နေ့တိုင်း ထွက်ပါတယ်ရှင့်

ဒီနေ့ရဲ့ Today Special Menu လေးကတော့ Parpu ကိုယ်တိုင် မြည်းစမ်းကြည့်ထားတဲ့ ဟင်းလျှာတွေပါပဲရှင့် 🤪

တစ်ယောက်ထဲ ဖုန်းလေးသုံးပြီး လာထိုင်မယ်ဆိုလဲ Wi-Fi Free ပါရှင့် သူငယ်ချင်းတွေနဲ့ Chill မလား၊ မိသားစုနဲ့ စားမလား Parpu ကို လာခဲ့ဖို့ ဖိတ်ခေါ်ပါရစေရှင့်

ပုဇွန်သီဟိုလ်စေ့ - ၈၀၀၀

တစ်ပွဲကို ၄ ယောက်လောက် အေးဆေးစားနိုင်တဲ့ ဟင်းပွဲပါရှင့် ပုစွန် ၁၀ ကောင်ကနေ ၁၂ ကောင်လောက်ထိ အသေးအကြီးပေါ်မူတည်ပြီးပါတယ်ရှင့်။ သူက ပုဇွန်လေးကို ရွှေဝါရောင်သန်းပြီး မွှေးလာတဲ့ အထိ ဆီပူထိုးပြီး သီဟိုလ်စေ့လေးနဲ့ ပြန်ပြီး ချက်ထားတာပါရှင့်၊ ပုဇွန်နှစ်သက်သူဆိုရင် ရွှေးချယ်သင့်တဲ့ ဟင်းပွဲလေးပါရှင့်

ငါးဆားငံစေ့ပေါင်း - ၈၀၀၀

မိုးအေးအေးလေးမှာ ငါးဆားငံစေ့ပေါင်း ချိုမွှေးမွှေးလေးကို အမြည်းပဲ စားမလား၊ ထမင်းနဲ့စားမလား ထမင်းမြိန်စေမယ့် ငါးဟင်းလျှာလေးပါရှင့်

ဘဲကင်ပြန်ချက် - ၇၀၀၀

ဒီဟင်းပွဲလေးကိုတော့ Highly Recommended ပါရှင့်၊ Parpu က ဘဲကင်ပဲကြိုက်တယ်ရှင့် ဘဲသားကို ဟင်းချက်ရင် လုံးဝမစားတာရှင့်၊ အဲဒါတောင် သူ့အရသာလေးက ဘဲကင်ပြန်ချက်ဆိုတော့ ဘဲသားကို ကင်ထားလို့ ထွက်လာတဲ့ မွှေးရနံလေးရနေတဲ့ ဘဲကင်မွှေးမွှေးကို နူးအိနေအောက်ချက်ထားတာမို့ ဒီဟင်းပွဲတော့ ဒီနေ့အတွက်ရွေးချယ်ဖို့ အသင့်တော်ဆုံးပါရှင့်။

တုန်ယမ်းမျှစ်ချဉ်ဟင်းရည် - ၆၀၀၀

နာမည်ကြားတာနဲ့ အရသာခန့်မှန်းလို့ ရတဲ့ဟင်းရည်လေးပါ တုန်ယမ်းချဉ်စပ် အရသာကို မျှစ်ချဉ်ထပ်ပေါင်းတော့ အချဉ်ကဲကဲလေးနဲ့ အပေါ်က အအီတွေကို သူက ကျားကန်ပြီး ထမင်းကို မြိန်စေတာပါပဲ ဒီတော့ Today Specials ဟင်းအလန်းစားတွေကို လာရောက်မြည်းစမ်းဖို့ ဖိတ်ခေါ်ပါရစေရှင့်

Parpu ဆီထွက်လာဖို့ အဆင်မပြေရင် Parpu လေးဆီဖုန်းလေးသာ🤙🏻 Hello လိုက်ပါရှင့်၊ လူကြီးမင်းတို့ အိမ်ရှေ့ အရောက် Parpu မှ ဝန်ဆောင်မှုပေးသွားမှာပါရှင့်

