23/01/2026
အိတ်ထီနိုင်း မလိုင်ကာဖီ 2.0
မလိုင်ကာဖီ ဆိုလို့ ကြိတ်ပြီးသား အနံ့ပြယ်နေတဲ့ ကာဖီမှုန့်တွေကို ခွက်ကြီးထဲထည့် ကျိုပြီးတော့ နှပ် ဖျော်တယ် ထင်မှာစိုးလို့ပါ။
လတ်လတ် ဆတ်ဆတ် ကိုယ်တိုင် လှော်ပြီး သေချာ degas လုပ်ထားတဲ့ ကာဖီစေ့ကို မှာတဲ့ အချိန်ကျမှ တခွက်ချင်းစီ အတွက် အခုလို ကြိတ်ပါတယ်။ တခွက်ချင်းစီ အတွက် တခါစီ ညှစ်ပါတယ်။
ရှေးရှေးတုန်းက မြင်နေကျအတိုင်း ခွက်ထဲ ထည့်ကျိုပြီး နှပ်တာမျိုးမဟုတ်လို့ နှပ်ကာဖီလည်း မဟုတ်ပါဘူး။
Flat White (espresso and steam milk) ကို မလိုင်နဲ့ သောက်ရသလို မျိုးပါ ခင်ဗျာ။
ဒါမျိုး အိတ်ထီနိုင်း မှာပဲ ရပါတယ်
သေချာလေး အချိန်ပေးပြီးလုပ်ထားတာ မို့လို့ ကော်ဖီမစ် လား ဆိုရင်လဲ အင်မတန်ကိုမှ စိတ်မကောင်းဖြစ်ရပါတယ်။ တအိမ်လုံးမှာ ကော်ဖီမစ် တထုပ်တောင် မရှိပါဘူး ခင်ဗျာ။ ကာဖီနဲ့ပတ်သက်လာရင် အရမ်း ဆန်းဆန်းတင့် ပါတယ်။