Tha Phan Yeik

Directions

Tha Phan Yeik စုံစီနဖာ

အခါးအရသာကိုဆေးဖက်ဝင်အောင်စားသုံးနည်းလေး သိကြလား❓အသုံးပြုနည်းလေးသာသိရင် မခက်ခဲပါဘူး-ဂွေးတောက်၊မဲဇလီ ၊ပေါက်ပန်းနီ ၊အဖြူဆို...
03/08/2026

အခါးအရသာကိုဆေးဖက်ဝင်အောင်
စားသုံးနည်းလေး သိကြလား❓

အသုံးပြုနည်းလေးသာသိရင် မခက်ခဲပါဘူး

-ဂွေးတောက်၊မဲဇလီ ၊ပေါက်ပန်းနီ ၊အဖြူဆို ဟင်းရည်ချက်သောက်ပါ။ရေနွေးစိမ်သောက်ပါ။

-ကြက်ဟင်းခါးသီးကို မန်ကျည်းရေနည်းနည်းဖြင့်နှပ်စား၊ချက်စားပါ။

-မုန့်ညှင်းစိမ်းကို မန်ကျည်းမှည့်ဖြင့် ချဉ်ရည်ဟင်းချက်သောက်ပါ။ရေဖြင့်ကြော်စားပါ။

-ကနဖော့၊ကန့်ဂလာတို့ကိုပြုတ်တို့ပါ။
ပြုတ်ရည်ဖြင့်ရေပါတ်တိုက်ခြင်း၊ ရေချိုးခြင်းပြုလုပ်ပါ။

-ငရံ့ပတူရွက်၊ခံတက်ရွက်၊ မလွှပွင့်၊သခွပ်ပွင့်တို့ကို ပြုတ်ပြီးသုတ်စားပါ။

-ရှားစောင်းလက်ပါတ်ကို မန်ကျည်းနှစ်၊ထန်းလျက်တို့ဖြင့် ချက်ဆေးချက်‌စားပါ။

-လက်ဖက်ကိုစားနဲ့နယ်ပြီး အဖန်ကုန်အောင်ညှစ်ကာဆီအနည်းငယ်စိမ်ပြီး အကြော်လွတ်၊
ငရုတ်သီးလွတ်စားပါ။

-ရေနွေးကြမ်းကိုလက်ဖက်ခြောက် ခါးခါးခပ်ပြီး
ဆားလှော်အနည်းငယ်ထည့်သောက်ပါ။

-ပဲစင်းငုံဟင်းချက်စားပါ။

-ကော်ဖီမှုန့်ကို ထန်းလျက်ဖြင့် နို့ဆီမထည့်ဘဲ
ခါးခါးဖျော်သောက်ပါ။

-သနပ်ခါးရည်ကျဲ ၊ကရမက်ရည်ကျဲကို
တကိုယ်လုံးလိမ်းပေးပါ။ သနပ်ခါးကရမက်သည်အေးခါးအရသာထဲပါဝင်ပါသည်။

-အပူကြီးပြီးဖျားနာလျှင် သနပ်ခါးရည်ကျဲထဲသို့ကြက်ဟင်းခါးရွက် သတ္ထုရည်တစ်ဇွန်းခန့်စပ်ပြီး
ခြေဖမိုးမှအပေါ်သို့တက်လိမ်းပါ။

-ဝမ်းချုပ်လျှင် မနက်ပိုင်းအေးခါးဟင်းချို ချက်သောက်၊ အေးခါးဖျော်ရည်သောက်ပီး။
ညနေပိုင်း မန်ကျည့်မှည့်ချဉ်ရည်ဟင်းချက်စားပါ။။

အခါးအရသာသည်ရောဂါပိုးကိုသတ်နိုင်စွမ်းရှိသကဲ့သို အဆီဓာတ်ကိုလည်းခြေဖျက်နိုင်စွမ်းရှိပါတယ်။

အဝလွန်သူများ အချိုအဆိမ့်လျော့စားပီး
အခါးပိုစားလျှင် အဆီကျ အသားကျစ်လာပြီး
သွက်သွက်လက်လက် သွားလာလူပ်ရှားနိုင်မှာပဲဖြစ်ပါတယ်။

အေးခါးအရသာနဲ့ပါတ်သက်၍ အသုံးပြုနည်းအတိုင်း
လိုက်နာပေးရင် ကျန်းမာလာမည်ဖြစ်ကြောင်း
ပင်လုံစာပေ၏လမ်းညွှန်ချက်ကိုတင်ပြလိုက်ရပါသည်။

အေးခါးဆိုတာဘာလဲသိချင်ရင်ဒါလေးဖတ်💗
https://www.facebook.com/112317163804417/posts/633427165026745/

#သန့်ရှင်းသဘာဝပစ္စည်းထုတ်လုပ်ရေး
#ပင်လုံစာပေ

22/07/2026

Address

Isacho
Naypyidaw
8407

Opening Hours

Monday 08:00 - 19:00
Tuesday 08:00 - 19:00
Wednesday 08:00 - 19:00
Thursday 08:00 - 19:00
Friday 08:00 - 19:00
Saturday 08:00 - 19:00

Website

Alerts

Be the first to know and let us send you an email when Tha Phan Yeik posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share