Address -📍ဇေယျသီရိ ကုန်တိုက်, ၃၂ ခန်းတွဲ စျေတန်း။

Phone - 📞09666075000, 📞09691117171

🍻ဘီယာဗိုက်တို့ရေ …🍻မင်မင်တို့ဆိုင်မှာ အပေါဆုံးက ဘီယာဆိုတော့ မနေ့ညက ဟင်းအသစ်လေး တစ်မျိုး ချက်စားမိတယ် ဘီယာ ကြိုက်မယ့်သူတွ...
09/06/2022

🍻ဘီယာဗိုက်တို့ရေ …

🍻မင်မင်တို့ဆိုင်မှာ အပေါဆုံးက ဘီယာဆိုတော့ မနေ့ညက ဟင်းအသစ်လေး တစ်မျိုး ချက်စားမိတယ် ဘီယာ ကြိုက်မယ့်သူတွေတော့ အဆင်ပြေမယ်ရှင့်…

🍻ကြက်သားလေးကို ဘီယာနဲ့ သောက်စမ်းလေးချက်တာပါရှင့်။

🍗 ကြက်သားလေးက နူးအိနေပြီး ဘီယာရနံလေး သင်းနေတာပါပဲရှင့်

🍻 ဒါကြောင့် Menu သစ် ဘီယာဗိုက် အဲလေ ကြက်မြေအိုးဘီယာကို လာရောက် မြည်းစမ်းဖို့ ဖိတ်ခေါ်ပါရစေ ရှင့် ။

🍻ဘီယာဗိုက် (ခေါ်) 🍯 ကြက်မြေအိုး ဘီယာ စျေးနှုန်းလေးက ၆၀၀၀ ပါရှင့်

မိုးအေးအေးလေးမှာ ခန္တာကိုယ်လေးကိုလဲ အနွေးဓာတ်ပေးရင်း ကြက်သားလေးနဲ့ အားဖြည့်ရင့်ပေါ့ရှင်

☎️ ဖုန်းလေး ဆက်တာနဲ့ အိမ်ရှေ့ အရောက်ပို့ပေးမှာမို့ 09 666 07 5000, 09 26 100 3515 ဖုန်းဆလး ဆက်ဖို့ပဲ လိုတာပါရှင့်

Parpu ရဲ့ ချစ်ရတဲ့ ဧည့်သည်တော်ကြီးများ အတွက် သတင်းကောင်းလေး တစ်ခုပါး ချင်ပါတယ်ရှင့်။Myanmar Beerရဲ့ Buy 4 Get 1 Promotio...
07/06/2022

Parpu ရဲ့ ချစ်ရတဲ့ ဧည့်သည်တော်ကြီးများ အတွက် သတင်းကောင်းလေး တစ်ခုပါး ချင်ပါတယ်ရှင့်။

Myanmar Beerရဲ့ Buy 4 Get 1 Promotion လေးက ဒီနေ့နောက်ဆုံးဆိုပေမယ့်

Parpu မှာတော့ Buy 4 G*t 1 ကို 12 ရက်နေ့ တနင်္ဂနွေနေ့ အထိ တိုးမြှင့်ပေးထားမှာမို့ လက်မလွှတ်သင့်ပါဘူးရှင့်

Address -📍ဇေယျသီရိ ကုန်တိုက်, ၃၂ ခန်းတွဲ စျေးတန်း။

Phone - 📞09666075000, 📞09691117171

Parpu က အကင်တွေကို အကိတ်ကြီးတွေ ချိန်းလိုက်ပြီနော်  အကင်ဒုတ်ချောင်း အရှည်ကြီးတွေနဲ့ ရှယ်ကိတ်အကင်ကြီးတွေကို စျေးနှုန်းမပြ...
07/06/2022

Parpu က အကင်တွေကို အကိတ်ကြီးတွေ ချိန်းလိုက်ပြီနော်

အကင်ဒုတ်ချောင်း အရှည်ကြီးတွေနဲ့ ရှယ်ကိတ်အကင်ကြီးတွေကို စျေးနှုန်းမပြောင်းလဲပဲ ရောင်းချ ပေးနေပါပြီ

Parpu အကင်ရဲ့ အားသာချက်လေးကတော့ ယူနမ် စတိုင် စပ်စပ်လေး အရသာရှိလှတဲ့ အကင်အနှစ်နဲ့ သုပ်ထားပုံစံမျိုးလဲရတယ်ရှင့်

ပင်စိမ်း ရှမ်းနံနံ ရနံတို့နဲ့ မွှေးမွှေးလေး ချက်ထားတဲ့ အနှစ်တွေနဲ့ ပြန်သုပ်ပေးတဲ့ ပုံစံမျိုး လဲရတယ်ရှင့်

ကလေးလေးတွေ အကြိုက် ထောပတ်လေးသုပ်ပြီး ကင်တဲ့ အချိုကင်လေးလဲ ရပါတယ် ဒါကြောင့် လူကြီးမင်းတို့ စိတ်ကြိုက်ပုံစံ ကင်ပေးလို့ ရသလို အကင်ဆရာကလဲ အကင်နဲ့ လိုက်ဖက် တဲ့ အနှစ်တွေနဲ့ နယ်ပေးလို့ မင်မင်ဆို အချဉ်နဲ့တောင်မတို့ဖြစ်ဘူး အရမ်းမိုက်နေရောပဲ 😋

မင်မင်ကတော့ အကင်ကို Fully Recommended ပါနော်

အကင်ချင်းတူရင်တောင် မင်မင်ရဲ့ စေတနာလေး ထည့်ထားတဲ့ အကင်က ပိုချိုတယ်ရှင့် 😉

အကင်လေးတွေ ကြည့်ပြီး စားချင်လာရင် Parpu ဆိုင်လေးကို မြန်မြန်ပြေးခဲ့ပေါ့နော်။

ပြေးခဲ့ဖို့ ပျင်းနေရင် Parpu လေးဆီဖုန်းလေးသာ🤙🏻 Hello လိုက်ပါရှင့်၊ လူကြီးမင်းတို့ အိမ်ရှေ့ အရောက် Parpu မှ ဝန်ဆောင်မှုပေးသွားမှာပါရှင့်

 Address -📍ဇေယျသီရိ ကုန်တိုက်, ၃၂ ခန်းတွဲ စျေတန်း။

Phone - 📞09666075000, 📞09691117171

Par Pu Taste ရဲ့ မာလာရှမ်းကော လေးနဲ့ မိတ်ဆက်ပေးပါရစေရှင့် ရန်ကုန်မြို့ရဲ့ နာမည်ကြီး ဆိုင်တစ်ခုရဲ့ မာလာနှစ်အရသာနဲ့ တစ်ထပ်...
07/06/2022

Par Pu Taste ရဲ့ မာလာရှမ်းကော လေးနဲ့ မိတ်ဆက်ပေးပါရစေရှင့် ရန်ကုန်မြို့ရဲ့ နာမည်ကြီး ဆိုင်တစ်ခုရဲ့ မာလာနှစ်အရသာနဲ့ တစ်ထပ်ထဲ တူနေပါတယ်ရှင့် 😉

မာလာရှမ်းကော Base ရဲ့ စျေးနှုန်းက ၅၀၀၀ ပါရှင့်
Base မှာ ဘာတွေပါလဲ? 🤨

မာလာရှမ်းကော Base အသီးအရွက်စုံ အပ်မှို ခေါက်ဆွဲနဲ့ မာလာခေါက်ဆွဲ အစုံနဲ့ ယိုးဒယားပင်လယ်စာ အကင်စုံ နဲ့ ကြက်ဥချောင်းတွေပါပါတယ်ရှင့်။

Base ကို Add on ထပ်လုပ်လို့ ရပါတယ်ရှင့် ရန်ကုန်မှာ ရတဲ့ စတိုင်အတိုင်းပါပဲရှင့် မင်မင်ကတော့ ဒါမျိုးပိုကြိုက်ပါတယ် ကိုယ်ကြိုက်တာကို ပဲစားရတာပေါ့ မကြိုက်တာ ထည့်စရာမလိုတော့ဘူးလေနော်

နောက်တစ်မျိုးက ပါဆယ် မရွေးချင်တော့ဘူးဆိုရင်တော့

ကြက် မာလာရှမ်းကော - ၇၀၀၀
ဝက် မာလာရှမ်းကော - ၈၀၀၀
ပင်လယ်စာ မာလာရှမ်းကော - ၁၂၀၀၀

ခုန Base ပေါ်မှာ မင်မင်တို့က ကြက်၊ ဝက်၊ ပင်လယ်စာ ထည့်ပေးတာပါရှင့်

Address -📍ဇေယျသီရိ ကုန်တိုက်, ၃၂ ခန်းတွဲ၊ အပြင်ဘက်စျေးတန်း။

Phone - 📞09666075000, 📞09691117171

သူလေးနဲ့ မိတ်ဆက်ပေးချင်လို့ သူလေးက ပါပုရဲ့ဆိုင်ရဲ့ ဧည့်ကြိုလေးပေါ့ ပါပုရဲ့ ဧည့်သည်တော်တိုင်း အတွက် လက်ဆောင်ပေးတဲ့ အမြည်း...
07/06/2022

သူလေးနဲ့ မိတ်ဆက်ပေးချင်လို့ သူလေးက ပါပုရဲ့ဆိုင်ရဲ့ ဧည့်ကြိုလေးပေါ့ ပါပုရဲ့ ဧည့်သည်တော်တိုင်း အတွက် လက်ဆောင်ပေးတဲ့ အမြည်းပဲကြော်လေးပါ သူ့အရသာလေးက စပ်စပ်လေးနော် တကယ် စားပြီးရင်လဲ ထပ်စားချင်တုန်းပဲ ဖြစ်နေတာ သူလေးကိုလေး 🥰

🍽 နံနက်စာကို ရှင်ဘုရင်လို စားဖို့ Parpu Taste မှ တာဝန်ယူပါရစေရှင့် စနေ၊ တနင်္ဂနွေ အတွက် Par Pu Taste မှ နံနက်စာ Breakfas...
03/06/2022

🍽 နံနက်စာကို ရှင်ဘုရင်လို စားဖို့ Parpu Taste မှ တာဝန်ယူပါရစေရှင့်

စနေ၊ တနင်္ဂနွေ အတွက် Par Pu Taste မှ နံနက်စာ Breakfast ကို Delivery 🚚 ဖြင့် လူကြီးမင်းတို့ အိမ်ရှေ့ အရောက် ပို့ဆောင်ပေးနေပါပြီ ဖြစ်တဲ့ အတွက် ဖုန်းလေးသာ 🤙🏻 Hello လိုက်ဖို့ လိုပါတယ်ရှင့်

☎️ 09 666 07 5000, 09 26 100 3515

ဆိုင်မှာစားမယ်ဆို သောကြာ၊ စနေ၊ တနင်္ဂနွေ နေ့များမှာ ဆိုင်မှာ လာရောက်သုံးဆောင်နိုင်ပါပြီရှင့်

မနက်ဖြန်ရရှိမယ့် Breakfast Menu တွေကတော့ -

🍜 ရန်ကုန် ငါးခူ ၊ ငါးကျည်း မုန့်ဟင်းခါး
🫕 အုန်းနို့ရနံ သင်းသင်းလေးနဲ့ ထိမိဂွိ အုန်းနို့ခေါက်ဆွဲ
🍲 ပါပုလေးရဲ့ မန္တလေး နန်းကြီးသုပ်
🍝 မန္တလေးက ဗထူးကွင်း မြီးရှည်
🍱 ပြည် ပလာတာ
🍱 ပြည် ထမင်းသုပ်
🍜 ရှမ်းခေါက်ဆွဲ
🍲 တို့ဟူးနွေး တို့ပဲ ဖြစ်ပါတယ်ရှင့်

ပေါက်စီ နှင့် Dimsum အစုံ လဲ ရှိပါတယ်ရှင့်

မနက်စာဟင်းပွဲတိုင်းကို Quality Control လုပ်လိုက်ပြီမို့ ဟင်းပွဲတိုင်းကို အကန့်အသတ်နဲ့သာ ဆရာင်းချသွားမှာဖြစ်ပြီး တစ်နေ့စာ တစ်နေ့သာ ချက်ပြုတ်ရောင်းချသွားမှာ ဖြစ်ပါတယ်ရှင့်။

🙏🏻 အားပေးမှု အတွက် အထူး ကျေးဇူး တင်ရှိပါတယ်ရှင့် 🙏🏻

Smile Card မှ VIP Member သို့ …10000 ဖိုး ကျော်တာနဲ့ smile Card လေး ၁ ကွက် ရမှာပါရှင့် ၁၀ ကွက်ပြည့်တာနဲ့  ၅၀၀၀ တန် ဟင်းပ...
02/06/2022

Smile Card မှ VIP Member သို့ …

10000 ဖိုး ကျော်တာနဲ့ smile Card လေး ၁ ကွက် ရမှာပါရှင့် ၁၀ ကွက်ပြည့်တာနဲ့ ၅၀၀၀ တန် ဟင်းပွဲ လေးရယ် VIP Card လေးရယ် ပြန်လည်ပေးအပ်သွားမှာပါ။ VIP Member Card ၅% အကျိုးခံစား ခွင့်ရမှာပါရှင့်။

Parpu ရဲ့ နံနက်စာလေးကို မေးမေးနေကြတဲ့ ချစ်ဧည့်သည်တော်တို့ အတွက် မနက်ဖြန် သောကြာနေ့ မှာတော့ ပါပုလေးရဲ့ နံနက်စာလေး ပြန်လည်...
02/06/2022

Parpu ရဲ့ နံနက်စာလေးကို မေးမေးနေကြတဲ့ ချစ်ဧည့်သည်တော်တို့ အတွက် မနက်ဖြန် သောကြာနေ့ မှာတော့ ပါပုလေးရဲ့ နံနက်စာလေး ပြန်လည်ရောက်ရှိလာပါပြီရှင့်

ဆိုင်မှာစားမယ်ဆို သောကြာ၊ စနေ၊ တနင်္ဂနွေ နေ့များမှာ ဆိုင်မှာ လာရောက်သုံးဆောင်နိုင်ပါပြီရှင့်

အိမ်အရောက် ဝန်ဆောင်မှုဆိုရင်တော့ နံနက် ၈ နာရီ တစ်ကြိမ်၊ နံနက် ၁၀ နာရီ တစ်ကြိမ် လူကြီးမင်းတို့ အိမ်ရှေ့ အရောက်ပို့ဆောင်ပေးမှာ ဖြစ်တဲ့ အတွက် အိမ်မှာနေရင်း ဖုန်းလေးသာ 🤙🏻 Hello လိုက်ဖို့ လိုပါတယ်ရှင့်

☎️ 09 666 07 5000, 09 26 100 3515

မနက်ဖြန်ရရှိမယ့် Breakfast Menu တွေကတော့ -

🍜 ရန်ကုန် ငါးခူ ၊ ငါးကျည်း မုန့်ဟင်းခါး
🫕 အုန်းနို့ရနံ သင်းသင်းလေးနဲ့ ထိမိဂွိ အုန်းနို့ခေါက်ဆွဲ
🍲 ပါပုလေးရဲ့ မန္တလေး နန်းကြီးသုပ်
🍝 မန္တလေးက ဗထူးကွင်း မြီးရှည် တို့ပဲ ဖြစ်ပါတယ်

စနေ၊ တနင်္ဂနွေနေ့များမှာတော့
🍱 ပြည် ပလာတာ
🍱 ပြည် ထမင်းသုပ်
🍜 ရှမ်းခေါက်ဆွဲ
🍲 တို့ဟူးနွေး တို့ပါပဲရှင့်

မနက်စာဟင်းပွဲတိုင်းကို Quality Control လုပ်လိုက်ပြီမို့ ဟင်းပွဲတိုင်းကို အကန့်အသတ်နဲ့သာ ဆရာင်းချသွားမှာဖြစ်ပြီး တစ်နေ့စာ တစ်နေ့သာ ချက်ပြုတ်ရောင်းချသွားမှာ ဖြစ်ပါတယ်ရှင့်။

🙏🏻 အားပေးမှု အတွက် အထူး ကျေးဇူး တင်ရှိပါတယ်ရှင့် 🙏🏻

Address

Zeyar Thiri Shopping Mall, Zeyar Thiri Township
Naypyidaw
15013

Opening Hours

Monday 07:00 - 21:00
Tuesday 07:00 - 21:00
Wednesday 07:00 - 21:00
Thursday 07:00 - 21:00
Friday 07:00 - 21:00
Saturday 07:00 - 21:00
Sunday 07:00 - 21:00

Telephone

+959666075000

Alerts

Be the first to know and let us send you an email when ParPu Taste posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ParPu Taste:

Share

Category